Search Results For: မှတ်ပုံတင်

ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၃၈၀၀၀၀ ကျော် မှတ်ပုံတင်

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေ အွန်လိုင်းကနေ မှတ်ပုံတင်နိုင်တဲ့ ကာလကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ထိ သက်တမ်းတိုးပေးခဲ့ပြီး မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက အလုပ်သမားစုစုပေါင်း ၆၅၄,၈၆၄ ယောက် မှတ်ပုံတင်ခဲ့ကြတယ်လို့ သိရပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာအချက်အလက်တွေကိုတော့ လာမယ့် ဧပြီ ၁၆ ရက်တွင် အပြီးရယူစုဆောင်းသွားမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီး ဆူချက်ချွန်ကလင်က ပြောပါတယ်။

ခုလိုရွှေ့ပြောင်းအလုပ်သမားတွေ မှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထိုင်းအစိုးရက ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အလုပ်သမားတွေ တရားဝင်ခွင့်ရရှိဖို့ အခွင့်အရေးမဆုံးရှုံးစေဖို့ ဆုံးဖြတ်ချက်အပြီးမှာ ၆ လထပ်မံသက်တမ်း တိုးပေးခဲ့တာ ဖြစ်ပါတယ်။

ခုလတ်တလော မှတ်ပုံတင်ပြီးတဲ့ ရွှေ့ပြောင်းအလုပ်သမား ၆ သိန်းခွဲကျော်ထဲမှာ တော့ မြန်မာအလုပ်သမား ၃၈၄,၀၇၇ ယောက်နဲ့ ထက်ဝက်ကျော်ပါဝင်ပြီး ကမ္ဘောဒီးယား နိုင်ငံက ၂၀၃,၆၇၉ ယောက်၊ လာအိုနိုင်ငံက ၆၇,၁၀၈ ယောက်ပါဝင်နေတာပါ။

ရွှေ့ပြောင်းလုပ်သားအများဆုံး ခရိုင် ၅ ခုအနေနဲ့ ဘန်ကောက်မှာ ၁၂၀,၁၆၃ ယောက်၊ ချွန်ဘူရီမှာ ၄၇,၃၂၆ ယောက်၊ ပထုံဌာနီမှာ ၃၈,၉၉၄ ယောက်၊ ဆမွတ်ပရာကန် မှာ ၃၇,၆၂၁ ယောက်နဲ့ ဆမွတ်ဆာခွန်မှာ ၂၈,၉၅၃ ယောက် ဖြစ်ပြီး လုပ်သားအများဆုံး စီးပွားရေးလုပ်ငန်း ၅ ခုအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ၁၄၈,၃၃၂ ယောက်၊ စိုက် ပျိုးမွေးမြူရေးလုပ်ငန်းခွင်မှာ ၁၁၇,၄၃၀ ယောက်၊ စားသောက်ကုန်နဲ့ အဖျော်ယမကာ ရောင်းချရေးလုပ်ငန်းခွင်မှာ ၄၅,၁၁၈ ယောက်နဲ့ စိုက်ပျိုးရေးဆက်စပ်လုပ်ငန်းခွင်မှာ ၃၉,၀၂၅ ယောက် ပါဝင်နေတာ ဖြစ်ပါတယ်။

4 months Ago

ဒေသတွင်းမှတ်ပုံတင်ကိုင်ထားသူများကိုသာ ဖားကန့်ရတနာနယ်မြေသို့ ဝင်ခွင့်ပြု

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန်မြို့နယ် ဖားကန့်-လုံးခင်းရတနာနယ်မြေကို ဝင်ရောက်မဲ့ခရီးသွားတွေကို ဒေသတွင်းမှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကိုသာ ဝင်ခွင့်ပြုနေတယ်လို့  ဖားကန်မြို့နယ် အုပ်ချုပ်ရေးရုံးက သိရပါတယ်။

ဖားကန့်-လုံးခင်း ရတနာနယ်မြေကို ဝင်ရောက်လာသူတွေဟာ ဒေသတွင်းမှတ်ပုံတင်ဖြစ်တဲ့ ကိုင်ဆောင်ထားသူတွေနဲ့ ဖားကန့်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရဝန်ထမ်းတွေ၊ ကျန်းမာရေးကိစ္စကြောင့် အရေးပေါ်ခရီးသွားရသူတွေ၊ ဖားကန့်မြို့နယ်မှာ အမှန်တကယ်နေထိုင်ကြောင်း ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက် ရရှိသူတွေကိုပဲ ဝင်ရောက်ခွင့်ပြုနေတယ်လို့ အုပ်ချုပ်ရေးရုံးက သိရပါတယ်။

"ဒေသတွင်း ၁/မှတ်ပုံတင်ကိုင်ဆောင်ထားသူ၊ အစိုးရဝန်ထမ်းနဲ့ အရေးပေါ်ကျန်းမာရေးကိစ္စနဲ့ သွားလာတဲ့သူတွေ၊ ဒီမှာ အမှန်တကယ်နေထိုင်ပြောင်း သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက ထောက်ခံသူတွေကိုပဲ ခွင့်ပြုထားတယ်" လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး တာဝန်ရှိသူက ပြောပါတယ်။

ဖားကန့်-လုံးခင်း ရတနာနယ်မြေ ဝင်ရောက်လာသူတွေကို ကာမိုင်းမြို့အဝင် စုပေါင်းစစ်ဆေးရေးဂိတ်မှာ စိစစ်ပြီး ဝင်ရောက်ခွင့်ပြုနေတယ်လို့လည်း ဆိုပါတယ်။

"ကာမိုင်းဂိတ်မှာကတည်းက ဒေသတွင်း မှတ်ပုံတင် ကိုင်ဆောင်ထားတာ ဟုတ်/မဟုတ် နဲ့ သတ်မှတ်ထားတဲ့ ထုတ်ပြန်ချက် ကိုက်ညီမှုရှိ/မရှိ စိစစ်ပြီးမှ ခွင့်ပြုနေတာပါ" လို့ တာဝန်ရှိသူက ပြောပါတယ်။

ဖားကန့်-လုံးခင်း ရတနာနယ်မြေဝင်ရောက်လာမှုကို ဖေဖော်ဝါရီ ၁ နေ့ကစပြီး ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။

ဖားကန့်-မြစ်ကြီးနား ကားလမ်းကို ကာမိုင်းမြို့အဝင် စုပေါင်းစစ်ဆေးရေးဂိတ်က စတင်ပြီး အတက်အဆင်းကားတွေကို တပ်မတော်က တားဆီးထားပြီးမှ အချိန်နဲ့အတက်အဆင်း လုပ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

ဖားကန့်-လုံးခင်း ရတနာနယ်မြေဝင်ရောက်မှုတွေကို ကန့်သတ်ခဲ့ပေမဲ့ ဖားကန့်မြို့နယ်ကနေ ထွက်ခွာမယ်ဆိုရင်တော့ ဘာအထောက်အထားမှမလိုဘဲ ဆင်းခွင့်ပြုထားတယ်လို့ သိရပါတယ်။

ဇော်မိုးထက် (ဖားကန့် )

5 months Ago

လုပ်သားအင်အား လျှော့ချရာတွင် အလုပ်သမားမှတ်ပုံတင်အတု ကိုင်ထားသူ အများဆုံးဖြစ်နေ

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စက်ရုံ၊ အလုပ်ရုံပိုင်ရှင်တွေဟာ လုပ်သားအင်အား လျှော့ချတဲ့နေရာမှာ ကိုင်​ဆောင်ထားတဲ့ အလုပ်သမားမှတ်ပုံတင်တွေက အတုတွေ အများဆုံး ဖြစ်နေပြီး အလုပ်သမားတွေ အလုပ်ဆက်လုပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ NGOs အဖွဲ့အစည်းဖြစ်တဲ့ Labour Power Group ရဲ့ ဥက္ကဋ္ဌ ဦးကျော်မျိုးထွေးက ပြောပါတယ်။

အလုပ်ရှင်တွေဘက်က အလုပ်စခန့်တဲ့အချိန်ကတည်းက အလုပ်သမားမှတ်ပုံတင်တွေကို သေချာစစ်ဆေးရမှာဖြစ်ပြီး သူတို့ကိုယ်တိုင်လည်း အငှားမှတ်ပုံတင်ဆိုတာတွေကို သိရှိပါလျက်နဲ့ လုပ်ငန်းလိုအပ်ချက်တွေအရ ခန့်အပ်ထားခဲ့တာဖြစ်ကာ လုပ်သားအင်အားလျှော့ချချင်တဲ့အချိန်မှ ဒီအချက်တွေကို ဝှက်ဖဲအဖြစ်ထုတ်သုံးတာလို့ သုံးသပ်ပါတယ်။

အခုအခါမှာ အလုပ်ရှင်တွေက အချိန်တခုကန့်သတ်လိုက်ပြီး သတ်မှတ်ရက်အတွင်း မှတ်ပုံတင်မူရင်းနဲ့ ပြန်မလဲနိုင်ရင် အလုပ်ဆက်လုပ်ပိုင်ခွင့်မရှိတော့ဘူးလို့ အမိန့်ထုတ်နေပါတယ်။ 

အလုပ်သမားအများစုက ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ကာ သန်းခေါင်စာရင်းမရှိဘဲနဲ့ မူရင်းလျှောက်လို့မရသလို နယ်ပြန်ဖို့ အခက်အခဲတွေရှိနေကြပြီး သတ်မှတ်ရက်အတွင်း မှီအောင်လုပ်ဖို့ မဖြစ်နိုင်ကြပါဘူး။

မှတ်ပုံတင်မူရင်း ပြန်​တောင်းခံနေရသူတွေထဲမှာ လုပ်သက်ရင့်ဝန်ထမ်းတွေလည်း ပါနေတာဖြစ်ပြီး မပေးနိုင်လို့ အလုပ်ထုတ်ခံရတဲ့အခါ အလုပ်ထုတ်နစ်နာကြေးတွေ အပြည့်အဝမရရှိမှာ စိုးရိမ်နေရပါတယ်။ 

မှတ်ပုံတင်ပြန်လုပ်ဖို့ ခက်ခဲနေတဲ့ ပြဿာနာတိုင်ကြားမှုတွေ ဒီရက်ပိုင်းအတွင်း ရန်ကုန်မှာပို များလာပြီး လောလောဆယ် မင်္ဂလာဒုံမြို့နယ်မှာ တိုင်ကြားလာတဲ့ စက်ရုံပေါင်း ၄ ရုံလောက် ရှိနေတယ်လို့ ဦးကျော်မျိုးထွေးဆီက သိရပါတယ်။

5 months Ago

မှတ်ပုံတင်မရှိခြင်းကြောင့် အလုပ်အကိုင် ရရှိရန် ခက်ခဲနေသူများ (ဓာတ်ပုံ)

ရန်ကုန်တိုင်းဒေသကြီး မြေလွတ်နေရာမှာ ကျူးကျော်နေထိုင်သူ အများအပြားရှိပါတယ်။ ကျူးကျော်နေထိုင်သူတွေဟာ များသောအားဖြင့် ရွှေ့ပြောင်းလုပ်သားတွေ၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြောင့် ရွာတွေ ပျက်စီးကာ ရေကြည်ရာမြက်နုရာရှာဖွေရင်း ရောက်‌ရှိနေထိုင်သူတွေ ဖြစ်ပါတယ်။ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အမှတ်‌-၁၁၈ ရပ်ကွက် ပုဂံလမ်းမှာ ကျူးကျော်နေထိုင်တဲ့ မိသားစု ၃၀ ကျော်ရှိနေပြီး လူပေါင်းတစ်ရာကျော် ရှိပါတယ်၊ အဲဒီ မိသားစုဝင်တစ်ရာကျော်‌အနက် အရွယ်ရောက်ပြီးသူအများစုမှာ မှတ်ပုံတင်ပြုလုပ်ဖို့ မလွယ်ကူတာကြောင့် အလုပ်အကိုင်ရရှိရေး အခက်အခဲကြုံနေကြရပါတယ်။ “စား‌ရေး သောက်ရေးကတော့ သူလိုငါလို ရှာဖွေစားသောက်ရတာပေါ့။ တစ်ရက်လုပ် တစ်ရက်စားပဲ။ အဓိကကတော့ မှတ်ပုံတင်လို့ဖို့ မလွယ်ဘူး၊ အဲ‌ဒီတော့ မွေးလာတဲ့ သားသမီးတွေလည်း အရွယ်ရောက်လာရင် ကိုယ်တွေလို ကြုံရာကျပန်းလုပ်ကြရတာပဲ။ ယုတ်အစွဆုံး စက်ရုံတောင် ဝင်လုပ်လို့မရဘူး” လို့ ကိုချစ်ဦးမောင်က ပြောပါတယ်။ ရန်ကုန်တတိုင်းလုံးရှိ ကျူးကျော်နေထိုင်သူအားလုံးမှာ မှတ်ပုံတင်ပြဿနာမှာ အရေးကြီးဆုံးဖြစ်နေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ဖို့ မှတ်ပုံတင်ရရှိဖို့ မျှော်လင့်နေကြတယ်လို့ ကျူးကျော်နေထိုင်သူတဦးက ပြောပါတယ်။ “မျှော်လင့်တာပေါ့။ မှတ်ပုံတင်ရရင် ကလေးလေးတွေ အလုပ်အကိုင် အတည်တကျလေးနဲ့ သက်သက်သာသာ အလုပ်လုပ်နိုင်မှာပေါ့။” ကျူးကျော်နေထိုင်သူတွေ မှတ်ပုံတင်ရရှိဖို့ ဘိုးဘွားဘီဘင်စာရင်းတွေ နာဂစ်မုန်တိုင်းကြောင့် ပျောက်ဆုံးသွားတာ၊ တချို့ရွာတွေမှာ သွားရေးလာရေး စရိတ်များပြားတဲ့ အခက်အခဲတွေ ကြုံနေကြတယ်လို့ သိရပါတယ်။ Photo - Ye Myo Khant / MPA
6 months Ago

ကားမှတ်ပုံတင်ဝန်ဆောင်မှုကို Online booking စနစ်ဖြင့် ပြန်ဖွင့်

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် နှစ်လကျော်ကြာ ပိတ်ထားခဲ့ တဲ့ ကနဦးမော်တော်ယာဉ် မှတ်ပုံတင် ဝန်ဆောင်မှုလုပ်ငန်းတွေကို  ဒီကနေ့  ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး Online booking စနစ်နဲ့ ပြန်ဖွင့်ပေးနေပါတယ်။ ဒီလို ပြန်ဖွင့်လှစ်ပေးရာမှာ လူစုလူဝေးမဖြစ်ပေါ်စေဖို့အတွက် ကနဦး ကားမှတ်ပုံတင် ဆောင်ရွက်ဖို့ ရက်ချိန်းရယူရာမှာ အွန်လိုင်းကနေ ကြိုတင်စာရင်းသွင်းတဲ့ စနစ် (Online booking System) ကို ပြောင်း လဲကျင့်သုံးစေမှာဖြစ်ပါတယ်။ Online Booking လျှောက်ထားသူတွေ အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်တွေကို အလေးထားလိုက်နာ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကနဦးမှတ်ပုံတင်ရာမှာ ပေးဆောင်ရတဲ့ ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးကို ဝန်ဆောင်မှု ရပ်ဆိုင်းထားတဲ့ စက်တင်ဘာ ၁၄ ရက်ကနေ နိုဝင်ဘာ ၃၀ ရက်အထိ ၇၈ ရက်ကြာ ကာလကို ထည့်သွင်းရေတွက်မှာ မဟုတ်ဘဲ ဖြေလျှော့ပေးမယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ပိုင်းမှ လာရောက်ဆောင်ရွက်တဲ့ ကနဦးမှတ်ပုံတင်ယာဉ်တွေကတော့ ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးငွေ လျှော့ပေါ့ခွင့်ရမှာ မဟုတ်ဘဲ မူလသတ်မှတ်ချက်တွေအတိုင်း ဒဏ်ကြေး ပေးဆောင်ရမှာဖြစ်ပါတယ်။ သတင်း - စိုးချစ်ချစ်ပိုင်
7 months Ago

