Search Results For: မာနေး

ကိုဗစ်ရောဂါ သက်သာလာသည့် မာနေးနှင့် သီယာဂိုတို့ မာဆေးဆိုဒ်ဒါဘီပွဲစဉ်တွင် ပါဝင်မည်

အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ ကိုဗစ်-၁၉ ရောဂါကနေ သက်သာလာခဲ့တဲ့ မာနေးနဲ့ သီယာဂို အယ်ကန်တာရာတို့ ပြန်လည်ကစားနိုင်မယ်လို့ သိရပါတယ်။  လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်ကိုယ်တိုင် အတည်ပြုခဲ့ပြီး သူတို့ ၂ ဦးစလုံး လေ့ကျင့်ခန်း ပြန်ဆင်းနေပြီလို့ ပြောပါတယ်။  လွန်ခဲ့တဲ့ ၅ ရက်၊ ၆ ရက်လောက်ကတည်းက လေ့ကျင့်ခန်းပြန်ဆင်းနေပြီး အဲဗာတန်နဲ့ ပွဲစဉ်အတွက် ၂ ဦးလုံး အဆင်သင့်ဖြစ်နေတယ်လို့ ကလော့ပ်က ပြောပါတယ်။  ကြံ့ခိုင်မှုအခြေအနေအရပ်ရပ်ကို စောင့်ကြည့်ရမှာဖြစ်ပေမဲ့ ၂ ဦးလုံးက အမှန်တကယ် အကောင်းဆုံးအနေအထား ရောက်နေတယ်လို့ ဂျာဂန်ကလော့ပ်က အတည်ပြုခဲ့ပါတယ်။  လီဗာပူးအသင်းဟာ ပွဲစဉ် ၄ မှာ အက်စ်တွန်ဗီလာကို ၇ ဂိုး ၂ ဂိုးနဲ့ရူံးနိမ့်ခဲ့ပြီး အောက်တိုဘာ ၁၇ ရက်နေ့ ကစားရမယ့် အဲဗာတန်နဲ့ပွဲစဉ်မှာ နိုင်ပွဲပြန်ရဖို့ လိုအပ်နေပါတယ်။
7 months Ago

လီဗာပူးတိုက်စစ်မှူး မာနေး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

လီဗာပူး တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာကြောင့် အက်စတွန်ဗီလာနဲ့ အဝေးကွင်းပွဲစဉ်ကို လွဲချော်ရတော့မယ်လို့ သိရပါတယ်။ ဒီအခြေအနေကြောင့် ဆီနီဂေါတိုက်စစ်မှူးဟာ သီးသန့်ခွဲခြားနေထိုင်နေရပြီး လီဗာပူး နည်းပြကလော့ပ်ရဲ့ အစီစဉ်တွေဟာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ထပ်မံပြောင်းလဲရတော့မှာဖြစ်ပါတယ်။  အသင်းဘက်က ထုတ်ပြန်ချက်မှာ မာနေးဟာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ရောဂါလက္ခဏာ တချို့ ပြသနေပေမယ့် ကျန်းမာရေးကောင်းမွန်နေတယ်လို့လည်း သိရပါတယ်။  မာနေးဟာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လီဗာပူးအသင်းရဲ့ နောက်ထပ်ကစားသမားတဦးဖြစ်ပြီး သူ့မတိုင်ခင် ကစားသမားသစ် သီယာဂိုလည်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါတယ်။ ဒါ့ကြောင့် လက်ရှိအချိန်မှာ မာနေးနဲ့ သီယာဂိုတို့ နှစ်ဦးစလုံးဟာ ကျန်းမာရေးအခြေအနေ ကြောင့် လီဗာပူးအသင်းရဲ့ လူစာရင်းကနေ လွဲချော်ရတော့မှာပါ။ သီယာဂိုရဲ့ ကျန်းမာရေးအခြေအနေကို ကစားသမားရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ကြောင်း၊ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်မှုတွေ ထပ်ရှိမလာရအောင် ချမှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်နေတယ်လို့ လီဗာပူးအသင်းဘက်က  ထုတ်ပြန်ပါတယ်။  မာနေး ဗိုင်းရပ်စ်ကူးစက်ခံရမှုဟာ ယူကေမှာ ကိုရိုနာဗိုင်းရပ်စ်ဒုတိယလှိုင်းနဲ့ပတ်သက်ပြီး စိုးရိမ်မှုမြင့်တက်နေချိန်မှာ ပေါ်ပေါက်လာခဲ့တာပါ။  အောက်တိုဘာ ၂ ရက် တစ်နေ့တည်းမှာ ဗိုင်းရပ်စ်အတည်ပြုလူနာအသစ်  ၇၀၀၀ နီးပါးရှိပြီး ၆၆ ဦး သေဆုံးခဲ့ရပါတယ်။  စကော့တလန် ပရီးမီးယားလိဂ်ကလပ် ကယ်မာနော့ခ်အသင်းရဲ့ ကစားသမား ၆ ဦးဟာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာကြောင့် အသင်းတသင်းလုံး ၁၄ ရက်ကြာ ကွာရန်တင်းဝင်ခဲ့ရပြီး အသင်းရဲ့ ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းလိုက်ရပါတယ်။  ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးအကြိမ် ဆေးစစ်မှုမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀ ဦး တွေ့ရှိခဲ့ရပါတယ်။  မာနေးရဲ့ကျန်းမာရေး အခြေအနေကြောင့် လီဗာပူးအသင်းရဲ့ ကစားသမားသစ် ဂျိုတာဟာ ဗီလာနဲ့ပွဲမှာ ပရီးမီးယားလိဂ်ပွဲထွက်ခွင့် ပထမဆုံး ရရှိနိုင်ဖွယ်ရှိနေပါတယ်။  ပေါင်  ၄၅ သန်း တန်ကစားသမားဟာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ပြိုင်ပွဲမှာ အသင်းအတွက် ပွဲထွက်ခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။  ဂျိုတာအပြင် မီနာမီနိုနဲ့ အော်ရီဂီတို့ဟာလည်း ပွဲထွက်ကစားသမားအဖြစ်ပါဝင်ဖို့ အခွင့်အရေးရှိနေပါတယ်။
7 months Ago

ဆရာဟောင်း ရော်နယ်ကိုးမန်း၏ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ရန် မာနေး စိတ်ဝင်စား

လီဗာပူး တိုက်စစ်မှူး မာနေးဟာ ဆရာဟောင်းဖြစ်သူ ရော်နယ်ကိုးမန်းရဲ့ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။  စပိန်သတင်းတွေရဲ့အဆိုအရ မာနေးဟာ လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ်နဲ့ ဥရောပချန်ပီယံဆုဖလားတွေ ရယူနိုင်ခဲ့ပြီး ဖြစ်တာကြောင့် နောက်ထပ် စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်သွားလိုတယ်လို့ သိရပါတယ်။ စပိန်သတင်းစာ မန်ဒိုဒီပို့တီဗိုရဲ့အဆိုအရ မာနေးအနေနဲ့ လီဗာပူးအသင်းနဲ့ အောင်မြင်မှုရခဲ့ပေမဲ့ တဦးချင်း ဆုတံဆိပ်တွေကို ဆာလက်၊ ဟန်ဒါဆန်နဲ့ ဗန်ဒိုက်တို့ကသာ ရခဲ့တဲ့အပေါ်မှာ စိတ်ခံစားမှုရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ဟော်လန်နည်းပြ ရော်နယ်ကိုးမန်းနဲ့ မာနေးတို့ဟာ ဆောက်သမ်တန်အသင်းမှာ ၂ နှစ်ကြာ အတူလက်တွဲခဲ့ဖူးကြတာပါ။ ဘာစီလိုနာမှာ မက်ဆီ ဆက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မာနေးအနေနဲ့ ဆရာဟောင်း ရော်နယ်ကိုးမန်းနဲ့ ပြန်လည်တွေ့ဆုံလိုနေတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
8 months Ago

တိုက်စစ်မှူးမာနေး ပရီးမီးယားလိဂ်ပရိသတ်က ရွေးချယ်သည့် အကောင်းဆုံးကစားသမားဆုရ 

လီဗာပူး တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ ၂၀၁၉-၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပရိသတ်တွေ ရွေးချယ်တဲ့ Premier League PFA Fans’ Player of the Year ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဆီနီဂေါ တိုက်စစ်မှူးမာနေးဟာ လီဗာပူးအသင်းရဲ့ နှစ်ပေါင်း ၃၀ ကြာ ပရီးမီးယားလိဂ် ဆုဖလားနဲ့ ဝေးကွာနေမှုကို အဆုံးသတ်ပေးရေးအတွက် အဓိကနေရာကနေ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။  သူဟာ ပရီးမီယားလိဂ် ချန်ပီယံအသင်းအတွက် ၁၈ ဂိုး သွင်းကာ ၉ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ဒီဆုအတွက် မာနေးဟာ အသင်းဖော် အာနိုးလ်၊ မန်စီးတီး ကွင်းလယ်ကစားသမား ဒီဘရိုင်းတို့ကို ကျော်ဖြတ်ခဲ့တာပါ။ မာနေးဟာ ဆောက်သမ်အသင်းကနေ လီဗာပူးအသင်းကို ၂၀၁၆ ရာသီမှာ ရောက်ရှိခဲ့သူဖြစ်ပြီး အသင်းကို ရောက်ရှိလာချိန်ကတည်းက ပုံမှန်ခြေစွမ်းပြသနိုင်ခဲ့သူ ဖြစ်တယ်။  သူဟာ လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ် ၁၂၇ ပွဲကစားခဲ့ပြီး ၆၃ ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်ကာ ဂိုးမသွင်းနိုင်တဲ့ပွဲတွေမှာလည်း စွဲမက်ဖွယ်ခြေစွမ်းတွေနဲ့အတူ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။  သူဟာ ၂၀၁၈-၁၉ ရာသီမှာ အသင်းဖော် ဆာလတ်၊ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းတို့နဲ့အတူ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ပူးတွဲဆွတ်ခူးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ တရာသီလုံးမှာ လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံဂိုး ၂၀ သွင်းကာ ၁၂ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပါတယ်။ မာနေးဟာ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်ဖလား ရရှိမှုမှာ အဓိကနေရာကနေ ပါဝင်ခဲ့သလို အသင်းကို ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေ စူပါကပ်နဲ့ ဖီဖာကလပ်အသင်းများဖလား ရရှိမှုမှာလည်း အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ်က ကစားသမားဟာ နိုင်ငံအသင်းအတွက်လည်း အားထားရသူ တစ်ဦးဖြစ်ပြီး အီဂျစ်မှာ ကျင်းပခဲ့တဲ့ အာဖရိကနိုင်ငံများပြိုင်ပွဲမှာလည်း အသင်းကို ဒုတိယရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။  မာနေးဟာ နိုင်ငံအသင်းအတွက် ၆၉ ပွဲ ကစားကာ ၁၉ ဂိုး သွင်းယူပေးထားနိုင်သူဖြစ်ပြီး အာဖရိကရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိထားသူလည်း ဖြစ်ပါတယ်။
9 months Ago

ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုနှင့် မာနေး ထိုက်တန်ဟု ဒီဘရိုင်းပြော

ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုနဲ့ထိုက်တန်သူဟာ လီဗာပူးတိုက်ကစားသမား မာနေး ဖြစ်တယ်လို့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက ပြောပါတယ်။ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအစည်းအရုံးက ချီးမြှင့်တဲ့ PFA ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုကို ဧပြီ ၂၆ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ရွှေ့ဆိုင်းထားရပါတယ်။  မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းကတော့ PFA ဆုအတွက် လီဗာပူး တိုက်စစ်ကစားသမား မာနေးကို မဲပေးသွားမယ်လို့ BT Sports နဲ့အင်တာဗျူးမှာ ပြောပါတယ်။  မာနေးဟာ လီဗာပူးအတွက် အားလုံး လုပ်ဆောင်ပေးခဲ့ပြီး အရေးပါတဲ့ ကစားသမား ဖြစ်တယ်လို့ ဒီဘရိုင်းက ချီးကျူးပါတယ်။  မာနေးဟာ အခုနှစ် ဘောလုံးရာသီမှာ လီဗာပူးအသင်းအတွက် စုစုပေါင်း ၃၈ ပွဲမှာ ၁၈ ဂိုး သွင်း၊ ၁၂ ကြိမ် ဂိုးဖန်းတီးနိုင်ခဲ့ပြီး PFA ဆု ဆန်ခါတင်စာရင်းမှာ ဒီဘရိုင်းလည်း ပါဝင်လာဖို့ရှိနေပါတယ်။
1 year Ago

