အမျိုးသမီး ကမ္ဘာ့ဖလားဗိုလ်လုပွဲ အမေရိကန် ဗိုလ်စွဲ (ရုပ်သံဟိုက်လိုက်)

ဇူလိုင် ၆ ရက်နေ့ မနက်ပိုင်းက ယှဉ်ပြိုင်သွားတဲ့ အမျိုးသမီး ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အမေရိကန်အသင်းက ဂျပန်ကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ ဒီပွဲမှာ ၂ သင်းစလုံး ၄-၄-၂ ကစားကွက်ကို အသုံးပြု ယှဉ်ပြိုင်သွားပါတယ်။ အမေရိကန်အသင်းက ပထမပိုင်း ၁၆ မိနစ်အတွင်းမှာပဲ ဦးဆောင်ဂိုး ၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ကွင်းလယ်ကစားသမား ကာလီ လွိုက်က ဟက်ထရစ်ဂိုးနဲ့ ဟော်လီဒေးက ၁ ဂိုး သွင်းယူပါတယ်။ ဂျပန်အတွက် ပထမ ချေပဂိုးကို အိုဂီမီက ၂၇ မိနစ်မှာ သွင်းယူပါတယ်။ ဒုတိယပိုင်းမှာ ဂျပန်အတွက် ဒုတိယ ချေပဂိုးကို အမေရိကန်ဘက်က ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရခဲ့တာပါ။ အမေရိကန်အတွက် ပဉ္စမမြောက်ဂိုးကို ၅၄ မိနစ်မှာ ဟိသ်က သွင်းယူပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို အသက် ၃၂ နှစ်အရွယ် အမေရိကန် ကွင်းလယ်ကစားသမား ကာလီ လွိုက်က ရရှိသွားပါတယ်။ ဒီပွဲမှာ အနိုင်ရလို့ အမေရိကန်ဟာ ၂၀၁၁ ဗိုလ်လုပွဲတုန်းက ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။ အမေရိကန် အမျိုးသမီးအသင်းအတွက်တော့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၃ ကြိမ်မြောက် ရယူနိုင်တဲ့ ပထမဆုံး အသင်းအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up