Stay at Home ကာလ လုပ်ငန်းလည်ပတ်လိုပါက မှတ်ပုံတင်ရန် နှိုးဆော်

ရန်ကုန်တိုင်းထဲမှာ Stay at Home သတ်မှတ်ထားတဲ့ ကာလအတွင်း ခွင့်ပြုထားတဲ့လုပ်ငန်းတွေ လည်ပတ်မယ်ဆိုရင် အွန်လိုင်းကတဆင့် မှတ်ပုံတင်ကြဖို့ ကုန်သည် စက်မှုအသင်းချုပ်က နှိုးဆော်ပါတယ်။ Stay at Home သတ်မှတ်ထားတဲ့ကာလ ၂ ပတ်အတွင်းမှာ မဖြစ်မနေဖွင့်လှစ် လုပ်ကိုင်ဖို့ လိုတဲ့ လုပ်ငန်းတွေကိုပဲ ခွင့်ပြုထားတာဖြစ်ပြီး အဲဒီ စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေ၊ ကုမ္ပဏီ၊ လုပ်ငန်း၊ အဖွဲ့အစည်းတွေက ဝန်ထမ်းတွေဟာ သက်ဆိုင်ရာ လုပ်ငန်းခွင်ကို သွားရောက်ဖို့၊ လိုအပ်ချက်အရ တခြားမြို့နယ်တွေကို ဖြတ်ကျော်ရာမှာ QR Pass ရရှိကိုင်ဆောင်ထားဖို့ လိုအပ်ပါတယ်။ QR Pass မရှိဘဲ မြို့နယ်တခုကနေ တခုကို ဖြတ်ကျော်ခွင့်မရှိသလို ခွင့်မပြုထားတဲ့ လုပ်ငန်းတွေလည်း မလည်ပတ်ရဘူးလို့ ဆိုပါတယ်။ ခွင့်ပြုထားတဲ့ လုပ်ငန်းတွေအနေနဲ့ QR Pass ရယူနိုင်ဖို့အတွက် https://QRpass.SawSawShar.gov.mm ကို ဝင်ရောက်ပြီး မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ပြည်သူတွေအနေနဲ့ မဖြစ်မနေဈေး ဝယ်ယူတာ၊ ဆေးရုံဆေးခန်းတွေကို သွားတာနဲ့တော့ မဆိုင်ပါဘူး။
9 months Ago

မွန်ပြည်နယ်အတွင်း မှတ်ပုံတင်မရှိသူများကို ထောက်ခံချက်ဖြင့် မဲပေးနိုင်ရန် လုပ်ပေးမည်

မှတ်ပုံတင် မရှိတဲ့သူတွေကို ထောက်ခံချက်နဲ့ မဲပေးနိုင်အောင် လုပ်ဆောင်ပေးသွားမယ်လို့ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်းအားဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြောပါတယ်။  မွန်ပြည်နယ်မှာတော့ ပထမအကြိမ် မဲစာရင်း ကပ်ထားကြေညာမှုအရ တပ်မဲစာရင်းအပါအဝင် ဆန္ဒမဲပေးနိုင်သူ ၁၇ သိန်းကျော် ရှိနေတာဖြစ်ပြီး အဲဒီမဲစာရင်းကို ပြည်နယ်လဝက ဦးစီးဌာနက ပြန်လည်စိစစ်ရာမှာ မဲပေးနိုင်သူ ၁၇ သိန်းကျော်မှာ လူဦးရေ ၆၀၀၀၀ ကျော်ဟာ မှတ်ပုံတင် မရှိသေးတဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် မဲစာရင်းမှာ မှတ်ပုံတင် မရှိသေးတဲ့သူတွေကို လာမယ့် ၂ လအတွင်း မှတ်ပုံတင် အပြီး လုပ်ဆောင်ပေးသွားဖို့ လဝကဦးစီးဌာနက စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ အခုအခါ ကိုဗစ်ရောဂါကြောင့် မှတ်ပုံတင်တွေကို ကွင်းဆင်း လုပ်ပေးဖို့ အခက်အခဲရှိတဲ့အတွက်ကြောင့် ထောက်ခံချက်နဲ့ မဲပေးနိုင်အောင် လုပ်ဆောင်ပေးသွားမယ်လို့ ဆမွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်းအားဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ချယ်က ပြောပါတယ်။ အခုအခါ ကိုဗစ်ကပ်ရောဂါကြောင့် အရေးကြီးတဲ့ လုပ်ငန်းစဉ်ကလွဲရင် လဝကဦးစီးဌာနရဲ့ လုပ်ငန်းစဉ်အချို့ကို ရပ်နားထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မှတ်ပုံတင် မရှိတဲ့သူတွေကို ထောက်ခံချက်နဲ့ မဲပေးနိုင်အောင် ရွေးကောက်ပွဲမီ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကော်မရှင်အနေနဲ့ ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာဖို့အတွက် ပြင်ဆင်နေတယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ လာမယ့်ရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၉၅၁ ဖွင့်လှစ်သွားဖို့ စီစဉ်ခဲ့ရာမှ အခုအခါ ကိုဗစ်ကပ်ရောဂါအပြင် ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာရင် လူဦးရေ တိုးလာနိုင်တဲ့အတွက်ကြောင့် မဲရုံပေါင်း ၂၂ ရုံ ထပ်တိုး ဖွင့်လှစ်သွားဖို့ ကော်မရှင်က စီစဉ်နေပါတယ်။ ဒုတိယအကြိမ် မဲစာရင်းကိုတော့ စက်တင်ဘာ နောက်ဆုံးအပတ်မှာ ကပ်ထားကြေညာပေးသွားမယ်လို့ ကော်မရှင်က ဆိုထားပါတယ်။  ဇော်လွင်ထွဋ်
9 months Ago

ကျောင်းကုန်းမြို့နယ်၌ မဲစာရင်းပါပြီး မှတ်ပုံတင်မရှိသူ ၁၀၀၀၀ ကျော်ကျန်ရှိနေ

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်မှာ အသက် ၁၈ နှစ်ပြည့်လို့ မဲဆန္ဒရှင်စာရင်းမှာ ပါဝင်ပြီး မှတ်ပုံတင် မရှိသူပေါင်း ၁၀၀၀၀ ကျော် ကျန်ရှိနေသေးတယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက သိရပါတယ်။ ကျောင်းကုန်းမြို့နယ်မှာ မဲဆန္ဒရှင်စာရင်းမှာ ပါဝင်ပြီး မှတ်ပုံတင်မရှိသူ ၂၀၀၀၀ ကျော်ရှိနေတဲ့အတွက်  အခုကာလအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ၇,၀၀၀ ကျော်ပြီးစီးခဲ့လို့ မှတ်ပုံတင်မရှိသေးသူ ၁၀၀၀၀ ကျော် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိူးဝင်းက “ကျောင်းကုန်းမြို့နယ်မှာ အသက် ၁၈ နှစ်ပြည့်ပြီးသူ တစ်သိန်းနှစ်သောင်းကျော်မှာ မှတ်ပုံတင် မရှိသူ နှစ်သောင်းကျော်ရှိနေလို့ မဲဆန္ဒရှင်စာရင်းမှာ အပေါက်ဖာရန်ရွာပေါင်း  ဆယ်လေးရွာကွင်းဆင်း ဆောင်ရွက်ရာ ခုနှစ်ထောင်ကျော် ပြီးစီးသွားလို့ မှတ်ပုံတင်မရှိသေးသူ တစ်သောင်းကျော် ကျန်နေသေးတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ အသက် ၁၈ ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမမှာ သြဂုတ် ၁၄ ရက်က  ကျင်းပခဲ့တာပါ။ အခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတွေ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊  ရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားကို တက်ရောက်လာသူတွေရဲ့ မေးမြန်းချက်တွေနဲ့ ပတ်သက်ပြီး  လောလောဆယ် အသက် ၁၈ ပြည့်ပြီး မှတ်ပုံတင်မရှိသေးသူ အသစ်လုပ်မယ့်သူတွေကို ပထမဦးစားပေးပြုလုပ်ပေးနေကြောင်း ပျောက်ဆုံး၊ ပျက်စီးသူတွေကို ဒုတိယဦးစားပေး ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့  ကျောင်းကုန်းမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တာဝန်ရှိသူက ရှင်းလင်းဖြေကြားခဲ့ပါတယ်။ ကျောင်းကုန်းမြို့နယ် ရွေး‌ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအုန်းကြိုင်က ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေကို လာမယ့် ၁၇ ရက်နေ့မှာ ထပ်မံတွေ့ဆုံကာ မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေး ထပ်မံဆွေးနွေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ သတင်း-မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ-ဝင်းကြိုင်(ကျောင်းကုန်း)
10 months Ago

ပြည်ပသွင်းမော်တော်ယာဉ် မှတ်ပုံတင်ခ နှုန်းထား ဖြေလျှော့လိုက်သဖြင့် ကားစျေးနှုန်း ကျဆင်းနိုင်

လူစီးမော်တော် ယာဉ်တွေအတွက် မူလတန်ဖိုး(FOB)အပေါ် ကောက်ခံနေတဲ့ ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ နှုန်းထားတွေကို သြဂုတ်လ ၇ ရက်နေ့ က စတင်ပြီး လျှော့ချ ကောက်ခံလိုက်တာကြောင့် ကားစျေးနှုန်း ကျဆင်းသွားနိုင်တယ်လို့ မော်တော်ယာဉ် အရောင်းအဝယ် လုပ်သူတွေက သုံးသပ်ကြပါတယ်။ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဉီးစီးဌာနက  ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာတဲ့ စီးပွားရေးကျဆင်းမှုတွေကို ကုစားတဲ့အနေနဲ့ လက်ရှိနှုန်းထားရဲ့ ထက်ဝက်ရာခိုင်နှုန်းစီကိုလျော့ချ သတ်မှတ်ပေးလိုက်တာလို့ သိရပါတယ်။ ဒါ့ကြောင့် SKD စနစ်နဲ့ထုတ်လုပ်နေတဲ့ ကားတွေက ၅ ရာခိုင်နှုန်းထိ ကျဆင်းသွားနိုင်ပြီး ​ပြည်ပက အစီးလိုက်တင်သွင်းတဲ့ ကားတွေကတော့၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ ကျနိုင်တယ်လို့ မော်တော်ယာဉ် အရောင်းအဝယ် လုပ်သူတွေက သုံးသပ်ထားကြတာပါ။ မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချ​ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက "အကောက်ခွန်ကလည်း ဖြေလျော့ထားတာရှိတယ်။ ကညနကလည်း ထပ်ဖြေလျော့ပေးလိုက်ပြီဆိုတော့ အဓိက ပြည်ပကနေ တင်သွင်းတဲ့ ကားတွေ စျေးနှုန်း သက်သာသွားမဲ့ သဘောရှိတယ်။ အဓိက က နှစ်ပိုင်းရှိတယ်။ ပြည်တွင်း SKD စနစ်နဲ့ ထုတ်တဲ့ ကားတွေကတော့ စျေးအများကြီး မကျနိုင်ဘူး။ ကညန နဲ့ ပတ်သက်ပြီး အခွန်မဆောင်ရဘူး။ အစီးလိုက် သွင်းတဲ့ ကားတွေကတော့ အထိုက်အလျောက်ကျနိုင်တယ်" လို့ ပြောပါတယ်။ ဒီလိုကောက်ခံရာမှာ လူစီးယာဉ်အမျိုးအစားထဲက စက်စွမ်းအား ၁၃၅၀ စီစီ နဲ့ အောက် ကားတွေကို  ၃၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်း၊ စက်စွမ်းအား ၁၃၅၁ စီစီ ကနေ၂၀၀၀ စီစီ အထိကို ၅၀ ရာခိုင်နှုန်းကနေ ၂၅  ရာခိုင်နှုန်း လျှော့ချသတ်မှတ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စက်စွမ်းအား ၂၀၀၁ စီစီ ကနေ ၅၀၀၀ စီစီအထိကို ၈၀ ရာခိုင်နှုန်းကနေ ၄၀  ရာခိုင်နှုန်း၊ စက်စွမ်းအား ၅၀၀၁ စီစီနဲ့ အထက်ကို ၁၂၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်း လျော့ ချသတ်မှတ်သွားမယ်လို့ သိရပါတယ်။ စိုးချစ်ပိုင်
11 months Ago

ပြည်ပကတင်သွင်းသည့် လူစီးမော်တော်ယာဉ်များကို ယာဉ်မှတ်ပုံတင်ခ ၅၀ ရာခိုင်နှုန်းထိ လျှော့ချ

လူစီးမော်တော် ယာဉ်တွေအတွက် မူလတန်ဖိုး(FOB)အပေါ် ကောက်ခံနေတဲ့ ပြည်ပ တင်သွင်းယာဉ်မှတ်ပုံတင်ခ နှုန်းထားတွေကို သြဂုတ် ၇ ရက်ကစတင်ပြီး လျှော့ချ ကောက်ခံမယ်လို့  ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။ ဒီလိုလျှော့ချကောက်ခံတာဟာ  ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာတဲ့ စီးပွားရေးကျဆင်းမှု တွေကို ကုစားတဲ့အနေနဲ့ လက်ရှိနှုန်းထားရဲ့ ထက်ဝက်ရာခိုင်နှုန်းစီကိုလျော့ချ သတ်မှတ်ပေး လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုကောက်ခံရာမှာ လူစီးယာဉ်အမျိုးအစားထဲက စက်စွမ်းအား ၁၃၅၀ စီစီ နဲ့ အောက် ကားတွေကို  ၃၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်း  ၊ စက်စွမ်းအား ၁၃၅၁ စီစီ ကနေ၂၀၀၀ စီစီ အထိကို ၅၀ ရာခိုင်နှုန်းကနေ ၂၅  ရာခိုင်နှုန်း လျှော့ချ သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စက်စွမ်းအား ၂၀၀၁ စီစီ ကနေ ၅၀၀၀ စီစီ အထိကို ၈၀ ရာခိုင်နှုန်းကနေ ၄၀  ရာခိုင်နှုန်း ၊စက်စွမ်းအား ၅၀၀၁ စီစီနဲ့ အထက် ကို ၁၂၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်း လျော့ ချသတ်မှတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ဒီလို လျှော့ချပေးလိုက်ခြင်းကြောင့် ကားစျေးနှုန်းတွေအနည်းငယ် ကျဆင်းသွား နိုင်ဖွယ်ရှိတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက  သုံးသပ်​ထားကြပါတယ်။
11 months Ago

သာပေါင်းမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူများအနက် မှတ်ပုံတင်မရရှိသေးသူ ၂ သောင်းကျော်ရှိနေ

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနက် မှတ်ပုံတင် မရရှိသေးသူ ၂၄၀၀၀ ကျော် ရှိတယ်လို့ သာပေါင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး စာရင်းတွေအရ သိရပါတယ်။ သာပေါင်းမြို့နယ်မှာ လက်ရှိမဲစာရင်းအရ မဲပေးခွင့်ရှိသူ ၁ သန်းကျော်ရှိနေပြီး အဲဒီအထဲမှာ မှတ်ပုံတင်မရရှိသေးသူ ၂၄၀၀၀ ကျော်ရှိနေတာလို့ သာပေါင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက တာဝန်ရှိသူက ပြောပါတယ်။ “မရရှိသေးတဲ့ နေရာဒေသတွေကို တာဝန်ရှိတဲ့သူတွေက ကွင်းဆင်းပြီး ဆောင်ရွက်ပေးသွားမှာပါ” လို့ သာပေါင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးမြင့်က ပြောပါတယ်။ မှတ်ပုံတင်မရှိသူအများစုဟာ စားဝတ်နေရေးအတွက် တောတောင်ထဲမှာ အလုပ်လုပ်နေရသူတွေ၊ မြို့နဲ့ဝေးကွာတဲ့ ဒေသမှာနေထိုင်သူတွေနဲ့ မှတ်ပုံတင်လုပ်ဖို့ ဆန္ဒမရှိတဲ့သူတွေဖြစ်နိုင်ပြီး မဲပေးဖို့ ၁ လအလိုအထိ မှတ်ပုံတင်တွေ လုပ်ပေးသွားမယ်လို့ ဆိုပါတယ်။ သာပေါင်းမြို့နယ်မှာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လက်ရှိမှာ မှတ်ပုံတင်ထားတဲ့ ပါတီ ၈ ခုရှိပြီး မဲရုံ ၂၀၃ ရုံထားရှိသွားမည်ဖြစ်ကာ  မဲဆန္ဒရှင် ၁ သိန်းကျော်ရှိတယ်လို့ သာပေါင်းမြို့နယ်ရွေးကာက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး စာရင်းတွေအရ သိရပါတယ်။ အလားတူ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ ဆန္ဒမဲပေးခွင့် ရှိသူများအနက် မှတ်ပုံတင်မရရှိသေးသူ သုံးသောင်းခွဲကျော်ရှိနေတယ်လို့ မြို့နယ်ကော်မရှင်ရုံးက သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ-မင်းတင်(ဧရာဝတီတိုင်းမ်)
11 months Ago

ပန်းတနော်တွင် မဲ‌ပေးပိုင်ခွင့်ရှိသူများအနက် မှတ်ပုံတင်မရသေးသူ‌ ၃ သောင်းခွဲကျော် ရှိနေ