လီဗာပူးတွင် မာနေး ကာလရှည်ကြာ မကစားဟု လက်ရွေးစင်အသင်းဖော် ပြော

မာနေးဟာ လီဗာပူးအသင်းမှာ ကာလရှည်ကြာ ကစားမယ့်သူ မဟုတ်ကြောင်း ဆီနီဂေါ လက်ရွေးစင် အသင်းဖော် ကီတာဘယ်ဒီက ပြောလိုက်ပါတယ်။  ပြင်သစ်ကလပ် မိုနာကိုမှာ ကစားနေတဲ့ တိုက်စစ်မှူး ဘယ်ဒီဟာ ဆီနီဂေါအသင်းမှာတော့ မာနေးနဲ့ တွဲဖက်ကစားခဲ့ဖူးပါတယ်။ မာနေးကို  စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းကလည်း ခေါ်ယူလိုတယ်လို့ သတင်းထွက်ပေါ်ဖူးပါတယ်။  မာနေးဟာ အလွန်တော်တဲ့သူဖြစ်ပြီး ဘယ်လိုအချိန်မှာ ဘာလုပ်ရမလဲဆိုတာ သိတာကြောင့် လီဗာပူးအသင်းမှာ နောက်ထပ် ၁ နှစ်၊ ၂ နှစ်ထက်ပိုပြီး ဆက်ကစားမယ်လို့ မထင်ကြောင်း ဆီနီဂေါ အသင်းဖော် ဘယ်ဒီက ပြောပါတယ်။  ထိပ်တန်းအသင်းတသင်းက စွဲမက်စရာ ကမ်းလှမ်းမှုတွေ အမှန်တကယ် ရှိလာမယ်ဆိုရင်တော့ မာနေးဟာ လီဗာပူးက ထွက်ခွာလိမ့်မယ်လို့လည်း ဘယ်ဒီက ဆိုပါတယ်။  မာနေးဟာ အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာပါ။ ၂၀၁၆ ခုနှစ်က ဆောက်သမ်တန်ကနေ ပြောင်းရွှေ့လာတဲ့ မာနေးဟာ လီဗာပူးအတွက် စုစုပေါင်း ၁၆၁ ပွဲမှာ ၇၇ ဂိုးသွင်း၊ ၃၄ ကြိမ် ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။
1 year Ago

ဆာလက်ထက် မာနေး ရီးရဲလ်ကို ရောက်နိုင်ခြေ ပိုများပါတယ် - ဆစ်ဆိုကို

လီဗာပူး တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ မဝေးတော့တဲ့အနာဂတ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားနိုင်ခြေရှိနေတယ်လို့ ကစားသမားဟောင်း မိုဟာမက်ဆစ်ဆိုကိုက ပြောပါတယ်။  မာနေးဟာ  ရီးရဲလ်မက်ဒရစ်မှာ အောင်မြင်ဖို့ အလားအလာတွေ ရှိနေသူလို့လည်း သူက ယူဆထားပါတယ်။  မာနေးဟာ လီဗာပူးအသင်းကို ၂၀၁၆ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အဲဒီအချိန်ကတည်းက  ဥရောပရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦး ဖြစ်လာခဲ့ကာ ၁၆၁ ပွဲ ကစားပြီး ၇၉ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဆီနီဂေါ လက်ရွေးစင်ဟာ ဖာမီနို၊ ဆာလတ်တို့နဲ့ တွဲဖက်ကာ အကောင်းဆုံးခြေစွမ်းပြနေသူ ဖြစ်ပြီး လီဗာပူးအသင်းရဲ့ အောင်မြင်မှုတွေပေါ်မှာလည်း တော်တော်လေး အကျိုးသက်ရောက်မှု ရှိစေခဲ့သူ ဖြစ်ပါတယ်။ မာနေးဟာ ဒီရာသီမှာ လီဗာပူးအသင်းအတွက် ၁၄ ဂိုးအထိ သွင်းယူပေးထားပြီး ထိပ်တန်းဂိုးသွင်းရှင် ဆာလတ်နဲ့  နှစ်ဂိုးသာ ကွာတော့ပါတယ်။  ထွက်ပေါ်လာတဲ့သတင်းတွေအရ သူတို့နှစ်ဦးစလုံးကို ရီးရဲလ်မက်ဒရစ်အသင်းက  ကာလရှည်စောင့်ကြည့်ခဲ့တာဖြစ်ပြီး ဇီဒန်းဟာ အဓိကတိုက်စစ်မှူး ဘင်ဇီမာအတွက် အထောက်အကူဖြစ်စေဖို့ လီဗာပူး တိုက်စစ်မှူးနှစ်ဦးကို မျက်စိကျနေတာ ဖြစ်ပါတယ်။  ဒီအခြေအနေမှာ လီဗာပူး ကစားသမားဟောင်း ဆစ်ဆိုကိုက ဆာလတ်ထက် မာနေးဟာ ရီးရဲလ်အသင်းအတွက် ပိုသင့်တော်သူဖြစ်ပြီး ရီးရဲလ်အသင်းကသာ တရားဝင်  ကမ်းလှမ်းမှု လုပ်လာမယ်ဆိုရင် မာနေးကို ရီးရဲလ်အင်္ကျီနဲ့ မြင်တွေ့ရဖို့ရှိတယ်လို့ ပြောပါတယ်။ Europa Calcio နဲ့ တွေ့ဆုံခဲ့ရာမှာ လီဗာပူး ကွင်းလယ်လူဟောင်းက “ကျနော့်အထင် ဆာလတ်ထက် မာနေးက ရီးရဲလ်အသင်းကို ရောက်သွားနိုင်ခြေပိုများပါတယ်။ သူဟာ ဇီဒန်း ကြိုက်တဲ့ ကစားသမားမျိုးဖြစ်ပြီး ဇီဒန်းကိုယ်တိုင်ကလည်း သူ့ကို ထုတ်ဖော်ချီးကျူးထားပါတယ်။ ဒါ့ကြောင့် မာနေးသာ ရီးရဲလ်ကို ရောက်သွားပါလိမ့်မယ်” လို့ပြောဆိုခဲ့ပါတယ်။  ဆာလက်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတော့ “ဆာလက် လီဗာပူးသင်းမှာ ဆက်ရှိ မလား ဆိုတာ ကျနော် သေချာတော့ မပြောနိုင်ပါဘူး။ တကယ်လို့ သူ အသင်းပြောင်းဖြစ်တယ် ဆိုရင်လည်း ဒါဟာ  လီဗာပူးအတွက် မကောင်းတဲ့ကိစ္စတော့ ဖြစ်မလာနိုင်ပါဘူး။ သူတို့ဟာ ပါးနပ်တဲ့အသင်းဖြစ်ပြီး ဆာလက်နေရာကို ဘယ်လိုအစားထိုးရမလဲ စဉ်းစားထားပြီး ဖြစ်ပါလိမ့်မယ်။ နောက်ပြီးတော့ သူတို့မှာ ကောင်းမွန်တဲ့ လူငယ်ကစားသမားတွေလည်း ရှိနေပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။
1 year Ago

မာနေးကို ပေါင်သန်း ၁၄၀ ဖြင့် ခေါ်ယူရန် ရီးရဲလ်မက်ဒရစ် ကြိုးပမ်းလာနိုင်

ရီးရဲလ်မက်ဒရစ်အသင်း နည်းပြ ဇီဒန်းဟာ လီဗာပူး တိုက်စစ်မှူး ဆာဒီယိုမာနေးကို ပထမဦးစားပေး အပြောင်းအရွှေ့ ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ဆီနီဂေါသားကို ပေါင် သန်း ၁၄၀ နဲ့ ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုသွားဖို့ ရှိနေပါတယ်။ မာနေးဟာ ယာဂန်ကလော့ပ်ရဲ့ အသင်းအတွက် အဓိကကစားသမားတဦးအဖြစ် အသုံးတော်ခံနေသူ ဖြစ်ပြီး ဒီရာသီမှာ အထူးခြေစွမ်းပြသနေကာ ပြိုင်ပွဲစုံ ၁၆ ဂိုး သွင်းပြီး ၈ ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။ ဒါ့အပြင် အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်း ၂၅ မှတ်နဲ့ ဦးဆောင်ခွင့်ရရှိရေးအတွက် အဓိကနေရာကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဇီဒန်းဟာ မာနေးကို ကာလရှည် သဘောကျခဲ့သူ ဖြစ်ပြီးတော့ သူ့ကို ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွက် ပထမဦးစားပေးအဖြစ် သတ်မှတ်ထားတယ်လို့ Daily Mirror သတင်းမှာ ဖော်ပြပါတယ်။  မာနေးရဲ့ ကိုယ်စားလှယ်အဖွဲ့ကလည်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စိတ်ဝင်စားမှုကို သတိပြုမိထားပြီး စပိန်အသင်းဟာ မာနေးကို မာဆေးဆိုဒ်အသင်းကနေ ထွက်ခွာပြီး စပိန်မြေမှာ စိန်ခေါ်မှုအသစ်တွေနဲ့ လာရောက်ရင်ဆိုင်ရေးအတွက် ညှိနှိုင်းနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။  မာနေးဟာ လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေသေးသူ ဖြစ်ပြီးတဲ့အပြင် လီဗာပူးအသင်းရဲ့ အဓိကကစားသမားတွေထဲက တဦးဖြစ်တဲ့ သူ့ကို ခေါ်ယူဖို့ဆိုရင် ပြောင်းရွှေ့ကြေးပမာဏဟာ လီဗာပူးအသင်းအတွက် မက်လောက်စရာ အနေအထားတခု ဖြစ်ဖို့လိုအပ်တယ်လို့ Mirror သတင်းမှာ သုံးသပ်ထားပါတယ်။  ဇီဒန်းရဲ့ မာနေးအပေါ် ထားရှိတဲ့ သဘောထားကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ သူ့ကို ပေါင်သန်း ၁၄၀ ထက်မနည်းတဲ့ ပမာဏနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ်ရှိပါတယ်။ မာနေးဟာ ဆာလတ်၊ ဖာမီနိုတို့နဲ့အတူ လီဗာပူးအသင်းအတွက် ရပ်တန့်ဖို့ ခက်ခဲတဲ့ သုံးယောက်တွဲ တိုက်စစ်ကို ပုံဖော်ထားနိုင်ခဲ့သူဖြစ်ပြီး အားကစားအီအစဉ် သုံးသပ်သူတွေရဲ့ ချီးကျူးမှုတွေကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။  ယူနိုက်တက်ဂန္ထဝင် နောက်ခံလူ ဖာဒီနန်က လီဗာပူး သုံးယောက်တွဲ တိုက်စစ်မှာ သူ ရင်ဆိုင်လိုခြင်းမရှိသူက မာနေး ဖြစ်တယ်လို့ ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။
1 year Ago

လီဗာပူးက နော့ဝှစ်ချ်ကို မာနေး၏သွင်းဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းက နော့ဝှစ်ချ်ကို မာနေးရဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။  လီဗာပူးအသင်းဟာ အမှတ်ပေးဇယားအဆင့် ၂၀ က နော့ဝှစ်ချ်ကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ပွဲချိန် ၇၈ မိနစ်မှာ လူစား ဝင်ကစားတဲ့ မာနေးက သွင်းယူနိုင်ခဲ့လို့ အနိုင် ၃ မှတ် ရယူနိုင်ခဲ့တာပါ။ မာနေးအတွက် ပရီးမီးယားလိဂ်သွင်းဂိုး စုစုပေါင်း ၁၀၀ ပြည့်မြောက်ခဲ့ပြီး လီဗာပူးအတွက် ၇၅ ဂိုး၊ အသင်းဟောင်း ဆောက်သမ်တန်အတွက် ၂၅ ဂိုး သွင်းယူခဲ့တာပါ။  ဒီနိုင်ပွဲကြောင့် ဒုတိယနေရာက မန်စီးတီးအသင်းကို တပွဲပိုကစားပြီး ၂၅ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဖေဖော်ဝါရီ ၁၉ ရက်မှာ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ပထမအကျော့ပွဲစဉ် ကစားရမှာဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ မှာတော့ ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပြန်လည်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။  မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အစောပိုင်း ပွဲစဉ်တခုမှာတော့ ဆောက်သမ်တန်က အိမ်ကွင်းမှာ ဘန်လေကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
1 year Ago

