ဝက်မွေးမြူနှုန်း ၂၀ ရာခိုင်နှုန်း တက်လာစေမည့် iSperm (ရုပ်သံ)

ဆမ်ဝမ်ဟာ ၀က်မွေးမြူသူတယောက်ပါ။ ခုတော့ သူဟာ မွေးနှုန်း ၂၀ ရာခိုင်နှုန်း တက်လာစေမယ့်နည်းကို တွေ့ထားပါပြီ။ သူက iPad Mini နဲ့ တွဲဖက်တပ်ဆင်နိုင်တဲ့ iSperm ဆိုတဲ့ သရုပ်ခွဲကိရိယာကို အသုံးချနေတာ ဖြစ်ပါတယ်။ ဒီကိရိယာက သူ့ဝက်တွေရဲ့ သုတ်အရည်အသွေးကို ချက်ချင်း သရုပ်ခွဲပေးနိုင်ပါတယ်။ အားအကောင်းဆုံးသုတ်ရည်ကို ၀က်မတွေကို ဇီးတင်မပေးခင်မှာ အားဖျော့ပြီး နောင်သုံးဖို့ ဖန်ဘူးတွေထဲမှာ ထည့်ထားနိုင်မှာ ဖြစ်ပါတယ်။ "iSperm နဲ့ သုတ်ရည်ရဲ့သိပ်သည်းဆကို အတိအကျ တွက်ချက်ပြီး အားဖျော့ရာမှာ ရလာတဲ့အချက်အလက်ကို အခြေခံ စံအဖြစ် သုံးနိုင်တယ်။ ဟိုးအရင်ကလို မျက်စိအမြင်ကို အားကိုးခဲ့ရတာနဲ့ ယှဉ်ရင် သားပေါက်နှုန်းကို ၂၀ ရာခိုင်နှုန်းထိ မြှင့်တင်ပေးနိုင်ပါတယ်။" ၀မ်ရဲ့အစ်ကိုက သုတ်ရည်ကို လက်နဲ့ပဲ စုဆောင်းပါတယ်။ နမူနာကို ထုတ်ယူပြီးတာနဲ့ iPad ပေါ်တင်ပြီး နောက်ခံ အလင်းတန်းထိုးကာ မြှုပ်သွင်းတပ်ဆင်ထားတဲ့ ကင်မရာဆီကို လက်ငင်းပုံရိပ်တွေ ပို့ပေးပါတယ်။ "အဲဒီအချိန်မှာပဲ ဒီကိရိယာက သုတ်ရည်ရဲ့ တက်ကြွမှုနဲ့ ပါဝင်ကိန်းကို ဆုံးဖြတ်ပေးတယ်။ ဒါပေမယ့် ပုံသဏ္ဌာန် လေ့လာပြီး သရုပ်ခွဲဖို့ကတော့ ခုထိ မျက်စိအမြင်ကို အားကိုးနေရတုန်းပဲ။ ဒါပေမယ့် iSperm ရဲ့အားသာချက်က သုတ်ကောင်ရဲ့ ပုံရိပ်ကို ချဲ့ပေးနိုင်တဲ့အတွက် ပုံသဏ္ဌာန်နဲ့ လုပ်ဆောင်ပုံကို ကြည်ကြည်လင်လင်နဲ့ ကြည့်နိုင်ပါတယ်။" ဒီ ထိုင်ဝမ်ကုမ္ပဏီသစ်ဟာ ၀က်သားဖောက်ဖို့လောက်သာ အားစိုက်နေတာ မဟုတ်ပါဘူး။ ခန့်မှန်းတန်ဖိုး ဒေါ်လာ ၄၀ ဘီလီယံရှိတဲ့ လူသားသုတ်ပိုးဈေးကွက်အပေါ်မှာ အာရုံစိုက်ထားပါတယ်။ အမျိုးသားတွေအဖို့ iSperm ကိုသုံးပြီး စိတ်မလုံမခြုံ မဖြစ်တော့ဘဲ လွယ်လင့်တကူနဲ့ ကိုယ့်အိမ်မှာတင် ကိုယ့်သုတ်ရည်ရဲ့ အရည်အသွေးကို စမ်းသပ်နိုင်တော့မှာပါ။ iSperm ဟာ နောက်နှစ်အစောပိုင်းကျရင် အမေရိကန်မှာ အက်ဖ်ဒီအေရဲ့ ခွင့်ပြုချက်ကို ရရှိပြီး လအနည်းငယ်အတွင်းမှာ ဈေးကွက်မှာ ဖြန့်ချိနိုင်တော့မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up