Search Results For: ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားဒေ့ရှ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၈ သိန်းကျော်ရှိလာ

ဘင်္ဂလားဒေ့ရှ်နိုင်မှာ ကိုဗစ်-၁၉ ရောဂါ ကူး စက်ခံရသူပေါင်း ၈ သန်းကျော်ရှိလာခဲ့ပြီး အာရှနိုင်ငံတွေထဲ ကူးစက်မှုအမြင့်ဆုံးအဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။

ကမ္ဘာတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်ဟာ ၁၇၄ သန်းနီးပါး ရှိလာခဲ့ပြီဖြစ်ပြီး သေဆုံးသူပေါင်း ၃ ဒသမ ၇ သန်းကျော်နဲ့ ရောဂါပြန်လည် ပျောက်ကင်းသက်သာလာသူ အရေအတွက်ကတော့ ၁၅၆ ဒသမ ၈ သန်းကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၃၄ သန်းကျော်၊ သေဆုံးသူ ၆ သိန်းကျော်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၂၉ သန်းနီးပါး၊ သေဆုံးသူ ၃ သိန်းကျော်၊ သူ့နောက်မှာတော့ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၁၇ သန်းနီး ပါးနဲ့ သေဆုံးသူ ၄ သိန်း ၇ သောင်းကျော်စီနဲ့ ရှိနေတာ ဖြစ်ပါတယ်။

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံ ပေါင်းကတော့ ၂၈ နိုင်ငံထိ ရှိလာခဲ့ပြီး သိန်းချီသေဆုံးတဲ့ နိုင်ငံပေါင်းကတော့ ၉ နိုင်ငံ ရှိ လာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၉ သောင်း ၁ ထောင်ကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံ အလိုက် အမှတ်စဉ် ၉၈ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါသန်းချီ ကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ အီရတ်နိုင်ငံတွေပြီးရင် ပါကစ္စတန်နိုင်ငံက ရောဂါကူးစက်ခံရသူ ၉ သိန်းကျော်၊ အစ္စရေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေ က ရောဂါကူးစက်ခံရသူ ၈ သိန်းကျော်စီ၊ ဂျော်ဒန်နဲ့ ဂျပန်နိုင်ငံတွေက ၇ သိန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၄၄,၃၁၇ ယောက်၊ သေဆုံးသူ ၃,၂၂၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၃၂,၄၅၂ ယောက်ရှိနေပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအ များဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၆ သိန်း ကျော်နဲ့ သေဆုံးသူ ၃,၃၇၈ ယောက် ရှိပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၁ သိန်း ၇ သောင်းကျော်နဲ့ သေဆုံးသူ ၁,၂၃၆ ယောက် ရှိနေပါ တယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆၂,၀၀၀ ကျော်နဲ့ သေ ဆုံးသူအရေအတွက် ၃၃ ယောက်ရှိနေတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၄,၀၀၀  ကျော်နဲ့ သေဆုံးသူ ၂၆၃ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈,၇၄၇ ယောက်နဲ့ သေဆုံးသူအရေအတွက် ၅၃ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၄၄ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေ တာပါ။

လာအိုနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၁,၉၆၃ ယောက်နဲ့ သေဆုံးလူနာ ၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

1 week Ago

ဘင်္ဂလားဒေ့ရှ်တွင် ဘာသာရေးအားလပ်ရက် ရေလမ်းမှ နေရပ်ပြန်သူများပြားနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးကို တားမြစ်ပိတ်ပင်ထားတာကြောင့် အိဒ် အယ်လ်ဖစ်တာ ဘာသာရေး အားလပ်ရပ်အတွက် နေရပ်ပြန်မယ့်သူတွေ ထောင်ချီပြီး ကူးတို့ ရေခရီးလမ်းကို သုံးစွဲနေကြရပါတယ်။

မာဝါကူးတို့ဆိပ်ရောက်ဖို့ ပြည်သူတွေဟာ ကီလိုမီတာ ၆၀ ဝေးတဲ့  အဝေးပြေးလမ်းအတိုင်း ခြေကျင်သွားနေရတာကို မေ ၁၁ ရက်က တွေ့ရတာပါ။

 အစိုးရက မေ ၃ ရက်က စပြီး ရထားလမ်းနဲ့ ဘတ်စ်ကား လမ်းတွေအပါအဝင် ခရီးဝေး ကုန်းလမ်း သယ်ယူပို့ဆောင်ရေး အားလုံးကို ဆိုင်းငံ့ ထားခဲ့တာပါ။

 ဒါပေမဲ့ ခရီးသည်တွေအတွက် မြို့တွင်းဘတ်စ်ကား ဝန်ဆောင်မှုတွေကိုတော့ ဆက်ပြေးဆွဲ ဖို့ ခွင့်ပြုပေးထားတယ်လို့ ဒေသခံ မီဒီယာဖြစ်တဲ့ ဒါကာထရီဗြွန်း သတင်းဌာနက ရေးပါတယ်။