အာဖရိက တနှစ်တာအကောင်းဆုံးကစားသမားဆုကို လီဗာပူးတိုက်စစ်မှူး မာနေး ဆွတ်ခူး

အာဖရိကဘောလုံးအဖွဲ့ချုပ် (Caf) ရဲ့ တနှစ်တာ အကောင်းဆုံးကစားသမားဆုကို လီဗာပူးတိုက်စစ်မှူး ဆာဒီယိုမာနေးက ဆွတ်ခူးရရှိခဲ့ပါတယ်။  မာနေးဟာ ဒီဆုကို လီဗာပူးအသင်းဖော် မိုဟာမက်ဆာလက်၊ မန်စီတီးအသင်းရဲ့ အယ်လ်ဂျီးရီးယားတိုက်စစ်မှူး ရီယဒ်မာရက်ဇ်တို့ကို ဖြတ်ကျော်ရရှိသွားခဲ့တာပါ။  အသက် ၂၇ နှစ်အရွယ်မာနေးဟာ ပြီးခဲ့တဲ့ရာသီ လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ဖို့ အဓိကနေရာကနေ ကူညီပေးခဲ့တဲ့ ကစားသမားတဦးဖြစ်ပြီး တရာသီအတွင်း အသင်းအတွက် ဂိုး ၃၀ သွင်းယူပေးခဲ့ကာ အခုရာသီမှာပြီး ၁၅ ဂိုးအထိ သွင်းယူထားနိုင်သူဖြစ်ပါတယ်။  “ကျနော် ဒီဆုရတဲ့အတွက် အရမ်းကိုဝမ်းသာဂုဏ်ယူမိပါတယ်။ ဘောလုံးအားကစားဟာ ကျနော့်ရဲ့အလုပ်ဖြစ်ပြီး ကျနော်ဒါကို မြတ်နိုးပါတယ်။ ပြီးတော့ ကျနော့်ရဲ့မိသားစု၊ နိုင်ငံအသင်းနဲ့ အသင်းဝန်ထမ်းတွေ၊ ဘောလုံးအဖွဲ့ချုပ်အပြင် လီဗာပူးအသင်းတို့ကိုလည်း ကျေးဇူး တင်တယ်လို့ပြောချင်ပါတယ်။ ဒီနေ့ဟာ ကျနော့်အတွက် တကယ့်နေ့ထူးနေ့မြတ်ပါပဲ” လို့ ဆု လက်ခံယူပြီးတဲ့နောက်မှာ မာနေးကပြောဆိုခဲ့ပါတယ်။  မာနေးဟာ အီဂျစ်နိုင်ငံမှာ လုပ်ခဲ့တဲ့ အခမ်းအနားကို တက်ရောက်ဆုယူခဲ့တာဖြစ်ပြီး ဆာလက်နဲ့ မာရက်ဇ်တို့ကတော့ ဒီအခမ်းအနားကို တက်ရောက်ခဲ့ခြင်းမရှိပါဘူး။  မာနေးဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ဒီဆုအတွက် ထိပ်ဆုံးဇကာတင်သုံးဦးစာရင်းမှာ ပါဝင်နိုင်ခဲ့ပေမယ့် ဆုနဲ့လွဲချော်ခဲ့ရသူဖြစ်ပါတယ်။  မာနေးရဲ့စံပြကစားသမားတွေထဲက တဦးဖြစ်တဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း ဒီအော့ဖ်ဟာ ဒီဆုကို ၂၀၀၂ ခုနှစ်မှာဆွတ်ခူးနိုင်ခဲ့ပြီး သူ့စံပြကစားသမားခြေရာကို နင်းနိုင်ဖို့အတွက် မာနေးဟာ ဒီဆုကို ကာလရှည်ပစ်မှတ်ထားခဲ့သူလည်းဖြစ်ပါတယ်။  ပြီးခဲ့တဲ့နှစ်အတွက် အကောင်းဆုံးသွင်းဂိုးဆုကို အာဖရိက ဖလားပြိုင်ပွဲမှာ နိုင်ဂျီးရီးယားအသင်းကို သွင်းယူခဲ့တဲ့ မာရက်ဇ်ရဲ့ ဖရီးကစ်ဂိုးက ရရှိသွားခဲ့ပါတယ်။  အာဖရိက အကောင်းဆုံးအသင်းမှာလည်း မာနေး၊ မာရက်ဇ်နဲ့ ဆာလက်အပြင် ပရီးမီးယားလိဂ်ကစားသမားတွေဖြစ်တဲ့ လီဗာပူးခံစစ်မှူး ဂျိုဝယ်မာတစ်၊ တော့တင်ဟမ်ညာနောက်ခံလူ ဆာ့ဂျ် အော်ရီယာနဲ့ အာဆင်နယ်အသင်း တိုက်စစ်မှူး ပီယာရီအမ်းမရစ်၊ အူဘာမီယန်းတို့ပါဝင်ခဲ့ပါတယ်။  ဒီဆုပေးပွဲမှာ ဒေါ့မွန်အသင်းကို အငှားလာရောက်ကစားနေတဲ့ ရီးရဲလ်အသင်းရဲ့ အသက် ၂၁ နှစ်အရွယ်ညာနောက်ခံလူ အာရက်ဖ်ဟာကီမီက အကောင်းဆုံးလူငယ်ကစားသမားဆုကို ဆွတ်ခူးခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အာဆီ ဆတ် အိုရှာလကတော့ အကောင်းဆုံး အမျိုးသမီးကစားသမားဆုကို ရရှိခဲ့ပါတယ်။  အာဖရိကတိုက်ရဲ့ အကောင်းဆုံးအမျိုးသားဘောလုံးအသင်းဆုကို အာဖရိကဖလားချန်ပီယံ အယ်လ်ဂျီးရီးယားအသင်းက ရရှိခဲ့ပြီး အမျိုးသမီးအသင်းဆုကိုတော့ ကင်မရွမ်းအသင်းကရရှိခဲ့ပါတယ်။  အယ်လ်ဂျီးရီးယားနည်းပြ ဒီဂျမဲလ်ဘယ်မာဒီက အကောင်းဆုံးအမျိုးသားနည်းပြဆုကို ရရှိခဲ့ပြီး တောင်အာဖရိကအမျိုးသမီး လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ဒီဆီရီ အဲလစ်ကတော့ အကောင်းဆုံးအမျိုးသမီးနည်းပြဆုကို ရရှိခဲ့ပါတယ်။
1 year Ago

အာဖရိက အကောင်းဆုံး ကစားသမားဆုစာရင်းတွင် မာနေး၊ ဆာလက်နဲ့ မာရက်ဇ်တို့ ပါဝင်

အာဖရိကရဲ့ ၂၀၁၉ တနှစ်တာအတွက် အကောင်းဆုံးကစားသမားဆုအတွက် နောက်ဆုံး ဆန်ကာတင် သုံးယောက်  စာရင်းမှာ မာနေး၊ ဆာလက်နဲ့ မာရက်ဇ်တို့ ပါဝင်နေပါတယ်။ အဲဒီထဲမှာ တိုက်စစ်မှူးတွေဖြစ်တဲ့ မာနေးနဲ့ ဆာလက်တို့က လီဗာပူး ကစားသမားတွေပါ။  မာရက်ဇ်ကတော့ မန်စီးတီးအသင်းက ဖြစ်ပါတယ်။  သူတို့ ၃ ယောက်ထဲမှာ ဆီနီဂေါ တိုက်စစ်မှူး မာနေးက ဆုအတွက် ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ အာဖရိက အတွက် အကောင်းဆုံး ကစားသမားဆုကို အာဖရိက ၅၄ နိုင်ငံက နည်းပြနဲ့ အသင်းခေါင်းဆောင်တွေက မဲပေးရွေးချယ်တာ ဖြစ်ပါတယ်။  တိုက်စစ်မှူး ဆာလက်ကတော့ ဒီဆုကို ပြီးခဲ့တဲ့ ၂နှစ်ဆက်တိုက် ရရှိထားပါတယ်။  အာဖရိက အကောင်းဆုံး ကစားသမားဆုကို လာမယ့် ဇန်နဝါရီ ၇ ရက်နေ့မှာ အီဂျစ်နိုင်ငံမှာ အခမ်းအနားနဲ့ ပေးအပ်သွားမှာပါ။ 
1 year Ago

ဘလွန်ဒီအောဆု မာနေး စိန်ခေါ်နိုင်မည်ဟု လီဗာပူးနည်းပြ ပြော

လီဗာပူးတိုက်စစ်မှူး မာနေးဟာ မက်ဆီနဲ့အပြိုင် ဘလွန်းဒီအောဆုကို စိန်ခေါ်နိုင်လိမ့်မယ်လို့ နည်းပြ ဂျာဂန်ကလော့ပ်က ချီးကျူးလိုက်ပါတယ်။  မာနေးဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်ခဲ့တဲ့ ဘလွန်ဒီအော ကမ္ဘာ့အကောင်းဆုံး ကစားသမား ချီးမြှင့်ပွဲမှာ စတုတ္ထနေရာမှာ ရပ်တည်ခဲ့တာပါ။  အကောင်းဆုံး ကစားသမားဆုရခဲ့တဲ့ မက်ဆီကလည်း မာနေးဟာ စတုတ္ထနေရာထက်ပိုပြီး မြင့်တဲ့နေရာနဲ့ ထိုက်တန်သူဖြစ်တယ်လို့ ချီးကျူးခဲ့ပြီး အကောင်းဆုံးဆုအတွက် မာနေးကို မဲပေးခဲ့တယ်လို့ ဆိုခဲ့ပါတယ်။  လီဗာပူးနည်းပြ ကလော့ပ်ကတော့ မာနေးအနေနဲ့ ဒဏ်ရာပြဿနာမရှိဘဲ ကြံ့ခိုင်မှု အမြဲတမ်း ပြည့်ဝနေမယ်ဆိုရင်တော့ အနာဂတ်မှာ ဘလွန်ဒီအောဆုကို စိန်ခေါ်နိုင်ပြီး အခုနှစ်ထက်လည်း အဆင့်မြင့်တက်လာနိုင်ကြောင်း  သုံးသပ်ခဲ့ပါတယ်။
1 year Ago

မာနေးအတွက် စိတ်မကောင်းဟု မက်ဆီပြော

ကျင်းပပြီးစီးခဲ့တဲ့ Ballon d’Or ဆုရစာရင်းမှာ လီဗာပူးလ်တိုက်စစ်မှူး ဆာဒီယိုမာနေးလ် တယောက် အဆင့်လေးနေရာမှာပဲ ရှိနေတာက မဖြစ်သင့်တဲ့ ရှက်ဖွယ်ဖြစ်ရပ်တခုဖြစ်တယ်လို့ လီယွန်နယ်မက်ဆီက  ပြောဆိုလိုက်ပါတယ်။  ဒီဆုပေးပွဲမှာ မက်ဆီဟာ သူ့ကစားသမားဘဝရဲ့ ခြောက်ကြိမ်မြောက် Ballon d’Or ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ဆီနီဂေါလက်ရွေးစင်မာနေးလ်ကတော့ မက်ဆီ၊ ဗန်ဒိုက်နဲ့ ရော်နယ်ဒိုတို့ရဲ့နောက် နံပါတ်လေး နေရာမှာပဲရှိခဲ့ပါတယ်။ ဒီဆုအတွက် မဲပေးရွေးချယ်မှုမှာ မက်ဆီက မာနေးကို မဲပေးခဲ့တာဖြစ်ပြီး ပြီးပြည့်စုံတဲ့ ဘောလုံးရာသီတခုကို ပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ဖီဖာအကောင်းဆုံးဆုစာရင်းရဲ့ ထိပ်ဆုံးသုံးဦးစာရင်းမှာ မပါဝင်ခဲ့တာ မာနေးအတွက် ကံမကောင်းဘူးလို့ မက်ဆီက ယူဆနေပါတယ်။     “မာနေးက အဆင့်လေးနေရာမှာပဲ ရှိနေခဲ့တာက တကယ်တော့ ရှက်စရာပါပဲ။ ဒါပေမယ့် ဒီနှစ်ဆုပေးပွဲမှာ ပြီးပြည့်စုံတဲ့ ကစားသမားကောင်းတွေ အများကြီးပါဝင်နေတာကိုတော့ သတိပြုရ မှာပေါ့။ ဒီအချက်ကြောင့်ပဲ တကယ်ကောင်းတဲ့ကစားသမားတဦးကို ရွေးချယ်ဖို့ ခက်ခဲခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်ကတော့ မာနေးကိုမဲပေးခဲ့ပါတယ်။ သူဟာ ကျနော် နှစ်သက်တဲ့ ကစားသမားမျိုးပါပဲ” လို့ အာဂျင်တီးနားအသင်းခေါင်းဆောင်က Canal+ သတင်းကို ပြောဆိုခဲ့ပါတယ်။  ပြီးခဲ့တဲ့နှစ်မှာ အောင်မြင်မှုတွေရရှိခဲ့တဲ့ လီဗာပူးလ်အသင်းအတွက် မာနေးဟာ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။  “ဒါ့ကြောင့်လည်း ကျနော်သူ့ကိ‌ေ အကောင်းဆုံးကစားသမားအဖြစ်ရွေးချယ်မဲပေးခဲ့တာပါ။     ဒါပေမဲ့ ကျနော်ပြောခဲ့သလိုပါပဲ။ ဒီနှစ်အတွက် ဆုပေးပွဲမှာ ကစားသမားကောင်းတွေ အများကြီး ရှိနေခဲ့တာကြောင့် ရွေးချယ်ရေးမှာ အခက်အခဲရှိခဲ့တာပါ” လို့ မက်ဆီက ဆက်လက်ပြောဆိုသွား ခဲ့ပါတယ်။  ပုံစံကောင်းတွေပြသနေတဲ့ မာနေးဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဗိုလ်ဆွဲခဲ့တဲ့ လီဗာပူးလ် အသင်းအတွက် အဓိကနေရာက ပါဝင်ခဲ့ပြီး အခုရာသီပရီးမီးယားအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးလ်းအသင်းအတွက်လည်း မရှိမဖြစ် ကစားသမားတဦးအဖြစ် အသုံးတော်ခံနေပါတယ်။
1 year Ago

