အမေရိကန်တွင် ပြည့်တန်ဆာများကို သတ်သည့် စိတ္တဇလူသတ်သမား အသေဖမ်းမိ

ဓာတ်ပုံ - usatoday
အမေရိကန်ပြည်ထောင်စု၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှာ ပြည့်တန်ဆာတဦးက ပစ်သတ်လိုက်တဲ့ အကြမ်းဖက်သမားဟာ ပြည့်တန်ဆာတွေကိုပဲ သတ်တဲ့ စိတ္တဇလူသတ်သမား ဖြစ်နိုင်တယ်လို့ ချာလ်တန်မြို့ ရဲဌာနက ပြောပါတယ်။ အသက် ၄၅ နှစ်အရွယ် စိတ္တဇလူသတ်သမား နီးလ် ဖောလ်စ် (Neal Falls) ဟာ ပြည့်တန်ဆာ အမျိုးသမီးက အစောင့်ဝန်ထမ်း အလုပ်ကြော်ငြာကို အင်တာနက်မှာတွေ့ရှိပြီး အိမ်ကို ရောက်လာတာလို့ ပြည့်တန်ဆာအမျိုးသမီးက ပြောပါတယ်။ အိမ်မှာ အကြမ်းဖက်ခဲ့လို့ ရုန်းရင်းကန်ရင်း မိမိကိုယ်ကို ကာကွယ်တဲ့အနေနဲ့ သူ့ရဲ့ သေနတ်နဲ့ပဲ ပစ်သတ်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ပြည့်တန်ဆာက ပြောပါတယ်။ စိတ္တဇလူသတ်သမားရဲ့ အိတ်ထောင်ထဲမှာ သူဆက်ပြီး သတ်ဖြတ်မယ့် ပြည့်တန်ဆာတွေရဲ့ အမည်စာရင်းကို တွေ့ရှိခဲ့တဲ့အတွက် ပြည့်တန်ဆာတွေကိုပဲ သတ်ဖြတ်တဲ့ စိတ္တဇလူသတ်သမားအဖြစ် ရဲတွေက သံသယရှိနေတာပါ။ သူ့ရဲ့ကားနောက်ခန်းထဲမှာ ဓါးတွေ၊ ကျည်ကာအင်္ကျီ၊ အမှိုက်အိတ်တွေနဲ့ အ၀တ်အစွန်းချွတ်ဆေးတွေလည်း ရဲကတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီနေ့က ရရှိခဲ့တဲ့ အထောက်အထားတွေအရ အိုဟိုင်းအိုးနဲ့ နီဗားဒါးပြည်နယ်တွေမှာ မဖော်ထုတ်နိုင်ခဲ့တဲ့ လူသတ်မှုတွေနဲ့ သူ ပတ်သက်မှုရှိမရှိကို ရဲတွေက စုံစမ်းနေကြပါတယ်။ ဖောလ်စ် နောက်ဆုံးနေခဲ့တဲ့ လိပ်စာကတော့ အော်ရီဂွန်ပြည်နယ်မှာဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၇ ခုနှစ်အထိ နီဗားဒါးပြည်နယ်မှာ နေခဲ့တာပါ။ အဲ့ဒီကာလတွေတုန်းက ပြည့်တန်ဆာ ၃ ဦးရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အဝေးပြေးလမ်းမတွေမှာ တွေ့ရှိခဲ့တာပါ။ ၄ ဦးမြောက် ပြည့်တန်ဆာကတော့ ပျောက်နေခဲ့ပြီး ပြန်မတွေ့တော့ပါဘူး။ နောက်ဆုံး အိုဟိုင်းအိုးပြည်နယ်မှာတော့ အမျိုးသမီး ၄ ဦး သတ်ဖြတ်ခံရပြီး ၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up