ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲလျှင် အင်္ဂလန်အမျိုးသမီး ဆုကြေး ပေါင် ၃ သောင်းခွဲစီရမည်

ဓာတ်ပုံ - ဖီဖာ
အင်္ဂလန်အမျိုးသမီးအသင်းက ကစားသမားတွေအနေနဲ့ ၂၀၁၅ အမျိုးသမီး ကမ္ဘာ့ဖလား ရရှိခဲ့ရင် ဆုကြေးအဖြစ် တဦးကို ပေါင် ၃ သောင်းခွဲစီ ရရှိမယ်လို့ အင်္ဂလန် ဘောလုံးအဖွဲ့ချူပ်က ကြေညာပါတယ်။ ဇူလိုင်လ ၁ ရက်နေ့ ဂျပန်နဲ့ ဆီးမီးဖိုင်နယ်ပွဲ ကစားရမယ့် အင်္ဂလန်အမျိုးသမီးအသင်း  အနေနဲ့ ဆုဖလားရရင် ဆုကြေးပေါင် ၈ သိန်းကို အသင်းသား ၂၃ ဦးက အချိုးကျ ခွဲဝေရရှိမှာပါ။ အင်္ဂလန် အမျိုးသမီးအသင်း နည်းပြကတော့ ဆုဖလားရဖို့ အနိုင် ၂ ပွဲသာ လိုတော့တာကြောင့် အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ ပြောပါတယ်။ ၁၉၉၆ နောက်ပိုင်း အင်္ဂလန်အသင်းတွေဟာ ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့ခြင်း မရှိတာကြောင့် အခုလို ဆုကြေးပေးမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up