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ ဆန္ဒမဲပေးခွင့် ရှိသူများအနက် မှတ်ပုံတင်မရရှိသေးသူ သုံးသောင်းခွဲကျော်ရှိနေတယ်လို့ မြို့နယ်ကော်မရှင်ရုံးက သိရပါတယ်။ ပန်းတနော်မြို့နယ်မှာ ဇူလိုင်လအတွင်း ကောက်ယူရရှိထားတဲ့ စာရင်းအရ မဲပေးခွင့်ရှိသူ ၁၈၉,၃၃၅ ဦးရှိပြီး အဲဒီအထဲမှ မှတ်ပုံတင်မရရှိသေးသူ ၃၇၀၀၈ ဦးရှိ‌တယ်လို့ ပန်းတနော်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦး‌ထွန်းအောင်က ပြောပါတယ်။ "အရင်က မှတ်ပုံတင်မရှိတာ ငါးသောင်းကျော်ပါ၊ အခုသုံးသောင်းကျော် ရှိသေးပါတယ်၊ မရသေးတဲ့ နေရာတွေကို ကွင်းဆင်းပြီး တာဝန်ရှိသူ‌တွေက ဆက်လက်ဆောင်ရွက်နေပါတယ်" လို့ ပြေပါတယ်။ ပန်းတနော်မြို့နယ်အတွင်း  နိုင်ငံသားလက်မှတ်၊ ဧည့်နိုင်ငံသားလက်မှတ်၊ နိုင်ငံသားပြုခွင့် လက်မှတ်တွေ ထုတ်ပေးပြီး မဲပေးနိုင်အောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ မှတ်ပုံတင်မရရှိသေးသူ အများစုမှာ အသက် ၁၈ နှစ်မှ ၂၀ အတွင်း လူငယ်အများစုဖြစ်ပြီး ရပ်ကွက်အတွင်း ကွင်းဆင်းလုပ်ဆောင်ပေးမှသာ အဆင်ပြေမယ်လို့ ဒေသခံတွေက ပြောပါတယ်။  ပန်း‌တနော်မြို့နယ်မှာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းက မဲရုံပေါင်း ၂၀၉ ရုံရှိခဲ့ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ မဲရုံပေါင်း ၂၁၇ ရုံ လျာထားတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံက သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)  
11 months Ago

မြန်မာပြည်တောင်ပိုင်း လူဦးရေ ၃၀ ရာခိုင်နှုန်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းမရှိ၍ မဲပေးခွင့် ဆုံးရှုံးနိုင်

မြန်မာပြည်တောင်ပိုင်းဒေသက မြို့နယ် ၉ မြို့နယ်ရဲ့ မဲပေးနိုင်သူ လူဦးရေ ၃၀ ရာခိုင်နှုန်းဟာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း မရှိလို့ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့် ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။  ၂၀၂၀ ရွေးကောက်ပွဲအတွက် လူထုလှုပ်ရှားမှုအစီအစဉ်ဟာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းရှိ မြို့နယ် ၉ မြို့နယ်မှာ နေထိုင်ကြတဲ့သူမှာ နိုင်ငံသား စိစစ်ရေးကတ်ပြား ရှိ မရှိ စစ်တမ်းတရပ် ကောက်ယူခဲ့ပါတယ်။ “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေချင်” ဆိုပြီး အမည်ပေးထားတဲ့ ဒီစစ်တမ်းကိုတော့ ဇူလိုင် ၃၀ ရက်နေ့မှာ မိတ်ဆက်ခဲ့ပါတယ်။ ဒီစစ်တမ်းအရ မြို့နယ် ၉ မြို့နယ်မှာ ဆန္ဒမဲပေးနိုင်သူ ၁၃ သိန်းကျော် ရှိနေတာဖြစ်ပြီး အဲဒီထဲမှာ လူဦးရေ ၃၀ ရာခိုင်နှုန်းဟာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း မရှိလို့ မဲပေးခွင့် ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေတယ်လို့ ၂၀၂၀ ရွေးကောက်ပွဲအတွက် လူထုလှုပ်ရှားမှုအစီအစဉ် စီမံကိန်းဒါရိုက်တာ နိုင်ကဆုမွန်က ပြောပါတယ်။ ဒီစစ်တမ်းကို မွန်ပြည်နယ်ရှိ ရေး၊ သံဖြူဇရပ်၊ ချောင်းဆုံ၊ ပေါင်မြို့နယ်နဲ့ သထုံမြို့နယ်အပါအဝင် တနင်္သာရီတိုင်းက ရေဖြူမြို့နယ်၊ ကရင်ပြည်နယ်က ဘားအံ၊ ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်မြို့နယ်တွေမှာ ကောက်ယူခဲ့တာပါ။ စစ်တမ်းအရ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း မရှိသူဟာ စစ်ဘေးရှောင်ပြည်သူတွေ အများဆုံး ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူတို့ရဲ့ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးရအောင် အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လဝကတွေ ပူးပေါင်းပြီး နိုင်ငံသား စိစစ်ရေး ကတ်ပြားတွေ လုပ်ပေးဖို့ လိုအပ်နေတယ်လို့ လူထုလှုပ်ရှားမှုအစီအစဉ် ဦးဆောင်အဖွဲ့ဝင် မိမြင့်မွန်က ပြောပါတယ်။ စစ်တမ်းအရ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိတဲ့သူတွေမှာဟာ ပဋိပက္ခဒေသက စစ်ဘေးရှောင်တွေ၊ ပြည်ပမှာ တရားမဝင်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ဘာသာစကား အခက်အခဲကြောင့် ကတ်ပြားလုပ်ဖို့ အခက်အခဲရှိသူတွေ အများဆုံး ပါဝင်နေတာပါ။ ဒါကြောင့် အဲဒီဒေသက ပြည်သူတွေ မဲပေးခွင့် မဆုံးရှုံးရအောင် နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို အစိုးရအနေနဲ့ အမြန်ဆုံးဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။ ဇော်လွင်ထွဋ် 
11 months Ago

ရန်ကုန်တိုင်းအတွက် ၁ လ လူဦးရေ ၆ သောင်း မှတ်ပုံတင်လုပ်ပေးမည်

မှတ်ပုံတင်လိုအပ်ချက် လူဦးရေသိန်းနဲ့ချီပြီးရှိနေတဲ့ ရန်ကုန်တိုင်းအတွက် ရွေးကောက်ပွဲကာလအမီ ၁ လကို လူဦးရေ ၆ သောင်း ပြည့်မီအောင် မှတ်ပုံတင်တွေ ကွင်းဆင်းလုပ်ပေးမယ်လို့ ဇူလိုင် ၂၀ ရက်နေ့ကလုပ်တဲ့ လူဦးရေစာရင်းနဲ့ မဲဆန္ဒရှင်စာရင်းဇယား အချက်အလက်များ တိကျမှန်ကန်စေရေး ညှိနှိုင်းအစည်းအဝေးက သိရပါတယ်။ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့် ရရှိနိုင်ဖို့ တိုင်းနဲ့ပြည်နယ်အလိုက်ရှိ မြို့နယ်တွေက ရပ်ကွက်၊ ကျေးရွာတွေမှာ မှတ်ပုံတင်တွေ ပြုလုပ်ပေးနေတာပါ။ ဒီလိုလုပ်ပေးတဲ့ ကာလကို သစ္စာစီမံချက်နဲ့ စက်တင်ဘာလအထိ ကွင်းဆင်းရေးလုပ်ငန်းကို ဆောင်ရွက်မှာဖြစ်ပြီး လက်ရှိမှာလည်း ရန်ကုန်တိုင်းရှိ မြို့နယ်တွေ၊ ဧရာ၀တီတိုင်းရှိ မြို့နယ်တွေမှာ စတင်လုပ်ဆောင်နေပါပြီ။ လာမယ့် ၂၀၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ဖို့ လိုအပ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးတဲ့လုပ်ငန်းကို လုပ်ငန်းပမာဏအရ ဦးစားပေးနယ်မြေ သတ်မှတ်ပြီး ကွင်းဆင်းပြုလုပ်ပေးနေတာပါ။ တိုင်းဒေသကြီးအလိုက်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေရဲ့ စာရင်းတွေအရ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်ဖြည့်သွင်း ဖော်ပြနိုင်တာမရှိတဲ့ စာရင်းတွေကို ပြန်လည်တိုက်ဆိုင် ဖော်ထုတ်ရွေးချယ်ပြီး ဖြည့်သွင်းနိုင်ဖို့ မှတ်ပုံတင်မရှိသူတွေကို အသစ်ပြုလုပ်ပေးတာ၊ ပျောက်ဆုံး၊ ပျက်စီးတွေကို ပြန်လည်လုပ်ဆောင်ပေးနေတာပါ။ ဇာခြည်
11 months Ago

ရေးမြို့နယ် မဲစာရင်း၌ နိုင်ငံသားမှတ်ပုံတင်ဖြည့်ရန်ကျန်နေသူများကို လိုက်လံစစ်ဆေး

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ မဲစာရင်းကောက်ယူခဲ့စဉ်က နိုင်ငံသားမှတ်ပုံတင်ဖြည့်သွင်းဖို့ ၅ သောင်းကျော်ကျန်ရှိနေတာကြောင့် အခုလ တတိယပတ်ကစလို့ စေတနာ့ဝန်ထမ်းတွေနဲ့ လိုက်လံစစ်ဆေးဆောင်ရွက်နေပါတယ်။ အဲဒီလိုကောက်ခံရာမှ ရပ်ကွက်နဲ့ ကျေးရွာတခုကို စေတနာ့ဝန်ထမ်း ၅ ဦးစီးပါဝင်ပြီး အခုလကုန်အတွင်း စာရင်းအရ ပြီးစီးအောင်ဆောင်ရွက်သွားမယ်လို့ ရေးမြို့နယ်လ၀ကဦးစီးမှူး ဦးမျိုးခိုင်က ပြောပါတယ်။ “နိုင်ငံသားမှတ်ပုံတင်နေရာမှာ ကွက်လပ်ဖြည့်တဲ့သူတွေကိုသာ လိုက်လံစစ်ဆေးဆောင်ရွက်မှာဖြစ်တယ်၊ ရှိတယ်ဆိုဖြည့်မယ်၊ ပျောက်ဆုံးတာ၊ လုံးဝမရှိသေးဘူးဆိုရင် နိုင်ငံသားကတ်အသစ်လုပ်မယ်ဆိုပြီး စာရင်းထည့်မယ်။  ဆုံးသွားတာတို့ ရှိလာရင် သေဆုံးစာရင်းထည့်မယ်။ ဘုန်းကြီးဝတ်နေတာတို့ရှိရင် ရွေးကောက်ပွဲမတိုင်ခင် ထွက်မယ်ဆိုရင် ဖြည့်သွင်းပါမယ်။ စာရင်းထပ်တာ၊ ရူးသွပ်တာ၊ အသက်မပြည့်တာ၊ ပြည်ပသွားတို့ရှိရင် စာရင်းပြုစုမယ်ပေါ့။”  ကောက်ခံပြီးတဲ့ စာရင်းတွေအရ နိုင်ငံသားကတ်အသစ်ပြုလုပ်ဖို့ ရှိလာပါက လာမယ့်ရွေးကောက်ပွဲအမီ ကွင်းဆင်းဆောင်ရွက်ပေးသွားမယ်လို့လည်း ဦးမျိုးခိုင်က ပြောပါတယ်။ ရေးမြောက်ပိုင်းနေ စေတနာ့ဝန်ထမ်းဆောင်ရွက်နေသူတဦးက ''မဲထည့်ချင်သူ နိုင်ငံသားတိုင်းအတွက် ခုလိုဆောင်ရွက်ခွင့်ရတာ အကျိုးရှိတဲ့ လုပ်ရပ်လို့မြင်ပါတယ်။ မဲထည့်ချင်သူ နိုင်ငံသားတွေအနေနဲ့လည်း မဲစာရင်းတွေထွက်ပေါ်လာခဲ့ရင် လာရောက်ကြည့်ရှုစေချင်တယ်၊ ဒီလိုဖြစ်အောင်လည်း အရပ်ဘက်အဖွဲ့တွေနဲ့ ပါတီတွေက တိုက်တွန်းပေးစေလိုပါတယ်”' လို့ ပြောပါတယ်။ ရေးမြို့နယ်အတွင်း လာမယ့်ရွေးကောက်ပွဲအတွက် ကောက်ခံရရှိတဲ့စာရင်းအရ မဲပေးခွင့်ရှိသူဦးရေ ၂ သိန်းကျော်ရှိနေပြီး ပထမအကြိမ်မဲပေးမယ့်သူ ၃၀၀၀၀ လောက် ပါဝင်လာနိုင်တယ်လို့ ရေးမြို့နယ်ကော်မရှင်အဖွဲ့ခွဲက သိရပါတယ်။ ဝင်းနိုင်သက်
11 months Ago

အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရန် သစ္စာစီမံချက်ဖြင့် မှတ်ပုံတင်လုပ်ပေးနေ

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရရှိနိုင်ဖို့ တိုင်းနဲ့ပြည်နယ်အလိုက်ရှိ မြို့နယ်တွေက ရပ်ကွက်၊ ကျေးရွာတွေမှာ မှတ်ပုံတင်တွေ ပြုလုပ်ပေးနေပါတယ်။ ရွေးကောက်ပွဲမှာ အိမ်ထောင်စုစာရင်း မရှိလို့၊ မှတ်ပုံတင်မရှိလို့ မဲမပေးလိုက်ရတာမျိုး မဖြစ်ရဖို့ ရပ်ကွက်ကျေးရွာတွေအထိ ကွင်းဆင်းဆောင်ရွက်လုပ်ပေးနေတယ်လို့ အလုပ်သမား လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်ကြိုင်က ပြောပါတယ်။ ဒီလိုလုပ်ပေးတဲ့ကာလကို သစ္စာစီမံချက်နဲ့ အချိန် ၂ လတာအတွင်း အပြီးအပြတ် လုပ်ပေးနိုင်ဖို့ လျာထားပြီး လက်ရှိမှာ ရန်ကုန်တိုင်းရှိ မြို့နယ်တွေ၊ ဧရာ၀တီတိုင်းရှိ မြို့နယ်တွေကို ကွင်းဆင်းလုပ်ဆောင်တာတွေ လုပ်နေပါပြီ။ လာမယ့် ၂၀၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ဖို့ လိုအပ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးတဲ့လုပ်ငန်းကို လုပ်ငန်းပမာဏအရ ဦးစားပေးနယ်မြေ သတ်မှတ်ပြီး ကွင်းဆင်းပြုလုပ်ပေးနေတာပါ။ တိုင်းဒေသကြီးအလိုက်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေရဲ့ စာရင်းတွေအရ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ဖြည့်သွင်းဖော်ပြနိုင်တာမရှိတဲ့ စာရင်းတွေကို ပြန်လည်တိုက်ဆိုင် ဖော်ထုတ်ရွေးချယ်ပြီး ဖြည့်သွင်းနိုင်ဖို့ မှတ်ပုံတင်မရှိသူတွေကို အသစ်ပြုလုပ်ပေးတာ၊ ပျောက်ဆုံး၊ ပျက်စီးတွေကို ပြန်လည်လုပ်ဆောင်ပေးနေတာလို့ သိရပါတယ်။ ဇာခြည်
11 months Ago

မွန်ပြည်သစ်ထိန်းချုပ်နယ်မြေရှိ  မှတ်ပုံတင်မရသေးသူများအတွက် လုပ်ပေးရန်ညှိနှိုင်းနေ 

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းက မှတ်ပုံတင် မရှိသေးတဲ့သူတွေအတွက် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအမီ မှတ်ပုံတင်ရရှိရေး သက်ဆိုင်ရာနဲ့ညှိနှိုင်းထားတယ်လို့  သိရပါတယ်။ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ''ကိုဗစ်မတိုင်ခင် ရေးလဝက နဲ့ ညှိနှိုင်းထားတယ်။ စာရင်းတွေအရတော့ ကောက်ထားပြီးပြီ၊ အကောင်အထည်ဖော်ဖို့ ကိစ္စကျတော့ ကိုဗစ်ကိစ္စကြောင့် ဆိုင်းငံ့ထားတယ်။ စာရင်းအရ လူဦးရေ ၁၅၀၀ ကျော်လောက်ကောက်ထားပြီး ပါပြီ၊ ကျန်သေးတယ်။ မှတ်ပုံတင်ရဖို့ အကောင်အထည်ဖော်ဖို့ ရှိတယ်။ ရွေးကောက်ပွဲအမီတော့ ဖြစ်နိုင်ပါတယ်။ ဒီမှတ်ပုံတင်က အပစ်အခတ်ရပ်စဲရေးပြီးကတည်းက လုပ်ထားတယ်။ ကျန်သူလည်း ကျန်တယ်၊ အရွယ်ရောက်ပြီးသူလည်းရှိတော့ ၂၀၀၀ လောက်တော့ရှိမှာပေါ့ '' လို့ ဒီဗွီဘီကို ပြောပါတယ်။ မှတ်ပုံတင်ကိစ္စ အထက်အဆင့်ဆင့်သို့ တင်ပြထားပြီး သက်ဆိုင်ရာညှိနှိုင်းထားချက်အရ အဆင်ပြေတယ်လို့လည်း နိုင်ဗညားလယ်က ပြောပါတယ်။ ရေးချောင်းဖျားဒေသနေ ဒေသခံတစ်ဦးက ''အရင်ရွေးကောက်ပွဲတုန်းကတော့ မဲထည့်ရ တယ်။ ရွာမှာကတော့ ခုနှစ်က ပါတီတွေကလည်း စုံလာတော့ ကိုယ်ထည့်ချင်တဲ့ပါတီကိုမဲထည့်ဖို့ စိတ်ဝင်စားသူတွေများလာတယ်။ မဲပေးရမယ့်လူစာရင်းကြေညာရင်တော့ ပါ မပါ သွားကြည့်ကြ ဖို့တော့ ရှိပါတယ်။ '' လို့ ဒီဗွီဘီကို ပြောပါတယ်။ ရေးမြို့နယ်အတွင်းက မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေမှာ ရွာပေါင်း ၃၅ ရွာ၊ အိမ်ထောင်စု ၆၀၀၀ ကျော်နဲ့ လူဦးရေ ၃၀၀၀၀ ကျော်လောက်ရှိပြီး တချို့ရွာတွေအနေနဲ့ ထားဝယ်ခရိုင်အတွင်းပါဝင်ကာ တချို့ရွာတွေကတော့ ရေးချောင်းဖျားမှာ ပါဝင်ပါတယ်။ သတင်း/ဓာတ်ပုံ - ဝင်းနိုင်သက်
12 months Ago

