Search Results For: မန်ချက်စတာယူနိုက်တက်
မန်စီးတီးနှင့် အမှတ်ကွာဟချက်ကြီးမားသွားခဲ့သည့် မန်ချက်စတာယူနိုက်တက်
အာဆင်နယ်အသင်းနဲ့ အမ်းမရိတ်ကွင်းမှာ ဂိုးမရှိ သရေကျခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးယားလိဂ်နောက်ဆုံး ၄ ပွဲမှာ ၃ ကြိမ်မြောက် အမှတ်ဆုံးရှုံးခဲ့ရပြီလည်း ဖြစ်ပါတယ်။
ယူနိုက်တက် တိုက်စစ်မှူးကာဗာနီဟာ ဒီပွဲမှာ အပိုင်အခွင့်အရေး ၂ ကြိမ် ရရှိခဲ့ပေမယ့် ဂိုးအဖြစ် အဆုံးမသတ်နိုင်ခဲ့တာကြောင့် ယူနိုက်တက်အသင်းအတွက် နစ်နာခဲ့ရပြီး အာဆင်နယ်အသင်းကလည်း ဒီပွဲမှာ အမှတ်ရဖို့ ထိုက်တန်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ 
အာဆင်နယ်အသင်းအတွက် လာကာဇတ်ရဲ့ ဖရီးကစ်ကန်ချက် ဘားထိခဲ့သလို စမစ်ရိုးနဲ့  ပေပေတို့ရဲ့ ကန်သွင်းမှုတွေကိုလည်း ဒီဂီယာ ကာကွယ်ခဲ့ရပါတယ်။ အာဆင်နယ် ဂိုးသမား လီနိုဟာလည်း ဖရတ်ရဲ့ ကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ရီးရဲလ်ကနေ အငှားနဲ့ ခေါ်ထားတဲ့ ကစားသမားသစ် အိုဒီဂတ်ကို လူစားလဲ အသုံးပြုခဲ့ပေမယ့် ပွဲအပေါ် အပြောင်းအလဲ ကြီးကြီးမားမား မဖြစ်စေခဲ့တာကြောင့် ဂိုးမရှိ သရေရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။
ဒီရလဒ်ကြောင့် ယူနိုက်တက်အသင်းဟာ မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းထက် ၁ ပွဲ ပိုကစား  ပြီးချိန်မှာ အမှတ်ကွာဟချက် ၃ မှတ်အထိ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီပွဲမှာ အားထားရတဲ့ ကစားသမားတွေဖြစ်တဲ့ ဆာကာ၊ တီယာနေးတို့ကို လက်လွှတ်ခဲ့ရပြီး အသင်းခေါင်းဆောင် အူဘာမီယန်းကလည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတွေကြောင့် လွဲချော်ခဲ့ပါတယ်။
အဓိကကစားသမားတွေ မပါတဲ့ အာဆင်နယ်ဘက်ကို ဂိုးမသွင်းနိုင်ခဲ့တာဟာ မန်ယူနိုက်တက်အသင်းအတွက် နစ်နာမှုဖြစ်ပေမယ့် အာဆင်နယ်အသင်းကတော့ ဆောက်သမ်တန်အသင်းကို ရှုံးနိမ့်ထားမှုကနေ အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အမ်းမရိတ်ပွဲအပြီးမှာ ပရီးမီးယားလိဂ် ၁၈ ပွဲဆက်တိုက် အိမ်ကွင်းအဝေးကွင်း ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ စံချိန်သစ်တစ်ခုကို ရရှိခဲ့ပါတယ်။ 
ဒါပေမဲ့ နည်းပြဆိုးလ်ရှားကတော့ စနေနေ့ ရလဒ်အပေါ် ကျေနပ်အားရမှုရှိတဲ့ပုံစံမျိုးမှာတော့ မရှိပါဘူး။ သူဟာ သီတင်းပတ်အလယ်ပိုင်းမှာ ရှက်ဖီးလ်အသင်းကို အံ့သြသင့်ဖွယ် ရှုံးနိမ့်ခဲ့မှုကနေ ရုန်းထွက်ဖို့အတွက် သေချာပြင်ဆင်လာခဲ့တာဖြစ်ပြီး ဒါကို တွမ်မီနေးဒဏ်ရာရရှိခဲ့ပြီးနောက် တိုက်စစ်မှူး မာရှယ်ကို လူစားလဲလိုက်ခြင်းမှာ အထင်းသားမြင်ရပါတယ်။
ဒါပေမဲ့ ဆိုးလ်ရှားရဲ့အသင်းဟာ ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရသလို လိုအပ်နေတဲ့ ၃ မှတ်ကို ဆုံးရှုံးခဲ့ကာ ၁ မှတ်သာ ရရှိခဲ့ပါတယ်။
4 months Ago
မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမား ရွိုင်ယန်ဂစ် ဖမ်းဆီးခံရ
မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္ထဝင်ကစားသမားလည်းဖြစ်၊ လက်ရှိ ဝေလလက်ရွေးစင်အသင်းနည်းပြလည်းဖြစ်တဲ့ ရွိုင်ယန်ဂစ်ဟာ နာကျင်စေမှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှု စတာတွေအတွက် သံသယရှိမှုနဲ့ ဖမ်းဆီးခံခဲ့ရပြီး ဂရိတ်မန်ချက်စတာမှာရှိတဲ့ ပန်ဒလီတန်ရဲစခန်းကို ခေါ်ခံရပါတယ်။ စွပ်စွဲခံထားရသလို တိုက်ခိုက်ခဲ့တာမရှိဘူးလို့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက်မှာ နည်းပြ ရွိုင်ယန်ဂစ်က ငြင်းဆိုလိုက်ပါတယ်။ တနင်္ဂနွေနေ့ညပိုင်း ဆဲလ်ဖို့ဒ်မှာရှိတဲ့ ဝေါ့စလေအရပ်က နေအိမ်တစ်အိမ်မှာ ဆူပူမှုနဲ့ ပတ်သက်ပြီး သတင်းပေးမှု ရရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး သူ့ကို တနင်္လာနေ့မှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။  “ဆူပှုမှုအကြောင်း သတင်းပေးတာကို တနင်္ဂနွေနေ့ ည ၁၀ နာရီ ၅ မိနစ်မှာ ရရှိခဲ့ပါတယ်။ အသက် ၃၀ ကျာ်အမျိုးသမီးတစ်ဦးမှာ ဆေးကုသမှုမလိုအပ်တဲ့ အသေးစားဒဏ်ရာတွေ ရရှိခဲ့ပြီး အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို သံယသရှိမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်” လို့ ဂရိတ်မန်ချက်စတာ ရဲတပ်ဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ထုတ်ပြန်ပါတယ်။ ဂစ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ကတော့ ကစားသမားဟောင်းဘက်က သူ့အပေါ် စွပ်စွဲထားချက်တွေ အားလုံးကို ငြင်းဆန်ထားတယ်လို့ ပြောပြီး ရဲတပ်ဖွဲ့က လုပ်ဆောင်နေတဲ့ စစ်ဆေးမှုတွေမှာလည်း အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဝေလအသင်းနည်းပြဂစ်ဟာ UEFA Nations League ပွဲစဉ်အဖြစ် အိုင်ယာလန်၊ ဖင်လန်တို့နဲ့ ကစားမယ့် ဝေလအသင်း လူစာရင်းကို အခုသီတင်းပတ်အစောပိုင်းမှာ ထုတ်ပြန်ဖို့ စီစဉ်ထားတာပါ။  အခုအခြေအနေကြောင့် အင်္ဂါနေ့မှာထုတ်ပြန်မယ့် လူစာရင်းကို ရွှေ့ဆိုင်းလိုက်ပြီလို့ ဝေလဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။ ဝေလအသင်းဟာ အခုလအတွင်း UEFA Nations League ပွဲအပြင် အမေရိကန်အသင်းနဲ့ ကစားဖို့ရှိနေပြီး ဂစ်အနေနဲ့ ဒီ ၃ ပွဲစလုံးကို တာဝန်ယူနိုင်တော့မှာ မဟုတ်ဘူးလို့လည်း အဖွဲ့ချုပ်က အတည်ပြုပါတယ်။
6 months Ago
ပီအက်စ်ဂျီကို အနိုင်ယူပြီး အဝေးကွင်းစံချိန်သစ်တင်ခဲ့သည့် မန်ချက်စတာယူနိုက်တက်
ဒီမနက်စောပိုင်းကန်သွားတဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်မှာ မန်ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းကို အနိုင်ရရှိခဲ့ပြီး သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် အဝေးကွင်း ၁၀ ပွဲဆက်တိုက် အနိုင်ရရှိခဲ့တဲ့မှတ်တမ်း ရရှိခဲ့ပါတယ်။ တိုက်စစ်မှူး မားကပ်ရှ်ရက်ဖို့ဒ်ရဲ့ နောက်ကျအနိုင်ဂိုးကြောင့် မန်ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအိမ်ကွင်းမှာ (၂-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ပြင်သစ်အင်အားကြီး ပီအက်စ်ဂျီကိုအသင်းကို အနိုင်ရရှိမှုဟာ ယူနိုက်တက်အသင်းရဲ့အကောင်းဆုံးစွမ်းဆောင်ရည်လို့ သတ်မှတ်လို့မရရင်တောင် မန်ယူအသင်းဟာ ပီအက်စ်ဂျီထက် ဂိုးပေါက်ခြိမ်းခြောက်မှုပိုမို ရရှိခဲ့တာ တွေ့ရပါတယ်။  ဘောလုံးပိုင်ဆိုင်မှုမှာ ၃၉ ရာခိုင်နှုန်းသာရှိခဲ့ပေမယ့် ဂိုးကန်သွင်းမှုမှာတော့ ယူနိုက်တက်အသင်းက ၆ ကြိမ်နဲ့ ပီအက်စ်ဂျီအသင်းထက် ပိုသာခဲ့ပါတယ်။ အခုပွဲမှာယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို ဘရူနိဖာနန်ဒက်စ်က ပင်နယ်တီကနေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မာရှယ်ကြောင့်ရတဲ ဒီပင်နယ်တီကို ဖာနန်ဒက်စ်က ပထမအကြိမ် ကန်သွင်းရာမှာ ပီအက်စ်ဂျီ ဂိုးသမားနာဗက်စ်က ကာကွယ်နိုင်ခဲ့ပေမဲ့  စည်းအပြင်ရောက်ရှိနေခဲ့ တာကို VAR မှာမြင်တွေ့ခဲ့ရပြီး ဒိုင်က နောက်တစ်ကြိမ် ပြန်ပြီး ကန်စေခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဖာနန်ဒက်စ်က ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ဒုတိယပိုင်းမှာတော့ ပီအက်စ်ဂျီအသင်းက ချေပဂိုးရရှိဖို့ အရှိန်မြှင့်တင်ကစားလာခဲ့ပြီး ပွဲချိန် ၅၅ မိနစ်မှာ မာရှယ်က ကိုယ့်ဂိုးကိုယ်သွင်းမိလို့ ၁ ဂိုးစီ သရေကျနေခဲ့ပါတယ်။  ချေပဂိုးပေးလိုက်ရပေမယ့် ဆိုးလ်ရှားရဲ့ကစားသမားတွေဟာ အနိုင်ရလဒ်အတွက် ဆက်တိုက်ပွဲဝင်ခဲ့ပြီး အခွင့်အရေးတချို့ကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းကလည်း တိုက်စစ်ကိုမြှင့်တင်လာတာကြောင့် ပွဲဟာကြည့်ကောင်းခဲ့ပြီး ပွဲချိန် ၈၇ မိနစ်မှာတော့ ပေါ့ဘာရဲ့ပေးပို့မှုကနေ တိုက်စစ်မှူးရက်ဖို့ဒ်က ဧရိယာအပြင်ဘက်ကနေ ကန်သွင်းယူခဲ့တာမှာ ယူနိုက်တက်တို့ အနိုင်ဂိုးရရှိခဲ့ပါတယ်။  အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာနဲ့ ပတ်သတ်လို့ရက်ဖို့ဒ်က “ဒါပေါ့။  ဒါဟာ တကယ့်ကို ကောင်းမွန်ပါတယ်။ ပိုအရေးကြီးတာက ကျနော်တို့အသင်း အနိုင်ရရှိခဲ့တာပါ။ အခုဆို ကျနော်တို့အသင်းဟာ အုပ်စုအတွင်း အခြေအနေကောင်းတဲ့ အနေအထားကိုရောက်ရှိခဲ့ပေမယ့် ဒါဟာ ပထမဆုံးပွဲပါ။ အခုပွဲလိုအာရုံစိုက်မှုမျိုးကို ကျနော်တို့ နောက်ပွဲတွေမှာလည်း ဆက်လက်ပြသသွားပါမယ်။ ကစားသမားတွေအနေနဲ့ နည်းပြသတ်မှတ်ပေးတဲ့ ကစားကွက်ကို ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။ ကျနော်တို့ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါဟာ ခက်ခဲခဲ့ပေမယ့် ကျနော်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်” လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ ဒီအနိုင်ရလဒ်ကြောင့် ဆိုးလ်ရှားရဲ့အသင်းဟာ ဇွန် ၂၇ ရက်နေ့က နာ့ဝှစ်ကို (၂-၁) ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း ၁၀ ပွဲဆက်တိုက် အဝေးကွင်းအနိုင်ရရှိမှု မှတ်တမ်းကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
