စွပ်စွဲခံ ဖီဖာအဖွဲ့ဝင် ၁၄ ဦး အပြစ်မရှိဟု တရားရုံးတွင် ထွက်ဆို

ကမ္ဘာဘောလုံးအဖွဲ့ချုပ် (ဖီဖာ)အဖွဲ့အတွင်းမှာ ဖြစ်ပွားနေတဲ့ အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ပြီး အပြစ်မရှိဘူးလို့ အာဂျင်တီးနား စီးပွားရေးသမားက အမေရိကန်ပြည်ထောင်စု တရားရုံးမှာ ထွက်ဆိုပါတယ်။ လာဘ်ပေးလာဘ်ယူမှုအဖြစ် ဒေါ်လာသန်းပေါင်းများကို ပေးအပ်ခဲ့တဲ့ အထဲမှာ ပါဝင်တယ်လို့ စွပ်စွဲခံထားရတဲ့ လူ ၁၄ ဦးထဲမှာ အလက်ဂျန်ဒရို ဘာဇာကိုကလည်း တဦးအပါအ၀င် ဖြစ်ပါတယ်။ အားကစားနဲ့ သက်ဆိုင်တဲ့ တော်ရီနိုစ် ကုမ္ပဏီ အရောင်းဌာန ဥက္ကဋ္ဌ တဦးလည်း ဖြစ်ပြီး ပေါင် ၁၂ သန်းကျော် အာမခံနဲ့ လွှတ်ပေးထားတဲ့သူတဦး ဖြစ်ပါတယ်။ အကျင့်ပျက်ခြစားမှုအတွက် တရားရုံးမှာ ထွက်ဆိုတဲ့ ၃ ဦးမြောက်လည်း ဖြစ်ပါတယ်။ ဒေသဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေကို ပေါင် ၇ ၂သန်း လာဒ်ပေးပြီး သတင်းမီဒီယာနဲ့ ပတ်သက်တဲ့အခွင့်အရေးတွေကို ရရှိဖို့ ကြိုးစားတယ်လို့ တရားလိုတွေက စွပ်စွဲထားပါတယ်။ ဒါအပြင် တရားမ၀င်လုပ်ဆောင်မှု ဖုန်းလိုင်း အတု လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး စွဲဆိုခံထားရပါတယ်။ ဒါအပြင် ဖီဖာ ဒုဥက္ကဋ္ဌဟောင်း ဂျက်ဖာရီဝက်ဘ်၊ အားကစားဈေးကွက်ဆိုင်ရာ အကြီးအကဲဟောင်း အာရွန်ဒေးဗစ်ဆန်တို့ကလည်း တရားရုံးမှာ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up