ရေးမြို့နယ် မဲဆန္ဒရှင်စာရင်းတွင် မှတ်ပုံတင်ဖြည့်သွင်းရန် လူ ၅ သောင်းကျော်ကျန်ရှိ

အခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ကောက်ခံရရှိခဲ့တဲ့ မဲဆန္ဒရှင်စာရင်းတွေအရ လူ ၅ သောင်းကျော် မှတ်ပုံတင်ဖြည့်သွင်းဖို့ ကျန်နေသေးတယ်လို့ သိရပါတယ်။ အဲဒီစာရင်းတွေကို သင်တန်းတက်ရောက်ပြီးသူ ရပ်ကျေးစာရေးများ၊ ပညာရေး၊ ကျန်းမာရေး၊ ကျေးရွာကော်မရှင်အဖွဲ့တွေနဲ့ စိတ်ဝင်စားသူတွေ တစ်ရွာကို ၅ ဦးစီ ကောက်ယူခဲ့ကြတာဖြစ်ပြီး မှတ်ပုံတင်ဖြည့်သွင်းရမယ့်နေရာမှာ ကွက်လပ် ၅၄၆၉၅ ဦး ပါရှိလာတာပါ။ ရေးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးခိုင်က ''ရုံးပိတ်ရက်တိုင်းမှာ ကွင်းဆင်းဖြည့်စွက်ဆောင်ရွက်နေပါပြီ၊ ဖြည့်စွက်တဲ့နေရာမှာ နိုင်ငံသားကတ်ပြောနိုင်တဲ့သူ ပေါ်လာပါတယ်။ အချို့ နိုင်ငံသားကတ်မလုပ်ဘဲနဲ့ ၃ ခေါက်ချိုးတွေ ပါလာရင်လည်း ရေးသွင်းပါတယ်။ ပြန်လည်စိစစ်ချက်အရ အချို့က သေသွားတယ်၊ ဘုန်းကြီးဝတ်နေတာတို့၊ နောက်တခုက မဲဆန္ဒရှင်နာမည်ထပ်နေတာ၊ အသက် ၁၈ နှစ်အောက်ပါလာတာတွေရှိတယ်၊ အခြားဒေသကိုပြောင်းသွားတဲ့ ရွှေ့ပြောင်းတွေပါတယ်၊ ပြည်ပကိုသွားတဲ့သူတွေ အများကြီးရှိတာကိုလည်း တွေ့ရပါတယ်။ မဲစာရင်းမှာတွေ့ပေမယ့် ဘယ်သူတွေ ဘယ်ဝါတွေ မသိသူတောင်ပါလာတယ်၊ ဆယ်အိမ်မှူး ရာအိမ်မှူးတောင်မသိတဲ့သူတွေပါလာတယ်၊ စိတ်မနှံ့သူလည်း တွေ့ရပါတယ်'' လို့ ဒီဗွီဘီကို ပြောပါတယ်။ ရေးဒေသခံ ရပ်မိရပ်ဖတဦးက ''ခုဟာက ပြန်လည်ဖြည့်သွင်းဖို့က ခက်ခဲနိုင်တာမို့ ပထမအကြိမ်မဲစာရင်းကြေညာပြီးချိန်မှာ သက်ဆိုင်ရာက ခုလိုကွက်လပ်နေရာတွေသိအောင် ပြည်သူတွေ လာရောက်ကြည့်ရှုပေးကြဖို့ သက်ဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့၊ နောက်တခု ပါတီတွေ၊ အရပ်ဘက်အနေနဲ့လည်း မဲပေးမယ့်ပြည်သူတွေကို နှိုးဆော်ဖို့ လိုအပ်လာမယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ ရေးမြို့နယ်အတွင်း’ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ လက်ရှိစာရင်းတွေအရ လာမယ့်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိမည့်သူဦးရေ ၂ နှစ်သိန်းကျော်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဝင်းနိုင်သက်
1 year Ago

မှတ်ပုံတင်လုပ်ရာတွင် ငွေကြေးတောင်းခံသည့် ကချင်ပြည်နယ် ဝန်ထမ်းများကို အရေးယူနေ

ကချင်ပြည်နယ်အတွင်း မှတ်ပုံတင်လုပ်ဆောင်ရာမှာ ငွေကြေးတောင်းခံမှုတွေနဲ့ ပတ်သက်တဲ့ ပြည်သူတွေရဲ့ တိုင်ကြားစာတွေကို စိစစ်ပြီး အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပြောပါတယ်။ ဒီလိုငွေကြေးတောင်းခံမှုတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေကို ဝန်ကြီးရဲ့ လူမှုကွန်ရက် အကောင့်ကနေတဆင့် တိုင်ကြားမှုတွေရှိသလို အခြားတိုင်ကြားရတဲ့နေရာတွေကန်တဆင့် တိုင်ကြားမှုတွေ ရှိနေတာလို့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပြောပါတယ်။ ဒါ့အပြင် မြို့နယ် လဝကရုံးကို လာရောက်တဲ့ ပြည်သူတွေ အဆင်ပြေစေဖို့အတွက် ဧည့်ကြိုကောင်တာတွေကို လုပ်ဆောင်ခိုင်းထားပြီး ဝန်ဆောင်မှုပေးဖို့ ညွှန်ကြားထားတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ လက်ရှိမှာတော့ ကချင်ပြည်နယ်ရဲ့ မြို့နယ် ၁၈ မြို့နယ်အတွင်းက ဝေးလံခေါင်သီတဲ့ ဒေသတွေက ပြည်သူတွေအတွက် အောက်တိုဘာကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ၃ လတာ စီမံချက်နဲ့ မှတ်ပုံတင်ရရှိရေး လုပ်ဆောင်ပေးနေပြီး ဒီနေ့အချိန်ထိ မှတ်ပုံတင် ၆၀၀၀ ကျော်ကို လုပ်ဆောင်ပေးခဲ့ပြီးပြီလို့ သိရပါတယ်။ ဟိန်းထက်
2 years Ago

ရန်ကုန်တွင် ခွင့်ပြုချက်မှတ်ပုံတင်မရှိဘဲ ရောင်းချနေသည့် ဆေးဆိုင်များ စစ်ဆေးတွေ့ရှိ 

ရန်ကုန်မြို့မှာရောင်းချနေတဲ့ ဆေးဆိုင်တွေမှာ ဆေးဝါးခွင့်ပြုချက်မှတ်ပုံတင်မပါဘဲ ရောင်းချနေတဲ့ ဆေးဆိုင်တွေကို အများဆုံးစစ်ဆေးတွေ့ရှိရတယ်လို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။    အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာက ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ဆေးဆိုင်တွေ ကို လစဉ် မြို့နယ်အလိုက် ရှောင်တခင်ဝင်ရောက်စစ်ဆေးရာမှာ ခွင့်ပြုချက်မရှိဘဲ ရောင်းနေတဲ့ ဆိုင်တွေ တွေ့ရှိခဲ့တာပါ။  အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာ (ရန်ကုန်)က ညွှန်ကြားရေးမှူး ဒေါက်တာမင်းဝံက “ဆေးဝါးရောင်းချနေတဲ့ ဆေးဆိုင်တွေကိုတော့ စပ်ဆေးရောင်းချတာရှိမရှိ၊ ဆေးဝါးမှတ်ပုံတင်ခွင့်ပြုချက်မရဘဲ ရောင်းချနေတဲ့ တရားမဝင်ဆေးရောင်းချတဲ့ အခြေအနေ၊ ဆေးဝါးအတုရောင်းချနေမှုနဲ့ ရက်ကျော်ဆေးဝါး ရောင်းချနေတာတွေကို အဓိကဦးစားပေးအနေ နဲ့စစ်ဆေးနေတဲ့အချိန်မှာ၊ ဆေးဝါး မှတ်ပုံတင် ခွင့်ပြုချက်မရဘဲရောင်းချနေတဲ့ တရားမဝင်ဆေးရောင်းချနေတာကို အများစစ်ဆေးတွေ့ရှိရတာ” လို့ ပြောပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့မှာရှိတဲ့ ဆေးဆိုင်တွေရဲ့ဆေးရောင်းချတဲ့ အခြေအနေကိုတော့ ပြီးခဲ့တဲ့  ၂ လောက်ကတည်း စစ်ဆေးလုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုပါတယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သတ်မှတ်ချက်အတိုင်း မရောင်းချဘဲ တရားမဝင်ဆေးရောင်းချတာတွေကို စစ်ဆေးတွေ့ရှိမယ်ဆိုရင်တော့ ပထမဆုံးအကြိမ်မှာ ဆေးရောင်းချခွင့် ၃ လပိတ်သွားမှာဖြစ်ပြီး ဒုတိယအကြိမ်စစ်ဆေးတွေ့ရှိမယ်ဆိုရင်တော့ ဆေးရောင်းချခွင် ၆ လပိတ်ခံရမှာ ဖြစ်ပါတယ်။ ဒါ့အပြင်စည်းကမ်းမလိုက်နာဘဲ ဆက်လက်ရောင်းချမယ်ဆိုရင်တော့ တရားစွဲဆိုခံရမှာဖြစ်ပြီး ဆေးရောင်းချခွင့်လိုင်စင်ပါ ရုပ်သိမ်းခံရမှာပါ။ ပြည်သူတွေအနေနဲ့လည်း ဆေးဆိုင်တွေကနေ စပ်ပြီးရောင်းချတဲ့ စပ်ဆေးတွေကို မသုံးစွဲကြဖို့ အသိပညာပေးနေတယ်လို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူကပြောပါတယ်။ စပ်ဆေးတွေသုံးစွဲရင် ဆေးယဉ်ပါးတဲ့ နာတာရှည် ရောဂါဝေဒနာတွေ ခံစားရမယ့်အပြင် အစာအိမ်ထိခိုက်တာတွေပါ ဖြစ်နိုင်ပါတယ်။ လက်ရှိရန်ကုန်မြို့မှာတော့ ဆေးမျိုးစုံရောင်းချနေတဲ့ ဆေးဆိုင်ပေါင်း ၆၀၀၀ ကျော်ရှိပါတယ်။  
2 years Ago

မှတ်ပုံတင်အတုဖြင့် ကျောက်မျက်ပြပွဲဝင်သည့် တရုတ်နိုင်ငံသား ၃ ဦးကို တရားစွဲ

မှတ်ပုံတင်အတုနဲ့ ကျောက်မျက်ပြပွဲဝင်ဖို့ ကြိုးစားတဲ့ တရုတ်နိုင်ငံသား ၃ ဦးကို နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိ မြို့နယ်တရားရုံးမှာ ဇမ္ဗူသီရိမြို့နယ်လဝက ဦးစီးမှူးက ဒီနေ့ တရားစွဲဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်ကနေ ၂၅ ရက်ထိ နေပြည်တော်မှာ နှစ်လည် ကျောက်မျက်ရတနာပြပွဲ ပြုလုပ်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်က မှတ်ပုံတင်အတုနဲ့ ဝင်ရောက်ဖို့ ကြိုးစားစဉ် စစ်ဆေးတွေ့ရှိ  ဖမ်းဆီးခဲ့ပြီးနောက် အခုလို တရားစွဲလိုက်တာပါ။ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၂၀/၄၆၈၊ ၁၉၄၇ ခုနှစ် လတ်တလောပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ ၁၃(၁) တို့နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး ဒီပုဒ်မတွေဟာ အာမခံပေးခွင့် မရှိတဲ့အတွက် ၂၁ ရက်နေ့ထိ ချုပ်မိန့်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျောက်မျက်ပြပွဲကို အခုလို မှတ်ပုံတင်အတုနဲ့ဝင်ရောက်ဖို့ ကြိုးစားတဲ့ တရုတ်နိုင်ငံသား ၃ ဦးကို စိစစ်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
2 years Ago