7 months Ago
အပြောင်းအရွှေ့ပိတ်ခံထားရသလို ဖြစ်နေဟု မန်ချက်စတာယူနိုက်တက် ဝေဖန်ခံရ
မန်ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ ပိတ်ပင်ခံထားရသလို ဖြစ်နေရတယ်လို့ ပရိသတ်တွေက ဝေဖန်နေကြပါတယ်။  မန်ယူအသင်းဟာ အခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ခြင်း မရှိသေးတဲ့အပေါ်မှာ ပရိသတ်တွေက စိတ်ပျက်နေကြတာပါ။  ချဲလ်ဆီး၊ မန်စီးတီး အစရှိတဲ့ အသင်းတွေက ကစားသမားကောင်းတွေ ခေါ်ယူနေချိန်မှာ ယူနိုက်တက်အသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေအပေါ်မှာ ပရိသတ်တွေက မကျေမနပ် ဖြစ်နေကြတာပါ။  ဒေါက်တာဘော်လာဘာ့ဒ်လို့ အမည်ပေးထားတဲ့ မန်ယူ ပရိသတ်တစ်ဦးကတော့ ယူနိုက်တက်က အပြောင်းအရွှေ့ ပိတ်ပင်ခံထားရသလို ပြုမူလုပ်ဆောင်ကြောင်း တွစ်တာကနေ ဝေဖန်သွားခဲ့ပါတယ်။  ချဲလ်ဆီးက မန်ယူနိုက်တက်ရဲ့အောက်မှာ ရပ်တည်ခဲ့ပေမယ့် ထိပ်တန်းကစားသမား ၄ ဦး ဝယ်ယူခဲ့ပြီးဖြစ်ကြောင်းနဲ့ ယူနိုက်တက် ဘုတ်အဖွဲ့အနေနဲ့ အိပ်ရာကနေ အမြန်ဆုံး နိုးထလာဖို့ လိုအပ်ကြောင်း မန်ယူပရိသတ်တစ်ဦးက ဝေဖန်ပါတယ်။
9 months Ago
မန်ချက်စတာယူနိုက်တက်အသင်း ဘရိုက်တန်ကို ၃ ဂိုးပြတ်အနိုင်ရ
ဒီမနက်အစောပိုင်းကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ဘရိုက်တန်အသင်းကို အဝေးကွင်းမှာ ၃ ဂိုးပြတ် အနိုင်ရသွားပါတယ်။ ဒီနေ့ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက်ဦးဆောင်ဂိုးကို လူငယ်ကစားသမား မဆန်ဂရင်းဝုဒ်က ပထမပိုင်း ၁၆ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ ဒါဟာ  လူငယ် ကစားသမားရဲ့ ဒီရာသီခြောက်ဂိုးမြောက် ပရီးမီးယားလိဂ် သွင်းဂိုးလည်း ဖြစ်ပါတယ်။ နောက်ထပ် အနိုင် ဂိုးနှစ်ဂိုးကိုတော့  ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က သွင်းယူပေးခဲ့တာဖြစ်ပြီး  သူဟာ ဒီပွဲမှာ ခြေစွမ်းပြနိုင်ခဲ့လို့ ပွဲရဲ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။ ဒီနှစ်ဂိုးကြောင့် ဖာနန်ဒက်စ်ရဲ့ ယူနိုက်တက်အတွက် သွင်းဂိုးဟာ ၈ ဂိုးအထိရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားကတော့ မန်ချက်စတာယူနိုက်တက်အသင်းမှာ အရည်အသွေးနဲ့ ယုံကြည်မှုအပြည့်ရှိနေတယ်လို့ ပြိုင်ဘက်တွေကို သတိပေးလိုက်ပါတယ်။ ဘရိုက်တန်နဲ့ပွဲက ခြေစွမ်းက ချန်ပီယံလိဂ်ဝင်ခွင့်ပြိုင်ပွဲအတွက် အသင်းရဲ့ အာရုံစိုက်မှု အခြေအနေကို ဖော်ပြနေသလားလို့ ဆိုးလ်ရှားကို မေးမြန်းခဲ့ရာမှာ “ကျနော် အခြေအနေတွေကို ဂရုမစိုက်ပါဘူး။ ကျနော့်အသင်းဟာ အသင်းကောင်းတစ်သင်းဆိုတာ ကျနော် သိပါတယ်။ ကျနော်တို့မှာ အရည်အသွေးနဲ့ ယုံကြည်မှုအပြည့်ရှိပါတယ်။ ကျနော့်ကောင်လေးတွေ တော်တော်လေးကို ကောင်းကောင်းမွန်မွန် ကစားနိုင်ခဲ့ကြပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။  ဘရိုက်တန်အသင်းဟာ ကစားရခက်တဲ့ ပြိုင်ဘက်အသင်းတစ်သင်းဖြစ်ပေမဲ့ မန်ယူ ကစားသမားတွေက အကောင်းဆုံး ဖိအားပေးနိုင်ခဲ့ပြီး ကောင်းမွန်စွာစတင်နိုင်ခဲ့တယ်လို့လည်း နည်းပြဆိုးလ်ရှားက ပြောပါတယ်။ ဒီနိုင်ပွဲဟာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၁၅ ပွဲဆက်တိုက် ရှုံးပွဲမရှိ အနိုင်ရတဲ့ ပွဲဖြစ်ပြီး အသင်းဟာလည်း အမှတ်ပေးဇယား  အဆင့် ၄ နေရာက ချဲလ်ဆီးအသင်းနဲ့ ၂ မှတ်အကွာ အဆင့် ၅ နေရာမှာ ဆက်လက် ရပ်တည်နေပါတယ်။
11 months Ago
လာမည့်နွေရာသီတွင် ငွေသုံးကြမ်းဦးမည့် မန်ချက်စတာယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာလည်း ငွေအ‌မြောက်အမြား ထပ်မံသုံးစွဲပြီးတော့ အသင်းကို ပြန်လည်တည်ဆောက်ဖို့ ရည်ရွယ်နေတယ်လို့ အသင်းရဲ့ အမှုဆောင်အရာရှိချုပ် အက်ဒဝပ်ဝုဒ်က ပြောပါတယ်။  နည်းပြ ဆိုးလ်ရှား စတင်ကိုင်တွယ်ချိန်ကတည်းက ‌ပေါင်သန်း ၂၀၀ ထိ သုံးစွဲပြီး ဖြစ်ပါတယ်။ ဘုတ်အဖွဲ့ကတော့ လက်ရှိအချိန်ထိ အသင်းမှာ ကစားသမား လိုအပ်ချက်ရှိနေဆဲလို့ သတ်မှတ်နေကြပါတယ်။  ဒါ့အပြင် ဝုဒ်ရဲ့အဆိုအရ လာမယ့်ရာသီဝက်မှာ ကစားသမားသစ်တွေအပြင် ဒဏ်ရာကနေ ပြန်သက်သာလာမယ့် ကစားသမားတွေကြောင့် အသင်းရဲ့ တိုးတက်လာတဲ့ပုံစံကို တွေ့မြင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။
1 year Ago
မန်ချက်စတာယူနိုက်တက်အသင်းသို့ ဘရူနိုဖာနန်ဒက်စ် ပြောင်းရွှေ့လို
စပို့တင်းလစ္စဘွန်းအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဘက်ကနေ ပေါင်သန်း ၅၀နဲ့ ကမ်းလှမ်းထားခဲ့တဲ့ ပေါ်တူဂီ ကွင်းလယ်ဖန်တီးရှင် ဖာနန်ဒက်စ်ဟာ ဇာဗီ၊ အင်နီယေစတာ၊ ပီယာလို၊ ဇီဒန်းတို့အားလုံး ပေါင်းစပ်ထားသလို စွမ်းဆောင်ရည်တွေ ပြည့်ဝနေတဲ့ ကစားသမား ဖြစ်တယ်လို့တောင် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ လန်ဒန်ကလပ် စပါးအသင်းကလည်း အစောပိုင်းကတည်းက ကြိုးစားခဲ့ပေမယ့် ဖာနန်ဒက်စ်ကတော့ ယူနိုက်တက်ကိုပဲ ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။  ဖာနန်ဒက်စ်ဟာ ဘောလုံးစွမ်းရည်တွေအပြင် အသင်းကို ခေါင်းဆောင်နိုင်စွမ်း၊ အနစ်နာခံမှုတွေကြောင့်လည်း နာမည်ကြီးသူ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ငွေကြေးဆိုင်ရာ ပြဿနာတက်ခဲ့ချိန်မှာလည်း အသင်းက ကစားသမား တော်တော်များများ ထွက်ခွာခဲ့ပေမယ့် ဖာနန်ဒက်စ်ကတော့ အသင်းမှာ ဆက်ရှိနေပေးခဲ့ပြီး အပိုဆုကြေးအနေနဲ့ ရရှိမယ့် ပေါင် ၅ သန်းကိုလည်း မယူခဲ့ဘူးလို့ သိရပါတယ်။
1 year Ago
မန်ချက်စတာယူနိုက်တက်အသင်း နယူးကာဆယ်ကို  (၄-၁)ဂိုးဖြင့် အနိုင်ရ (ရုပ်သံ)
မနေ့ညက ကန်သွားတဲ့ ဘောက်ဆင်ဒေးပရီးမီးယားလိဂ်ပွဲစဉ် တပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့  နယူးကာဆယ်တို့ ပွဲစဉ်မှာတော့ မန်ယူတို့ ၄ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ နယူးကာဆယ်က လောင်းစတပ်ဖ်က ပထမပိုင်းပွဲချိန် ၁၇ မိနစ်မှာပဲ  ဦးဆောင်ဂိုး စသွင်းယူပြီးနိုင်ခဲ့လို့ မန်ယူအသင်းအတွက် စိုးရိမ်စရာအခြေအနေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၂၄ မိနစ်မှာပဲ မန်ယူနိူက်အတွက်  ချေပဂိုးကို မာရှယ်က စသွင်းယူခဲ့ပြီး ပွဲချိန် ၃၆ မိနစ်မှာ ဂရင်းဝုတ်က တဂိုး ၄၁ မိနစ်မှာ  ရပ်ရှ်ဖို့ဒ်က တဂိုးထပ်သွင်းယူခဲ့လို့ ပထပိုင်းမှာတင် မန်ယူတို့ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရနေပါတယ်။ ဒုတိယပိုင်းမှာလည်း မန်ယူတို့ ကစားကွက်အသာနဲ့ ကစားနိုင်ခဲ့ပြီး ပွဲချိန် ၅၁ မိနစ်မှာ မာရှယ်က အနိုင်ဂိုး တဂိုးထပ်သွင်းယူခဲ့လို့  ပြီးအပြီးမှာ မန်ယူအသင်း (၄-၁) ဂိုးနဲ့ အနိုင်ရသွားပါတယ်။  ဒီပွဲရဲ့ အကောင်းဆုံးဘောလုံးသမားဆုကို မာရှယ်ကရရှိသွားပြီး ဒီပွဲနိုင်လို့ မန်ယူနိုက်တက်က အမှတ်ပေးဇယား အဆင့် ၇ နေရာကို တက်လှမ်းသွားပါတယ်။  
1 year Ago
မန်ချက်စတာယူနိုက်တက်က ဗီဒဲလ်ကို ‌ခေါ်ယူန် ချိတ်ဆက်နေ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဘာစီလိုနာကွင်းလယ်ကစားသမား အာတူရို ဗီဒဲလ်ကို အခု ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ The Mirror သတင်းမှာ ဖော်ပြပါတယ်။ ချီလီလက်ရွေးစင် ကွင်းလယ်လူ ဗီဒဲလ်ဟာ ဘာစီလိုနာအသင်းမှာ ပွဲကစားခွင့် နည်းပါးခြင်းအတွက် မပျော်မရွှင် ဖြစ်နေပုံရပြီး ဒီဇင်ဘာလမှာ သူ့ရဲ့အနေအထားကို ပြန်လည်စဉ်းစားသွားမယ်လို့လည်း အစောပိုင်းက ထုတ်ဖော်ပြောဆိုထားသူ ဖြစ်ပါတယ်။  ဗီဒဲလ်ဟာ ဘာစီလိုနာအသင်းအတွက် အခုရာသီမှာ လာလီဂါပွဲ ၉ ပွဲကိုသာ ကစားခွင့်ရထားပြီး အဲဒီထဲက ၃ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဗီဒဲလ်ကို ခေါ်ယူဖို့အတွက် သူ့အေးဂျင့်ဖြစ်တဲ့ ဖာနန်ဒို ဖယ်လီစီဗစ်နဲ့ ချိတ်ဆက်နေတယ်လို့ FcInternews သတင်းမှာ ဖော်ပြထားပါတယ်။ ဖယ်လီစီဗစ်စာ ဆန်းချက်ဇ်ကို ယူနိုက်တက်ကနေ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ရာမှာ အဓိက ဆောင်ရွက်ပေးခဲ့သူ ဖြစ်ပြီးတော့ သူဟာ ယူနိုက်တက်အမှုဆောင် အက်ဝုဒ်နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအခြေအနေကို အသုံးချပြီး ယူနိုက်တက်က ဗီဒဲလ်ကို ပေါင် ၁၃ သန်းနဲ့ အင်္ဂလန်မြေကို ခေါ်ဆောင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ လာမယ့်ဈေးကွက်အတွက် ယူနိုက်တက်အသင်းရဲ့ အဓိကဦးစားပေး ပစ်မှတ်ဟာ တိုက်စစ်မှူး ဖြစ်ပေမယ့်လည်း ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ကွင်းလယ်လူ ‌ရွေးချယ်စရာနည်းပါးမှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ဖယ်လိုင်နီ၊ ဟာရဲရားတို့ နေရာကို အစားမထိုးနိုင်သေးတဲ့ ယူနိုက်တက်အသင်းဟာ အားထားရတဲ့ ပေါ့ဘာနဲ့ တွမ်မီနေးတို့ ဒဏ်ရာရသွားချိန်မှာ ကွင်းလယ်အတွက် ရွေးချယ်စရာ နည်းပါးမှုဒဏ်ကို ခံစားနေရပြီး ကွင်းလယ်လူ နောက်တဦးဖြစ်တဲ့ မာတစ်ဟာလည်း အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဗီဒဲလ်ကို ခေါ်ယူရေးအတွက် ယူနိုက်တက်အသင်းဟာ အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပြီး အင်တာနည်းပြ ကွန်တီက သူနဲ့ ဂျူဗင်တပ်စ်မှာ အတွဲညီခဲ့တဲ့ ဗီဒဲလ်ကို ခေါ်ယူလိုနေပါတယ်‌။ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဗီဒဲလ်ဟာ ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ် စတဲ့အသင်းတွေနဲ့ အောင်မြင်မှုများစွာကို ဆွတ်ခူးထားနိုင်ခဲ့သူဖြစ်ပြီး သူ့ကို ခေါ်ယူနိုင်ခဲ့ပါက ဒါဟာ ယူနိုက်တက်အသင်းရဲ့ လူငယ်ကစားသမားတွေအတွက် အတွေ့အကြုံကောင်းတွေကို ရရှိစေမှာ ဖြစ်ပါတယ်။