ဘောကောက်လူငယ်ကို ဂျာစီချွတ်ပေးခဲ့သည့် မာနေးအား ပရိသတ်များ ချီးကျူး

Zawgyi Version ဘောကောက်လူငယ်ကို ဂျာစီချွတ်ပေးခဲ့သည့် မာနေးအား ပရိသတ်များ ချီးကျူး DVB ဘောလုံးကောက်တဲ့ လူငယ်လေးကို ဂျာစီချွတ်ပေးခဲ့တဲ့ လီဗာပူး ကစားသမား မာနေးကို ပရိသတ်တွေက ချီးကျူးနေကြပါတယ်။ လီဗာပူးအသင်းက ချဲလ်ဆီးအသင်းကို အနိုင်ယူ ဗိုလ်စွဲခဲ့တဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲစဉ်မှာ တိုက်စစ်မှူး မာနေးက ၂ ဂိုးသွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ မာနေးဟာ အချိန်ပို ၁၀၃ မိနစ်မှာတော့ တိုက်စစ်မှူး အိုရီဂီနဲ့ လူစားလဲခံခဲ့ရပါတယ်။ လူစားလဲခဲ့အပြီး အရန်ခုံတန်းကို ရောက်တဲ့အချိန်မှာတော့ ဘောလုံးကောက်တဲ့ လူငယ်လေးကို ခေါ်လိုက်ပြီး ပွဲကစားခဲ့တဲ့ သူ့ရဲ့ဂျာစီကို လက်ဆောင်ပေးကာ ပွေ့ဖက်ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီအပြုအမူကို လူမူကွန်ရက်စာမျက်မှာတွေကနေလည်း ပရိသတ်အများအပြား မြင်တွေ့ခဲ့ကြရပြီး မာနေးရဲ့စိတ်ဓာတ် အပြုအမူနဲ့ ပတ်သက်ပြီး ချီးကျူးရေးသားတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ "မာနေးဆီက အဆင့်အတန်းရှိတဲ့ အပြုအမူ” ဆိုပြီးတော့လည်း ပရိသတ်တဦးက ချီးကျူးရေးသားခဲ့ပါတယ်။ ဆီနီဂေါတိုက်စစ်မှူး မာနေးဟာ ကွင်းထဲမှာ ခြေစွမ်းပြနိုင်ရုံတင်မကဘဲ ကွင်းပြင်ပမှာ လုပ်ဆောင်ခဲ့တဲ့ သူ့ရဲ့အပြုအမူနဲ့ ပေးကမ်းလှူဒါန်းမှုတွေကြောင့် ချီးကျူးခံရလေ့ ရှိပါတယ်။ မာနေးဟာ ဆီနီဂေါနိုင်ငံက သူ့ရဲ့ဇာတိရွာမှာ ဆေးရုံနဲ့ ကျောင်းဆောင်တွေကိုလည်း ဆောက်လုပ်လှူဒါန်းထားပါတယ်။
2 years Ago

လီဗာပူးက စပါးအသင်းကို (၃-၁) ဂိုးဖြင့်နိုင်ပြီး ထိပ်ဆုံး ၄ သင်း စာရင်း ဝင်လာ

ဒီကနေ့ မနက်  ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်မှာ လီဗာပူးအသင်းက  စပါးအသင်းကို  ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ပရီးမီးယားလိဂ်မှာ ၅ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ လီဗာပူးအသင်းဟာ စပါးနဲ့ပွဲမှာတော့ အဝေးကွင်းပွဲစဉ်ဖြစ်ပေမဲ့ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး နိုင်ပွဲပြန်ရှာ တွေ့ခဲ့တာပါ။

ပထမပိုင်းပြီးခါနီးမှာ တိုက်စစ်မှူးဖေမီနိုက ဦးဆောင်ဂိုးစတင်သွင်းယူခဲ့ပြီး ဒုတိယပိုင်း အစမှာလည်း အာနိုးလ်က လီဗာပူးအတွက်  ဒုတိယဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ 

၂ မိနစ်အတွင်းမှာပဲ စပါးကွင်းလယ်လူ ဟော့ဘယက်ချ်က ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့သေးပေမယ့် ပွဲချိန် ၆၅ မိနစ်မှာ မာနေးက လီဗာပူးလ်အသင်းအတွက်  အနိုင်သေချာစေမယ့် ဂိုးသွင်းယူသွားခဲ့ တာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် လစ်ဗာပူးအသင်းက ရမှတ် ၃၇ မှတ်နဲ့  လက်စတာ ၊ မန်ယူနဲ့ မန်စီးတီးအသင်းတွေကို ဖိအားပေးနိုင်ခဲ့ ပါတယ်။

စပါးအသင်းကတော့ အနိုင်ရမယ်ဆိုရင် အဆင့်လေးကိုတက်လှမ်းနိုင်မှာဖြစ်ပေမယ့် ရှုံးပွဲ တွေ့ခဲ့လို့  အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။ 

လီဗာပူးအသင်းဟာ စပါးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ထိပ်ဆုံး ၄ သင်းစာရင်းကို ဝင်ရောက်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။

အခုလို နိုင်ခဲ့တာကြောင့်  လီဗာပူးအသင်းဟာ ဘာလဲဆိုတာ ပြသနိုင်ခဲ့တယ်လို့  နည်းပြ ကလော့ပ်က ကြုံးဝါးခဲ့ပါတယ်။ 

အခုဆို ဒီနိုင်ပွဲကြောင့် လီဗာပူးဟာ ဇယားထိပ်က မန်စီတီးအသင်းထက် တစ်ပွဲပို ၄ မှတ်ကွာ အနေအထားကိုရောက်လာခဲ့ပြီဖြစ်ပါတယ်။ 

ဒီပွဲမှာ ဖာမီနို၊ အာနိုးလ်နဲ့ မာနေးတို့က လီဗာပူးအသင်းအတွက် ၂၀၂၁ ခုနှစ်ထဲမှာ ပထမဆုံး အဖြစ်လိဂ်ဂိုးတွေကို သွင်းယူပေးခဲ့ပြီး ဘန်လေနဲ့ ယူနိုက်တက်အသင်းတို့ကို ၂ ပွဲဆက်ရှုံးနိမ့်မှုကနေ ရုန်းထွက်ပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အသင်းအတွက် ဒဏ်ရာပြဿနာတွေရှိခဲ့တာကတော့ သတင်းဆိုးပါပဲ။ 

“ကျနော်တို့ မှန်ကန်တဲ့ အချိန်မှာ ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ အရမ်းကောင်းတဲ့ဂိုးတွေပါ။ အသင်းရဲ့ပုံစံ  ကောင်းဆိုတာထက် အသင်းက ဘာလဲဆိုတာ ပြသနိုင်ခဲ့တာပါ။ မြန်မြန်ဆန်ဆန် ကစားနိုင်ခဲ့သလို တန်ပြန်တိုက်စစ်တွေနဲ့ ခံစစ်ကစားပုံကလည်း ကောင်းခဲ့ပါတယ်။ ကျနော်လိုချင်တဲ့ ပုံစံမျိုးလည်း မြင်တွေ့ခွင့်ရခဲ့ပါတယ်” လို့ ကလော့ပ်က ပြောပါတယ်။ 

စပါးအိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲဟာ တကယ်ကို အကြိတ်အနယ်ရှိခဲ့ပြီး ပွဲအစကတည်းက  နှစ်ဘက်ကစားသမားတွေ အပြန်လှန်လွဲချော်မှုရှိခဲ့လို့သာ စောစောစီးစီး ဂိုး မရခဲ့တာဖြစ်ပါတယ်။ 

ဒီပွဲမှာ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ရဲ့ သွင်းဂိုး တစ်ဂိုးဟာ VAR နဲ့ ပယ်ဖျက်ခြင်းခံခဲ့ ရသလို ဆာလတ်ရဲ့ သွင်းဂိုး တစ်ဂိုးဟာလည်း VAR ကြောင့် နစ်နာခဲ့ရပါတယ်။ 

3 months Ago

အန်ဖီးလ်ကွင်းပွဲနဲ့ မတူတဲ့ရလဒ် ထွက်ပေါ်ဖို့ရှိနေတဲ့ ယူနိုက်တက် - လီဗာပူး ပွဲကြိုသုံးသပ်ချက်

  ပရီးမီးယားလိဂ် ဂိုးမရှိတွေ့ဆုံမှုအပြီး တစ်ပတ်အကြာမှာ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူး တို့ဟာ အက်ဖ်အေဖလား စတုတ္တအဆင့်အဖြစ် ဒီနေ့ ထပ်မံယှဉ်ပြိုင်ဖို့ရှိနေပါတယ်။  ဒီတစ်ကြိမ် အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ယူနိုက်တက်အသင်း ခြေစွမ်းတက်နေချိန်မှာ လီဗာပူးအသင်းကတော့ စံချိန်တင်ဂိုးပေါက်ပျောက်ဆုံးမှုနဲ့အတူ ရုန်းကန်နေရပါတယ်။  လိဂ်ဖလားပွဲဖြစ်နေပေမယ့် ဒီ ၂ သင်းကြားမှာရှိတဲ့ ပြိုင်ဆိုင်မှုအခြေအနေကြောင့် ၂ ဖက်လုံးက အကောင်းဆုံးလူစာရင်းနဲ့ ခြေကုန်ထုတ်ကစားသွားကြမှာပဲဖြစ်ပါတယ်။ ယူနိုက်တက်အသင်းမှာ ဗစ်တာလင်ဒီလော့ဖ်ပြန်ပါလာနိုင်မှာဖြစ်ပြီး ဆိုးလ်ရှားအနေနဲ့ ဒီပွဲမှာ အဓိက ကစားသမား ဘယ်နှယောက်လောက်ကို အနားပေးသွားမလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။  ဂိုးသမားနေရာမှာတော့ လိဂ်ပွဲတွေကို တာဝန်ယူရတဲ့ ဟန်ဒါဆန်ဖြစ်လာဖို့ ရှိနေပြီး ညာအစွန်မှာ ဝမ်ဘစ်ဆာခါကိုပဲ ဆက်ကစားစေမယ်လို့ယူဆရပါတယ်။  ဘယ်နောက်ခံလူနေရာမှာ လုရှောအစား တဲလက်စ်ဖြစ်လာဖို့များပြီး အတွင်းလူ ၂ နေရာကို လင်ဒီလော့ဖ်နဲ့ အသင်းခေါင်းဆောင်မက်ဂွိုင်းယား ကစားပါမယ်။  ကွင်းလယ်မှာ တွမ်မီနေး၊ ဖရက်၊ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ ပါလာနိုင်တာကြောင့် ဘန်ဒီဘိခ်အနေနဲ့ နေရာပျောက်ဖို့ရှိနေပါတယ်။ ဗန်ဒီဘိခ်ကို ဒီပွဲမှာအသုံးပြုသွားမယ်လို့ ဆိုးလ်ရှား က ပြောထားတာကြောင့် ကွင်းလယ်မှာ အပြောင်းအလဲတစ်ချို့ မြင်တွေ့ရ မလား စောင့်ကြည့်ရပါမယ်။ တိုက်စစ်ကို ကာဗာနီနဲ့ ရက်ဖို့ဒ်တို့ ဦးဆောင်လာနိုင်တာကြောင့် ၄-၂-၃-၁ ကစားကွက်နဲ့ ကစားမယ်လို့ သတ်မှတ်ရပါမယ်။     လီဗာပူးအသင်းဘက်မှာတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ပြန်ပါလာဖို့ ရှိနေပါတယ်။ ကြားရက်မှာ စပါး နဲ့ ကစားရဖို့ရှိနေတာကြောင့် ကလော့ပ်အနေနဲ့ အဓိကကစားသမားတစ်ချို့ကို အနားပေးရဖို့ ရှိနေပါတယ်။  ဒါပေမယ့် ကလော့ပ်အနေနဲ့ တနင်္ဂနွေပွဲမှာသုံးခဲ့တဲ့ လူစာရင်းကိုတော့ အများကြီးအပြောင်းအလဲလုပ်သွားဖို့ မရှိပါဘူး။ ဒါ့ကြောင့် ဂိုးသမားနေရာမှာ အလီဆန်ကိုပဲ ထပ်မြင်ရဖို့ရှိနေပြီး မာတစ်နဲ့ ဖာဘင်ဟိုတို့က နောက်တန်းမှာတာဝန်ယူပါလိမ့်မယ်။  ဆီမီကတ်စ်ဒဏ်ရာကနေ ပြန်ကောင်းလာပြီဖြစ်ပေမယ့် ဘယ်နောက်ခံလူနေရာ  ကို ရော်ဘတ်ဆန်ပဲ ကစားသွားဖို့ရှိနေပြီး ညာနောက်ခံလူနေရာမှာတော့ အာနိုးလ်အစား နီကိုးဝီလီယမ်ကို မြင်ရဖို့ရှိနေပါတယ်။  စပါးနဲ့ပွဲအတွက် ဟန်ဒါဆန်ကို အနားပေးဖို့ရှိနေတာကြောင့် ကွင်းလယ်မှာတော့ မီလ်နာ၊ ဝစ်ဂျ်နယ်ဒမ်တို့ကို ကာတစ်ဂျုံးနဲ့ တွဲဖက်ပေးသွားမယ်လို့ ယူဆရပါတယ်။  ဘန်လေနဲ့ပွဲမှာ ဆာလက်နဲ့ ဖာမီနိုတို့ကို အနားပေးထားတာကြောင့် ဒီပွဲမှာ သူတို့ကို ပွဲထုတ်သွားဖို့ရှိနေပြီး မာနေးနဲ့အတူ ၃ ယောက်တွဲ တိုက်စစ်ကိုမြင်တွေ့ရဖို့ရှိနေပါတယ်။ လီဗာပူးအသင်းက ၄-၃-၃ နဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့ပွဲမတိုင်ခင် ရလဒ်တွေဆိုးရွားနေပြီး ခြေစွမ်းလည်း ကျဆင်းနေပါတယ်။ ဒီအခြေအနေက ဒီပွဲအပေါ်မှာ အနည်းနဲ့အများ သက်ရောက်မှုရှိလာမှာဖြစ်ပြီး ယူနိုက်တက်အသင်းကတော့ လီဗာပူးနဲ့ ဆန့်ကျင်ဘက်အခြေအနေမှာရှိကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုလည်း ဦးဆောင်ထားနိုင်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီရာသီအိမ်ကွင်းမှာ ရုန်းကန်ရလေ့ရှိတယ်ဆိုပေမယ့် ဒါဟာ ရာသီအစတုန်းကသာဖြစ်ပြီး အခုချိန်မှာတော့ အိမ်ကွင်း၊အဝေးကွင်းမရွေး အနိုင်ရအောင် ကစားလာနိုင်တာကို မြင်တွေ့နေရပြီဖြစ်ပါတယ်။  ဒါ့ကြောင့် အခြေအနေတွေကိုအားလုံး ချုံကြည့်မယ်ဆိုရင် ယူနိုက်တက်အသင်းကပဲ အိမ်ကွင်းမှာ ကျဥ်းမြောင်းတဲ့ရလာဒ်နဲ့ အနိုင်ရရှိသွားလိမ့်မယ်လို့ ယူဆရပါတယ်။ ခန့်မှန်းရလဒ်ကတော့ ယူနိုက်တက် ၁ - ၀ လီဗာပူး ဖြစ်ပါတယ်။
3 months Ago