မသန်စွမ်းမှတ်ပုံတင်လုပ်ငန်း အောင်မြင်ရေး ပူးပေါင်းကူညီရန် ကရင်ဝန်ကြီးတိုက်တွန်း

မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနဲ့ မှတ်ပုံတင်ခြင်းလုပ်ငန်း အောင်မြင်အောင် ဌာနဆိုင်ရာ၊ လူမှုရေးအဖွဲ့အစည်းတွေသာမက ပြည်သူလူထုကပါ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးဖို့ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်က တိုက်တွန်းလိုက်ပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ တော်ဝင်ရတနာဟိုတယ်မှာ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက မသန်စွမ်းအဆင့်သတ်မှတ်ခြင်းနဲ့ မှတ်ပုံတင်ခြင်းကနဦး ၃ မြို့နယ် အကောင်အထည် ဖော်ခြင်းလုပ်ငန်းစဉ် တင်ပြခြင်းအအလုပ်ရုံဆွေးနွေးပွဲမှာ တိုက်တွန်းပြောဆိုလိုက်တာပါ။ လူမှုရေးဝန်ကြီးဦးစောဘိုဘိုဝေမောင်က “မသန်စွမ်းသူတွေ အတွက် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဌာနဆိုင်ရာတွေ၊ လူမှုရေးအဖွဲ့အစည်းတွေသာမက ပြည်သူလူထုကပါ ဝိုင်းဝန်းဆောင်ရွက်ပေးမှသာ အောင်မြင်နိုင်မှာဖြစ်တာကြောင့် မသန်စွမ်းသူတွေ အားလုံးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြပါ” လို့ ပြောပါတယ်။ ဘားအံမြို့နယ်၊ ဖားစည်းမြေကိုယ့်အားကိုယ်ကိုးမသန်စွမ်းအဖွဲ့၊ ဥက္ကဋ္ဌ စောရွှေအိုးက “လုံး၀ အလုပ်မလုပ်နိုင်တဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့လိုအပ်တာပေါ့။ သူတို့တွေက လုပ်ချင်ပေမယ့်လည်း လုံးဝလုပ်လို့မရတဲ့ အနေအထားအများကြီးရှိတယ်” လို့ ပြောပါတယ်။ ကရင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းက “အကျိုးခံစားခွင့်ရှိတဲ့သူတွေကို နိုင်ငံတော်ကနေပြီး ပြည်သူလူထုရဲ့ ဘဏ္ဍာငွေတွေကောက်ခံပြီးမှ ချီးမြှင့်တာဖြစ်တဲ့အတွက် သူတို့ကို တိတိကျကျပေး ပေးဖို့အတွက် ကရင်ပြည်နယ် ဝန်ကြီးချုပ်ကြီးက လမ်းညွှန်ထားတယ်” လို့ ပြောပါတယ်။ အလုပ်ရုံဆွေးနွေးပွဲမှာ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနဲ့ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်တင်ပြခြင်း၊ တိုင်း၊ ပြည်နယ်၊ သက်ဆိုင်ရာမြို့နယ်တွေမှာ လုပ်ငန်းအဆင့် ၁ မှာ တာဝန်ယူဆောင်ရွက်မယ့် မှတ်ပုံတင်ကြီးကြပ်ရေးမှူးတွေရဲ့ကဏ္ဍနဲ့ လက်တွေ့ အကောင်အထည်ဖော်မှုအတွက် ဆွေးနွေးခြင်း၊ သက်ဆိုင်ရာမြို့နယ်မှာ လုပ်ဆောင်သွားရမယ့် ရှေ့လုပ်ငန်းအစီအစဉ်တွေကို ဆွေးနွေးသဘောတူညီမှု ရယူတာတွေကို တက်ရောက်လာသူတွေနဲ့ မေးမြန်းဆွေးနွေး ခဲ့ကြပါတယ်။ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနဲ့ မှတ်ပုံတင်ခြင်းလုပ်ငန်းတွေကိ အစပျိုးစီမံချက် အနေနဲ့ ကနဦး ၃ မြို့နယ်အနေနဲ့ လှိုင်သာယာမြို့နယ်၊ ညောင်လေးပင်မြို့နယ်နဲ့ ဘားအံမြို့နယ်တွေမှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာပါ။ ဒုတိယအကြိမ်ထောက်ပံ့ကြေးပေးအပ်ရာမှာ တစ်ကြိမ်မှမရရှိသေးတဲ့ မသန်စွမ်းတဦးကို ၃၀၀၀၀ကျပ်နဲ့ လူဦး ၅၇၉၀ ကျော်အတွက် ကျပ်သိန်း ၁၇၃၀ ကျော်ကို သက်ဆိုင်ရာမြို့နယ်အလိုက် ပေးအပ်သွားမှာပါ။ သတင်း-ရဲမင်းခေါင် =================== မသန္စြမ္းမွတ္ပုံတင္လုပ္ငန္း ေအာင္ျမင္ေရး ပူးေပါင္းကူညီရန္ ကရင္ဝန္ႀကီးတိုက္တြန္း DVB မသန္စြမ္းမႈအဆင့္သတ္မွတ္ျခင္းနဲ႔ မွတ္ပုံတင္ျခင္းလုပ္ငန္း ေအာင္ျမင္ေအာင္ ဌာနဆိုင္ရာ၊ လူမႈေရးအဖြဲ႕အစည္းေတြသာမက ျပည္သူလူထုကပါ ဝိုင္းဝန္း ပူးေပါင္းေဆာင္႐ြက္ေပးဖို႔ ကရင္ျပည္နယ္အစိုးရအဖြဲ႕၊ လူမႈေရးဝန္ႀကီး ဦးေစာဘိုဘိုေဝေမာင္က တိုက္တြန္းလိုက္ပါတယ္။ ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕၊ ေတာ္ဝင္ရတနာဟိုတယ္မွာ စက္တင္ဘာ ၂၉ ရက္ မနက္ပိုင္းက မသန္စြမ္းအဆင့္သတ္မွတ္ျခင္းနဲ႔ မွတ္ပုံတင္ျခင္းကနဦး ၃ ၿမိဳ႕နယ္ အေကာင္အထည္ ေဖာ္ျခင္းလုပ္ငန္းစဥ္ တင္ျပျခင္းအအလုပ္႐ုံေဆြးေႏြးပြဲမွာ တိုက္တြန္းေျပာဆိုလိုက္တာပါ။ လူမႈေရးဝန္ႀကီးဦးေစာဘိုဘိုေဝေမာင္က “မသန္စြမ္းသူေတြ အတြက္ မွတ္ပုံတင္ျခင္းလုပ္ငန္းကို ဌာနဆိုင္ရာေတြ၊ လူမႈေရးအဖြဲ႕အစည္းေတြသာမက ျပည္သူလူထုကပါ ဝိုင္းဝန္းေဆာင္႐ြက္ေပးမွသာ ေအာင္ျမင္ႏိုင္မွာျဖစ္တာေၾကာင့္ မသန္စြမ္းသူေတြ အားလုံးအတြက္ ပူးေပါင္းေဆာင္႐ြက္ေပးၾကပါ” လို႔ ေျပာပါတယ္။ ဘားအံၿမိဳ႕နယ္၊ ဖားစည္းေျမကိုယ့္အားကိုယ္ကိုးမသန္စြမ္းအဖြဲ႕၊ ဥကၠ႒ ေစာေ႐ႊအိုးက “လုံး၀ အလုပ္မလုပ္ႏိုင္တဲ့ မသန္စြမ္းေတြကို ေထာက္ပံ့ေၾကးေပးဖို႔လိုအပ္တာေပါ့။ သူတို႔ေတြက လုပ္ခ်င္ေပမယ့္လည္း လုံးဝလုပ္လို႔မရတဲ့ အေနအထားအမ်ားႀကီးရွိတယ္” လို႔ ေျပာပါတယ္။ ကရင္ျပည္နယ္လူမႈဝန္ထမ္းဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးေဇာ္မင္းက “အက်ိဳးခံစားခြင့္ရွိတဲ့သူေတြကို ႏိုင္ငံေတာ္ကေနၿပီး ျပည္သူလူထုရဲ႕ ဘ႑ာေငြေတြေကာက္ခံၿပီးမွ ခ်ီးျမႇင့္တာျဖစ္တဲ့အတြက္ သူတို႔ကို တိတိက်က်ေပး ေပးဖို႔အတြက္ ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ႀကီးက လမ္းၫႊန္ထားတယ္” လို႔ ေျပာပါတယ္။ အလုပ္႐ုံေဆြးေႏြးပြဲမွာ မသန္စြမ္းမႈ အဆင့္သတ္မွတ္ျခင္းနဲ႔ မွတ္ပုံတင္ျခင္း လုပ္ငန္းစဥ္တင္ျပျခင္း၊ တိုင္း၊ ျပည္နယ္၊ သက္ဆိုင္ရာၿမိဳ႕နယ္ေတြမွာ လုပ္ငန္းအဆင့္ ၁ မွာ တာဝန္ယူေဆာင္႐ြက္မယ့္ မွတ္ပုံတင္ႀကီးၾကပ္ေရးမႉးေတြရဲ႕က႑နဲ႔ လက္ေတြ႕ အေကာင္အထည္ေဖာ္မႈအတြက္ ေဆြးေႏြးျခင္း၊ သက္ဆိုင္ရာၿမိဳ႕နယ္မွာ လုပ္ေဆာင္သြားရမယ့္ ေရွ႕လုပ္ငန္းအစီအစဥ္ေတြကို ေဆြးေႏြးသေဘာတူညီမႈ ရယူတာေတြကို တက္ေရာက္လာသူေတြနဲ႔ ေမးျမန္းေဆြးေႏြး ခဲ့ၾကပါတယ္။ မသန္စြမ္းမႈအဆင့္သတ္မွတ္ျခင္းနဲ႔ မွတ္ပုံတင္ျခင္းလုပ္ငန္းေတြကိ အစပ်ိဳးစီမံခ်က္ အေနနဲ႔ ကနဦး ၃ ၿမိဳ႕နယ္အေနနဲ႔ လႈိင္သာယာၿမိဳ႕နယ္၊ ေညာင္ေလးပင္ၿမိဳ႕နယ္နဲ႔ ဘားအံၿမိဳ႕နယ္ေတြမွာ စတင္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမွာပါ။ ဒုတိယအႀကိမ္ေထာက္ပံ့ေၾကးေပးအပ္ရာမွာ တစ္ႀကိမ္မွမရရွိေသးတဲ့ မသန္စြမ္းတဦးကို ၃၀၀၀၀က်ပ္နဲ႔ လူဦး ၅၇၉၀ ေက်ာ္အတြက္ က်ပ္သိန္း ၁၇၃၀ ေက်ာ္ကို သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ ေပးအပ္သြားမွာပါ။ သတင္း-ရဲမင္းေခါင္
2 years Ago

မသန်စွမ်းမှုအလိုက် အသိမှတ်ပြု မှတ်ပုံတင်ကောက်ခံမည့် စီမံကိန်းကို ၈ လကြာ ဆောင်ရွက်

ပထမဆုံးကြိမ်အဖြစ် မသန်းစွမ်းတွေရဲ့ မသန်စွမ်းမှုအလိုက် အသိအမှတ်ပြု မှတ်ပုံတင်ကောက်ခံတာကိုတော့ ပိုက်လော့ပရောအနေနဲ့ အခုနှစ် စက်တင်ဘာလကနေ ဧပြီလအထိ ၈ လအကြာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။  ပိုက်လော့ပရောဂျက်အနေနဲ့ ဆောင်ရွက်မယ့် မသန်စွမ်းတွေရဲ့ မှတ်ပုံတင်ကောက်ခံတာကိုတော့ ကုလသမဂ္ဂကလေးမျာရန်ပုံငွေအဖွဲ့က ပံ့ပိုးကူညီသွားမှာဖြစ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီးတွေက လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ မသန်စွမ်းအဖွဲ့အစည်းတွေက ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။  မသန်စွမ်းသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးနဲ့ ခရီးသွားလာရေး စတာတွေမှာ အဆင်ပြေနိုင်ဖို့အတွက် မသန်စွမ်း အသိအမှတ်ပြုမှတ်ပုံတင်ကောက်ခံတာကိုတော့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်နဲ့ ကရင်ပြည်နယ် ဘားအံမှာ အရင်ဆုံးကောက်ခံသွားမှာပါ။ မြန်မာတနိုင်ငံလုံးမှာတော့ မသန်စွမ်းဦးရေ အယောက် ၂၃ သိန်းရှိပြီး ဧရာဝတီတိုင်းက မသန်စွမ်းဦးရေအများဆုံးနဲ့ ရန်ကုန်တိုင်းကတော့ ဒုတိယအများဆုံးရှိတယ်လို့ စက်တင်ဘာ ၂၀ ရက်နေ့က မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ်နဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် အထွေအထွေအတွင်းရေးမှူးက ပြောပါတယ်။ သူဇာလင်း =================================== မသန္စြမ္းမႈအလိုက္ အသိမွတ္ျပဳ မွတ္ပုံတင္ေကာက္ခံမည့္ စီမံကိန္းကို ၈ လၾကာ ေဆာင္႐ြက္ DVB ပထမဆုံးႀကိမ္အျဖစ္ မသန္းစြမ္းေတြရဲ႕ မသန္စြမ္းမႈအလိုက္ အသိအမွတ္ျပဳ မွတ္ပုံတင္ေကာက္ခံတာကိုေတာ့ ပိုက္ေလာ့ပေရာအေနနဲ႔ အခုႏွစ္ စက္တင္ဘာလကေန ဧၿပီလအထိ ၈ လအၾကာ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ ပိုက္ေလာ့ပေရာဂ်က္အေနနဲ႔ ေဆာင္႐ြက္မယ့္ မသန္စြမ္းေတြရဲ႕ မွတ္ပုံတင္ေကာက္ခံတာကိုေတာ့ ကုလသမဂၢကေလးမ်ာရန္ပုံေငြအဖြဲ႕က ပံ့ပိုးကူညီသြားမွာျဖစ္ၿပီး သက္ဆိုင္ရာတိုင္းေဒသႀကီးေတြက လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနရဲ႕ မသန္စြမ္းသူေတြရဲ႕ အခြင့္အေရးဆိုင္ရာ လုပ္ငန္းေကာ္မတီနဲ႔ ျမန္မာႏိုင္ငံမွာရွိတဲ့ မသန္စြမ္းအဖြဲ႕အစည္းေတြက ပူးေပါင္းလုပ္ေဆာင္သြားမွာျဖစ္ပါတယ္။ မသန္စြမ္းသူေတြအတြက္ အလုပ္အကိုင္အခြင့္အလမ်း၊ ပညာေရး၊ က်န္းမာေရးနဲ႔ ခရီးသြားလာေရး စတာေတြမွာ အဆင္ေျပႏိုင္ဖို႔အတြက္ မသန္စြမ္း အသိအမွတ္ျပဳမွတ္ပုံတင္ေကာက္ခံတာကိုေတာ့ ရန္ကုန္တိုင္း လႈိင္သာယာၿမိဳ႕နယ္၊ ပဲခူးတိုင္း ေညာင္ေလးပင္ၿမိဳ႕နယ္နဲ႔ ကရင္ျပည္နယ္ ဘားအံမွာ အရင္ဆုံးေကာက္ခံသြားမွာပါ။ ျမန္မာတႏိုင္ငံလုံးမွာေတာ့ မသန္စြမ္းဦးေရ အေယာက္ ၂၃ သိန္းရွိၿပီး ဧရာဝတီတိုင္းက မသန္စြမ္းဦးေရအမ်ားဆုံးနဲ႔ ရန္ကုန္တိုင္းကေတာ့ ဒုတိယအမ်ားဆုံးရွိတယ္လို႔ စက္တင္ဘာ ၂၀ ရက္ေန႔က ျမန္မာႏိုင္ငံမသန္စြမ္းအဖြဲ႕ခ်ဳပ္နဲ႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေတြ႕ဆုံပြဲမွာ ျမန္မာႏိုင္ငံ မသန္စြမ္းသူမ်ားအသင္းခ်ဳပ္ အေထြအေထြအတြင္းေရးမႉးက ေျပာပါတယ္။ သူဇာလင္း
2 years Ago

မသန်စွမ်းအသိမှတ်ပြု မှတ်ပုံတင်ကောက်ခံမည့် စီမံကိန်းကို ၈ လ ကြာဆောင်ရွက်မည်

မြန်မာနိုင်ငံမှာ ပထမဆုံးကြိမ်အဖြစ် မသန်စွမ်းသူတွေရဲ့ အသိအမှတ်ပြု မှတ်ပုံတင် ကောက်ခံတာကို အခုနှစ် စက်တင်ဘာလကနေ ဧပြီလအထိ ၈ လကြာ ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။ ရှေ့ပြေးစမ်းသပ်စီမံချက်အနေနဲ့ ဆောင်ရွက်မယ့် မသန်စွမ်းတွေရဲ့ မှတ်ပုံတင်ကောက်ခံတဲ့ လုပ်ငန်းကို ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့က ပံပိုးကူညီသွားမှာဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးတွေက လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဆိုင်ရာ လုပ်ငန်းကော်မတီနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ မသန်စွမ်းအဖွဲ့အစည်းတွေက ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။  မသန်စွမ်းသူတွေအတွက် အလုပ်အကိုင်အခွင့်အလန်း၊ ပညာရေး၊ ကျန်းမာရေးနဲ့ ခရီးသွား လာရေးစတာတွေမှာ အဆင်ပြေနိုင်ဖို့အတွက် မသန်စွမ်းအသိအမှတ်ပြုမှတ်ပုံတင်က ကောက်ခံတာ ကိုတော့ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ လှိုင်သာယာမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ညောင်လေးပင်မြို့နယ်နဲ့ ကရင်ပြည်နယ်၊ ဘားအံမှာ အရင်ဆုံး ကောက်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။  မြန်မာတနိုင်ငံလုံးမှာ မသန်စွမ်းဦးရေ ၂၃ သိန်းရှိပြီး ဧရာဝတီတိုင်း ဒေသကြီးက မသန်စွမ်းဦးရေအများဆုံးနဲ့ ရန်ကုန်တိုင်းကတော့ ဒုတိယ အများဆုံးရှိတယ်လို့ စက်တင်ဘာလ ၂၀ ရက်နေ့က မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ်နဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် တွေ့ဆုံပွဲ မှာ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် အထွေအထွေအတွင်းရေးမှူးက ပြောပါတယ်။
မသန္စြမ္းအသိမွတ္ျပဳ မွတ္ပုံတင္ေကာက္ခံမည့္ စီမံကိန္းကို ၈ လ ၾကာေဆာင္႐ြက္မည္ သူဇာလင္း ျမန္မာႏိုင္ငံမွာ ပထမဆုံးႀကိမ္အျဖစ္ မသန္စြမ္းသူေတြရဲ႕ အသိအမွတ္ျပဳ မွတ္ပုံတင္ ေကာက္ခံတာကို အခုႏွစ္ စက္တင္ဘာလကေန ဧၿပီလအထိ ၈ လၾကာ ေဆာင္႐ြက္သြားဖို႔ ရွိေနပါတယ္။ ေရွ႕ေျပးစမ္းသပ္စီမံခ်က္အေနနဲ႔ ေဆာင္႐ြက္မယ့္ မသန္စြမ္းေတြရဲ႕ မွတ္ပုံတင္ေကာက္ခံတဲ့ လုပ္ငန္းကို ကုလသမဂၢကေလးမ်ားရန္ပုံေငြအဖြဲ႕က ပံပိုးကူညီသြားမွာျဖစ္ၿပီး သက္ဆိုင္ရာ တိုင္းေဒသႀကီးေတြက လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနရဲ႕ မသန္စြမ္းသူေတြရဲ႕ အခြင့္အေရးဆိုင္ရာ လုပ္ငန္းေကာ္မတီနဲ႔ ျမန္မာႏိုင္ငံမွာရွိတဲ့ မသန္စြမ္းအဖြဲ႕အစည္းေတြက ပူးေပါင္းလုပ္ေဆာင္သြားမွာျဖစ္ပါတယ္။ မသန္စြမ္းသူေတြအတြက္ အလုပ္အကိုင္အခြင့္အလန္း၊ ပညာေရး၊ က်န္းမာေရးနဲ႔ ခရီးသြား လာေရးစတာေတြမွာ အဆင္ေျပႏိုင္ဖို႔အတြက္ မသန္စြမ္းအသိအမွတ္ျပဳမွတ္ပုံတင္က ေကာက္ခံတာ ကိုေတာ့ ရန္ကုန္တိုင္းေဒသႀကီးမွာရွိတဲ့ လႈိင္သာယာၿမိဳ႕နယ္၊ ပဲခူးတိုင္းေဒသႀကီးမွာရွိတဲ့ ေညာင္ေလးပင္ၿမိဳ႕နယ္နဲ႔ ကရင္ျပည္နယ္၊ ဘားအံမွာ အရင္ဆုံး ေကာက္ခံသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။ ျမန္မာတႏိုင္ငံလုံးမွာ မသန္စြမ္းဦးေရ ၂၃ သိန္းရွိၿပီး ဧရာဝတီတိုင္း ေဒသႀကီးက မသန္စြမ္းဦးေရအမ်ားဆုံးနဲ႔ ရန္ကုန္တိုင္းကေတာ့ ဒုတိယ အမ်ားဆုံးရွိတယ္လို႔ စက္တင္ဘာလ ၂၀ ရက္ေန႔က ျမန္မာႏိုင္ငံမသန္စြမ္းအဖြဲ႕ခ်ဳပ္နဲ႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ေတြ႕ဆုံပြဲ မွာ ျမန္မာႏိုင္ငံ မသန္စြမ္းသူမ်ားအသင္းခ်ဳပ္ အေထြအေထြအတြင္းေရးမႉးက ေျပာပါတယ္။
2 years Ago