1 year Ago
မန်ချက်စတာယူနိုက်တက်အသင်း ဘရိုက်တန်ကို (၃-၀) ဂိုးဖြင့်အနိုင်ရ (ရုပ်သံ)
မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိူက်တက်က ဘရိုက်တန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်ယူနိုက်တက်  တိုက်စစ်ပိုင်းမှာ မာစီယယ်၊ ရပ်ဖို့ဒ်နဲ့ ဒယ်နီရယ်ဂျိမ်းတို့ ပွဲထွက်လာပြီး ကစားပုံလည်း ကောင်းခဲ့ပါတယ်။ ဦးဆောင်ဂိုးကို ၁၇ မိနစ်မှာ ပရဲရာက သွင်းယူပါတယ်။ ဒုတိယဂိုးကို ဘရိုက်တန် ကစားသမား ကိုယ့်ဂိုးကိုယ်သွင်းရာကနေ ရသွားပါတယ်။ ဘရိုက်တန်အတွက် ချေပဂိုးကို ၆၄ မိနစ်မှာ သွင်းယူပါတယ်။ ဒီပွဲမှာ မန်ယူက  ဂိုးပေါက် ကန်သွင်းခွင့် ၁၁ ကြိမ်အထိ ရခဲ့ပြီး ဘရိုက်တန်က ၂ ကြိမ်ပဲ ရခဲ့ပါတယ်။ တတိယဂိုးကို ၆၆ မိနစ်မှာ တိုက်စစ်မှူး ရပ်ဖို့ဒ့်က သွင်းယူပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ကွင်းလယ်သမား ဖရက်ဒ်က ရရှိသွားပါတယ်။ ဒီပွဲနိုင်လို့ မန်ယူနိုက်တက်က အမှတ်ပေးဇယားမှာ  အဆင့် ၇ နေရာအထိ တက်လှမ်းသွားပါတယ်။
2 years Ago
ပေါ့ဘာ မန်ချက်စတာယူနိုက်တက်တွင် ဆက်ရှိနေရန် Adidas ကုမ္ပဏီ ဝင်ညှိနှိုင်းခဲ့ဟုဆို
2 years Ago
ချန်ပီယံ ယုံကြည်ချက် ယူနိုက်တက်အသင်းတွင် မရှိဟု ရွိုင်ကိန်း ဝေဖန်
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားတွေဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်ဖို့ ကြောက်လန့်နေကြတယ်လို့ ကွင်းလယ်လူဟောင်း ရွိုင်ကိန်းက ပြောပါတယ်။ 
ဆိုးလ်ရှားရဲ့အသင်းဟာ စနေနေ့ အာဆင်နယ်နဲ့ပွဲမှာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ထိပ်ဆုံးနေရာက မန်စီးတီးအသင်းနဲ့ အမှတ် ကွာဟချက်မြင့်တက်ခဲ့ပြန်ပြီ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ချန်ပီယံဖြစ်နိုင်တဲ့ အသင်းအဖြစ် ခြေစွမ်းတွေ ဆက်တိုက်ပြသခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲ ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။
“ကျနော် ယူနိုက်တက်အသင်းကို ကြည့်ပြီး ခေါင်းကုတ်နေခဲ့ရပါတယ်။ ဒီနေ့ပွဲမှာ ကျနော် စိုးရိမ်နေခဲ့တာက သူတို့မှာ ဒီပွဲကို အနိုင်ယူပစ်လိုက်မယ်ဆိုတဲ့ ယုံကြည်မှုမျိုးအားနည်းနေတာပဲ ဖြစ်ပါတယ်။ ဒါဟာ ယူနိုက်တက်အသင်းပါ။ အာဆင်နယ်အသင်းမှာ ကစားသမားတချို့ မပါဝင်နိုင်ခဲ့ပါဘူး။ ဒါက ဘောလုံးပွဲတစ်ခုကို အနိုင်ရဖို့ အာမခံချက်မဟုတ်ပေမယ့် အနိုင်ရမယ့် အခွင့်အရေးကို အရမယူနိုင်ခဲ့ပါဘူး။ ယူနိုက်တက်အသင်းဖြစ်ပြီး ပွဲတစ်ပွဲကို အနိုင်ရမယ်လို့ ယုံကြည်မှုမရှိနေတာမျိုးကို စဉ်းစားကြည့်စမ်းပါ။ သူတို့မှာ ဒီလိုပြင်းပြမှုမျိုး ရှိမနေခဲ့ပါဘူး။ ရှက်ဖီးလ်နဲ့ပွဲမှာ ခြေချော်ခဲ့တာဟာ ကွင်းထဲမှာ ပရိသတ်တွေ မရှိလို့၊ ပွဲဆက်တွေ များနေလို့ဆိုပြီး ဆင်ခြေပေးလို့ရပါတယ်။ ဒါပေမဲ့ ဒီနေ့ပွဲမှာတော့ အသင်းဟာ အရည်အသွေးပိုင်း ပျောက်ဆုံးနေပြီး အာဆင်နယ်ကို အနိုင်ယူမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးလည်း ကင်းမဲ့နေရပါတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင် အနည်းဆုံး အာဆင်နယ်ဟာ သရေရလဒ်နဲ့ ထိုက်တန်မှုရှိပါတယ်” လို့ ရွိုင်ကိန်းက ပြောပါတယ်။
ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးနဲ့ ယှဉ်လုနိုင်သလားလို့ မေးခဲ့မယ်ဆိုရင်တောင် အခု ကစားသမားတွေ ပုံစံက ကြောက်ရွံ့နေပြီးတော့ ကျနော်တို့ ဒီလိုယှဉ်ပြိုင်မှုမျိုးအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ တွေးနေပါလိမ့်မယ် လို့လည်း ရွိုင်ကိန်းက ပြောခဲ့ပါတယ်။
ရွိုင်ကိန်းရဲ့ ထောက်ပြပြောဆိုမှုကို သူနဲ့အတူ ပွဲသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ဂျင်မီကာရေဂါကလည်း ထောက်ခံခဲ့ပါတယ်။
လီဗာပူးနဲ့ ဂိုးမရှိ သရေကျခဲ့ကာ ဇယား အောက်ဆုံးက ရှက်ဖီးလ်အသင်းကို ရှုံးနိမ့်ခဲ့ခြင်း၊ အာတီတာနဲ့ အာဆင်နယ်အသင်းကို ဂိုးမရှိ သရေကျခဲ့ခြင်းတို့ကို ဥပမာပေးဟာ အခုလိုပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ကာရေဂါက “ကျနော်သာ ယူနိုက်တက်ပရိသတ်ဆိုရင် အခုည ပွဲရလဒ်ကို ရှက်ဖီးလ်နဲ့ပွဲ အရှုံးထက်ပိုပြီး ပေါက်ကွဲမိပါလိမ့်မယ်။ ရှက်ဖီးလ်နဲ့ပွဲဟာ အနိုင်ရသင့်တဲ့ပွဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့က ကစားသမားဘဝမှာလည်း ဒီလိုမျိုး မရှုံးသင့်တဲ့ပွဲတွေမှာ ရှုံးနိမ့်ရတာမျိုး ကြုံပါတယ်။ ယူနိုက်တက်အသင်းဟာ သူတို့ရဲဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို အခုချိန်အထိ ယုံကြည်မှု မရှိသေးသလိုပါပဲ” လို့လည်း ပြောပါတယ်။
4 months Ago
ဝက်စ်ဟမ်းမှာ ခြေစွမ်းပြပြီး ပြန်လာရန် လင်ဂတ်ကို နည်းပြဆိုးလ်ရှား ပြော
လင်ဂတ်အနေနဲ့ ဝက်စ်ဟမ်းမှာ ခြေစွမ်းပြသပြီး အသင်းဆီကို ပြန်လာစေချင်တယ်လို့ နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။
နည်းပြဆိုးလ်ရှားဟာ ပွဲထွက်ခွင့်မပေးနိုင်ခဲ့တဲ့ လင်ဂတ်ကို ဝက်စ်ဟမ်းအသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ လင်ဂတ်အနေနဲ့ ဝက်စ်ဟမ်းအသင်းမှာ သူ့ရဲ့အရည်အချင်းတွေကို ပြသပြီး အသင်းဆီ ပြန်လာစေချင်ကြောင်း နည်းပြဆိုးလ်ရှားက ပြောခဲ့တာပါ။ 
လင်ဂတ်အနေနဲ့ ကိုဗစ်ရောဂါပိုးတွေ့ရှိသူနဲ့ ထိတွေ့မှုရှိခဲ့လို့ သီးသန့်နေထိုင်ခဲ့ရတာမျိုးလို ကိစ္စတွေရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက် ကစားသမားတစ်ဦးဆိုတာကို ပြသပြီး အသင်းဆီ ပြန်လာဖို့ နည်းပြဆိုးလ်ရှားက တိုက်တွန်းခဲ့တာပါ။
နောက်ခံလူ ရိုဟိုကတော့ အာဂျင်တီးနားကလပ်ဆီကို ပြန်လည်ပြောင်းရွှေ့မှာ ဖြစ်ပြီး ဂိုးသမား ရိုမဲရိုးကတော့ စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ အသင်းမှာ ဆက်ရှိနေမှာဖြစ်တယ်လို့ ဆိုးလ်ရှားက အတည်ပြုသွားပါတယ်။
4 months Ago
ရလဒ်မကောင်းချိန် အသင်း၏ ထောက်ခံမှုရခဲ့သဖြင့် ကျေနပ်မိဟု မန်ယူနည်းပြဆိုးလ်ရှားပြော
ရလဒ်တွေ မကောင်းချိန်မှာ အသင်းရဲ့ထောက်ခံမှု အပြည့်အဝရခဲ့တဲ့အပေါ် ကျေနပ်မိတယ်လို့  မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ပြောလိုက်ပါတယ်။
ချဲလ်ဆီးအသင်းက ရလဒ်ကောင်းရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့တဲ့ နည်းပြလမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက်မှာ နည်းပြဆိုးလ်ရှားက ပြောခဲ့တာပါ။
မန်ယူအသင်းဟာ ရာသီအစတုန်းက ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အခြေအနေဆိုးတွေကနေ ပြန်လည်ရုန်းထွက်နိုင်ခဲ့ကာ လက်ရှိအချိန်မှာတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ယုံကြည်မှုတွေတင်မကဘဲ အသင်းလူစာရင်းကလည်း ဒဏ်ရာကင်းစင်နေပြီ ဖြစ်တယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။
မန်ယူအသင်းဟာ လက်ရှိအချိန်  ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ရမှတ် ၄၀ နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
4 months Ago
လင်ဂတ်ကို အငှားခေါ်ယူနိုင်ရန် ဝက်စ်ဟမ်း ထိပ်ဆုံးမှရေပန်းစား
လင်ဂတ်ကို အငှားခေါ်ယူဖို့ ဝက်စ်ဟမ်းက ထိပ်ဆုံးမှရေပန်းစားနေပေမဲ့ လင်ဂတ်အနေနဲ့ အခုချိန်အထိ ဘယ်အသင်းနဲ့အတူ လက်ကျန်ပွဲစဉ်တွေကို ဖြတ်သန်းရမလဲ ဆိုတာတော့ မသေချာသေးပါဘူး။ 