လီဗာပူးအသင်း ဘန်လေကို (၀-၁) ဂိုးဖြင့် ရှုံးပြီး  ၆၈ ပွဲ အိမ်ကွင်းရှုံးပွဲ မရှိ စံချိန်ကျိုး

လီဗာပူးအသင်းရဲ့ ၆၈ ပွဲ အိမ်ကွင်းရှုံးပွဲမရှိစံချိန်ဟာ  မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ဘန်လေအသင်းကို ၁ ဂိုး ဂိုး မရှိနဲ့  အံ့သြသင့်ဖွယ်ရှုံးနိမ့်ကာ ပျက်စီးသွားခဲ့ပြီ ဖြစ်ပါတယ်။  ဒီပွဲမတိုင်ခင် အဓိကပြိုင်ဘက်တွေဖြစ်တဲ့ မန်ချက်စတာ ၂ သင်းက အသီးသီးအနိုင်ရရှိခဲ့တာ ကြောင့် လီဗာပူးအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် တိုက်ပွဲမှာ ခြေတစ်လှမ်းစာ နောက်ကျသွားခဲ့ပြီလည်း ဖြစ်ပါတယ်။  ဒီပွဲမှာ ဘန်လေအသင်းအတွက် တစ်လုံးတည်းသော ဂိုးကို ပွဲချိန် ၈၃ မိနစ် မှာ တိုက်စစ်မှူး အက်ရှ်လေဘန်းစ်က သွင်းယူပေးခဲ့ပါတယ်။ အလီဆန်နဲ့ ထိခိုက်မိလို့ ရရှိခဲ့တဲ့ ပင်နယ်တီကို သူကိုယ်တိုင်ဂိုးအဖြစ်ပြောင်းလဲ ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဆာလာနဲ့ ဖေမီနိုကို အရန်ခုံမှာ ထားရှိခဲ့တဲ့ လစ်ဗာပူးအသင်းဟာ အိုရီဂီ၊ ရှာကွီရီနဲ့မာနေး တို့ရဲ့တိုက်စစ်နဲ့ ဘန်လေအသင်း ကိုရင်ဆိုင်ခဲ့တာပါ။ တိုက်စစ်မှူး အိုရီဂီရဲ့ ဂိုးသမား နဲ့တစ်ယောက်ချင်းအတွေ့မှာကန်သွင်းမှုက ဘားတန်းထိထွက်ခဲ့သလို ဒုတိယပိုင်းမှာ ဆာလာနဲ့ဖေမီနို တို့ကို လူစားလဲကစားစေခဲ့ပေမယ့် လိုအပ်တဲ့သွင်းဂိုးတွေမရခဲ့တာဖြစ်ပါတယ်။  ဒီပွဲဟာ ၂၀၁၇ ခုနှစ် ဧပြီ ၂၃ ရက်နောက်ပိုင်း လီဗာပူးအသင်းရဲ့ပထမဆုံးသော အိမ်ကွင်းရှုံးပွဲဖြစ် ပါတယ်။   ခရစ္စတယ်ပဲလေ့စ်အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီရှုံးပွဲနဲ့ ဘန်လေအသင်းကို ရှုံးပွဲတို့ကြား ၁၃၆၉ ရက်ခြားခဲ့ပါတယ်။။  ၄ နှစ်ကြာ ၆၈ ပွဲကြာ ရှုံးပွဲမရှိ စံချိန်ကြောင့် လီဗာပူးအသင်းဟာ အင်္ဂလိပ်ပရီးမီးယားလိဂ်မှာ ဒုတိယ မြောက်အကြာဆုံး အိမ်ကွင်းရှုံးပွဲမရှိစံချိန်ကိုရရှိသွားခဲ့ပြီး ပထမနေရာမှာရပ်တည်နေတဲ့ ချဲလ်ဆီးရဲ့ ၈၆ ပွဲကြာစံချိန်ကို လိုက်မမှီနိုင်တော့ပါဘူး။ လီဗာပူးအသင်းဟာ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ယူနိုက်တက်အသင်းနဲ့ ၆ ပွဲကွာသွားခဲ့ပြီး ဒုတိယနေရာက မန်စီတီးအသင်းနဲ့ ၄ မှတ်ကွာခဲ့  ပြီဖြစ်ပါတယ်။ မန်စီတီးအသင်းဟာ တစ်ပွဲကစားရဖို့ကျန်ရှိနေဆဲပါ။ 
4 months Ago

ဆာလာ၏ တစ်ကိုယ်ကောင်းဆန်စွာကစားမှုအပေါ် မိုက်ကယ်အိုဝင် ဝေဖန်

လီဗာပူး တိုက်စစ်မှူးဆာလာရဲ့ တကိုယ်ကောင်းဆန်ဆန် ကစားပုံက ပြဿနာတရပ် ဖြစ်လာနေတယ်လို့ ကစားသမားဟောင်း မိုက်ကယ်အိုဝင်က ဝေဖန်လိုက်ပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပြီး နောက်ဆုံး ၃ ပွဲမှာဆိုရင် သွင်းဂိုး ၁ ဂိုးမှ သွင်းယူနိုင်ခြင်း မရှိခဲ့တာပါ။  လီဗာပူး ကစားသမားဟောင်းတစ်ဦးဖြစ်သူ မိုက်ကယ်အိုဝင်ကတော့ လီဗာပူးအသင်းရဲ့ ရလဒ်ဆိုးတွေမှာ ဆာလာရဲ့ တကိုယ်ကောင်းဆန်မှုတွေက ပြဿနာတစ်ခုဖြစ်လာတယ်လို့ ဝေဖန်သွားခဲ့တာပါ။ လီဗာပူးအသင်းမှာ တကိုယ်ကောင်းဆန်မှုတွေ မြင်တွေ့နေရပြီး မိုဆာလာက ဘောလုံးပြန်ပေးတာ လုံလုံလောက်လောက် မရှိကြောင်း အိုဝင်က ဝေဖန်ခဲ့တာပါ။  ဆာလာအနေနဲ့ အသင်းဖော် မာနေးကို ဘောလုံးပြန်ပေးလေ့မရှိတာကြောင့် အချင်းချင်း စိတ်ဝမ်းကွဲမှုတွေ ရှိနေကြတယ်လို့တောင် ခန့်မှန်းသုံးသပ်မှုတွေ ရှိခဲ့ပါသေးတယ်။  ဆာလာဟာ ဒီရာသီအစပိုင်း ကာလမှာတော့ ပရီးမီးယားလိဂ်သွင်းဂိုး ၁၃ ဂိုးအထိ သွင်းယူထားပေမယ့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၉ ရက်က ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာ ၂ ဂိုး သွင်းခဲ့ပြီးနောက် ဂိုးပေါက်ပျောက်ဆုံးနေတာ လိဂ်ပွဲစဉ် ၄ ပွဲဆက်ရှိနေပြီ ဖြစ်ပါတယ်။
4 months Ago

ပရီးမီးယားလိဂ်တွင်  ကစားလိုကြောင်း ဆဲလ်ဘက်တိုက်စစ်မှူး ပက်စတန်ဒါကာ ပြော

မန်ယူနဲ့ လီဗာပူးအသင်းတွေက ခေါ်ယူလိုနေတဲ့ ဆဲလ်ဘက်တိုက်စစ်မှူး ဒါကာကတော့ ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ကစားချင်တယ်လို့ ပြောပါတယ်။  ဇမ်ဘီယာတိုက်စစ်မှူး  ပက်စတန်ဒါကာဟာ သြစတြီးယားလိဂ်မှာ ခြေစွမ်းပြနေပြီး  ၁၇ ပွဲမှာ ၁၅ ဂိုးအထိ သွင်းယူထားသူပါ။  တိုက်စစ်မှူး ဒါကာဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက စပါးအသင်းကို ပေါင် ၂၈ သန်းနဲ့ ပြောင်းရွှေ့ဖို့နီးစပ်ခဲ့ဖူးပါတယ်။  ပရီးမီးယားလိဂ်က အာဖရိကန်ကစားသမားတွေဖြစ်တဲ့ အူဘာမီယန်း၊ ဆာလာနဲ့မာနေး တို့ကို  အားကျပြီး တချိန်မှာ လာရောက်ကစားချင်တဲ့ အိပ်မက်ရှိတယ်လို့ ဒါကာက ပြောပါတယ်။  အဲဒီလို အကောင်းဆုံး အာဖရိကန်ကစားသမားတွေနဲ့ နှိုင်းယှဉ်ချီးကျူးခံရတာကိုလည်း ဝမ်းမြောက်မိပြီး မာနေး ကစားပေါက်ရှိတယ်လို့ ချီးကျူးခံရတာကိုလည်း ကျေနပ်ကြောင်း ဒါကာက ပြောပါတယ်။  ဆဲလ်ဘက်အသင်းဟာ မာနေး ကစားခဲ့ဖူးတဲ့အသင်းဖြစ်ပြီး ဟာလန်းဟာလည်း အဲဒီကနေ တဆင့်  ခြေစွမ်း ပြခဲ့သူဖြစ်ပါတယ်။ 
4 months Ago

လီဗာပူးအသင်း ပင်နယ်တီ ရရှိခဲ့သင့်ဟု ယာဂန်ကလော့ပ် ပြော

ဆာဒီယိုမာနေးဟာ ဒိုင်ဗင်ထိုးတတ်သူ မဟုတ်ကြောင်းနဲ့ လီဗာပူးအသင်းအနေနဲ့ ပင်နယ်တီတွေ ရရှိခဲ့သင့်ကြောင်း နည်းပြယာဂန်ကလော့ပ်က ပြောပါတယ်။  ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့အပြီးမှာ အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ လီဗာပူးအသင်းဟာ ဒန်နီယယ်အင့်စ်ရဲ့ အစောပိုင်းသွင်းဂိုးကြောင့် ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားအတွက် ပြိုင်ဆိုင်မှုမှာ ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီ ဖြစ်ပါတယ်။  ဒီပွဲမှာ လီဗာပူးအသင်းအနေနဲ့ ထိရောက်တဲ့ တိုက်စစ်ဆင်မှုမျိုးမရှိခဲ့ဘဲ ဆောက်သမ်တန်ဂိုးသမား ဖော်စတာဟာ ကာကွယ်မှုတစ်ကြိမ်သာ ပြုလုပ်ခဲ့ရပါတယ်။ ဒါပေမဲ့ ရရှိခဲ့သင့်တဲ့ ပင်နယ်တီ ၂ ကြိမ်လုံးတော့ ငြင်းဆန်ခံခဲ့ရပါတယ်။ ပထမတစ်လုံးဟာ ဝစ်ချ်နယ်ဒမ်ရဲ့ ကန်ချက် ပြိုင်ဘက်ကစားသမားလက်မောင်းကို ထိခဲ့တာဖြစ်ပြီး ဒုတိယတစ်လုံးကတော့ မာနေးကို ဝေါ်ကာ ပီတာ ဧရိယာထဲမှာ အဖျက်ကြမ်းခဲ့တာပဲ ဖြစ်ပါတယ်။ မာနေးရဲ့ ဖြစ်ရပ်မှာ ရှုထောင့်မျိုးစုံက ကြည့်ခဲ့ခြင်းမရှိပေမယ့် ကလော့ပ်ကတော့ ဒါဟာ ပင်နယ်တီဖြစ်ကြောင်းနဲ့ ဆီနီဂေါတိုက်စစ်မှူးဟာ အရမ်းကို ရိုးသားမှုရှိခဲ့ကြောင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။  “မာနေး ဘောလုံးရှိနေချိန်တွေက အကောင်းဆုံးအချိန်တွေပါပဲ။ သူ့ကို ဒိုင်ဗင်ထိုးတယ်လို့ ပြောနေတဲ့သူတွေကတော့ ကမ္ဘာ့အရယ်ရဆုံး ဟာသတွေလိုပါပဲ။ သူဟာ သူ့ခြေထောက်ပေါ် ဆက်ရပ်နေဖို့ လှဲမချပစ်ဖို့ ကြိုးစားခဲ့တာပါ။ တခြားအသင်းတွေဆိုရင် ပင်နယ်တီ ရနိုင်မယ့်အခြေအနေမျိုးလည်း ၂ ကြိမ်တောင် ဖြစ်ခဲ့တာပါ။ ပထမက လက်ထိဘောပါ။ ကျနော့်ကစားသမားတွေသာ လွယ်လွယ်လေးနဲ့ လဲကျနေကြမယ်ဆိုရင် ကျနော်တို့ ဒီပွဲရော၊ နယူးကာဆယ်နဲ့ပွဲမှာရော ပင်နယ်တီတွေ ရရှိခဲ့မှာပါ။ ဝေါ်ကာပီတာက သူ့ရဲ့ဘယ်ခြေနဲ့ မာနေးကို လဲကျအောင်လုပ်ခဲ့တာပါ။ အခု ယူနိုက်တက်အသင်း ၂ နှစ်တာကာလအတွင်းရရှိခဲ့တဲ့ ပင်နယ်တီ အရေအတွက်က ကျနော် ၅ နှစ်ခွဲတာကာလအတွင်းရရှိခဲ့တာတွေထက် ပိုများနေတယ်လို့ ပြောနေသံ ကြားရပါတယ်။ ဒါဟာ ကျနော့်လိုအပ်ချက်ကြောင့်လား၊ တခြား တခုခုလား ဆိုတာတော့ မသိပါဘူး။ ဒီလိုဖြစ်ခဲ့ရင်တောင် ကျနော်တို့ စွမ်းဆောင်ရည်က ပိုကောင်းခဲ့မှာမဟုတ်ပါဘူး။ ဒီပွဲမှာ ဆောက်သမ်တန်က အနိုင်ရဖို့ ထိုက်တန်ခဲ့ပေမယ့် ကျနော်တို့ကတော့ ကံမကောင်းခဲ့ပါဘူး” လို့ ကလော့ပ်က ပြောပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ လိဂ်ရဲ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်တဲ့ အာနိုးလ်ဟာ ဘောလုံးအပျက်များနေခဲ့ပြီး ပွဲချိန် ၇၇ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။
4 months Ago