မန္တလေးမြို့က အိမ်မွေးခွေးများကို မှတ်ပုံတင်ပေးရန် စီစဉ်နေ

မန္တလေးမြို့က အိမ်မွေးခွေးတွေကို လာမယ့် ဘဏ္ဍာနှစ်ထဲမှာ မှတ်ပုံတင်ပေးဖို့ စီစဉ်နေပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံက သိရပါတယ်။ မန္တလေးမြို့မှာ ခွေးလေခွေးလွင့်ပြဿနာကြောင့် ခွေးကိုက်ခံရတာ၊ခွေးရူးပျံ အန္တရာယ် စိုးရိမ်ရတာတွေကြောင့် လမ်းဘေးခွေးတွေကို သုတ်သင်ရှင်းလင်းမယ်ဆိုပါကလည်း အိမ်မွေးနဲ့ အလှမွေးခွေးတွေပါဝင်နိုင်တဲ့အတွက် မှတ်ပုံတင်ဖို့ စီမံချက်ရေးဆွဲနေတာဖြစ်တယ်လို့ စည်ပင် ကော်မတီဝင်တစ်ဦးက ပြောပါတယ်။ အိမ်မွေးခွေးတွေကို မှတ်ပုံတင်ပေးတာကြောင့် စနစ်တကျမွေးမြူလာနိုင်မှာဖြစ်ပြီး လိုအပ်တဲ့ ကာကွယ်ဆေးတွေလည်း ထိုးပေးသင့်တယ်လို့ ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။ အခုလိုဆောင်ရွက်မယ်ဆိုပါက ခွေးမွေးထားသူတွေကိုပါ ခေါ်ယူတွေ့ဆုံပြီး အကြံဉာဏ်က ယူသင့်တယ်လို့ အလှမွေး ခွေမွေးသူတဦးက  ပြောပါတယ်။ ခွေးတွေကို မှတ်ပုံတင်ပေးမယ်ဆိုပါက ခွေးနဲ့ပတ်သက်တဲ့ အချက်အလက်တချို့နဲ့၊ မှတ်ပုံတင်မှာကပ်ထားဖို့ ခွေးရဲ့ဓာတ်ပုံ တပုံလိုအပ်ပြီး မြို့နယ်အလိုက် စည်ပင်ရုံးတွေမှာ မှတ်ပုံတင်လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။  ကုန်ကျစားရိတ် အနေနဲ့ ကျပ် ၅၀၀၀  ကျသင့်မှာဖြစ်ပြီး အသိအမှတ်ပြုကတ်၊City Dog တံဆိပ်ပါ ခွေးလည်ဆွဲ သတ္တုပြားတစ်ခု၊ ခွေးတကောင်အတွက် မှတ်ပုံတင်နံပါတ်တခု ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ သတင်း- ထိန်ထိန်လင်း
မႏၲေလးၿမိဳ႕က အိမ္ေမြးေခြးမ်ားကို မွတ္ပုံတင္ေပးရန္ စီစဥ္ေန DVB မႏၲေလးၿမိဳ႕က အိမ္ေမြးေခြးေတြကို လာမယ့္ ဘ႑ာႏွစ္ထဲမွာ မွတ္ပုံတင္ေပးဖို႔ စီစဥ္ေနၿပီး တိုင္းေဒသႀကီး အစိုးရအဖြဲ႕ရဲ႕ ခြင့္ျပဳခ်က္ရရွိပါက ေဆာင္႐ြက္ေပးမယ္လို႔ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ ထံက သိရပါတယ္။ မႏၲေလးၿမိဳ႕မွာ ေခြးေလေခြးလြင့္ျပႆနာေၾကာင့္ ေခြးကိုက္ခံရတာ၊ေခြး႐ူးပ်ံ အႏၲရာယ္ စိုးရိမ္ရတာေတြေၾကာင့္ လမ္းေဘးေခြးေတြကို သုတ္သင္ရွင္းလင္းမယ္ဆိုပါကလည္း အိမ္ေမြးနဲ႔ အလွေမြးေခြးေတြပါဝင္ႏိုင္တဲ့အတြက္ မွတ္ပုံတင္ဖို႔ စီမံခ်က္ေရးဆြဲေနတာျဖစ္တယ္လို႔ စည္ပင္ ေကာ္မတီဝင္တစ္ဦးက ေျပာပါတယ္။ အိမ္ေမြးေခြးေတြကို မွတ္ပုံတင္ေပးတာေၾကာင့္ စနစ္တက်ေမြးျမဴလာႏိုင္မွာျဖစ္ၿပီး လိုအပ္တဲ့ ကာကြယ္ေဆးေတြလည္း ထိုးေပးသင့္တယ္လို႔ ေကာ္မတီဝင္ ဦးေက်ာ္ဆန္းျမင့္က ေျပာပါတယ္။ အခုလိုေဆာင္႐ြက္မယ္ဆိုပါက ေခြးေမြးထားသူေတြကိုပါ ေခၚယူေတြ႕ဆုံၿပီး အႀကံဉာဏ္က ယူသင့္တယ္လို႔ အလွေမြး ေခြေမြးသူတဦးက ေျပာပါတယ္။ ေခြးေတြကို မွတ္ပုံတင္ေပးမယ္ဆိုပါက ေခြးနဲ႔ပတ္သက္တဲ့ အခ်က္အလက္တခ်ိဳ႕နဲ႔၊ မွတ္ပုံတင္မွာကပ္ထားဖို႔ ေခြးရဲ႕ဓာတ္ပုံ တပုံလိုအပ္ၿပီး ၿမိဳ႕နယ္အလိုက္ စည္ပင္႐ုံးေတြမွာ မွတ္ပုံတင္ေလွ်ာက္ထားႏိုင္မယ္လို႔ သိရပါတယ္။ ကုန္က်စားရိတ္ အေနနဲ႔ က်ပ္ ၅၀၀၀ က်သင့္မွာျဖစ္ၿပီး အသိအမွတ္ျပဳကတ္၊City Dog တံဆိပ္ပါ ေခြးလည္ဆြဲ သတၱဳျပားတစ္ခု၊ ေခြးတေကာင္အတြက္ မွတ္ပုံတင္နံပါတ္တခု ထုတ္ေပးမွာျဖစ္တယ္လို႔ သိရပါတယ္။ သတင္း- ထိန္ထိန္လင္း
2 years Ago

ကျောက်မျက်ပြပွဲကို မှတ်ပုံတင်အတုဖြင့် ဝင်ရောက်ရန်ကြိုးစားသည့် တရုတ်နိုင်ငံသား ၃ ဦးဖမ်းမိ

နေပြည်တော်မှာ စက်တင်ဘာ ၁၈ ရက်က ကျင်းပတဲ့ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲရဲ့ စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင်အတုနဲ့ ဝင်ရောက်ဖို့ ကြံစည်ခဲ့တဲ့ တရုတ်နိုင်ငံသား ၃ ဦးကို ဖမ်းဆီးမိခဲ့ပါတယ်။ အလုပ်သမား လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “အဲ့ဒီသတင်းလေးကိုရတယ် ပြန်စိစစ်နေတယ်။ သူတို့က ဘယ်က ဒီနိုင်ငံသားလက်မှတ် အတုတွေကို ကတ်ပြားတွေကိုရရှိတာလဲ၊ ပြီးရင် ဥပဒေနဲ့အညီ ဆက်ပြီးတော့ ဆက်လက် ဆောင်ရွက်သွားမယ်။ သိရဲ့သားနဲ့ဆောင်ရွက်တာလား၊ မသိပဲနဲ့ ဆောင်ရွက်တာလား၊ ဒါကို စိစစ်ပြီး ဥပဒေနဲ့ အညီပဲ ဆောင်ရွက်သွားမှာပါ”လို့ ပြောပါတယ်။ တရုတ်နိုင်ငံသား ၃ ဦးဟာ တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ် ကွေ့ဖိန်မြို့မှာနေထိုင်သူတွေ ဖြစ်ပြီး နိုင်ငံကူးလက်မှတ်နဲ့ ပြည်တွင်းကို ဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဝင်ရောက်လာတာကြောင့် သက်ဆိုင်ရာ ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ တို့နဲ့ အမှုဖွင့်ဆောင်ရွက်နေပါတယ်။ ကျောက်မျက်ရတနာပြပွဲကတော့ စက်တင်ဘာလ ၁၆ ရက်ကနေ စက်တင်ဘာလ ၂၅ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။
ေက်ာက္မ်က္ျပပြဲကို မွတ္ပုံတင္အတုျဖင့္ ဝင္ေရာက္ရန္ႀကိဳးစားသည့္ တ႐ုတ္ႏိုင္ငံသား ၃ ဦးဖမ္းမိ ေအာင္ကိုကိုလတ္ (ေနျပည္ေတာ္) ေနျပည္ေတာ္မွာ စက္တင္ဘာ ၁၈ ရက္က က်င္းပတဲ့ ႏွစ္လယ္ ျမန္မာ့ေက်ာက္မ်က္ရတနာ ျပပြဲရဲ႕ စစ္ေဆးေရးဂိတ္မွာ မွတ္ပုံတင္အတုနဲ႔ ဝင္ေရာက္ဖို႔ ႀကံစည္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံသား ၃ ဦးကို ဖမ္းဆီးမိခဲ့ပါတယ္။ အလုပ္သမား လူဝန္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက “အဲ့ဒီသတင္းေလးကိုရတယ္ ျပန္စိစစ္ေနတယ္။ သူတို႔က ဘယ္က ဒီႏိုင္ငံသားလက္မွတ္ အတုေတြကို ကတ္ျပားေတြကိုရရွိတာလဲ၊ ၿပီးရင္ ဥပေဒနဲ႔အညီ ဆက္ၿပီးေတာ့ ဆက္လက္ ေဆာင္႐ြက္သြားမယ္။ သိရဲ႕သားနဲ႔ေဆာင္႐ြက္တာလား၊ မသိပဲနဲ႔ ေဆာင္႐ြက္တာလား၊ ဒါကို စိစစ္ၿပီး ဥပေဒနဲ႔ အညီပဲ ေဆာင္႐ြက္သြားမွာပါ”လို႔ ေျပာပါတယ္။ တ႐ုတ္ႏိုင္ငံသား ၃ ဦးဟာ တ႐ုတ္ႏိုင္ငံ ကြမ္ရွီးျပည္နယ္ ေကြ႕ဖိန္ၿမိဳ႕မွာေနထိုင္သူေတြ ျဖစ္ၿပီး ႏိုင္ငံကူးလက္မွတ္နဲ႔ ျပည္တြင္းကို ဝင္ေရာက္လာတာျဖစ္တယ္လို႔ သိရပါတယ္။ အဲ့ဒီလို ဝင္ေရာက္လာတာေၾကာင့္ သက္ဆိုင္ရာ ရဲစခန္းမွာ ရာဇသတ္ႀကီးပုဒ္မ ၄၂၀/၄၆၈ တို႔နဲ႔ အမႈဖြင့္ေဆာင္႐ြက္ေနပါတယ္။ ေက်ာက္မ်က္ရတနာျပပြဲကေတာ့ စက္တင္ဘာလ ၁၆ ရက္ကေန စက္တင္ဘာလ ၂၅ ရက္ေန႔အထိ က်င္းပမွာ ျဖစ္ပါတယ္။
2 years Ago

မဲဆောက်တွင် ထိုင်းမှတ်ပုံတင်ကိုင် စိတ်ကြွဆေးသယ်သူ မြန်မာအမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ 

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ မနေ့က ထိုင်းမှတ်ပုံတင် ကိုင်ဆောင်ပြီး စိတ်ကြွဆေးပြား သယ်ဆောင်လာသူ မြန်မာအမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိတယ်လို့ 77kaoded  ထိုင်းသတင်းမှာ ဖော်ပြပါတယ် ။  တာ့ခ်ခရိုင် အမှတ်-၁၄ ခြေလျင်တပ်ရင်းမှ တပ်ဖွဲ့ဝင်၊ ရာဇဝတ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ စက်တင်ဘာ ၁၀ ရက်က မဲဆောက်မြို့နယ် မယ်ပကျေးရွာအုပ်စု ဘန့်ဟွေ့ဟင်ဖွန် စစ်ဆေးရေးဂိတ်အနီးမှာ ဖြတ်သန်းသွားလာနေတဲ့ မော်တော်ကားတွေကို တာဝန်အရ စစ်ဆေးစဉ် မဲဆောက်-တာ့ခ်သွား လိုင်းကားတစီးပေါ်ကနေ စိတ်ကြွဆေး သယ်လာတဲ့ မြန်မာအမျိုးသမီးကို ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။  တာဝန်ရှိသူတွေက ခရီးသည်မှတ်ပုံတင်တွေ စစ်ဆေးစဉ် အသက် ၃၆ နှစ်ရွယ်ရှိ နော်မူး အမည်ရှိ အမျိုးသမီးမှာ ကိုင်ဆောင်သော မှတ်ပုံတင်ထဲက ဓာတ်ပုံနဲ့ အပြင်ကရုပ် မတူညီတာကြောင့် သူမအား ကားပေါ်ကနေ ဆင်းခိုင်းပြီး စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။  စစ်ဆေးချက်အရ သူမဟာ တပါးသူရဲ့ ထိုင်းနိုင်ငံသားမှတ်ပုံတင်ကို ငှားရမ်းကိုင်ဆောင်တဲ့အပြင် ခန္ဓာကိုယ်အနှံ့ ဆက်လက်စစ်ဆေးရှာဖွေရာမှာတော့  ခါးတဝိုက်မှာ ထူထဲတဲ့ ခါးပတ်ပြားပတ်ထားပြီး အပေါ်က သားရေခါးပတ်နဲ့ ထပ်မံစည်းနှောင်ထားကြောင်း၊ ခါးပတ်ကို ‌ဖြေခိုင်းလိုက်ရာမှာတော့ အထဲမှာ ဗလျူဝိုင်တံဆိပ် လိမ္မော်ရောင် စိတ်ကြွဆေးပြားတွေ စီရီထည့်လာတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။  သူ သယ်ဆောင်ခဲ့တဲ့ စိတ်ကြွဆေးပြားစုစုပေါင်း ၃၈၀၀ ရှိပြီး သူဟာ ‌ဆေးပြားတွေကို မြဝတီဘက်ကမ်းရှိ မြန်မာ ၁ ဦးထံမှ  ရယူခဲ့ကာ ဘန်ကောက်ကို ပို့ဆောင်ပေးဖို့ ဘတ် ၁ သောင်းနဲ့ အငှားသယ်ဆောင်ပေးကြောင်း၊ ယခင်ကလည်း ၁ ကြိမ် သယ်ပေးခဲ့ဖူးလို့ ဒါဟာ ဒုတိယအကြိမ် သယ်ဆောင်တာလို့ ဆိုပါတယ်။  တာဝန်ရှိသူတွေက သူ့ကို စာရွက်စာတမ်းအတုကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုတွေနဲ့ အရေးယူဖို့ မဲဆောက်မြို့နယ်ရဲစခန်းကို ပို့ဆောင်လိုက်ပါတယ်။ ~~~~~~~~~~~~~~~~~ Zawgyi_version မဲေဆာက္တြင္ ထိုင္းမွတ္ပုံတင္ကိုင္ စိတ္ႂကြေဆးသယ္သူ ျမန္မာအမ်ိဳးသမီး ၁ ဦး ဖမ္းဆီးခံရ  ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ခ႐ိုင္ မဲေဆာက္ၿမိဳ႕နယ္ထဲမွာ မေန႔က ထိုင္းမွတ္ပုံတင္ ကိုင္ေဆာင္ၿပီး စိတ္ႂကြေဆးျပား သယ္ေဆာင္လာသူ ျမန္မာအမ်ိဳးသမီး ၁ ဦးကို ဖမ္းဆီးရမိတယ္လို႔ 77kaoded  ထိုင္းသတင္းမွာ ေဖာ္ျပပါတယ္ ။ တာ့ခ္ခ႐ိုင္ အမွတ္-၁၄ ေျခလ်င္တပ္ရင္းမွ တပ္ဖြဲ႕ဝင္၊ ရာဇဝတ္မႈႏွိမ္နင္းေရး ရဲတပ္ဖြဲ႕နဲ႔ ျပည္သူ႔စစ္ေတြ ပါဝင္တဲ့ ပူးေပါင္းအဖြဲ႕ဟာ စက္တင္ဘာ ၁၀ ရက္က မဲေဆာက္ၿမိဳ႕နယ္ မယ္ပေက်း႐ြာအုပ္စု ဘန႔္ေဟြ႕ဟင္ဖြန္ စစ္ေဆးေရးဂိတ္အနီးမွာ ျဖတ္သန္းသြားလာေနတဲ့ ေမာ္ေတာ္ကားေတြကို တာဝန္အရ စစ္ေဆးစဥ္ မဲေဆာက္-တာ့ခ္သြား လိုင္းကားတစီးေပၚကေန စိတ္ႂကြေဆး သယ္လာတဲ့ ျမန္မာအမ်ိဳးသမီးကို ဖမ္းဆီးရမိတာလို႔ ဆိုပါတယ္။ တာဝန္ရွိသူေတြက ခရီးသည္မွတ္ပုံတင္ေတြ စစ္ေဆးစဥ္ အသက္ ၃၆ ႏွစ္႐ြယ္ရွိ ေနာ္မူး အမည္ရွိ အမ်ိဳးသမီးမွာ ကိုင္ေဆာင္ေသာ မွတ္ပုံတင္ထဲက ဓာတ္ပုံနဲ႔ အျပင္က႐ုပ္ မတူညီတာေၾကာင့္ သူမအား ကားေပၚကေန ဆင္းခိုင္းၿပီး စစ္ေဆးခဲ့တယ္လို႔ ဆိုပါတယ္။ စစ္ေဆးခ်က္အရ သူမဟာ တပါးသူရဲ႕ ထိုင္းႏိုင္ငံသားမွတ္ပုံတင္ကို ငွားရမ္းကိုင္ေဆာင္တဲ့အျပင္ ခႏၶာကိုယ္အႏွံ႔ ဆက္လက္စစ္ေဆးရွာေဖြရာမွာေတာ့  ခါးတဝိုက္မွာ ထူထဲတဲ့ ခါးပတ္ျပားပတ္ထားၿပီး အေပၚက သားေရခါးပတ္နဲ႔ ထပ္မံစည္းေႏွာင္ထားေၾကာင္း၊ ခါးပတ္ကို ‌ေျဖခိုင္းလိုက္ရာမွာေတာ့ အထဲမွာ ဗလ်ဴဝိုင္တံဆိပ္ လိေမၼာ္ေရာင္ စိတ္ႂကြေဆးျပားေတြ စီရီထည့္လာတာ ေတြ႕ရွိရတယ္လို႔ ဆိုပါတယ္။ သူ သယ္ေဆာင္ခဲ့တဲ့ စိတ္ႂကြေဆးျပားစုစုေပါင္း ၃၈၀၀ ရွိၿပီး သူဟာ ‌ေဆးျပားေတြကို ျမဝတီဘက္ကမ္းရွိ ျမန္မာ ၁ ဦးထံမွ  ရယူခဲ့ကာ ဘန္ေကာက္ကို ပို႔ေဆာင္ေပးဖို႔ ဘတ္ ၁ ေသာင္းနဲ႔ အငွားသယ္ေဆာင္ေပးေၾကာင္း၊ ယခင္ကလည္း ၁ ႀကိမ္ သယ္ေပးခဲ့ဖူးလို႔ ဒါဟာ ဒုတိယအႀကိမ္ သယ္ေဆာင္တာလို႔ ဆိုပါတယ္။ တာဝန္ရွိသူေတြက သူ႔ကို စာ႐ြက္စာတမ္းအတုကိုင္ေဆာင္မႈ၊ မူးယစ္ေဆးဝါး လက္ဝယ္ေတြ႕ရွိမႈေတြနဲ႔ အေရးယူဖို႔ မဲေဆာက္ၿမိဳ႕နယ္ရဲစခန္းကို ပို႔ေဆာင္လိုက္ပါတယ္။
2 years Ago