လင်ဂတ်ဟာ မန်ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရသူဖြစ်ပြီး ဒီရာသီမှာ ၂ ပွဲသာ ပွဲထွက်ကစားခွင့်ရထားကာ လိဂ်ပွဲစဉ်တွေမှာတာ့ လုံးဝကစားရခြင်း မရှိသေးပါဘူး။
ဆိုးလ်ရှားအနေနဲ့ ဖလား ၃ လုံး လမ်းကြောင်းပေါ်မှာရှိနေဆဲ ဖြစ်တာကြောင့် တောင့်တင်းတဲ့ လူစာရင်းကို အလိုရှိနေပြီး အသက် ၂၈ နှစ်အရွယ် ကစားသမားကို အသင်းမှာ ဆက်ထိန်းထားချင်နေတယ်လို့ ယူဆကြပါတယ်။ 
ဒါပေမဲ့ ကစားသမားနဲ့ နည်းပြကြား စကားပြောဆိုမှု ပြုလုပ်ပြီးချိန်မှာတော့ လင်ဂတ်ကို အငှားထွက်ကစားဖို့ ခွင့်ပြုလိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ပြည်တွင်းက ရှက်ဖီးလ်၊ ဝက်စ်ဘရွန်းအသင်းတွေအပြင် ပြည်ပကလပ်တွေကပါ လင်ဂတ်ကို အလိုရှိနေပြီး ပရီးမီးယားလိဂ်မှာ ဆက်နေဖို့ ကစားသမားက ဆန္ဒရှိနေကာ သူ့ကို အငှားခေါ်ဖို့ ကိစ္စမှာ ဝက်စ်ဟမ်းအသင်းက ရေပန်းအစားဆုံးဖြစ်နေတယ်လို့ Goal သတင်းမှာ ဖော်ပြပါတယ်။ 
ဒါပေမဲ့ တဘက်မှာလည်း လင်ဂတ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းအကြား ဆွေးနွေးမှုတွေဟာ မပြီးပြတ်နိုင်သေးဘဲ ကစားသမားအနေနဲ့ကလည်း သူ့ရဲ့ ပွဲကစားခွင့်အတွက် အခုသီတင်းပတ်အတွင်းမှာ အပြီးသတ်ရလဒ် ထွက်ပေါ်လာစေချင်နေတယ်လို့ သိရပါတယ်။
“လင်ဂတ်ဟာ ဒီမနက် လေ့ကျင့်ရေးမှာ ပါဝင်ခဲ့ပေမယ့် ပွဲကစားမယ့်စာရင်းမှာ ပါဝင်မှာတော့ မဟုတ်ပါဘူး” လို့ လီဗာပူးလ်နဲ့ အက်ဖ်အေဖလားမတိုင်ခင်မှာ ဆိုးလ်ရှားက ပြောပါတယ်။ 
“သူ ပွဲကစားချင်နေတာ သေချာတာပေါ့။ ဒါကြောင့် ကျနော်တို့ စောင့်ကြည့်ရပါမယ်။ ဒီကိစ္စကို ဘယ်လိုလုပ်မလဲဆိုတာ ကျနော်တို့ ဆွေးနွေး ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ အခုချိန်အထိ သူဟာ ပရော်ဖက်ရှင်ကစားသမားပီသစွာ နေထိုင်နေဆဲ ဖြစ်ပါတယ်။ လူစာရင်းမှာ ပါဝင်တဲ့ ကစားသမားတချို့နဲ့ လေ့ကျင့်ရေးဆင်းခဲ့ပါတယ်။ ကျနော်တို့ တွေ့ဆုံပြီး အဖြေရှာရပါမယ်” လို့ ဆိုးလ်ရှားက ပြောပါတယ်။
လင်ဂတ်ဟာ ယူနိုက်တက်အသင်းကို အသက် ၇ နှစ်အရွယ်ကတည်းက ရောက်ရှိလာခဲ့သူ ဖြစ်ကာ အသင်းအတွက် ပွဲပေါင်း ၂၀၀ ကျော် ကစားထားပါတယ်။ သူ့ရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၂ ရာသီကုန်အထိ ဆက်ရှိနေမှာ ဖြစ်ပါတယ်။
သူဟာ အိုးထရက်ဖို့ဒ်မှာ မျှော်လင့်ချက်ကြီးကြီးမားမား ထားရှိခံခဲ့ရတဲ့ ကစားသမား ဖြစ်ပေမဲ့ ပွဲထွက်ခွင့်မရတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလ ပြီးဆုံးဖို့ နီးကပ်လာချိန်အထိ ကစားသမားသစ် ခေါ်ယူဖို့ကိစ္စကို လက်ရှောင်ထားပေမယ့် ဂိုးသမား ရိုမီရိုနဲ့ နောက်ခံလူ ရိုဂျိုတို့ အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေပါတယ်။
4 months Ago
အန်ဖီးလ်ကွင်းပွဲနဲ့ မတူတဲ့ရလဒ် ထွက်ပေါ်ဖို့ရှိနေတဲ့ ယူနိုက်တက် - လီဗာပူး ပွဲကြိုသုံးသပ်ချက်
  ပရီးမီးယားလိဂ် ဂိုးမရှိတွေ့ဆုံမှုအပြီး တစ်ပတ်အကြာမှာ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူး တို့ဟာ အက်ဖ်အေဖလား စတုတ္တအဆင့်အဖြစ် ဒီနေ့ ထပ်မံယှဉ်ပြိုင်ဖို့ရှိနေပါတယ်။  ဒီတစ်ကြိမ် အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ယူနိုက်တက်အသင်း ခြေစွမ်းတက်နေချိန်မှာ လီဗာပူးအသင်းကတော့ စံချိန်တင်ဂိုးပေါက်ပျောက်ဆုံးမှုနဲ့အတူ ရုန်းကန်နေရပါတယ်။  လိဂ်ဖလားပွဲဖြစ်နေပေမယ့် ဒီ ၂ သင်းကြားမှာရှိတဲ့ ပြိုင်ဆိုင်မှုအခြေအနေကြောင့် ၂ ဖက်လုံးက အကောင်းဆုံးလူစာရင်းနဲ့ ခြေကုန်ထုတ်ကစားသွားကြမှာပဲဖြစ်ပါတယ်။ ယူနိုက်တက်အသင်းမှာ ဗစ်တာလင်ဒီလော့ဖ်ပြန်ပါလာနိုင်မှာဖြစ်ပြီး ဆိုးလ်ရှားအနေနဲ့ ဒီပွဲမှာ အဓိက ကစားသမား ဘယ်နှယောက်လောက်ကို အနားပေးသွားမလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။  ဂိုးသမားနေရာမှာတော့ လိဂ်ပွဲတွေကို တာဝန်ယူရတဲ့ ဟန်ဒါဆန်ဖြစ်လာဖို့ ရှိနေပြီး ညာအစွန်မှာ ဝမ်ဘစ်ဆာခါကိုပဲ ဆက်ကစားစေမယ်လို့ယူဆရပါတယ်။  ဘယ်နောက်ခံလူနေရာမှာ လုရှောအစား တဲလက်စ်ဖြစ်လာဖို့များပြီး အတွင်းလူ ၂ နေရာကို လင်ဒီလော့ဖ်နဲ့ အသင်းခေါင်းဆောင်မက်ဂွိုင်းယား ကစားပါမယ်။  ကွင်းလယ်မှာ တွမ်မီနေး၊ ဖရက်၊ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ ပါလာနိုင်တာကြောင့် ဘန်ဒီဘိခ်အနေနဲ့ နေရာပျောက်ဖို့ရှိနေပါတယ်။ ဗန်ဒီဘိခ်ကို ဒီပွဲမှာအသုံးပြုသွားမယ်လို့ ဆိုးလ်ရှား က ပြောထားတာကြောင့် ကွင်းလယ်မှာ အပြောင်းအလဲတစ်ချို့ မြင်တွေ့ရ မလား စောင့်ကြည့်ရပါမယ်။ တိုက်စစ်ကို ကာဗာနီနဲ့ ရက်ဖို့ဒ်တို့ ဦးဆောင်လာနိုင်တာကြောင့် ၄-၂-၃-၁ ကစားကွက်နဲ့ ကစားမယ်လို့ သတ်မှတ်ရပါမယ်။     လီဗာပူးအသင်းဘက်မှာတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ပြန်ပါလာဖို့ ရှိနေပါတယ်။ ကြားရက်မှာ စပါး နဲ့ ကစားရဖို့ရှိနေတာကြောင့် ကလော့ပ်အနေနဲ့ အဓိကကစားသမားတစ်ချို့ကို အနားပေးရဖို့ ရှိနေပါတယ်။  ဒါပေမယ့် ကလော့ပ်အနေနဲ့ တနင်္ဂနွေပွဲမှာသုံးခဲ့တဲ့ လူစာရင်းကိုတော့ အများကြီးအပြောင်းအလဲလုပ်သွားဖို့ မရှိပါဘူး။ ဒါ့ကြောင့် ဂိုးသမားနေရာမှာ အလီဆန်ကိုပဲ ထပ်မြင်ရဖို့ရှိနေပြီး မာတစ်နဲ့ ဖာဘင်ဟိုတို့က နောက်တန်းမှာတာဝန်ယူပါလိမ့်မယ်။  ဆီမီကတ်စ်ဒဏ်ရာကနေ ပြန်ကောင်းလာပြီဖြစ်ပေမယ့် ဘယ်နောက်ခံလူနေရာ  ကို ရော်ဘတ်ဆန်ပဲ ကစားသွားဖို့ရှိနေပြီး ညာနောက်ခံလူနေရာမှာတော့ အာနိုးလ်အစား နီကိုးဝီလီယမ်ကို မြင်ရဖို့ရှိနေပါတယ်။  စပါးနဲ့ပွဲအတွက် ဟန်ဒါဆန်ကို အနားပေးဖို့ရှိနေတာကြောင့် ကွင်းလယ်မှာတော့ မီလ်နာ၊ ဝစ်ဂျ်နယ်ဒမ်တို့ကို ကာတစ်ဂျုံးနဲ့ တွဲဖက်ပေးသွားမယ်လို့ ယူဆရပါတယ်။  ဘန်လေနဲ့ပွဲမှာ ဆာလက်နဲ့ ဖာမီနိုတို့ကို အနားပေးထားတာကြောင့် ဒီပွဲမှာ သူတို့ကို ပွဲထုတ်သွားဖို့ရှိနေပြီး မာနေးနဲ့အတူ ၃ ယောက်တွဲ တိုက်စစ်ကိုမြင်တွေ့ရဖို့ရှိနေပါတယ်။ လီဗာပူးအသင်းက ၄-၃-၃ နဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့ပွဲမတိုင်ခင် ရလဒ်တွေဆိုးရွားနေပြီး ခြေစွမ်းလည်း ကျဆင်းနေပါတယ်။ ဒီအခြေအနေက ဒီပွဲအပေါ်မှာ အနည်းနဲ့အများ သက်ရောက်မှုရှိလာမှာဖြစ်ပြီး ယူနိုက်တက်အသင်းကတော့ လီဗာပူးနဲ့ ဆန့်ကျင်ဘက်အခြေအနေမှာရှိကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုလည်း ဦးဆောင်ထားနိုင်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီရာသီအိမ်ကွင်းမှာ ရုန်းကန်ရလေ့ရှိတယ်ဆိုပေမယ့် ဒါဟာ ရာသီအစတုန်းကသာဖြစ်ပြီး အခုချိန်မှာတော့ အိမ်ကွင်း၊အဝေးကွင်းမရွေး အနိုင်ရအောင် ကစားလာနိုင်တာကို မြင်တွေ့နေရပြီဖြစ်ပါတယ်။  ဒါ့ကြောင့် အခြေအနေတွေကိုအားလုံး ချုံကြည့်မယ်ဆိုရင် ယူနိုက်တက်အသင်းကပဲ အိမ်ကွင်းမှာ ကျဥ်းမြောင်းတဲ့ရလာဒ်နဲ့ အနိုင်ရရှိသွားလိမ့်မယ်လို့ ယူဆရပါတယ်။ ခန့်မှန်းရလဒ်ကတော့ ယူနိုက်တက် ၁ - ၀ လီဗာပူး ဖြစ်ပါတယ်။
4 months Ago
လန်းစ်အသင်း၏နောက်တန်းကစားသမား မက်ဒီနာကို မန်ယူက ခေါ်ယူမည် 
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြင်သစ်ကလပ် လန်းစ်နောက်ခံလူနဲ့ အာဂျင်တီးနား လက်ရွေးစင်ကစားသမား  ဖာကမ်ဒို မက်ဒီနာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ အသက် ၂၁ နှစ်အရွယ်  အာဂျင်တီးနား ကြယ်ပွင့်ကစားသမားဟာ မနှစ်ကမှ ပြည်တွင်းလိဂ်ကလပ် တော်လားရက်စ်ကနေ ပြောင်းရွှေ့ကစားခဲ့တာပါ။ ပြင်သစ်လိဂ်မှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အာဂျင်တီးနား လက်ရွေးစင်ရဲ့ ရွေးချယ်ခံခဲ့ရပါတယ်။  မက်ဒီနာကို ယူနိုက်တက်အသင်းက ပေါင် ၁၁ သန်းနဲ့ ကမ်းလှမ်းထားပြီး ကမ်းလှမ်းချက်ထဲမှာ မက်ဒီနာကို တစ်ခါတည်း ခေါ်ယူမှာ မဟုတ်ဘဲ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြန်လည်ကစားစေမှာဖြစ်တယ်လို့ သိရပါတယ်။ လန်းစ်အသင်းဟာ အခုနှစ်ရာသီရောက်မှ တန်းတက်ခဲ့တာဖြစ်ပေမယ့် လီဂူးဝမ်းမှာ ခြေစွမ်းပြနေပြီး လက်ရှိအချိန်မှာ အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။
4 months Ago
အသင်းတိုင်းကို အနိုင်ယူနိုင်သည့် ယုံကြည်ချက်ရှိဟု မက်ဂွိုင်းယား ပြော
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်ဆိုတဲ့ ခံစားမှုမျိုးရှိနေပြီလို့ လီဗာပူးနဲ့ မကစားခင်မှာ မက်ဂွိုင်းယားက ပြောပါတယ်။  မန်ယူအသင်းဟာ ဒီည ၁၁ နာရီမှာ အမ်ဖီးလ်ကွင်းမှာ လီဗာပူးနဲ့ ယှဉ်ပြိုင်သွားရမှာပါ။  မန်ယူအသင်းက ကမ္ဘာ့ပေါ်မှာ အကြီးမားဆုံး ကလပ်အသင်းဖြစ်တွေ့တဲ့ အသင်းတိုင်းအပေါ်မှာ အနိုင်ယူမယ်ဆိုတဲ့ စိတ်နဲ့ကစားသွားမယ်လို့ ဆိုပါတယ်။   အသင်းသားတွေကြားထဲမှာ ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်ဆိုတဲ့ စိတ်ခံစားချက်မျိုး ရှိနေပြီး လီဗာပူးနဲ့ပွဲမှာ ပြသသွားချင်တယ်လို့ နောက်ခံလူ မက်ဂွိုင်းယားက ပြောပါတယ်။  မန်ယူအသင်းဟာ ဒုတိယနေရာက လီဗာပူးကို ၃ မှတ်ဖြတ်ထားပြီး အနိုင်ရမယ်ဆိုရင်တော့ ၆ မှတ်အထိ အမှတ်ဖြတ်ထားပြီး ဦးဆောင်နိုင်မှာဖြစ်ပါတယ်။