နယူးကာဆယ်နှင့်သရေကျသည့်ပွဲတွင် အသင်း၏စွမ်းဆောင်ရည်ကောင်းမွန်ဟု  လီဗာပူးနည်းပြ ပြော

မနေ့ညက ကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပေမဲ့ လီဗာပူးအသင်းရဲ့ စွမ်းဆောင်ရည်ဟာ တကယ်ကို ကောင်းမွန်ခဲ့တယ်လို့ နည်းပြ ကလော့ပ်က ချီးကျူးခဲ့ပါတယ်။ ဒီပွဲမှာ ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ဂိုးသွင်းခွင့်အများအပြားကို ဖန်တီးနိုင်ခဲ့ပေမဲ့ အဓိက တိုက်စစ်မှူးဖြစ်တွေဖြစ်တဲ့ ဆာလတ်နဲ့မာနေးတို့ဟာ အခွင့်အရေးတွေကို ဂိုးအဖြစ်ပြောင်းလဲဖို့ ပျက်ကွက်ခဲ့ပါတယ်။  ဒီပွဲမှာ နယူးကာဆယ်ဂိုးသမား ဒါလိုးဟာ ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရတဲ့အထိ လီဗာပူးလ်အသင်းရဲ့ ကန်သွင်းမှုတွေကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။  ကလော့ပ်က အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်မိတယ်ပြောပေမဲ့ လီဗာပူးပရိတ်သတ် အတွက်တော့ ဒီရလဒ်ဟာ စိတ်ပျက်စရာဖြစ်ပါတယ်။  ဂိုး မရှိ သရေရလဒ်ကြောင့် တစ်ပွဲလျော့ကန်ထားရတဲ့ ယူနိုက်တက်အသင်းဟာ လာမယ့် သောကြာနေ့ ဗီလာကို အနိုင်ရခဲ့မယ်ဆိုရင် လီဗာပူးနဲ့ အမှတ် တူအနေအထားကို ရောက်ရှိ လာတော့မှာလည်း ဖြစ်ပါတယ်။  လိဂ်ပွဲစဉ် ၂၂ ပွဲအတွင်း ပထမဆုံးအဖြစ် ဂိုး မသွင်းနိုင်ခဲ့ပေမဲ့ ကလော့ပ်ကတော့ သူ့ အသင်းသားတွေကို ချီးကျူးခဲ့ပါတယ်။  “ပရီးမီးယားလိဂ်မှာ ညံ့တဲ့အသင်းဆိုပြီး မရှိပါဘူး။ ကျနော်တို့ အခွင့်ရေးကောင်း တချို့ ရှိခဲ့ ပါတယ်။ ပြိုင်ဘက်ဟာ အရမ်းကို ကောင်းမွန်ခဲ့ပြီး အမြဲတမ်းလည်း ဒီလိုပါပဲ” လို့ ကလော့ပ်က ဆိုပါတယ်။  “အသင်းရဲ့ စွမ်းဆောင်ရည်ကို တကယ်သဘောကျပါတယ်။ အရင်တုန်းက အခွင့်အရေး အနည်းငယ်နဲ့တောင် နယူးကာဆယ်အသင်းကို အနိုင်ယူခဲ့ဖူးပြီး ဒီတော့ ဒီလို မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ရလဒ်ကို လက်ခံပါတယ်” လို့ ကလော့ပ်က ဆက်ပြောပါတယ်။  ဒီပွဲမှာ သူရဲကောင်းဖြစ်ခဲ့တဲ့ နယူးကာဆယ်ဂိုးသမား ဒါလိုးကလည်း clean sheet ရရှိခဲ့ခြင်း နဲ့ အိမ်ကွင်းမှာ အမှတ်ရယူနိုင်ခဲ့ခြင်းအပေါ် ဝမ်းမြောက်မိတယ်လို့ ပွဲအပြီးမှာ ပြောပါတယ်။
4 months Ago

လီဗာပူးအသင်း ဝက်စ်ဘရွမ်းနှင့် သရေကျပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်

မနေ့ညက ကန်သွားတဲ့ တစ်ဖက် ၁ ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဘရွမ်းအသင်းဟာ တစ်မှတ်ရဖို့ ထိုက်တန်မှုရှိခဲ့တယ်လို့ လီဗာပူးနည်းပြ ကလော့ပ်က ပြောပါတယ်။  အန်ဖီးလ်အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ လီဗာပူးအသင်းဟာ ပထမပိုင်းတလျှောက်လုံး ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့ပြီး မာနေးရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယဂိုးရရှိဖို့ကြိုးပမ်းခဲ့ပေမယ့် ဆီမီအဂျာရီက ဧည့်သည် ဝက်စ်ဘရွမ်းအသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့တာကြောင့် ပွဲအပြီးမှာ ၁ ဂိုးစီသရေ ရမှတ် ၁ မှတ်စီခွဲယူခဲ့ရပါတယ်။ လီဗာပူးနည်းပြ ကလော့ပ်က  “ပထမပိုင်းက ဝက်စ်ဘရွမ်းအသင်းပုံစံလို အသင်းတစ်သင်းက ကစားလိမ့်မယ်လို့ ဘယ်သူမှ ထင်မှာမဟုတ်ပါဘူ။ ၆-၄-ဝ ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကျနော်တို့ ကောင်းကောင်း လုပ်နိုင်ခဲ့တယ် ထင်ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ကျနော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ သူတို့ဘက်က တန်ပြန်တိုက်စစ် အခွင့်အရေး ၃ ကြိမ်နဲ့ ထောင့်ကန်ဘော များစွာရရှိခဲ့ပါတယ်။ ဒါဟာ ကျနော်တို့ ရဲ့လိုအပ်ချက်ပါ။ ဒါ့ကြောင့် ၃ မှတ် မရဘဲ ၁ မှတ်ရတာပါ” လို့ ပွဲအပြီးမှာ ပြောပါတယ်။ ဝက်စ်ဘရွမ်းအသင်းဟာ မိနစ် ၉၀ အတွင်းမှာ သူတို့လုပ်စရာရှိတာကို လုပ်သွားခဲ့တဖြစ်ပြီး ဝက်ဘရွမ်းဟာ တစ်မှတ်ရဖို့ ထိုက်တန်မှုရှိပါတယ်လို့လည်း နည်းပြကလော့ပ်က ပြောပါတယ်။  “ပွဲမှာလည်း အခွင့်အရေးတွေ ဖန်တီးဖို့ ခက်ခဲပါတယ်။ အဆုံးသတ်မှာတော့ ကျနော်တို့ အားလုံးဟာ ဒီထက်ပိုကောင်းကောင်းလုပ်ပြနိုင်ခဲ့သင့်တယ်လို့ ခံစားရပါတယ်။” ဒီပွဲမှာ သရေကျခဲ့ပေမယ့် လီဗာပူးအသင်းဟာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားဆဲဖြစ်ပြီး ဒုတိယနေရာက အဲဗာတန်ကို ၃ မှတ်ဖြတ်ထားပါတယ်။  ဒါပေမဲ့ မန်စီးတီးနဲ့ ယူနိုက်တက်တို့သာ ပွဲကျန်တစ်ပွဲစီကို အနိုင်ရမယ်ဆိုရင် အမှတ်ပေးဇယားရဲ့ ရပ်တည်မှုဟာ ပြောင်းလဲလာဖို့ရှိနေပါတယ်။
4 months Ago

လီဗာပူးအသင်းတွင် ဒဏ်ရာပြဿနာမျိုး မရှိနိုင်ကြောင်း မော်ရင်ဟို သုံးသပ်

လီဗာပူးအသင်းမှာ ဒဏ်ရာပြဿနာ ရင်ဆိုင်နေရတာမျိုး မရှိကြောင်း စပါးနည်းပြ မော်ရင်ဟိုက ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ မှက်ချက်ပြု ပြောပါတယ်။ လီဗာပူးအသင်းမှာ အဓိကနောက်ခံလူတွေဖြစ်တဲ့ ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ်နဲ့ မာတစ်တို့ ဒဏ်ရာရနေသလို ဒီယေဂိုဂျိုတာ၊ အယ်ကန်တာရာ အစရှိတဲ့ ကစားသမားတွေဟာလည်း ဒဏ်ရာကိုယ်စီနဲ့ အနားယူနေရတာ ဖြစ်ပါတယ်။ စပါးနည်းပြ မော်ရင်ဟိုကတော့ လီဗာပူးအသင်းမှာ အလစ်ဆန်၊ အာနိုးလ်၊ ဖာဘင်ညို၊ ဟန်ဒါဆန်၊ ဝီလ်နယ်ဒမ်းနဲ့ ရော်ဘတ်ဆန်တို့ ဒဏ်ရာရနေတာ မဟုတ်သလို မာနေး၊ ဆာလာနဲ့ ဖေမီနိုတို့ဟာလည်း ဒဏ်ရာရနေတာ မဟုတ်တာကြောင့် ဒဏ်ရာပြဿနာ ရှိနေတာမျိုး မဟုတ်ကြောင်း မော်ရင်ဟိုက မှတ်ချက်ပေးခဲ့တာပါ။  ဗန်ဒိုက် တစ်ဦးသာ ဒဏ်ရာရနေတာဖြစ်ပြီး ဒဏ်ရာ ၁၀ ယောက် ရရှိနေတဲ့ လီဗာပူးအသင်းကို ကိုင်တွယ်ရမယ်ဆိုရင်တောင် ပြဿနာမရှိနိုင်ကြောင်း မော်ရင်ဟိုက ပြောပါတယ်။  ဒါပေမဲ့ စပါးအသင်းမှာ ၁၀ ဦး ဒဏ်ရာရနေမယ်ဆိုရင်တော့ ယူ-၁၆၊ ယူ-၂၁ နဲ့ ယူ-၂၃ အသင်းတွေက ကစားသမားတွေပါ ခေါ်ယူရလိမ့်မယ်လို့ မော်ရင်ဟိုက  ပြောပါတယ်။
5 months Ago

ဘရိုက်တန်နှင့် ပွဲပြီးခါနီး ပင်နယ်တီဂိုးအတွက် လီဗာပူးအသင်းခေါင်းဆောင် ဝေဖန် (ရုပ်သံဟိုက်လိုက်)