မသန်စွမ်းသူများ မှတ်ပုံတင်နိုင်ရေးနှင့် ဥပဒေဆိုင်ရာ ဆွေးနွေးပွဲ လွိုင်ကော်တွင် ပြုလုပ်

ကယားပြည်နယ်အတွင်း မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့နဲ့ မသန်စွမ်းတွေရဲ့ အခွင့်အရေးဥပဒေ နည်းဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို လွိုင်ကော်မြို့ခရိုင် စုပေါင်းရုံးအစည်းအဝေးခန်းမမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ လူဦးရေ ၂ သိန်း ၈ သောင်းကျော်သာ ရှိတဲ့ကယားပြည်နယ်မှာ မသန်စွမ်းဦးရေ ၁ သောင်းကျော်ရှိနေတယ်လို့ သိရပေမယ့် စာရင်းအတိအကျ မပြုစုထားသေးတဲ့အတွက် ပြုစုနိုင်ရေးနဲ့ မသန်စွမ်းတွေ အခွင့်အရေး အပြည့်အဝရရှိရေး ရည်ရွယ်ပြီး အခုလို အလုပ်ရုံဆွေးနွေးပွဲ လုပ်ဆောင်တာလို့ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦး‌မြတ်သူဝင်းက ပြောပါတယ်။ “မှတ်ပုံတင်ခြင်းလုပ်ငန်းဟာ ဖွံ့ဖြိုးတက်မှုနှေးတဲ့နေရာတို့ လူဦးရေနည်းတဲ့ တိုင်းဒေသကြီး ပြည်နယ်တို့ကို ချန်ထားခဲ့လို့ မရဘူး။ လူဦးရေ နည်းပေမယ့် ဒီနေရာမှာ မသန်စွမ်းတွေ ရှိနေတယ်။ ဒီအတွက် ကျနော်တို့က ကယားပြည်နယ်ကို မသန်စွမ်း မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမှာ ဖြစ်တယ်။ အဲဒါနဲ့ပတ်သက်လို့ ဒီနေ့မနက်မှာ ဥပဒေနည်းဥပဒေနဲ့အတူ မသန်စွမ်းမှုစာရင်း ကောက်ယူမှုနဲ့ ပတ်သက်လို့ ဆွေးနွေးပါတယ်။” ဒါ့အပြင် မသန်စွမ်းမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေနည်းဥပဒေတွေကို ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် လက်တွေ့အကောင်အထည်ဖော်ခဲ့ပြီးပြီလဲ၊ မသန်စွမ်းနဲ့ ပတ်သက်တဲ့ သဘောတရားကို ဆွေးနွေးသွားမှာဖြစ်သလို မသန်စွမ်းကလေးငယ်တွေကို ဘယ်လို ပြုစုစောင့်ရှောက်ရမလဲ ဆိုတာကို လာမယ့်ရက်တွေ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။ သန်းခေါင်စာရင်းအရ မြန်မာတနိုင်ငံလုံးမှာ မသန်စွမ်းဦးရေ ၂၃ သိန်းကျော်၊ လူဦးရေရဲ့ ၄.၆ ရာခိုင်နှုန်းရှိပါတယ်။ ကယားပြည်နယ်ရဲ့မသန်စွမ်းဦးရေဟာ လူဦးရေရဲ့ ၅.၈ ရာခိုင်နှုန်းရှိတဲ့ အတွက် ပိုများနေပြီး လူဦးရေ ၂ သိန်း ၈ သောင်းအနက် ၈ သောင်းလောက်ဟာ မသန်စွမ်းတွေနဲ့ ပတ်သက်ဆက်နွှယ်နေတယ်လို့လည်း ဦးမြတ်သူဝင်းက ပြောပါတယ်။ “တတိုင်းပြည်လုံးနဲ့တိုင်းရင်တော့ သောင်းကျော်လို့ ပြောပေမယ့် ကယားပြည်နယ်မှာ လူဦးရေက ၂ သိန်း၈ သောင်းပဲရှိတာလေ။ ၁ သောင်း ကျော်ဆိုတော့ များတာပေါ့။ ၁ သောင်း ၃ ထောင်လောက်ရှိတဲ့အခါမှာ ပျမ်းမျှ ကျနော်တို့ တိုင်းရင်းသားလူမျိုးတွေရဲ့ မိသားစုတခုမှာ မိသားစုဝင် ၅ ယောက်ပဲ ရှိတယ်ထားပါတော့ ၅ နဲ့မြောက်လို့ရင် ၇ သောင်းခွဲဖြစ်သွားမယ်။ဆိုတော့ ၇ သောင်းခွဲသောသူတွေက မသန်စွမ်းနဲ့ပတ်သက်နေရတယ်။ မသန်စွမ်းတဦးနဲ့ ပတ်သက်နေရတဲ့ မိသားစုဟာ တခြားမိသားစုထက်ပိုပြီးတော့ ဘဝကို ရုန်းကန်ရတယ်။ ပိုပြီးတော့ အခက်အခဲတွေဖြစ်တယ်။ သူတို့တွေအတွက် ကျနော်တို့က စဉ်းစားပေးရတော့မယ်။” ၂၀၁၄ ခုနှစ် လူဦးရေစာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၄ သန်းကျော်ရှိပြီးတော့ မသန်စွမ်းဦးရေ ၂ သန်းကျော်ရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက်စာရင်းတွေအရ ရန်ကုန်တိုင်းဒေသကြီးမှာ မသန်စွမ်းဦးရေ ၁၅ သိန်းကျော်နဲ့ အများဆုံးရှိနေပြီး မန္တလေးတိုင်းနဲ့ ဧရာ၀တီတိုင်းကတော့ ဒုတိယအများဆုံးဖြစ်နေပါတယ်။ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်မှာ မသန်စွမ်းဦးရေ အနည်းဆုံး ဖြစ်နေတယ်လို့ စာရင်းတွေအရ သိရပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version မသန္စြမ္းသူမ်ား မွတ္ပုံတင္ႏိုင္ေရးႏွင့္ ဥပေဒဆိုင္ရာ ေဆြးေႏြးပြဲ လြိဳင္ေကာ္တြင္ ျပဳလုပ္ ကယားျပည္နယ္အတြင္း မသန္စြမ္းသူမ်ား မွတ္ပုံတင္ျခင္းလုပ္ငန္းေတြ ေဆာင္႐ြက္ႏိုင္ဖို႔နဲ႔ မသန္စြမ္းေတြရဲ႕ အခြင့္အေရးဥပေဒ နည္းဥပေဒဆိုင္ရာ အလုပ္႐ုံေဆြးေႏြးပြဲ ဖြင့္ပြဲအခမ္းအနားကို လြိဳင္ေကာ္ၿမိဳ႕ခ႐ိုင္ စုေပါင္း႐ုံးအစည္းအေဝးခန္းမမွာ ဒီကေန႔ ျပဳလုပ္ခဲ့ပါတယ္။ လူဦးေရ ၂ သိန္း ၈ ေသာင္းေက်ာ္သာ ရွိတဲ့ကယားျပည္နယ္မွာ မသန္စြမ္းဦးေရ ၁ ေသာင္းေက်ာ္ရွိေနတယ္လို႔ သိရေပမယ့္ စာရင္းအတိအက် မျပဳစုထားေသးတဲ့အတြက္ ျပဳစုႏိုင္ေရးနဲ႔ မသန္စြမ္းေတြ အခြင့္အေရး အျပည့္အဝရရွိေရး ရည္႐ြယ္ၿပီး အခုလို အလုပ္႐ုံေဆြးေႏြးပြဲ လုပ္ေဆာင္တာလို႔ ေ႐ႊမင္းသားေဖာင္ေဒးရွင္း (ျမန္မာ) ဥကၠ႒ ဦး‌ျမတ္သူဝင္းက ေျပာပါတယ္။ “မွတ္ပုံတင္ျခင္းလုပ္ငန္းဟာ ဖြံ႕ၿဖိဳးတက္မႈေႏွးတဲ့ေနရာတို႔ လူဦးေရနည္းတဲ့ တိုင္းေဒသႀကီး ျပည္နယ္တို႔ကို ခ်န္ထားခဲ့လို႔ မရဘူး။ လူဦးေရ နည္းေပမယ့္ ဒီေနရာမွာ မသန္စြမ္းေတြ ရွိေနတယ္။ ဒီအတြက္ က်ေနာ္တို႔က ကယားျပည္နယ္ကို မသန္စြမ္း မွတ္ပုံတင္ျခင္းလုပ္ငန္းကို ေဆာင္႐ြက္ရမွာ ျဖစ္တယ္။ အဲဒါနဲ႔ပတ္သက္လို႔ ဒီေန႔မနက္မွာ ဥပေဒနည္းဥပေဒနဲ႔အတူ မသန္စြမ္းမႈစာရင္း ေကာက္ယူမႈနဲ႔ ပတ္သက္လို႔ ေဆြးေႏြးပါတယ္။” ဒါ့အျပင္ မသန္စြမ္းမႈနဲ႔ပတ္သက္ၿပီး ႏိုင္ငံေတာ္က ခ်မွတ္ထားတဲ့ ဥပေဒနည္းဥပေဒေတြကို ဘယ္ေလာက္ထိ က်ယ္က်ယ္ျပန႔္ျပန႔္ လက္ေတြ႕အေကာင္အထည္ေဖာ္ခဲ့ၿပီးၿပီလဲ၊ မသန္စြမ္းနဲ႔ ပတ္သက္တဲ့ သေဘာတရားကို ေဆြးေႏြးသြားမွာျဖစ္သလို မသန္စြမ္းကေလးငယ္ေတြကို ဘယ္လို ျပဳစုေစာင့္ေရွာက္ရမလဲ ဆိုတာကို လာမယ့္ရက္ေတြ ေဆြးေႏြးသြားဖို႔ ရွိေနပါတယ္။ သန္းေခါင္စာရင္းအရ ျမန္မာတႏိုင္ငံလုံးမွာ မသန္စြမ္းဦးေရ ၂၃ သိန္းေက်ာ္၊ လူဦးေရရဲ႕ ၄.၆ ရာခိုင္ႏႈန္းရွိပါတယ္။ ကယားျပည္နယ္ရဲ႕မသန္စြမ္းဦးေရဟာ လူဦးေရရဲ႕ ၅.၈ ရာခိုင္ႏႈန္းရွိတဲ့ အတြက္ ပိုမ်ားေနၿပီး လူဦးေရ ၂ သိန္း ၈ ေသာင္းအနက္ ၈ ေသာင္းေလာက္ဟာ မသန္စြမ္းေတြနဲ႔ ပတ္သက္ဆက္ႏႊယ္ေနတယ္လို႔လည္း ဦးျမတ္သူဝင္းက ေျပာပါတယ္။ “တတိုင္းျပည္လုံးနဲ႔တိုင္းရင္ေတာ့ ေသာင္းေက်ာ္လို႔ ေျပာေပမယ့္ ကယားျပည္နယ္မွာ လူဦးေရက ၂ သိန္း၈ ေသာင္းပဲရွိတာေလ။ ၁ ေသာင္း ေက်ာ္ဆိုေတာ့ မ်ားတာေပါ့။ ၁ ေသာင္း ၃ ေထာင္ေလာက္ရွိတဲ့အခါမွာ ပ်မ္းမွ် က်ေနာ္တို႔ တိုင္းရင္းသားလူမ်ိဳးေတြရဲ႕ မိသားစုတခုမွာ မိသားစုဝင္ ၅ ေယာက္ပဲ ရွိတယ္ထားပါေတာ့ ၅ နဲ႔ေျမာက္လို႔ရင္ ၇ ေသာင္းခြဲျဖစ္သြားမယ္။ဆိုေတာ့ ၇ ေသာင္းခြဲေသာသူေတြက မသန္စြမ္းနဲ႔ပတ္သက္ေနရတယ္။ မသန္စြမ္းတဦးနဲ႔ ပတ္သက္ေနရတဲ့ မိသားစုဟာ တျခားမိသားစုထက္ပိုၿပီးေတာ့ ဘဝကို ႐ုန္းကန္ရတယ္။ ပိုၿပီးေတာ့ အခက္အခဲေတြျဖစ္တယ္။ သူတို႔ေတြအတြက္ က်ေနာ္တို႔က စဥ္းစားေပးရေတာ့မယ္။” ၂၀၁၄ ခုႏွစ္ လူဦးေရစာရင္းအရ ျမန္မာႏိုင္ငံမွာ လူဦးေရ ၅၄ သန္းေက်ာ္ရွိၿပီးေတာ့ မသန္စြမ္းဦးေရ ၂ သန္းေက်ာ္ရွိပါတယ္။ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အလိုက္စာရင္းေတြအရ ရန္ကုန္တိုင္းေဒသႀကီးမွာ မသန္စြမ္းဦးေရ ၁၅ သိန္းေက်ာ္နဲ႔ အမ်ားဆုံးရွိေနၿပီး မႏၲေလးတိုင္းနဲ႔ ဧရာ၀တီတိုင္းကေတာ့ ဒုတိယအမ်ားဆုံးျဖစ္ေနပါတယ္။ ခ်င္းျပည္နယ္နဲ႔ ကယားျပည္နယ္မွာ မသန္စြမ္းဦးေရ အနည္းဆုံး ျဖစ္ေနတယ္လို႔ စာရင္းေတြအရ သိရပါတယ္။
2 years Ago

နိုင်ငံအတွင်းသုံးနေသည့် တယ်လီဖုန်း ဆင်းကတ်အားလုံး Biometic စနစ်ဖြင့် ပြန်မှတ်ပုံတင်ရမည်