4 months Ago
လီဗာပူး-ယူနိုက်တက်ပွဲအပါအဝင် ယခုသီတင်းပတ် ပွဲစဉ်များအပေါ် ဘာဘာတော့ဗ်ရဲ့ ခန့်မှန်းချက်
အခုသီတင်းပတ်ကုန်ပိုင်းမှာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦဆောင်နေတဲ့ အသင်း ၂ သင်းဖြစ်တဲ့ လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။  ဒီပွဲအပြင် မန်စီတီးအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ပွဲလည်း ရှိနေပါတယ်။ ဒီပွဲတွေနဲ့ပတ်သက်ပြီး မန်ယူနိုက်တက် ကစားသမားဟောင်း ဒီမီထရီ ဘာဘာတော့ဗ်က အခုလို ခန့်မှန်းပေးထားပါတယ်။ ဝုဗ် -  ဝက်စ်ဘရွန်း ဝက်စ်ဘရွန်းအသင်းမှာ ဆမ်အလာဒိုက်အတွက် လွယ်ကူစေမယ့် အရာမျိုး မတွေ့ရသေးပါဘူး။ အရင်လိုမျိုး အမြင့်ဘောကစား၊ ဧရိယာထဲမှာ ဘောလုံးပေး၊ ခေါင်းတိုက်ဂိုးသွင်းတဲ့ ပုံစံမျိုးက ခေတ်မမီတော့ပါဘူး။ ဒါ့ကြောင့် ဒီနေ့အချိန်မှာ ဘောလုံးကိုပိုပြီး ပါးပါးနပ်နပ်ကစားဖို့ လိုအပ်ပါတယ်။ ဝက်စ်ဘရွန်းအသင်းဟာ သူတို့ရှိသင့်တဲ့နေရာမှာ ရှိမနေသေးတာကြောင့် ဒီပွဲမှာလည်း သူတို့အတွက် ခက်ခဲမယ်လို့ ထင်ပါတယ်။ ဝုဗ်အသင်းကပဲ ရလဒ်ကောင်းသွားပါလိမ့်မယ်။  (ခန့်မှန်း ၂ - ဝ) ဝက်စ်ဟမ်း - ဘန်လေ ဒီပွဲကတော့ ဝက်စ်ဟမ်းအတွက် အနိုင်ရလဒ်လို့ပဲ ထင်ပါတယ်။ ဘန်လေဟာ ဒီရာသီအတွင်း ခြေစွမ်းကောင်းမွန်မှုတစ်ချိုု့ရှိခဲ့ပြီး ရလဒ်ကောင်းတွေ ရယူထားနိုင်ပေမယ့် ဒီပွဲမှာတော့ ဝက်စ်ဟမ်းကပဲ အနိုင်ယူသွားပါလိမ့်မယ်။ (ခန့်မှန်းချက် ၂ - ၁) လိဒ် - ဘရိုက်တန် လိဒ်အနေနဲ့ ပြီးခဲ့တဲ့ပွဲတွေမှာ ရလဒ်တွေ ဆိုးရွားနေတာကို ပြန်လည်ချေဖြတ်ပြရမယ့်ပွဲပါ။ သူတို့ဟာ ရလဒ်တွေ ဆိုးရွားနေပေမယ့် အမှတ်ပေးဇယားမှာ ကြီးကြီးမားမား ပြောင်းလဲသွားတာမျိုး မရှိတာကြောင့် ဘီယက်ဆာဟာ ဒီပွဲအတွက် သူ့အသင်းကို ဖိအားပေးပြင်ဆင်လာဖိုရှိနေပါတယ်။ လိဒ်ကပဲ အနိုင်ရသွားပါလိမ့်မယ်။ (ခန့်မှန်းချက် ၃ - ၁) ဖူလ်ဟမ် - ချဲလ်ဆီး ချဲလ်ဆီးမှာ ဘာတွေဖြစ်နေတာလဲလို့ အရင်မေးရပါမယ်။ ဒီပွဲသာ ထပ်ပြီးရလဒ်မကောင်းရင် လမ်းပတ်ဟာ ပိုကြီးတဲ့ ဖိအားတွေအောက် ရောက်သွားပါလိမ့်မယ်။ သူတို့ကစားသမားသစ်တွေ အများကြီးခေါ်ထားပေမယ့် အခုချိန်ထိ အားလုံးမျှော်လင့်တဲ့ စွမ်းဆောင်ရည်မှာ မရှိသေးပါဘူး။ ဒါ့အပြင် ရလဒ်တွေပါ ဆိုးရွားနေတာက သူတို့အတွက် ပြဿနာပါ။ ဒါ့ကြောင့် ဒီအခြေအနေကို မဖြစ်မနေ ချိုးဖျက်ပစ်ရပါမယ်။ ဒါဟာ ဖူလ်ဟမ်အသင်းအတွက် အခွင့်အလမ်းလည်း ဖြစ်လာနိုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့ ချဲလ်ဆီးက ကပ်ပြီးအနိုင်ရသွားလိမ့်မယ်ထင်ပါတယ်။  (ခန့်မှန်းချက်  ၁ - ဝ) လက်စတာ - ဆောက်သမ်တန် ဒီရာသီခြေစွမ်းပြနေတဲ့ အသင်း ၂ သင်းဖြစ်တာကြောင့် သေချာပေါက်ပွဲကောင်းတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ ၂ သင်းစလုံး အပြိုင်အဆိုင် ဂိုးတွေသွင်းပြီး အမှတ်ခွဲယူကြမယ့် ပုံစံမျိုးပါ။ (ခန့်မှန်းချက် ၂ -၂) ရှက်ဖီးလ် - စပါး ရှက်ဖီးလ်အသင်းရဲ့နိုင်ပွဲကို အားလုံးက မြင်တွေ့ချင်နေလှပါပြီ။ သူတို့ဟာ ဒီရာသီမှာ တော်တော်လေး ရုန်းကန်နေပါတယ်။ ဒါပေမဲ့ ဒီပွဲကိုနိုင်မယ်ဆိုရင် သူတို့ရဲ့ဖိအားတွေ တော်တော်လေးလျော့သွားဖို့ ရှိနေပါတယ်။ ဒါပေမယ့် မော်ရင်ဟိုရဲ့အသင်းကတော့ ရှက်ဖီးလ်ကိုရှုံးမှာ မဟုတ်ပါဘူး။ သူတို့ဟာ ဒီရာသီအတွင်း ပရိသတ်တွေကို အံ့သြသင့်သွားအောင် ထပ်မံပြုလုပ်နိုင်တဲ့ အစွမ်းရှိနေဆဲဖြစ်ပါတယ်။ စပါးအသင်း နိုင်ပါလိမ့်မယ်။ (ခန့်မှန်းချက် ၀ - ၂) လီဗာပူး - မန်ချက်စတာယူနိုက်တက် ယူနိုက်တက်အသင်းအနေနဲ့ ဒီပွဲကိုအနိုင်ယူပြီး ဒီထက်ပိုကောင်းတဲ့ အနေအထားတခုဆီကို သွားစေချင်ပါတယ်။ ဒီပွဲကိုနိုင်ရင် လီဗာပူးကို ၆ မှတ်အထိ ဖြတ်ထားနိုင်မှာပါ။ ဒီပွဲဟာ ၂ သင်းစလုံးအတွက် ခက်ခဲလာနိုင်ပြီး စိတ်လှုပ်ရှားစရာတွေလည်း အများကြီးမြင်ရနိုင်ပါတယ်။ ဒါဟာ နည်းပြ ၂ ယောက်ရဲ့ နည်းစနစ်ပိုင်းပြိုင်ဆိုင်မှု ဖြစ်လာနိုင်ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ယူနိုက်တက်အသင်း အနိုင်ရတာကိုမြင်ချင်တဲ့အတွက် ယူနိုက်တက်ကပဲ အနိုင်ရသွားလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ (ခန့်မှန်းရလဒ် ၁ -၂) မန်စီတီး - ခရစ္စတယ်ပဲလေ့စ် မန်စီတီးအသင်းဟာ ချန်ပီယံဆုအတွက်ပြိုင်ပွဲထဲမှာ ရှိနေဆဲပါ။ သူတို့ကို ဖယ်ထုတ်လို့ မရသေးပါဘူး။ သူတို့မှာ ပွဲကျန် ၂ ပွဲ ရှိနေသေးသလို ခရစ္စတယ်ပဲလေ့စ်အနေနဲ့ကလည်း တခြားအသင်းတွေလို မန်စီတီးကို တုံ့ပြန်သွားဖို့ မလွယ်ပါဘူး။ ဂွါဒီယိုလာက သူတို့ချန်ပီယံဆုပြိုင်ပွဲထဲမှာ ရှိနေသေးကို သိတဲ့အတွက် ဒါကို လက်လျှော့သွားမယ်လို့ မထင်ပါဘူး။ မန်စီတီးဘက်ကပဲ ဂိုးပြတ်နိုင်သွားပါလိမ့်မယ်။ (ခန့်မှန်းချက် ၃ - ဝ) အာဆင်နယ် - နယူးကာဆယ် အာဆင်နယ်အသင်းအနေနဲ့ ရလဒ်ဆိုးတွေကနေ ရုန်းထွက်ပြီး ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ပိုကောင်းတဲ့အသင်းဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် လိဂ်ဖလားပြိုင်ပွဲ နယူးကာဆယ်နဲ့ တွေ့စဉ်က အချိန်ပိုအထိ ရောက်သွားခဲ့ပေမယ့် ဒီတစ်ခေါက်မှာတော့ မိနစ် ၉၀ အတွင်းမှာ ပိုကောင်းတဲ့ ရလဒ်ကို ရအောင်စွမ်းဆောင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ သူတို့အတွက် အမှားခံလို့ မရတော့တဲ့အနေအထားမှာ ၂ ဂိုးပြတ်လောက်နဲ့ အနိုင်ရရှိမယ်လို့ ထင်ပါတယ်။ (ခန့်မှန်းချက် ၂ - ဝ)
4 months Ago
လီဗာပူးရဲ့ခြေစွမ်းကိုကြည့်ရင် စောစောအနားယူလိုက်တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်မဆုံးပါ - ဖာဂူဆန်
စောစောစီးစီး အနားယူလိုက်လို့ ကလော့ပ်ရဲ့ လီဗာပူးအသင်းနဲ့ ရင်မဆိုင်ခဲ့ရတဲ့အပေါ် ဝမ်းသာမိတယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်ဖာဂူဆန်က အရွှန်းဖောက်ခဲ့ပါတယ်။  ဖာဂူဆန်ဟာ ၂၇ နှစ်တာကာလအတွင်း ယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်ဖလား ၁၃ လုံးရရှိအောင် ဦးဆောင်ခဲ့သူဖြစ်ပြီး အင်္ဂလန်ပြည်တွင်း အအောင်မြင်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း လီဗာပူးအသင်းဆီက လွှဲယူနိုင်ခဲ့ပါတယ်။  ဒါပေမဲ့ ယူနိုက်တက်ဟာ ဖာဂူဆန် အနားယူပြီးနောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့ခြင်း မရှိတော့ပေမယ့် လီဗာပူးအသင်းကတော့ သူတို့ရဲ့ နှစ်ပေါင်း ၃၀ ကြာ ဝေးကွာနေမှုကို ပြီးခဲ့တဲ့နှစ်မှာ ဖလားယူပြီး အဆုံးသတ်နိုင်ခဲ့ပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ်မတိုင်ခင် ချန်ပီယံလိဂ်မှာပါ ဗိုလ်စွဲခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့မှာ ခါးသီးပြိုင်ဘက် ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။  ဒီပွဲမတိုင်ခင် ယူနိုက်တက် နည်းပြဟောင်း ဖာဂူဆန်က သူဟာ ကလော့ပ်ရဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်းက စွမ်းဆောင်ရည်အပေါ် အထင်ကြီးမိသူတစ်ဦး ဖြစ်တယ်လို့ ထုတ်ပြောပါတယ်။  “ယူနိုက်တက်နဲ့ လီဗာပူး ဒါဘီကို တစ်ရာသီလုံးက အကောင်းဆုံးပွဲလို့ ကျနော် အမြဲတမ်း တွေးထားတာပါ။ ရှင်းရှင်းလင်းလင်း ပြောရရင်တော့ သူတို့ရရှိထားတဲ့ ဆုဖလားအရေအတွက်အရ ဒါဟာ ဗြိတိန်မှာ အအောင်မြင်ဆုံးအသင်း ၂ သင်းပါ။ တစ်ခုခုကို အနိုင်ရဖို့ဆိုရင် လီဗာပူးကို အနိုင်ယူဖို့ လိုအပ်ပါတယ်။ ဒါဟာ ဆဲလ်တစ်တို့၊ ရိန်းဂျားတို့ကို အနိုင်ယူဖို့ လိုအပ်တဲ့ ကျနော့်ရဲ့အဘာဒင်း နည်းပြဘဝနဲ့လည်း သွားတူနေပါတယ်။ ဒီလိုအနိုင်ယူဖို့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုလည်း လိုအပ်ပါတယ်” လို့ ဖာဂူဆန်က ပြောပါတယ်။ “တကယ်တမ်းပြောရရင် ဒါဟာ ကစားပွဲတစ်ခုပါ။ လီဗာပူးရဲ့ ၇၀ နှစ်များနဲ့ ၈၀ နှစ်များမှာ အောင်မြင်ခဲ့မှုက အံ့မခန်းပါပဲ။ ဒါကိုကျော်လွန်ဖို့အတွက် ကျနော့်အနေနဲ့ ခက်ခဲတဲ့လမ်းကို ရွေးချယ်ခဲ့ရပါတယ်။ ကျနော် ပြောချင်တာက အသင်းကို တည်ဆောက်ဖို့အတွက် အချိန်ယူခဲ့ရတာပါ။ တကယ်လည်း အောင်မြင်မှုဆိုတာကို ကျနော်တို့အသင်းအတွက် ပြောင်းလဲနိုင်ခဲ့ပါတယ်။ အခု ကျနော် အနားယူလိုက်ပါပြီ။ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း လီဗာပူးရဲ့ ခြေစွမ်းကိုကြည့်ရင် ကျနော် စောစောအနားယူလိုက်မိတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်မဆုံးပါပဲ။ သူတို့ဟာ အရမ်းကောင်းပါတယ်။ သူတို့အပေါ် အမြဲတမ်းလေးစားမှု ကြီးကြီးမားမားရှိပါတယ်” လို့ ဖာဂူဆန်က ပြောပါတယ်။ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်အောင်မြင်မှုတို့မှာ ဂျောဒန်ဟန်ဒါဆန်က အသင်းခေါင်းဆောင်အဖြစ်ပါဝင်ခဲ့ပြီး ဟန်ဒါဆန်ရဲ့ ပြေးလွှားပုံနဲ့ပတ်သက်လို့ ဖာဂူဆန်က အရင်တုန်းက ဝေဖန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဖာဂူဆန်က ဟန်ဒါဆန်နဲ့ပတ်သက်တဲ့ သူ့ရဲ့မှတ်ချက်ကို ပြန်လည်ဖြေရှင်းပေးခဲ့ပြီး ယူနိုက်တက်အသင်းဟာလည်း ဒီကစားသမားကို ခေါ်ဖို့ နီးစပ်ခဲ့တယ်လို့ ပြောပါတယ်။