ပွဲပြီးခါနီးမှ ပေးလိုက်ရတဲ့ ပင်နယ်တီကြောင့် ဘရိုက်တန်အသင်းနဲ့ သရေကျခဲ့ရတဲ့ အခြေအနေအ ပေါ်လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆင်က ဒေါသထွက်ပေါက်ကွဲနေပါတယ်။  ဒါ့အပြင် ပင်နယ်တီ ဖြစ်ရပ်မှာပါဝင်ခဲ့တဲ့ ဘရိုက်တန်တိုက်စစ်မှူး ဝဲလ်ဘတ်ကိုယ်တိုင်ကတောင် ပင်နယ်တီဆုံးဖြတ်ချက်က ပြင်းထန်လွန်းတယ်လို့ ခံစားရကြောင်းလည်း ဟန်ဒါဆန်က ပြောပါတယ်။  ဒီပွဲမှာ လီဗာပူးလက်က မာနေးနဲ့ ဆာလတ်တို့ရဲ့ သွင်းဂိုးတွေဟာ လူကျွံဘောဖြစ်နေတာကြောင့် ငြင်းပယ်ခံခဲ့ရပြီး ဂျိုတာရဲ့တလုံးတည်းသော ဦးဆောင်ဂိုးနဲ့  ပြိုင်ပွဲကို ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပွဲပြီးခါနီးမှာတော့ ရော်ဘတ်ဆန်ရဲ့ဧရိယာအတွင်း ဘောလုံးရှင်းထုတ်မှုဟာ ဘရိုက်တန်တိုက် စစ်မှူးဝဲလ်ဘတ်ရဲ့ ခြေထောက်ကို ကန်မိခဲ့တယ်လို့ဆိုကာ VAR က ပင်နယ်တီပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။  ကနဦးမှာပွဲကို ပုံမှန်အတိုင်းဆက်ကစားခဲ့ပေမယ့် ဒိုင်လူကြီး စတူးအတ်အတ်ဝဲလ်ကို ကွင်းဘေးက တီဗွီကိုပြန်ကြည့်ပြီး ပင်နယ်တီဟုတ်မဟုတ် ဆုံးဖြတ်ဖို့တောင်းဆိုမှုကြောင့် ဘရိုက်တန်တို့ ပင်နယ်တီရရှိခဲ့တာဖြစ်ပါတယ်။  ဒီအခြေအနေပေါ်မှာ ဟန်ဒါဆန်က ပေါက်ကွဲခဲ့တာဖြစ်ပြီး လီဗာပူးအသင်းရဲ့အနိုင် ၃ မှတ်ဟာ လုယူခံခဲ့ရတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ “ဒီပွဲဟာ ကျနော်တို့နိုင်ရမှာပါ။ ကျနော့်အမြင်မှာတော့ ၃ မှတ်ရသင့်တာပါ။ ကျနော် replay လည်း ပြန်ကြည့်ပြီးပါပြီ။ ဘယ်သူက ပျော်နိုင်မှာလဲဗျာ။ ဒါဟာ ပင်နယ်တီမဟုတ်ပါဘူ။ ကျနော်တို့ အမြဲတမ်းကွင်းထဲမှာ ရပ်ပြီးတော့ အဖြစ်အပျက်တွေကို ပြန်လည်သုံးသပ်နေကြရပါတယ်။ ကျနော်အများကြီး မဝေဖန်လိုပေမဲ့ ဒါဟာ ပင်နယ်တီတော့မဟုတ်ပါဘူး။ ဒန်နီဝဲလ်ဘတ်ကလည်း ဒါဟာပင်နယ်တီမဟုတ်ပါဘူးလို့ ကျနော့်ကို  ပြောပါတယ်။ ဘရိုက်တန်အသင်းဘက်ကလည်း ဒါကို ပင်နယ်တီမဟုတ်ဘူးလို့ ခံစားရတဲ့သူ ၄၊ ၅ ယောက်  လောက်ရှိနေပါတယ်” လို့ ဟန်ဒါဆင်ကပြောပါတယ်။ လူစုံပါဝင်နိုင်ခဲ့ခြင်းမရှိတဲ့ လီဗာပူးအသင်းဟာ ဒီပွဲမှာ အနိုင် ၃ မှတ်အတွက်ရုန်းကန်ခဲ့ရပြီး အစော ပိုင်းမှာလည်း ပင်နယ်တီတစ်လုံး ပေးလိုက်ရပါသေးတယ်။  ဒီပင်နယ်တီကို ဘရိုက်တန်တိုက်စစ်မှူး မူပေး လွဲချော်ခဲ့ မှုကြောင့်သာ သက်သာခဲ့ရတာဖြစ်ပါတယ်။  စနေနေ့ပွဲမှာ လီဗာပူးအတွက် အနိုင်သေချာနေတဲ့ ၃ မှတ်ကို လက်လွှတ်ခဲ့ရတဲ့အပြင် ဒဏ်ရာရကစားသမားတွေများပြားနေတဲ့ အသင်းရဲ့လူစာရင်းမှာလည်း ဝါရင့်ကစားသမား ဂျိမ်းစ်မီနာ ထပ်တိုးခဲ့ပါသေးတယ်။
5 months Ago

ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ဘိုယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါ့စကီး ရေပန်းစား

၂၀၂၀ ပြည့်နှစ်အတွက် ဖီဖာအကောင်းဆုံးကစားသမားဆုကို ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါ့စကီးရရှိဖို့ ရေပန်းစားနေပါတယ်။  မနေ့က နောက်ဆုံးစကာတင် ၁၁ ဦးစာရင်း ထုတ်ပြန်ခဲ့ရာမှာ လီဝန်ဒေါ့စကီးနဲ့အတူ စီရော်နယ်ဒို၊ မက်ဆီ၊ နေမာ၊ အမ်ဘာပေအစရှိတဲ့ ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ မနှစ်က ချန်ပီယံလိဂ်မှာ သွင်းဂိုး ၁၅  ဂိုးအထိ သွင်းယူခဲ့ပါတယ်။  စကာတင် ၁၁ ဦးစာရင်းမှာ ဒီဘရိုင်း၊ ရာမို့စ်၊ ဆာလက်၊ ဗန်ဒိုက်၊ မာနေးတို့အပြင် ဘိုင်ယန် ကနေ လီဗာပူးကို ပြောင်းရွှေ့လာတဲ့ ကွင်းလယ်လူ သီယာဂိုးအယ်လ်ကန်တာရာလည်း ပါဝင်ခဲ့ ပါတယ်။  တနှစ်တာအကောင်းဆုံးနည်းပြဆုအတွက်လည်း ဘိုင်ယန်အသင်းနဲ့အတူ ဥရောပချန်ပီယံ ဆုဖလားအပါအဝင် ဆုဖလား ၃ လုံးရယူနိုင်ခဲ့တဲ့ နည်းပြ ဟန်ဆီဖလစ်ရ ယူနိုင်ဖို့ ရေပန်းစား နေပါတယ်။ 
5 months Ago

ဆာလက်ကို လီဗာပူးက ရောင်းထုတ်နိုင်ဟု ဒေးဗစ်ဂျိမ်းစ် သုံးသပ်

သင့်တော်တဲ့ဈေးနှုန်းရမယ်ဆိုရင် လီဗာပူးအသင်းဟာ တိုက်စစ်မှူး မိုဟာမက်ဆာလက်ကို ရောင်းထုတ်သွားနိုင်တယ်လို့ အသင်းရဲ့ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်က သုံးသပ်ပါတယ်။  အီဂျစ်လက်ရွေးစင် တိုက်စစ်မှူးဟာ လီဗာပူးအသင်းရဲ့ အဓိကကစားသမားတစ်ဦးအဖြစ် ရှိနေပြီး ၁၆၅ ပွဲမှာ အသင်းအတွက် ၁၀၄ ဂိုး သွင်းယူပေးထားပါတယ်။  ဆာလက်ဟာ မာနေး၊ ဖာမီနိုတို့နဲ့အတူ ဥရောပရဲ့ ကြောက်စရာအကောင်းဆုံး တိုက်စစ်တွဲအဖြစ် ခြေစွမ်းပြထားနိုင်ပြီး လီဗာပူးအသင်းကို ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ရေးအတွက်လည်း အရေးပါတဲ့နေရာကနေ ပါဝင်ကူညီနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေတချို့မှာ ဒီကစားသမားဟာ လီဗာပူးအသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ သုံးသပ်မှုတွေရှိပြီး သူဟာ လာလီဂါအင်အားကြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့လည်း မကြာခဏဆိုသလို သတင်းတွေ ထွက်ပေါ်လေ့ရှိတတ်သူ ဖြစ်ပါတယ်။  ဂျိမ်းစ်က ဆာလက်အတွက် သင့်တော်တဲ့ကမ်းလှမ်းမှုမျိုးရှိပြီး သူ့နေရာကို အစားထိုးနိုင်မယ့် ကစားသမားမျိုး ရှာနိုင်မယ်ဆိုရင် သူ့ကို အသင်းကနေ ထွက်ခွာခွင့်ပြုမယ်လို့ ပြောပါတယ်။  “မှန်ကန်တဲ့ ကမ်းလှမ်းမှုမျိုးသာ ရှိနေရင် ဘယ်ကစားသမားမဆို ရောင်းချခံရမှာပါပဲ။ ဒါဟာ ဈေးပေါ်ပဲ မူတည်ပါတယ်” လို့ ဒေးဗစ်ဂျိမ်းစ်က ရီးရဲလ်အသင်းကို ဆာလက် ပြောင်းနိုင်မလားဆိုတဲ့ မေးခွန်းကို ဖြေကြားခဲ့ပါတယ်။ “ဆာလက်လို ဂိုးသွင်းနိုင်တဲ့ ကစားသမားမျိုးကို အသင်းတိုင်းက လိုချင်ကြပြီး သူ့ကို ရောင်းထုတ်သွားဖို့ဆိုတာ အငြင်းပွားစရာပါ။ မန်စီးတီးနဲ့ အဂွဲရိုးကို ကြည့်မယ်ဆိုရင် မန်စီးတီးရဲ့ ဂိုးတွေက အဂွဲရိုးအပေါ်မှာပဲ အဓိက မှီခိုနေရပါတယ်။ ဒါပေမဲ့ ဆာလက်ကို မန်စီးတီးကို ရောင်းဖို့ဆိုတာ လီဗာပူးအတွက် မဖြစ်နိုင်ပါဘူး။ သူ့ကို မတူတဲ့နိုင်ငံတစ်ခုမှာရှိတဲ့ မတူတဲ့ အသင်းတသင်းထံကိုပဲ ရောင်းချတာ ပိုကောင်းပါလိမ့်မယ်။ လီဗာပူးက ဆာလက် တစ်ဦးတည်းပေါ်ကို မှီခိုနေတာမျိုး မရှိပါဘူး။ ဒါက ကလော့ပ်အတွက် တကယ်ကို ကောင်းတဲ့အချက်ပါ။ ဒါပေမဲ့ သူ့ကိုရောင်းဖို့ဆိုရင် အစားထိုးဖို့ ကစားသမားတစ်ဦးတော့ ရှိနေရပါမယ်။ ဖာမီနိုနဲ့ ဂျိုတာက ဆာလက်လို မကစားနိုင်သလို အိုရီဂီကလည်း ဆာလက် နေရာကို ဝင်ဖြည့်ဖို့ မလုံလောက်ပါဘူး။ ဒါပေမဲ့ ဆာလက်ဟာ မရှိမဖြစ်လိုအပ်တဲ့ ကစားသမားတော့ မဟုတ်ပါဘူး” လို့လည်း ဒေးဗစ်ဂျိမ်းစ်က သူ့အမြင်ကို ပြောပါတယ်။ လီဗာပူးအသင်းဟာ ဆာလက် မပါရင် ပိုကောင်းတယ်ဆိုတဲ့ ပြောစကားဟာလည်း ငြင်းခုံသင့်တဲ့ အကြောင်းအရာဖြစ်တယ်လို့ အင်္ဂလန်ဂိုးသမားဟောင်းက ပြောပါတယ်။
5 months Ago

လက်စတာနှင့်ပွဲတွင် လီဗာပူး အဓိကကစားသမား ၉ ဦးအထိ လွဲချော်မည်

လီဗာပူးအသင်းဟာ လက်စတာနဲ့ပွဲမှာ အဓိကကစားသမား ၉ ဦးအထိ လွဲချော်မှာ ဖြစ်ပါတယ်။  နောက်တန်းကစားသမားတွေ အများအပြား ဒဏ်ရာရနေပြီး အဓိက တိုက်စစ်မှူးဆာလက်ဟာလည်း ကိုဗစ်-၁၉ ပိုး ကူးစက်ခံထားရတာကြောင့် လွဲချော်မှာဖြစ်ပါတယ်။  ခံစစ်ပိုင်းမှာ ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ်၊ ဖာဘင်ဟို၊ အာနိုးလ် ၊ ရွိုင်းဝီလီယံ အစရှိတဲ့ ကစားသမား တွေ အားလုံး ဒဏ်ရာရနေပြီး ကွင်းလယ်ပိုင်းမှာလည်း ဟန်ဒါဆန်၊ အယ်ကန်တာရာနဲ့ ချိန်ဘာလိန် တို့လည်း ပါဝင်ကစားဖို့ မသေချာသေးတာဖြစ်ပါတယ်။  အဓိက ကစားသမားတွေထဲမှာ ဂိုးသမား အလစ်ဆန်၊ နောက်ခံလူ ရော်ဘက်ဆန်၊ ကွင်းလယ်လူ ဝီလ်နယ်ဒမ်း၊ ကီတာ၊ ဂျိုတာ နဲ့ မာနေးတို့ ၆ ဦးသာ ကျန်ရှိတော့ပြီး အရန်နဲ့ လူငယ် ကစားသမားတွေကိုပဲ ပွဲထွက်ခွင့်ရဖို့ရှိနေပါတယ်။  ခံစစ်ပိုင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရတဲ့ ကစားသမားတွေထဲက ရော်ဘက်ဆန် တဦးတည်းသာ ကစားနိုင်မယ့် အခြေအနေက လီဗာပူးအတွက် အားနည်းချက်ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြ ပါတယ်။ 
6 months Ago