နိုင်ငံတော်လုံခြုံရေးအတွက် နိုင်ငံအတွင်း အသုံးပြုနေတဲ့ တယ်လီဖုန်းဆင်းကတ်အားလုံး Biometic စနစ်နဲ့ ပြန်လည် မှတ်ပုံတင်ရမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ပြောဆိုလိုက်ပါတယ်။ သြဂုတ် ၆ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကျောက်တန်း မဲဆန္ဒနယ်ကိုယ်စားလှယ် မေးမြန်းတဲ့ ဆင်းကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ မေးခွန်းအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားစဉ်မှာ ပြောဆိုလိုက်တာဖြစ်ပြီး နိုင်ငံတော်၏ လုံခြုံရေးအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ “command data base စနစ်နဲ့ ဆင်းကတ်အသစ် ဝယ်ယူသူများကို မှတ်ပုံတင်ခြင်း စတင်ဆောင်ရွက်သွားမှာ ဖြစ်သလို အခုလက်ရှိ သုံးစွဲနေတဲ့ မှတ်ပုံတင်ထားပြီးဆိုတဲ့ ဆင်းကတ်တွေကိုလည်း အချိန်ကာလတခု သတ်မှတ်ပြီးတော့ Biometic စနစ်နဲ့ ပြန်လည်မှတ်ပုံတင်ခြင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဒုဝန်ကြီးက ပြောပါတယ်။ မှတ်ပုံတင်မိတ္တူတွေနဲ့ ဆင်းကတ်တွေကို မှတ်ပုံတင်နေတာ၊ မှတ်ပုံတင်နံပါတ် ရှေ့နောက်ပြောင်းလဲပြီး ဆင်းကတ်တွေ မှတ်ပုံတင်နေတာ၊ ဆင်းကတ်တွေကို အခမယ့် ပေးဝေနေတာတွေနဲ့ ဈေးနှုန်းအဆမတန်လျှော့ပြီး ရောင်းချနေတာတွေ ရှိနေတဲ့အတွက် တည်ဆဲဥပဒေများကို ချိုးဖောက်နေတဲ့အပြင် မှတ်ပုံတင်ထားခြင်း မရှိတဲ့ ဆင်းကတ်တွေကို အသုံးပြုပြီး ခြိမ်းခြောက်မှုတွေ၊ လိမ်လည်မှုတွေနဲ့ လူမှုရေးပြဿနာတွေ ဖြစ်ပေါ်နေတယ်လို့ မေးခွန်းရှင်က ပြောဆိုခဲ့ပြီး ဒီအတွက် စနစ်ကျတဲ့ မှတ်ပုံတင်မှု ပြုလုပ်ဖို့ ဆောင်ရွက်ထားမှု အခြေအနေကို သိရှိလိုတဲ့ မေးခွန်း မေးမြန်းရတာလို့ ဆိုပါတယ်။ “မှတ်ပုံမတင်ဘဲနဲ့ လက်ကိုင်ဖုန်းတွေကို အလွယ်တကူ ဝယ်ယူအသုံးပြုခွင့် ရခဲ့ပါတယ်။ ဆင်းကတ်တွေ လွယ်လွယ်ကူကူ ပေါပေါများများ အသုံးပြုလို့ ရလာတဲ့အခါ၊ အင်တာနက်တွေကို လွယ်လွယ်ကူကူ အသုံးပြုခွင့်ရလာတဲ့အခါမှာ ကျမတို့ဟာ စီးပွားရေး၊ လူမှုရေး၊ ပညာရေးမှာ ကောင်းစွာ အကျိုးဖြစ်ထွန်းခဲ့ပါတယ်။ ဒါပမယ့်လည်း ဘေးထွက်ဆိုးကျိုးအနေနဲ့ ပုဂ္ဂိုလ်ရေး အနှောင့်အယှက်ဖြစ်ခြင်းမှစပြီးတော့ ကြီးမားတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နိုင်ဖို့အတွက် အလွယ်တကူ ဖြစ်လာတဲ့အခါမှာ ဒီဆင်းကတ်တွေကို မှတ်ပုံတင်ထားမှုမရှိရင် ထိန်းချုပ်ဖို့ ခက်ခဲမှာဖြစ်ပါတယ်” လို့ မေးခွန်းရှင် ဒေါ်အေးမြမြမျိုးက ဆိုပါတယ်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုဝန်ကြီးကတော့ မိုးဘိုင်းအော်ပရေတာအားလုံးရဲ့ သုံးစွဲသူများနဲ့ သက်ဆိုင်တဲ့ အချက်အလက်များကို တစုတစည်းတည်း သိမ်းဆည်းထားနိုင်တဲ့ command data base တခုတည်ဆောက်ရမှာ ဖြစ်ပြီး စနစ်အကောင်အထည်ဖော်နိုင်ဖို့အတွက် လာမယ့် ၂၀၂၀ ခုနှစ်အတွင်း အပြီးဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ မှတ်ပုံတင်ခြင်းမရှိတဲ့ ဆင်းကတ်ပေါင်း ၆ သန်းကျော်ကို အပြီးပိတ်ထားတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။ လက်ရှိ ဈေးကွက်အတွင်းမှာတော့ အသုံးပြုနေတဲ့ ဖုန်းဆင်းကတ်ပေါင်း သန်း ၆၀ လောက် ရှိတယ်လို့ သိရပါတယ်။
Zawgyi Version ႏိုင္ငံအတြင္းသုံးေနသည့္ တယ္လီဖုန္း ဆင္းကတ္အားလုံး Biometic စနစ္ျဖင့္ ျပန္မွတ္ပုံတင္ရမည္ ေအာင္ဆန္းဦး ႏိုင္ငံေတာ္လုံၿခဳံေရးအတြက္ ႏိုင္ငံအတြင္း အသုံးျပဳေနတဲ့ တယ္လီဖုန္းဆင္းကတ္အားလုံး Biometic စနစ္နဲ႔ ျပန္လည္ မွတ္ပုံတင္ရမယ္လို႔ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးသာဦးက ေျပာဆိုလိုက္ပါတယ္။ ၾသဂုတ္ ၆ ရက္ေန႔က က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးမွာ ေက်ာက္တန္း မဲဆႏၵနယ္ကိုယ္စားလွယ္ ေမးျမန္းတဲ့ ဆင္းကတ္မွတ္ပုံတင္ျခင္းဆိုင္ရာ ေမးခြန္းအေပၚ ျပန္လည္ရွင္းလင္း ေျဖၾကားစဥ္မွာ ေျပာဆိုလိုက္တာျဖစ္ၿပီး ႏိုင္ငံေတာ္၏ လုံၿခဳံေရးအတြက္ ျဖစ္တယ္လို႔ ဆိုပါတယ္။ “command data base စနစ္နဲ႔ ဆင္းကတ္အသစ္ ဝယ္ယူသူမ်ားကို မွတ္ပုံတင္ျခင္း စတင္ေဆာင္ရြက္သြားမွာ ျဖစ္သလို အခုလက္ရွိ သုံးစြဲေနတဲ့ မွတ္ပုံတင္ထားၿပီးဆိုတဲ့ ဆင္းကတ္ေတြကိုလည္း အခ်ိန္ကာလတခု သတ္မွတ္ၿပီးေတာ့ Biometic စနစ္နဲ႔ ျပန္လည္မွတ္ပုံတင္ျခင္း ဆက္လက္ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္” လို႔ ဒုဝန္ႀကီးက ေျပာပါတယ္။ မွတ္ပုံတင္မိတၱဴေတြနဲ႔ ဆင္းကတ္ေတြကို မွတ္ပုံတင္ေနတာ၊ မွတ္ပုံတင္နံပါတ္ ေရွ႕ေနာက္ေျပာင္းလဲၿပီး ဆင္းကတ္ေတြ မွတ္ပုံတင္ေနတာ၊ ဆင္းကတ္ေတြကို အခမယ့္ ေပးေဝေနတာေတြနဲ႔ ေဈးႏႈန္းအဆမတန္ေလွ်ာ့ၿပီး ေရာင္းခ်ေနတာေတြ ရွိေနတဲ့အတြက္ တည္ဆဲဥပေဒမ်ားကို ခ်ိဳးေဖာက္ေနတဲ့အျပင္ မွတ္ပုံတင္ထားျခင္း မရွိတဲ့ ဆင္းကတ္ေတြကို အသုံးျပဳၿပီး ၿခိမ္းေျခာက္မႈေတြ၊ လိမ္လည္မႈေတြနဲ႔ လူမႈေရးျပႆနာေတြ ျဖစ္ေပၚေနတယ္လို႔ ေမးခြန္းရွင္က ေျပာဆိုခဲ့ၿပီး ဒီအတြက္ စနစ္က်တဲ့ မွတ္ပုံတင္မႈ ျပဳလုပ္ဖို႔ ေဆာင္ရြက္ထားမႈ အေျခအေနကို သိရွိလိုတဲ့ ေမးခြန္း ေမးျမန္းရတာလို႔ ဆိုပါတယ္။ “မွတ္ပုံမတင္ဘဲနဲ႔ လက္ကိုင္ဖုန္းေတြကို အလြယ္တကူ ဝယ္ယူအသုံးျပဳခြင့္ ရခဲ့ပါတယ္။ ဆင္းကတ္ေတြ လြယ္လြယ္ကူကူ ေပါေပါမ်ားမ်ား အသုံးျပဳလို႔ ရလာတဲ့အခါ၊ အင္တာနက္ေတြကို လြယ္လြယ္ကူကူ အသုံးျပဳခြင့္ရလာတဲ့အခါမွာ က်မတို႔ဟာ စီးပြားေရး၊ လူမႈေရး၊ ပညာေရးမွာ ေကာင္းစြာ အက်ိဳးျဖစ္ထြန္းခဲ့ပါတယ္။ ဒါပမယ့္လည္း ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ ပုဂၢိဳလ္ေရး အေႏွာင့္အယွက္ျဖစ္ျခင္းမွစၿပီးေတာ့ ႀကီးမားတဲ့ ရာဇဝတ္မႈေတြ က်ဴးလြန္ႏိုင္ဖို႔အတြက္ အလြယ္တကူ ျဖစ္လာတဲ့အခါမွာ ဒီဆင္းကတ္ေတြကို မွတ္ပုံတင္ထားမႈမရွိရင္ ထိန္းခ်ဳပ္ဖို႔ ခက္ခဲမွာျဖစ္ပါတယ္” လို႔ ေမးခြန္းရွင္ ေဒၚေအးျမျမမ်ိဳးက ဆိုပါတယ္။ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဒုဝန္ႀကီးကေတာ့ မိုးဘိုင္းေအာ္ပေရတာအားလုံးရဲ႕ သုံးစြဲသူမ်ားနဲ႔ သက္ဆိုင္တဲ့ အခ်က္အလက္မ်ားကို တစုတစည္းတည္း သိမ္းဆည္းထားႏိုင္တဲ့ command data base တခုတည္ေဆာက္ရမွာ ျဖစ္ၿပီး စနစ္အေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ လာမယ့္ ၂၀၂၀ ခုႏွစ္အတြင္း အၿပီးေဆာင္႐ြက္သြားမယ္လို႔ ဆိုပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ မွတ္ပုံတင္ျခင္းမရွိတဲ့ ဆင္းကတ္ေပါင္း ၆ သန္းေက်ာ္ကို အၿပီးပိတ္ထားတယ္လို႔ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနရဲ႕ စာရင္းမ်ားအရ သိရပါတယ္။ လက္ရွိ ေဈးကြက္အတြင္းမွာေတာ့ အသုံးျပဳေနတဲ့ ဖုန္းဆင္းကတ္ေပါင္း သန္း ၆၀ ေလာက္ ရွိတယ္လို႔ သိရပါတယ္။
2 years Ago

ပြည်သူများ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရန် NUG သတိပေးချက်ထုတ်ပြန်

လတ်တလော မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် ပြည်သူတွေ အနေနဲ့ ဘေးအန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့ အရေးပေါ်အိတ်ကို ကြိုတင်ပြင်ဆင်ထားသင့်ကြောင်းနဲ့ အိတ်ထဲမှာ သောက်သုံးရေ၊ အတွင်းခံအပါအဝင် ပေါ့ပါးလွတ်လပ်တဲ့ အဝတ်အစားတချို့၊ အမျိုးသမီးဖြစ်ပါက လစဉ်သုံးပစ္စည်း၊ အရေးပေါ် ဆေးဝါး၊ လက်သန့်ဆေး၊ နှာခေါင်းစည်း၊ ဖယောင်းတိုင်၊ မီးခြစ်၊ မုန့်ခြောက်၊ ခေါက်ဆွဲခြောက်၊ တစ်ရှူးအစို၊ အခြောက်၊ ဓာတ်မီး၊ ဓာတ်ခဲ၊ ထီး၊ မိုးကာ၊ စာကြည့်မီး၊ ဖုန်း၊ အားသွင်းကြိုး၊ Power Bank၊ ဓား၊ ကပ်ကြေး၊ ရေဒီယို၊ ခရာ၊ မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်၊ အိမ်ထောင်စုစာရင်း၊ စာချုပ်စာတမ်းနဲ့ လုပ်ငန်းလိုင်စင်လို အရေးကြီး စာရွက်စာတမ်းတွေ၊ ငွေကြေး၊ ဘဏ် စာအုပ်နဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထည့်ထားသင့်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် နေအိမ်ကို စွန့်ခွာရတော့မယ်ဆိုရင်လည်း မိသားစုတွေ ပြန်လည်ဆုံ ဆည်းနိုင်မယ့် အနည်းဆုံးစုရပ် ၂ ခုသတ်မှတ်ထားဖို့၊ အရေးပေါ် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ရေးမှတ်ထားဖို့၊ မိသားစုဝင်တွေရဲ့ အမည်၊ ဖုန်းနံပါတ်၊ သွေးအုပ်စုစတာတွေကို လက်မောင်းမှာ ရေးမှတ်ထားဖို့၊ တံခါးတွေ လုံခြုံအောင်ပိတ်၊ လျှပ်စစ်မိန်းခလုတ်တွေ ချထားခဲ့ဖို့နဲ့ မီးကြိုးပလပ်တွေ မမေ့မလျော့ ဖြုတ်ထားခဲ့ဖို့၊ ပေါ့ပါးလွတ်လပ်တဲ့ အဝတ်အစားတွေ ရွေးချယ်ဝတ်ဆင်ဖို့နဲ့ တကိုယ်တော် ယူဆောင်ရမယ့် အရေးပေါ်အိတ်ကို ယူ ဆောင်သွားဖို့ စတာတွေ ပါဝင်ပါတယ်။

တတိယတချက်အနေနဲ့တော့ နိုးကြားသတိရှိဖို့ တိုက်တွန်းထားပြီး ဘေးအန္တရာယ်တွေနဲ့ ပတ်သက်တဲ့သတင်းကို မပြတ်နားစွင့်ထားဖို့၊ နေအိမ်ကို စွန့်ခွာရမယ့် အနေအထားရှိမရှိကို သက်ဆိုင်ရာအရေးပေါ် တုံ့ပြန်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်သတင်းရယူဖို့၊ အရေးပေါ် အခြေအနေတွေမှာ သတင်းအချက်အလက် ရယူနိုင်မယ့် နည်းလမ်းတွေ၊ အချင်း ချင်းဆက်သွယ်နိုင်မယ့် နည်းလမ်းတွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ဆိုပါ တယ်။

ဒါ့အပြင် နောက်ဆုံးတချက်အနေနဲ့ စားနပ်ရိက္ခာ အနည်းဆုံး ၂ ပတ်စာ ကြိုတင် ပြင်ဆင်ထားဖို့၊ ဆန်၊ဆီ၊ ဆား၊ ကြက်သွန်၊ အခြောက်အခြမ်း၊ စည်သွပ်ဘူး၊ ခေါက်ဆွဲခြောက်၊ မုန့်ခြောက်၊ အရေးပေါ်ဆေးဝါး၊ သောက်သုံးရေ၊ ဓာတ်ဆားနဲ့ ရေသန့်ဆေး၊ ထိခိုက်လွယ်အုပ်စုတွေဖြစ်တဲ့ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်၊ မသန်စွမ်း၊ သက်ကြီးရွယ်အိုတွေအတွက် ဖြည့်စွက်စာနဲ့ ဆေးဝါးတွေ စသဖြင့် ပြင်ဆင်ထားဖို့လည်း နှိုးဆော်ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ခဲ့တဲ့ မတရားစစ်အာဏာသိမ်း ကာလဟာ ၄ လခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဆန့်ကျင်တော်လှန်နေကြတဲ့ ပြည်သူတွေနဲ့ အကြမ်းဖက်စစ်အုပ်စုလက်နက်ကိုင်တွေကြား ပဋိပက္ခတွေနဲ့အတူ မတည်ငြိမ်မှု တွေ ဖြစ်ပေါ်နေတာပါ။

မြို့ပေါ်နဲ့ ကျေးလက်ဒေသတွေအနှံ့ မတရားစစ်အာဏာသိမ်းမှုကို လက်မခံကြတဲ့ ပြည်သူတွေဟာ ဆက်လက်တိုက်ပွဲဝင်နေခဲ့ကြတာဖြစ်ပြီး မနေ့က ဇွန် ၂၂ ရက်နေ့မှာတော့ မန္တလေးမြို့မှာ စစ်ကောင်စီလက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေကြား မြို့ပြတိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

2 days Ago
More News
Up