4 months Ago
မန်နေဂျာတဦးအဖြစ် သမိုင်းသစ်ရေးသားချင်ပါတယ် - ဝိန်းရွန်းနီ
အင်္ဂလိပ်ဘောလုံးလောကရဲ့ အအောင်မြင်ဆုံးကစားသမားဘဝတွေထဲက တစ်ခုကို တိုက်စစ်မှူးဝိန်းရွန်းနီက သောကြာနေ့မှာ အဆုံးသတ်ခဲ့ပါတယ်။  ၂၀၀၂ ခုနှစ် အသက် ၁၆ နှစ်အရွယ် အဲဗာတန်ကစားသမားဘဝနဲ့ အာဆင်နယ်ဘက်ကို ဂိုးသွင်းလိုက်ခြင်းကနေ စတင်ခဲ့တဲ့ ရွန်းနီရဲ့ဂုဏ်သတင်းဟာ တစ်ပွဲပြီးတစ်ပွဲ မြင့်တက်လာခဲ့တာပါ။  သူဟာ အင်္ဂလန်နဲ့မန်ချက်စတာယူနိုက်တက်အသင်းအတွက် စံချိန်တင်ဂိုးသွင်းရှင်အဖြစ် အနားယူခဲ့တာဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၂၀ ကစားကာ အသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်ပါတယ်။  လက်ရှိအချိန်မှာတော့ သူဟာ ဒါဘီကောင်တီအသင်းအတွက် အမြဲတမ်းနည်းပြရာထူးကို စတင်တာဝန်ယူတော့မှာဖြစ်ပါတယ်။ “ဒါဘီနည်းပြသစ်ဟာ မြက်ခင်းပေါ်မှာ စစ်မှန်ပြီး အံ့သြစရာတွေပြည့်နှက်နေတဲ့ ကစားသမားဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တယ်” လို့ ဂယ်ရီလိုင်နီကာက ပြောပါတယ်။  လိုင်နီကာဟာ ရွန်းနီနဲ့ ဘော်ဘီချာတန်ပြီးနောက် အင်္ဂလန်အသင်းရဲ့ တတိယမြောက် ဂိုးသွင်းအများဆုံးကစားသမားလည်း ဖြစ်ပါတယ်။  ရွန်နီးဟာ သူ့ရဲ့ မန်နေဂျာဘဝကို စတင်လိုက်ပြီဖြစ်ပြီး ယာယီနည်းပြဘဝမှာလည်း အသင်းရဲ့လိဂ်ပွဲစဉ် ၉ ပွဲမှာ ပေးဂိုး ၄ ဂိုးပဲ ပေးရကာ၊ ၂ ပွဲပဲ ရှုံးအောင် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။  “ဒီအသင်းကို အောင်မြင်မှုတွေဆီပြန်ပို့ပေးဖို့ ကြိုးစားခွင့်၊ ကူညီခွင့်ရတာ ကျနော့်အတွက်တော့ မဟာအခွင့်အရေးကြီးပါပဲ။ ကျနော့်အနာဂတ်ဟာ မန်နေဂျာဘက်မှာပါ။ ကျနော်ဟာ အနိမ့်အမြင့်၊ အတက်အကျများတဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဘယ်အရာကမှ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ မန်နေဂျာတဦးအဖြစ် သမိုင်းသစ်ရေးသားချင်ပါတယ်။ ကျနော့်ဘဝတလျှောက်လုံး ဘောလုံးကစားခဲ့တာဖြစ်တာကြောင့် အခုချိန်ထိ ဘောလုံးနဲ့ပတ်သက်ခွင့်ရနေသေးတာ ကံကောင်းပါတယ်။ ဒါဟာ ကျနော့်အတွက် စာမျက်နှာသစ်ပါ။ ကစားသမားဘဝကို သတိရနေမှာလားဆိုတော့ သေချာတာပေါ့ဗျာ။ ဒါပေမယ့်အချိန်တွေက သွားနေတာလေ။ ကျနော့်အတွက် ကျနော့် အချိန်ဆိုတာရှိခဲ့သလို အခုချိန်က နောက်လာမယ့်မျိုးဆက်သစ်တွေအတွက် အချိန်ဖြစ်ပါတယ်။ ကျနော်က သူတို့ကို လမ်းပြပေးရပါမယ်” လို့ရွန်းနီက ပြောပါတယ်။ ရွန်းနီရဲ့ အင်္ဂလန်လက်ရွေးစင် အသင်းဖော်ဟောင်း စတီဗင်ဂျရတ်ကလည်း ရွန်းနီနဲ့ တွဲကစားခွင့်ရခဲ့တာ ဂုဏ်ယူစရာဖြစ်ပြီး ဒါဘီအသင်းမှာ  အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။  ရွန်းနီဟာ ဒါဘီအသင်းနဲ့ ၂ နှစ်ခွဲစာချုပ် ချုပ်ဆိုထားသူဖြစ်ပြီး အမှတ်ပေးဇယားအောက်ရောက်နေတဲ့ အသင်းကို တန်းဆင်ဇုန်ပြင်ပကို ဆွဲထုတ်ဖို့အတွက် နီးစပ်နေပြီလည်း ဖြစ်ပါတယ်။ ရွန်းနီဟာ ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၅ လုံးရရှိခဲ့သူဖြစ်ကာ ချန်ပီယံဖလား၊ အက်ဖ်အေဖလားနဲ့ အီအက်ဖ်အယ်လ်ဖလားတို့မှာလည်း အောင်မြင်မှုရရှိခဲ့ပါတယ်။  သူဟာ ၂၀၀၉-၁၀ ရာသီမှ ပီအက်ဖ်အေရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ်လဲ သတ်မှတ်ခံခဲ့ရပါတယ်။  ရွန်းနီဟာ အိုးထရက်ဖို့ဒ်မှာ ၂၀၀၄ ကနေ ၂၀၁၇ အထိကစားခဲ့သူဖြစ်ပြီး အသင်းအတွက် ၂၅၃ ဂိုး သွင်းယူပေးခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် သူဟာ ၅၃ ဂိုး သွင်းယူပေးခဲ့ပါတယ်။
4 months Ago
စပါးအသင်း  ဖူးလ်ဟမ်နှင့်သရေကျ၊ အနိုင်ပိုင်းလိုစိတ်နည်းဟု နည်းပြ မော်ရင်ဟို ဝေဖန်
မနေ့ညက ကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးအသင်းဟာ ဖူလ်ဟမ်ကို ဦးဆောင်ဂိုး သွင်းပြီးကာမှ  ချေပဂိုးပြန်ပေးလိုက်ရကာ   တစ်ဖက် တစ်ဂိုးစီနဲ့ သရေကျသွားပါတယ်။  စပါးအသင်းအနေနဲ့ပွဲ တစ်ပွဲကို ဘယ်လို အနိုင်နဲ့ပိုင်းရမလဲဆိုတာ မဖြစ်မနေ သင်ယူရတော့မယ်လို့ နည်းပြ မော်ရင်ဟိုက ပွဲအပြီးမှာ  ပြောပါတယ်။  ဒီပွဲမှာ စပါးဟာဟယ်ရီကိန်းရဲ့ ဂိုးနဲ့စတင်ခဲ့ပြီး ပွဲချိန်အများစုကို ဦးဆောင်ထားနိုင်ပေမဲ့ ဖူလ်ဟမ်အသင်းက ကာဗလီနိုရဲ့ ၄၇ မိနစ် နောက်ကျ ချေပဂိုးကို တားဆီးနိုင်ခြင်းမရှိဘဲ ခွင့်ပြုပေးခဲ့ရပါတယ်။ “လုံးဝမပေးသင့်တဲ့ ဂိုး တစ်ဂိုးကို ထပ်ပြီး ပေးလိုက်ရပြန်ပါတယ်။ ဒုတိယပိုင်းမှာ သူတို့ ပိုကောင်းခဲ့တယ်ဆိုတာကိုတော့ ဝန်ခံပါရစေ။ သူတို့ ရှုံးနေတဲ့အချိန်မှာ ကြိုးစားခဲ့ပေမဲ့ ဖိအား မဖြစ်စေခဲ့ပါဘူး။ ပွဲကို အဆုံးသတ်ဖို့ အခွင့်အရေးတွေ အများကြီးရှိခဲ့ပါတယ်။  နောက်ထပ်အနိုင်ဂိုးတွေ သွင်းယူပြီး ပွဲကို အဆုံးသတ်ဖို့ ရည်မှန်းချက်ရှိမနေပါဘူး။ ဒီထက်ပို ပြီးတော့လဲ မပြောတတ်တော့ပါဘူး” လို့ မော်ရင်ဟိုက ပွဲအပြီးမှာ ပြောခဲ့ပါတယ်။  ချေပဂိုးပေးရပြီး သရေကျခဲ့တာကြောင့် မော်ရင်ဟိုရဲ့ စပါးအသင်းဟာ ဒီရာသီမှာ အနိုင်ရသင့်တဲ့ ပွဲကနေ အမှတ်ဆုံးရှုံးခဲ့ရမှု ၁၀ မှတ်အထိ ရှိလာခဲ့ပြီး ဒါဟာဘန်လေ၊ ရှက်ဖီးလ်တို့ ပြီးနောက် ဒီရာသီပရီးမီးယားလိဂ်မှာ အများဆုံးလည်း ဖြစ်ပါတယ်။  ဒီသရေရလဒ်ကြောင့် စပါးအသင်းဟာ အဆင့် ၆ နေရာကို ရောက်လာပြီး ထိပ်ဆုံးက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ၆ မှတ်အထိကွာဟသွားပြီလည်း ဖြစ်ပါတယ်။ 
4 months Ago
မန်ယူနိုက်တက်က ဘန်လေကို (၁-၀) ဂိုး ဖြင့်နိုင်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးရောက်လာ 
လီဗာပူးနဲ့ပွဲစဉ်က သူ့အသင်းရဲ့ ဆုဖလားရလိုမှု ရည်မှန်းချက်အတွက် အကြီးမားဆုံး စမ်းသပ်ချက် ဖြစ်လာလိမ့်မယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက ပြောပါတယ်။  ဆိုးလ်ရှားရဲ့အသင်းဟာ မနေ့ညက ဘန်လေအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ပြိုင်ဘက်တွေကို ကျော်ဖြတ်ကာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ့ဘာရဲ့ ပွဲချိန် ၇၁ မိနစ်သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး အနိုင်ရလဒ်ကြောင့် ဒုတိယနေရာက လီဗာပူးအသင်းကို ၃ မှတ် ဖြတ်ထားနိုင်ပြီ ဖြစ်ပါတယ်။  ဒါဟာ ဖာဂူဆန် အနားယူသွားခဲ့တဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းအဆင့် ၁ နေရာကို ရောက်ရှိခြင်းဖြစ်ကာ အသင်းရဲ့ ချန်ပီယံဆုအတွက် မျှော်လင့်ချက်တွေဟာလည်း မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။ နောက်ထပ်ပွဲစဉ်တစ်ခုအဖြစ် သီတင်းပတ်ကုန်ပိုင်းမှာ ယူနိုက်အသင်းဟာ အန်ဖီးလ်ကွင်းကို သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဒီကွင်းမှာ ၂၀၁၆ မတ်လကစလို့ နိုင်ပွဲပျောက်ဆုံးထားတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ နည်းပြဆိုးလ်ရှားကတော့ အန်ဖီးလ်ကို ယုံကြည်မှုအပြည့်နဲ့ သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။  “ဒီပွဲအတွက် ကျနော်တို့ မျှော်လင့်ထားပါတယ်။ ဘယ်နေရာကိုပဲ ရောက်ရောက် ကျနော်တို့ ကျေနပ်နှစ်သိမ့်နိုင်ပါတယ်။ ဒီပွဲမတိုင်ခင်မှာ ကျနော်တို့ရှိနေတဲ့နေရာမှာ ရှိနေမှာဖြစ်ပြီး နိုင်ငံအတွင်း အကောင်းဆုံးအသင်းနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာကို သိထားပါတယ်။ သူတို့ဟာ လက်ရှိချန်ပီယံပါ။ ဒီပွဲဟာ ကျနော်တို့အသင်းကြီးတွေနဲ့ ရင်ဆိုင်ရရင် ဘယ်လိုလဲဆိုတာကို စမ်းသပ်မှုလည်း ဖြစ်ပါတယ်။ ကျနော်တို့ ပိုကောင်းလာပါတယ်။ အခုချိန်မှာ ရာသီတဝက်ကျိုးလုနီးပါးပဲ ရှိသေးတာကြောင့် ကျနော်တို့ ဘယ်လိုဆိုတာ ပြောဖို့တော့ ခက်ပါတယ်” လို့ ဆိုးလ်ရှားက ပြောပါတယ်။ ဘန်လေကို အနိုင်ရရှိခဲ့တဲပွဲမှာ အသင်းသားတွေရဲ့ နိုင်ပွဲရဖို့ တိုက်ခိုက်သွားတဲ့ စိတ်ဓာတ်ကို သဘောကျမိတယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။ ဒီပွဲမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တချို့ဟာ ပြောစရာလည်း ဖြစ်ခဲ့ပါတယ်။
4 months Ago