ဖာမီနိုကို သုံးလေးပွဲခန့် အနားပေးသင့်ကြောင်း ကာရေဂါအကြံပြု

ဒီယေဂိုဂျိုတာဟာ ဆာလက်နဲ့မာနေးတို့ရဲ့ ဖိအားတွေကို လျော့ပါးစေသူဖြစ်ပြီး လီဗာပူးလူစာရင်းကနေ ဖာမီနိုကို သုံးလေးပွဲလောက်အနားပေးသင့်တယ်လို့ ဂန္တဝင်ကစားသမား ဂျင်မီကာရေဂါက သုံးသပ်ပါတယ်။  ဂျိုတာဟာ လီဗာပူးလက်ကို စက်တင်ဘာလကမှ ပေါင် ၄၁ သန်းနဲ့ရောက်ရှိလာသူဖြစ်ပြီး အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ သူ့ရဲ့ပထမဆုံး ၁၁ ပွဲမှာ ၇ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။  တစ်ဖက်မှာတော့ ဖာမီနိုဟာ အခုရာသီ ၁၂ ပွဲကစားပြီး ၁ ဂိုးသာသွင်းယူနိုင်သေးပါတယ်။  ဒါ့ကြောင့် ကာရေဂါက အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ဖာမီနိုကို ချန်လှပ်ပြီး ဂျိုတာကို နေရာပေးသင့်တယ်လို့ ယူဆထားတာဖြစ်ပြီး ဘရာဇီးလ်တိုက်စစ်မှူး ဖာမီနိုဟာ ပုံမှန်စွမ်းဆောင် ရည်အောက် ရောက်ရှိနေတယ်လို့လည်း ယုံကြည်နေပါတယ်။  လီဗာပူးအသင်းရဲ့ ပွဲထွက်တိုက်စစ်မှူး ၃ ဦးကို ရွေးချယ်စေခဲ့ရာမှာ “မာနေး၊ ဂျိုတာ၊ ဆာလက်” လို့ ကာရေဂါက ပြန်လည်ဖြေကြားခဲ့ပြီး ဖာမီနိုဟာ အခုချိန်မှာ ပုံစံကောင်းမှာရှိမနေ ဘူးလို့ ပြောပါတယ်။  “ဖာမီနိုဟာ ပုံစံကောင်း ပျောက်ဆုံးနေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း သူဟာ အကောင်း ဆုံး အခြေအနေမှာရှိနေတယ်လို့ မထင်ပါဘူး။ လီဗာပူးဟာ လိဂ်ဖလားကိုရရှိခဲ့ပေမဲ့ ဖာမီနိုဟာ ချဲလ်ဆီးနဲ့ နောက်ဆုံးပွဲမတိုင်ခင်အထိ ပရီးမီးယားလိဂ်အိမ်ကွင်းမှာ ဂိုးမသွင်းယူနိုင်ခဲ့ပါဘူး” လို့ ကာရေဂါက ပြောပါတယ်။  “လီဗာပူးပရိတ်သတ်တွေက ဖာမီနိုရဲ့တာဝန်က ဂိုးသွင်းဖို့တခုတည်း မဟုတ်ဘူးဆိုတာကို သိရှိထားပါတယ်။ သူတို့ဟာ ဖာမီနိုဘယ်လိုဖန်တီးပေးလဲ၊ ဘယ်လို ဘောလုံး ပြန်ဆယ်ပေးလည်း ဆိုတာနဲ့ ဖိအားပေးမှုကို ဘယ်လိုစတင်လဲဆိုတာကို ကောင်းကောင်းသဘောပေါက်ထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့သီတင်းပတ် ဖာမီနိုရဲ့ ဖိအားပေးမှုအချက်အလက်တွေကိုကြည့်မိတဲ့အခါမှာတော့ သူဟာအရင်လို မဟုတ်ဘူးဆိုတာကို ပြသနေပါတယ်။ ဒါဟာ ဂျိုတာကို အစားထိုးပြီး ဖာမီနိုရဲ့ ကစားသမားဘဝ အဆုံးသတ်သွားပြီလို့ ပြောတာမဟုတ်ပါဘူး။ သူ့အနေနဲ့ သုံးလေး ပွဲလောက် အရန်ခုံမှာထိုင်သင့်တယ်လို့ဆိုတာပါ” လို့ ကာရေဂါကပြောပါတယ်။  ပြီးခဲ့တဲ့ရာသီတွေအတွင်း လီဗာပူးအသင်းမှာ မာနေးနဲ့ ဆာလက်တို့ကသာ ဂိုးသွင်းဖို့ တာဝန်ယူထားရပြီး သူတို့ရဲ့ဖိအားကို သက်သာစေမယ့် ဂျိုတာလို ကစားသမားမျိုး လိုအပ်ခဲ့ တယ်လို့ ကာရေဂါက သုံးသပ်ပါတယ်။  ဂျိုတာ ခြေစွမ်းပြနေခြင်း၊ ဖာမီနိုခြေစွမ်းပြဖို့ ရုန်းကန်နေရခြင်းတို့ ဖြစ်နေချိန်မှာ လီဗာပူးနည်းပြ ကလော့က ပြီးခဲ့တဲ့သီတင်းပတ် မန်စီတီးနဲ့ပွဲမှာ ဖာမီနိုနဲ့ ဂျိုတာကို တပြိုင် နက်တည်း အသုံးပြုခဲ့ပြီး တိုက်စစ်ကစားသမား ၄ ဦးစလုံးကို ပွဲထွက်ကစားစေခဲ့ပါတယ်။ 
6 months Ago

ချန်ပီယံလိဂ်ပွဲစဉ်တွင် လီဗာပူးအသင်း အတ္တလန္တာကို ၅ ဂိုးပြတ်အနိုင်ရ  

မနေ့ညက ကန်သွားတဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ လီဗာပူးအသင်းက အတ္တလန္တာအသင်းဘက်ကို ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိပြီး ဂျိုတာ၊ မာနေးနဲ့ ဆာလက်တို့ ၃ ယောက်စလုံး ဂိုးသွင်းယူနိုင်ပါတယ်။ ဒီပွဲမှာ လီဗာပူးတိုက်စစ်မှူး ဒီယာဂိုဂျိုတာကတော့ ပထမပိုင်းမှာ ၂ ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်း ပွဲချိန် ၅၄ မိနစ်မှာ ၁ ဂိုးသွင်းယူနိုင်ခဲ့ကာ ဟက်ထရစ် ရသွားပါတယ်။  ဒါဟာ လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် ၃ ပွဲဆက်တိုက် အနိုင်ရလဒ်ဖြစ်ပြီး အင်္ဂလိပ်အသင်းအနေနဲ့ အီတလီမြေမှာ အကြီးမားဆုံးနိုင်ပွဲလည်း ဖြစ်ပါတယ်။ ဂျိုတာဟာလည်း အသင်းအတွက် ၄ ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ကာ သွင်းဂိုးအရေအတွက် ၆ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိခြေစွမ်းဟာ ကစားသမားဘဝတလျှောက် အကောင်းဆုံးလားလို့ ပွဲအပြီးမှာ ဂျိုတာကို မေးမြန်းခဲ့ရာမှာ ပေါ်တူဂီသားကတော့ ဒီမေးခွန်းအတွက်အဖြေမှာ အသင်းဖော်တွေကိုပဲ ချီးကျူးခဲ့ပါတယ်။  “အခုအထိ ကျနော့်ဘဝမှာ အကောင်းဆုံးအသင်းနဲ့ ကစားနေရတာပါ။ ဒါဟာ ကျနော့်အတွက် အကောင်းဆုံးခြေစွမ်းလားဆိုတာ မပြောနိုင်ပေမယ့် ဂိုးတွေ သွင်းယူနိုင်နေတာတော့ ကျေနပ်စရာပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဝေးကွင်းအနိုင်ရလဒ်က ဝမ်းသာစရာကောင်းပါတယ်” လို့ ဂျိုတာက ပြောပါတယ်။  ဂျိုတာဟာ  ပြီးခဲ့တဲ့အပြောင်းအရွှေ့ကမှ ဝုဗ်ကနေ လီဗာပူးအသင်းကို ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။  ဆာလက်၊ မာနေးတို့နဲ့အတူ ကစားရတာနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာတာ့ ဂျိုတာက “သူတို့က ကမ္ဘာ့အဆင့် ကစားသမား ၂ ယောက်ပါ။ သူတို့ ဘယ်လောက်ကောင်းသလဲဆိုတာကို ကျနော်တို့အားလုံး သိရှိခဲ့ပြီး ဖြစ်ပါတယ်။ သူတို့ကြောင့် ကွင်းထဲက ကျနော့်ရဲ့တာဝန်တွေဟာ ပိုမိုလွယ်ကူလာခဲ့ပါတယ်” လို့ ပြောပါတယ်။ ဟက်ထရစ် ၃ ဂိုးမှာ ပထမဆုံးရရှိခဲ့တဲ့ဂိုးကို အနှစ်သက်ဆုံးဖြစ်တယ်လို့လဲ ဂျိုတာက ပြော ပါတယ်။  “ပွဲကို အလှည့်အပြောင်းဖြစ်စေခဲ့တဲ့အတွက် ပထမသွင်းဂိုးက ကျနော် အနှစ်သက်ဆုံးပါ။ ဘယ်အသင်းအတွက်မဆို အဖွင့်ဂိုးရဖို့ အရေးပါပါတယ်။ ဒီဂိုးရပြီးနောက်ပိုင်းမှာ ကျနော်တို့  ဂိုးတွေ ဆက်တိုက်သွင်းယူနိုင်ခဲ့တာကြောင့် ဒါဟာ ကျနော့်အတွက် ကောင်းမွန်တဲ့ အခိုက်အတန့် တခုပါပဲ” လို့ ဂျိုတာက ပြောပါတယ်။  လီဗာပူးအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ မန်စီးတီးအသင်းနဲ့ ပရီးမီယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာအသင်းအနေနဲ့ ခံစစ်ပိုင်း လိုအပ်ချက်ရှိနေတာကြောင့် ပိုမိုအာရုံစိုက်သွားဖို့ လိုအပ်တယ်လို့ ဂျိုတာက ပြောပါတယ်။
6 months Ago

ရှက်ဖီးလ်နှင့်ပွဲ ပင်နယ်တီ မျှတမှု မရှိဟု လီဗာပူးနည်းပြ ပြော

ရှက်ဖီးလ်အသင်းကို ပင်နယ်တီပေးလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ လုံးဝ မျှတမှုမရှိဘူးလို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။  ဒီပွဲမှာ ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ အနောက်ကလိုက်ကစားရပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။  အန်ဖီးလ်မှာ ကစားခဲ့တဲ့ပွဲရဲ့  ပွဲချိန် ၁၁ မိနစ်မှာ ဖာဘင်ဟိုက အိုလီမက်ဘရင်းကို ဧရိယာ အတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ရှက်ဖီးလ်အသင်းဟာ ပင်နယ်တီ ရရှိခဲ့ပြီး ဒီပင်နယ်တီကို ဆန်ဒရာ ဘာ့ဂျ်ကဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် လီဗာပူးလ်အသင်းဟာ ပထမပိုင်းမှာ တင်ချေပဂိုးရရှိခဲ့ပြီး တိုက်စစ်မှူး ဖာမီနိုက ဒီရာသီအတွက်သူ့ရဲ့ ပထမဆုံး ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဆာလရဲ့ ဂိုး တစ်ဂိုးဟာ လူကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရပြီး မိနစ်ပိုင်းအကြာ လီဗာပူးအသင်းဟာ လိုအပ်နေတဲ့ အနိုင်ဂိုးကို ရရှိခဲ့ပါတယ်။ မာနေးရဲ့ ဖြတ်တင်ဘောကို ကစားသမားသစ် ဒီယာဂိုဂျိုတာက ခေါင်းတိုက်သွင်းယူ ပေးခဲ့တာဖြစ်ပြေးအသင်းအတွက် လိုအပ်နေတဲ့ အနိုင် ၃ သုံးမှတ်ကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။  ပွဲအပြီးမှာ ရှက်ဖီးလ်အသင်းရဲ့ စွမ်းဆောင်ရည်ကို ကလော့က အပြည့်အဝ ချီးကျူးခဲ့ပေမဲ့ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ပတ်သတ်လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါ့အပြင် မတရားပေးခဲ့ရတဲ့ ပင်နယ်တီအတွက် မဆုတ်မနစ်တိုက်ပွဲဝင်မှာ အနိုင်ရလဒ်ကို ရှာတွေနိုင်ခဲ့တဲ့ လီဗာပူးအသင်းသားတွေကိုလည်း ကလော့ပ်က ချီးကျူးခဲ့ပါတယ်။ “ပင်နယ်တီပေးလိုက်ရတဲ့အခြေအနေက ပစ်ဒဏ်ကျူးလွန်ခဲ့တာ မဟုတ်ပါဘူး။ ဘောလုံးရာ သီတခုအတွင်းမှာ ကျနော်တို့ဟာ ကွဲပြားတဲ့အခိုက်အတန့်တွေကို ကြုံတွေ့ရနိုင်ပါတယ်။ကျနော်တို့ မတရားမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒါကိုထပ်မံကျော်ဖြတ်ပြနိုင်ခဲ့ပါတယ်” လို့ ကလော့က BBC Sport  ကို ပြောပါတယ်။  “ကျနော်တို့ မက်ဘရင်းကို ပထမပိုင်းမှာ ထိန်းချုပ်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ နေရာ လဲလှယ်မှုတွေလုပ်ဆောင်ပြီးချိန်မှာတော့ second ball တွေကို အနိုင်ရရှိခဲ့ပါတယ်။ ကျနော်တို့ အသင်းဟာ ၂ ဂိုး ၁ ဂိုးဖြစ်တဲ့အထိ ပွဲကို လွှမ်းမိုးနိုင်ခဲ့ပေမဲ့ သူတို့ရဲ့တုန့်ပြန်မှုကိုလည်း ရင်ဆိုင်ခဲ့ ပါတယ်။ ဒါကို အံ့သြတာမျိုးတော့ မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ ရှက်ဖီးလ်နဲ့ ရင်ဆိုင်ရတဲ့ ပြိုင်ဘက်တိုင်းဟာ ခက်ခက်ခဲခဲ့ ကစားရတာဖြစ်ပါတယ်။ ခရစ္စဝိုင်ဒါကို အနိုင်ယူဖို့ဆိုတာလည်း လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ သူတို့ဟာ ဘယ်တော့မှ အရှုံးမတတ်သူတွေပါ။ သူတို့ကို အများကြီး အထင်ကြီးလေးစားပါတယ်။ ခရစ္စဟာ ရှက်ဖီးလ်အသင်းအတွက် အံ့သြစရာတွေကို ဆောင်ရွက်ပေးနေသူဖြစ်ပါတယ်” လို့လည်း ကလော့ပ်က ချီးကျူးပြောဆိုပါတယ်။
6 months Ago
More News
Up