တွမ်မီနေးအတွက် အရမ်းကောင်းတဲ့ရာသီပဲ၊ ဘာလို့လဲဆို သူဟာ လူ့ဘီလူးကြီးဖြစ်နေလို့ပါ - ဆိုးရှားလ်
စကော့တလန်ကွင်းလယ်လူ မက်တွမ်မီနေးဟာ လူ့ဘီလူးကြီးဖြစ်တယ်လို့ မန်ချက်စတာယူနိုက်တက် နည်းပြဆိုးလ်ရှားက ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။  စနေနေ့ ဝက်ဖို့ဒ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ အခုလိုမျိုး ချီးကျူးခဲ့တာပါ။ ဒီပွဲမှာ တွမ်မီနေးဟာ အသင်းတွက် ၁ လုံးတည်းသော ဂိုးကို ပွဲချိန် ၅ မိနစ်မှာ ခေါင်းတိုက်သွင်း ယူပေးခဲ့ပါတယ်။  ဒီရလဒ်ကြောင့် ယူနိုက်တက်အသင်းဟာ အက်ဖ်အေဖလား စတုထ္တအဆင့်ကို တက်ရောက်သွားပါတယ်။  ဒါ့ကြောင့် ဒီရာသီ တွမ်မီနေးရဲ့သွင်းဂိုး အရေအတွက်ဟာ ၄ ဂိုးအထိရှိလာပြီး ဒါဟာ သူ့ ကစားသမားဘဝ ဂိုးသွင်းအများဆုံးအရေအတွက်ထက် ၁ ဂိုးသာ နည်းပါတော့တယ်။    ဝက်ဖို့ဒ်နဲ့ပွဲမှာ ယူနိုက်တက်အသင်းဟာ ပွဲထွက်ကစားသမားအများစုကို အနားပေးထားပြီး တွမ်မီနေးဟာလည်း ပထမဆုံးအကြိမ် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရရှိခဲ့ပါတယ်။  ပွဲအပြီး BBC  သတင်းနဲ့  တွေ့ဆုံရာမှာ ဆိုးလ်ရှားက အသင်းအကယ်ဒမီထွက်ကစားသမားအပေါ် အကြီးအကျယ်ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။  “တွမ်မီနေးအတွက် အရမ်းကောင်းတဲ့ရာသီပဲ။ သူ box-to-box ကွင်းလယ်လူအဖြစ် ကစားနိုင်တာကို ကျနော်တို့သိလာရပြီး သူဟာ အရင်ကထက်လည်း ပိုကြောက်ဖို့ ကောင်းလာပါတယ်။ သူဟာ အရင်ကတည်းက ဒီလိုမျိုး set-plays တွေကနေဂိုးတွေ ရရှိခဲ့သင့်ပါတယ်။ ဘာလို့လဲဆို သူဟာ လူ့ဘီလူး ကြီးဖြစ်နေလို့ပါ။ သူဂိုးရရှိခဲ့တဲ့အပေါ် အရမ်းကို ပျော်ရွှင်မိပါတယ်။”      နိုင်ပွဲနဲ့နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့တာကို ဝမ်းသာမိပေမယ့် ဒီပွဲမှာ သူ့အသင်းဟာ ပွဲချိန်အစောပိုင်းမှာသာ ပွဲကို စိုးမိုးနိုင်ခဲ့တယ်လို့ ဆိုးလ်ရှားက ဝန်ခံပါတယ်။  “အရေးကြီးဆုံးအရာက နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာပါပဲ။ ဒီရလဒ်ကြောင့် အားလုံးလည်း ပျော်ရွှင်ရပါတယ်။ ဒါပေမယ့် ပွဲအစ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ကသာ ဒီပွဲရဲ့အသက်လို့ ပြောရပါတယ်။ ကျနော်တို့ ကောင်းကောင်းစတင်နိုင်ပြီး အခွင့်ရေးတွေလည်း ဖန်တီးနိုင်ခဲ့ပေမယ့် အဲ့ဒီနောက်မှာတော့ ပြိုင်ဘက်ကို အခွင့်အရေးတစ်ချို့ပြန်ပေးခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ဖြတ်ကျော်နိုင်ခဲ့ပါတယ်” လို့ ယူနိုက်တက်နည်းပြက ပြောပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီ ၁၃ ရက်နေ့ မနက်အစောပိုင်းမှ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကစားရဖို့ရှိနေပြီး ရှုပ်ထွေးတဲ့ပွဲ စဉ်အခြေအနေတွေကြောင့် အသင်းလူစာရင်းကို အပြောင်းအလဲလုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ ဆိုးလ်ရှားက  ပြောပါတယ်။
4 months Ago
လိုင်ယွန်အသင်းတွင် ဆက်ရှိမည်ဟု မမ်ဖစ်ဒီပေး ပြော
နွေရာသီအပြောင်းအရွှေ့ကာလ တလျှောက်လုံး ဘာစီလိုနာအသင်းနဲ့ သတင်းကြီးခဲ့ပေမဲ့ လိုင်ယွန်အသင်းမှာ ဒီရာသီကုန်တဲ့အထိ ဆက်ရှိနေနိုင်တယ်လို့ လိုင်ယွန်ကစားသမား မမ်ဖစ်ဒီပေးက ပြောပါတယ်။  ဒီပေးဟာ ဘာကာအသင်းနဲ့ သတင်းတွေ ဆက်လက်ထွက်ပေါ်နေသူဖြစ်ပြီး  သူနဲ့လိုင်ယွန် အသင်းတို့ရဲ့စာချုပ်ဟာ ဒီရာသီကုန်ချိန်မှာ ပြီးဆုံးမှာဖြစ်တာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်သူဖြစ်ပါတယ်။  ဘာကာနဲ့ ဒီပေးတို့ အကြား အပြောင်းအရွှေ့သတင်းတွေဟာ ဘာကာအသင်းကို နည်းပြသစ် အဖြစ်ရော်နယ်ကိုးမန်းရောက် ရှိလာခဲ့ပြီးနောက် ပိုပြီးကျယ်လောင်ခဲ့ပါတယ်။  ဒီပေးနဲ့ ကိုးမန်းတို့ဟာ နယ်သာလန်လက်ရွေးစင်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဆရာ တပည့်တွေ ဖြစ်လို့ပါ။  ဒီပေးဟာ ဗုဒ္ဓဟူးနေ့မှာကစားခဲ့တဲ့ လိုင်ယွန်အသင်းရဲ့ ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုး သွင်းယူပေးခဲ့သူဖြစ်ပြီး သူ့အပြောင်းအရွှေ့ကိစ္စတွေ သတင်းကြီးနေပေမဲ့ လိုင်ယွန်အသင်းမှာ စာချုပ်သက်တမ်းကုန်တဲ့အထိ ဆက်နေသွားဖွယ်ရှိနေတယ်လို့ပြောပါတယ်။  “ ကျနော် ဒီမှာ ပျော်ရွှင်နေပါတယ်။ ကျနော်တို့အသင်းဟာ  အသင်းကောင်း တစ်သင်းပါ။ အသင်းဥက္ကဋ္ဌကိုလည်း သဘောကျပြီးတော့ ဘာတွေဖြစ်လာမလဲဆိုတာဆက် ကြည့်ရအောင်ပါ” နယ်သာလန်လက်ရွေးစင်ကစားသမားက ပြောပါတယ်။  ဒီပေးဟာ ဒီရာသီ လီဂူးပွဲစဉ်တွေမှာ သွင်းဂိုး ၁၄ ဂိုးနဲ့ တိုက်ရိုက်ပတ်သက်နေပြီး သူ့ အထက်မှာ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီ တစ်ဦးတည်းသာ ရှိတော့ပါတယ်။   ဒီပေးဟာ လိုင်ယွန်အသင်းအတွက် အခွင့်အရေးဖန်တီးမှု ၄၂ ကြိမ် ပြုလုပ်ထားနိုင်သူဖြစ်ပြီး ဒါဟာ လီဂူးတစ်ခုလုံးရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်လည်း ဖြစ်ပါတယ်။ သူဟာ ဂိုးဖန်တီးမှု ၁၀ ကြိမ်ကိုလည်း ပြုလုပ်ထားနိုင်သူဖြစ်ပါတယ်။  ဒီပေးဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ၂၀၁၇ ခုနှစ်မှာလိုင်ယွန်ကို ရောက်ရှိ လာခဲ့သူဖြစ်ပြီး လိုင်ယွန်အသင်းအတွက် ၁၅၅ ပွဲကစားကာ ၆၄ ဂိုးသွင်းယူပေးထားနိုင်သူ ဖြစ်ပါတယ်။  သူဟာ ပြီးခဲ့တဲ့ရာသီမှာ လိုင်ယွန်အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အထိ ရောက်အောင်ကူညီပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ 
4 months Ago
စာချုပ်သစ် မကမ်းလှမ်းပါက အသင်းခေါင်းဆောင်ကို ဆုံးရှုံးရတော့မည့် ရီးရဲလ်
ရီးရဲလ်မက်ဒရစ်အသင်းက အခုချိန်အထိ စာချုပ်သစ် မကမ်းလှမ်းသေးတာကြောင့် အသင်းခေါင်းဆာင် ရာမို့စ်အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်ဖွင့်ချိန်မှာ အသင်းပြောင်းဖို့ လွတ်လပ်စွာ ဆွေးနွေးနိုင်တယ်လို့ သိရပါတယ်။  ရာမို့စ်ဟာ ရီးရဲလ်အသင်းကို ၂၀၀၅ ခုနှစ်မှာ ရောက်ရှိလာခဲ့သူဖြစ်ကာ  အသင်းနဲ့အတူ လာလီဂါဖလား ၅ ကြိမ်၊ ဥရောပဖလား ၄ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်ပါတယ်။  သူဟာ ရီးရဲလ်အသင်းအတွက် ၆၆၆ ပွဲကစားပြီး ဂိုးပေါင်း ၁၀၀ သွင်းယူပေးနိုင်ခဲ့သူ ဖြစ်တာကြောင့် အသင်းရဲ့ဂန္တဝင်ကစားသမား  အဖြစ်သတ်မှတ်ခံရဖို့ လုံလောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လာမယ့် မတ်လမှာ ၃၅ နှစ်ပြည့်တော့မှာဖြစ်တာကြောင့် ရီးရဲလ်ဘက်က သူ့ကို စာချုပ်သစ် ကမ်းလှမ်းဖို့ တုံ့ဆိုင်းနေတာဖြစ်နိုင်ပြီး လက်ရှိအချိန်အထိ သူဟာ ဇီဒန်းရဲ့ ပွဲထွက်လူစာရင်းမှာ အရေးပါတဲ့ ကစားသမားအဖြစ်ရှိနေဆဲပဲ ဖြစ်ပါတယ်။  လက်ရှိအချိန်မှာ ရာမို့စ်နဲ့ ရီးရဲလ်အသင်းတို့ရဲ့ စာချုပ်ဟာ နောက်ဆုံး ၆  လတာကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး စပိန်လက်ရွေးစင်ကစားသမားဟာ ရာသီကုန်မှာ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ဖို့ ဘာနေဗျူးကနေ ထွက်ခွာသွားဖွယ်ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ သူ့ကို စပါးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ရီးရဲလ်အသင်းနောက်ခံလူကတော့ စာချုပ်သက်တမ်းတိုးဖို့ အသင်းရဲ့ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေဆဲပဲလို့ Goal သတင်းမှာ ဖော်ပြထားပါတယ်။  ဆောင်းရာသီအပြောင်းအရွှေ့ ဈေးကွက်ဖွင့်ချိန်မှာ ရာမို့စ်ဟာ သူ့ရဲ့အသင်းသစ်နဲ့ အကြိုသဘောတူညီချက်ရယူထားနိုင်တဲ့ အခြေအနေဖြစ်တာကြောင့် ရီးရဲလ်ဘက်ကသာ စာချုပ်သစ်အတွက် မကမ်းလှမ်းတော့ပါက သူတို့ရဲ့အသင်းခေါင်းဆောင်ကို ဆုံးရှုံးရတော့မှာဖြစ်ပါတယ်။ ရာမို့စ်နည်းတူ လူကာမိုဒရစ်နဲ့ လူးကပ်စ်ဘတ်စကွတ်တို့ဟာလည်း ဇွန်လကုန်ပါက အလွတ်ပြောင်းရွှေ့နိုင်တော့မှာ ဖြစ်ပါတယ်။  ဒါပေမယ့် နည်းပြဇီဒန်းကတော့ ဒီကစားသမား ၂ ဦးနည်းတူ ရာမို့စ်ကိုလည်း အသင်းမှာ ဆက်ရှိနေစေချင်သေးတယ်လို့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။  “ကျနော်တို့အားလုံးကတေတာ့ စာချုပ်သစ်ချုပ်စေလိုပါတယ်။ ဒီအခြေအနေကိုလည်း တတ်နိုင်သမျှ မြန်မြန်အပြီးသတ်စေချင်ပါတယ်။ ဒါဟာ လူ တိုင်းအတွက် အကျိုးရှိစေမယ့်ကိစ္စဖြစ်ပါတယ်။”
4 months Ago
ကစားသမားဟောင်း ဖလက်ချာကို အသင်းကြီးနည်းပြအဖွဲ့ဝင်အဖြစ် မန်ယူနိုက်တက် ခေါ်ယူ
မန်ချက်စတာယူနိုက်အသင်းဟာ ကစားသမားဟောင်း ဒါရင်းဖလက်ချာကို အသင်းကြီး နည်းပြအဖွဲ့ဝင်အဖြစ် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖလက်ချာဟာ မိုက်ကယ်ကာရစ်နဲ့အတူ ဆိုးလ်ရှားရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်တော့မှာပါ။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့ ဂန္ထဝင်ကစားသမားတွေကို နည်းပြအဖြစ် ခေါ်ယူလေ့ရှိတဲ့ အစဉ်အလာရှိပြီး ၂၀၁၄ ခုနှစ် ဒေးဗစ်မိုယက်စ်ကို ရာထူးက ထုတ်ပယ်ပြီးချိန်မှာ ရွိုင်ယန်ဂစ်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့ဖူးပါတယ်။  နောက်ထပ်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ကာရစ်ဟာလည်း အသင်းကနေ ထွက်ခွာချိန်မှာ မော်ရင်ဟိုရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ပူးပေါင်းခဲ့ဖူးပါတယ်။ ဒါ့အပြင် သူဟာ အသင်းကို ဆိုးလ်ရှား ရောက်မလာခင်စပ်ကြားမှာလည်း အသင်းရဲ့ယာယီနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။  လက်ရှိအချိန်အထိ ကာရစ်ဟာ ဆိုးလ်ရှားရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ဆက်ရှိနေဆဲဖြစ်ပြီးတော့ အသင်းဖော်ဟောင်း ဖလက်ချာနဲ့ ပြန်လည်လက်တွေ့ဖို့ အခွင့်အရေးဖြစ်လာခဲ့ပါပြီ။ စကော့တလန် ကွင်းလယ်လူ ဖလက်ချာဟာ မယူနိုက်တက်အသင်းအတွက် ၃၄၂ ပွဲ ကစားပေးခဲ့သူ ဖြစ်ကာ အရင်က ယူ-၁၆ အသင်းအတွက် တာဝန်ယူခဲ့ပြီး လက်ရှိအချိန်မှာတော့ အသင်းကြီးကို ရောက်ရှိလာခဲ့ပါပြီ။ ဖလက်ချာဟာ အသင်းနဲ့အတူ ကစားသမားဘဝမှာ ပရီးမီးယားလိဂ်ဖလား ၅ လုံး၊ ချန်ပီယံလိဂ်ဖလား ၁ လုံးတို့ကို ရရှိခဲ့ဖူးသူဖြစ်က ယူနိုက်တက်အသင်းရဲ့ အသင်းကြီးထံကို နည်းပြအဖြစ် ပြန်လည်ရောက်ရှိလာနိုင်မှုအပေါ် ဝမ်းမြောက်မိတယ်လို့ ပြောပါတယ်။  ဆိုးလ်ရှား၊ နည်းပြအဖွဲ့ဝင်တွေနဲ့အတူ လက်တွဲလုပ်ဆောင်ရင်း သူ့ရဲ့ နည်းပြဘဝကို နောက်တဆင့် တက်လှမ်းနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဖလက်ချာက အသင်းဝဘ်ဆိုဒ်ကို  ပြောပါတယ်။ ဖလက်ချာကို နည်းပြအဖွဲ့ထဲ ခေါ်ယူနိုင်တာနဲ့ပတ်သက်လို့ ဆိုးလ်ရှားက “ဖလက်ချာက ယူနိုက်တက်ဒီအန်အေရှိနေတဲ့သူ ဖြစ်တာကြောင့် ယူနိုက်တက် ကစားသမားတစ်ယောက် ဖြစ်ဖို့ ဘာလိုလဲဆိုတာကို အသေအချာကြီးကို သိထားပါတယ်။ သူ့ရဲ့နည်းပြဘဝဟာ အစပိုင်းမှာပဲ ရှိနေသေးတယ်လိုဆိုပေမဲ့ သူ့ရဲ့ ကွင်းတွင်း၊ ကွင်းပြင် အတွေ့အကြုံတွေအပြင် အောင်ပွဲဆာလောင်မှု၊ ပြတ်သားမှုနဲ့ အလုပ်ကြိုးစားမှုတွေက ဝန်ထမ်းတွေအတွက် အကောင်းဆုံးပေါင်းထည့်မှု ဖြစ်လာပါလိမ့်မယ်” လို့ ပြောပါတယ်။
4 months Ago
လာမယ့်ရာသီမှာ ကွင်းလယ်လူ ပေါ့ဘာကို ရောင်းချသွားရန် မန်ယူအသင်း ပြင်ဆင်
မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ကွင်းလယ်လူ ပေါ့ဘာကို အပြီးသတ် ရောင်းချသွား‌တော့မယ်လို့ သိရပါတယ်။ အသင်းဘက်က သက်တမ်းတိုး ကမ်းလှမ်းထားပေမယ့် ပေါ့ဘာဘက်က လက်မခံခဲ့တာကြောင့် အခုနှစ်ရာသီအကုန်မှာ အရောင်းစာရင်းတင်ဖို့ မန်ချက်စတာယူနိုက်တက်အသင်းက ပြင်ဆင်ထားတယ်လို့ Daily Mirror သတင်းမှာ ဖော်ပြပါတယ်။  ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာ ကိုယ်တိုင်ကလည်း ပေါ့ဘာရဲ့ အနာဂတ်က မန်ယူနိုက်တက်အသင်းမှာ ပြီးဆုံးသွားပြီဖြစ်တယ်လို့ ပြောခဲ့ဖူးတာပါ။  ပေါ့ဘာကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ် အသင်းတွေက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်အသင်းဘက်ကတော့ ပေါ့ဘာကို ခေါ်ယူဖို့  စီရော်နယ်ဒို သို့မဟုတ် ဒိုင်ဘားလားနဲ့ မက်လုံးပေး ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။
4 months Ago
မန်ယူနိုက်တက်အသင်း ချန်ပီယံဖြစ်ရေး ရုန်းကန်ရနိုင်ဟု အိုဝင် သုံးသပ်
ဘရူနိုဖာနန်ဒက်စ်လို ကစားသမားမျိုးရှိတာတောင် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ ရုန်းကန်ရလိမ့်မယ်လို့ မိုက်ကယ်အိုဝင်က သုံးသပ်ပါတယ်။  ယူနိုက်တက်အသင်းအနေနဲ့ လီဗာပူး၊ မန်စီတီးတို့လို အနေအထားမျိုးမှာ ရှိမနေသေးဘူးလို့လည်း သူက ထောက်ပြပါတယ်။ ဆိုးလ်ရှားရဲ့အသင်းဟာ ဒီရာသီအစပိုင်းမှာ အထနှေးခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ရလဒ်တွေ ကောင်းမွန်လာပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်းအဖြစ် ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။  ယူနိုက်တက်အသင်းဟာ ဗီလာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ယူခဲ့ပြီးနောက် အမှတ်ပေးဇယားမှာ ထိပ်ဆုံးက လီဗာပူးနဲ့ ရမှတ်တူအနေအထားကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ အရေးပါတဲ့ ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့တော့ အလှမ်းဝေးနေဆဲဖြစ်တယ်လို့ အိုဝင်က သုံးသပ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေမှာ အသင်းအတွက် တည်ငြိမ်မှုကို ထိန်းထားနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး တခြားပြိုင်ဘက်အသင်းတွေနဲ့ တတန်းတည်း ဆက်ရှိနေရေးအတွက် ဒီအခြေအနေကို ပြောင်းလဲပစ်လို့ လိုအပ်ပါတယ်။  လက်ရှိအသင်းလူစာရင်းမှာ ပေါ်တူဂီကစားသမား ဘရူနိုဖာနန်ဒက်စ်က အသင်းရဲ့ အဓိကအကျဆုံးကစားသမားအဖြစ်ရှိနေပြီး ကျန်ကစားသမားတွေဟာလည်း ၈ နှစ်အတွင်း ပထမဆုံးဆုဖလားကို ရယူဖို့အတွက် လိုအပ်တဲ့ အရည်အသွေးရှိ ကစားသမားတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် အိုဝင်ကတော့ ယူနိုက်တက်အသင်းဟာ မန်ချက်စတာနဲ့ မာဆေးဆိုဒ်တို့က ပိုင်ဘက်အသင်းတွေလို ပြည်တွင်းနဲ့ဥရောပပွဲစဉ်တွေမှာ ထိပ်ဆုံးကိုရောက်ရှိဖို့ အတွေ့အကြုံနဲ့ ခိုင်မာမှု လိုအပ်နေဆဲဖြစ်တယ်လို့ ယူဆထားပါတယ်။  Premier League Productions နဲ့ တွေ့ဆုံခဲ့ရာမှာ ယူနိုက်တက်တိုက်စစ်မှူးဟောင်း အိုဝင်က “ဘရူနိုနဲ့ သူတို့ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်ပါ့မလား မသေချာပါဘူး။ သူတို့ဟာ တန်ပြန်တိုက်စစ်ကို ကောင်းကောင်းကစားနိုင်တဲ့အသင်းဖြစ်ပြီး သူတို့ထက်ပိုကောင်း၊ ပိုကြီးတဲ့အသင်းတွေကိုတောင် ရင်ဆိုင်နိုင်ကာ ဒုက္ခပေးနိုင်တဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်မေးချင်တာကတော့ သူတို့ ဝုဗ်လိုအသင်းမျိုးနဲ့ ကစားရလို့ ဘောလုံးပိုင်ဆိုင်မှုရရှိထားပြီး ပြိုင်ဘက်ကို ထိုးဖောက်ဖို့ကြိုးစားချိန်ပါပဲ။ သူတို့ အခွင့်အရေးတွေမဖန်တီးနိုင်တာမျိုးပါ” လို့ အိုဝင်က ပြောပါတယ်။ ယူနိုက်တက်ရဲ့ ဂိုးကွာဟချက်နဲ့ပတ်သတ်ပြီးတော့လည်း အိုဝင်က မေးခွန်းထုတ်ခဲ့ပေမယ့် သူတို့ရဲ့လက်ရှိ ကစားပုံအရ ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာကိုတော့ အိုဝင်က ဝန်ခံပါတယ်။
4 months Ago
မန်ယူနိုက်တက်က ဝုဒ်ကို (၁-၀) ဂိုးဖြင့်နိုင်ပြီး အမှတ်ပေးဇယား ဒုတိယနေရာကို တက်လာ
မနေ့ညကကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ဝုဗ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး အမှတ်ပေးဇယား ဒုတိယနေရာကို တက်လာခဲ့ပါတယ်။ ဒီပွဲအနိုင်ရတာဟာ  ကံကြမ္မာရဲ့ ဖေးမမှု အနည်းငယ် ပါဝင်ခဲ့တယ်လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဝန်ခံပါတယ်။  ဒါပေမဲ့ အသင်းရဲ့အစဉ်အလာ တစ်ခုဖြစ်တဲ့ နောက်ဆုံးမိနစ်မှာအနိုင်ဂိုး သွင်းယူနိုင်ခဲ့ခြင်း အတွက်လည်း ဝမ်းမြောက်မိတယ်လို့ ပြောပါတယ်။  မားကပ်ရက်ရှ်ဖို့ဒ်ရဲ့ နာကျင်အချိန်ပိုကန်ချက်ဟာ ဝုဗ်နောက်ခံလူနဲ့ထိပြီး လမ်းကြောင်း ပြောင်းကာ ဂိုး ဝင်သွားခဲ့ပါတယ်။  ဒီဂိုးကြောင့်ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားကို  ဦးဆောင်နေတဲ့ လီဗာပူးအသင်း နဲ့ ၂ မှတ်အကွာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။  “ကံကောင်းမှုပါပဲ။ ပွဲပြီးခါနီးမှ ရရှိခဲ့တဲ့ဂိုးတွေကြောင့် အမှတ်ရရှိတာမျိုး များများ စားစားမရှိပါဘူး။ ကျနော်တို့ အရင်တုန်းက ဒီလိုပုံစံမျိုးနဲ့ အနိုင်ရရှိခဲ့တာမျိုးတွေ ရှိပါတယ်။ ဒါဟာအသင်းအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်း နှစ်ခုစလုံးနဲ့သက်ဆိုင်နေပါတယ်။ နှစ်ခုစလုံး ပိုအားကောင်းလာပါတယ်။ ကျနော်တို့ ခက်ခဲတဲ့ လေ့ကျင့်ခန်းအစီစဉ်တွေ အများကြီးလုပ်ကာ ပွဲတွေ အများကြီးကစားခဲ့ရပြီးနောက် ကစားသမားတွေဟာ အံဝင်သထက်အံဝင်လာပါတယ်” လို့ ဆိုးလ်ရှားကပြောပါတယ်။  ဒီလိုအံဝင်လာလေ လုပ်နိုင်စွမ်းတွေ ပိုမြင့်တက်လာလေဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာအရလည်း နောက်ဆုံးမှာ နိုင်ကို နိုင်မယ်ဆိုတဲ့ ယုံကြည်မှုကိုဖြစ်စေတယ်လို့ သူကပြောပါတယ်။  ယူနိုက်တက်အသင်းဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ဝုဗ်အသင်းနဲ့တွေ့တိုင်း ရုန်းကန်ခဲ့ ရတာကြောင့် နူနိုဆန်းတို့စ်ရဲ့အသင်းကို ပထမဆုံးအဖြစ် လိဂ်ပွဲမှာအနိုင်ရရှိခဲ့တဲ့အပေါ် ဝမ်းမြောက်မိတယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။
5 months Ago
More News
Up