 မြစ်ချောင်းတွေကို ဖြတ်ကူးဖို့ကိုတော့ ရွေးချယ်ထားတဲ့ ကူးတို့ယာဉ်လိုင်း နည်းနည်းကိုသာ ခွင့်ပြု ထားပါတယ်။

 ဒါဟာလဲ မရှိမဖြစ်ကုန်စည်တွေကို သယ်ဖို့ ကုန်ကားတွေနဲ့ လူနာတင်ယာဉ်တွေ သွားလာနိုင်ဖို့ ခွင့်ပြုထားတာ ဖြစ်ပါတယ်။

 အိန္ဒိယနိုင်ငံမှာ ပထမဆုံး စတင်တွေ့ရှိ ဖော်ထုတ်ထားတဲ့ ကူးစက်နှုန်းမြင့်တဲ့ ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပထမဆုံး စတွေ့ထားပြီလို့ ကျန်းမာရေး ညွှန်မှူး တစ်ယောက်က မေ ၈ ရက်မှာ ပြောခဲ့ပါတယ်။

 ဧပြီ ၁၄ ရက်က စပြီး လေကြောင်းခရီးစဉ်တွေကို ဆိုင်းငံ့ထားပြီး မေ ၁၆ရက်က စလို့ အသွားအလာ ကန့်သတ်ပိတ်ပင်ချက် လော့ဒေါင်းကို ဖြေလျော့ပေးမယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံ ထားပါတယ်။

1 month Ago

ထိုင်းတွင် အိန္ဒိယမျိုးကွဲကိုဗစ်-၁၉ တွေ့ရှိသဖြင့် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ ၃ နိုင်ငံကို ဗီဇာပိတ်

ထိုင်းနိုင်ငံမှာ အိန္ဒိယမျိုးကွဲ ကိုဗစ်-၁၉ ကူးစက်မှုအသစ် တွေ့ရှိပြီးနောက် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါ ၃ နိုင်ငံကို နိုင်ငံတွင်း ဝင်ရောက်ခွင့် ယာယီပိတ်ပင်လိုက် တယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ နိုင်ငံ ၃ နိုင်ငံက ထိုင်းနိုင်ငံသို့ ဆိုက်ရောက်ခရီးသွားဝင်ရောက်ခွင့်ကို မေ ၁၀ ရက်နေ့က စတင်ပိတ်ပင်လိုက်တာဖြစ်ပြီး ခုလိုပိတ်ပင်မှုဟာ အသက် ၄၂ နှစ်အရွယ် ကိုယ်ဝန်ဆောင် ထိုင်းအမျိုးသမီးတယောက်မှာ အိန္ဒိယမျိုးကွဲကိုဗစ်-၁၉ ကူးစက်မှုအသစ် တွေ့ရှိပြီးနောက်မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဆိုပါ အမျိုးသမီးဟာ ပါကစ္စတန်နိုင်ငံကနေ ပြန်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်က ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ကာ ကွာရန်တင်းဝင်နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အဆိုပါအမျိုးသမီးနဲ့ သူ့ရဲ့ အငယ်ဆုံးသားဖြစ်သူတို့ဟာ ထိုင်းနိုင်ငံမှာ ပထမဆုံး အိန္ဒိယမျိုးကွဲကိုဗစ်-၁၉ ကူးစက်ခံရသူတွေ ဖြစ်လာခဲ့တယ်လို့ ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံထိန်းချုပ်ရေးစင်တာက ပြောပါတယ်။

ပါကစ္စတန်သံရုံးကတော့ ထိုင်းခရီးသွားဗီဇာကလွဲလို့ ထိုင်းဗီဇာကိုင်ဆောင်ထားတဲ့ သူတွေအနေနဲ့ လာမယ့် မေ ၁၅ ရက်မတိုင်ခင်အထိ ခရီးသွားလာမှုတွေ ပြုလုပ်နိုင်တယ် လို့ ပြောပါတယ်။

      ထိုင်းနိုင်ငံသားတွေနဲ့ သံတမန်ပတ်စ်ပို့ ကိုင်ဆောင်သူတွေကတော့ ဒီပိတ်ပင်မှုမှာ မပါဝင်ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံတဝန်းလုံးမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈ သောင်းခွဲကျော်နဲ့ သေဆုံးသူ ၄၂၁ ယောက် ရှိနေပါတယ်။

1 month Ago

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းမီးလောင် ၁၅ ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတစ်ခုမှာ မီးအကြီးအကျယ်လောင်လို့  ၁၅ ယောက် သေဆုံးပြီး အယောက် ၄၀၀ ထက်မနည်း ပျောက်ဆုံးနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီက မတ်လ ၂၃ ရက်မှာ ပြောပါတယ်။ 

ကော့ဘဇားမြို့ အရှေ့တောင်ပိုင်း ဘာလူခါလီဒုက္ခသည်စခန်းမှာ မတ်လ ၂၂ ရက် နှောင်းပိုင်း က မီးလောင်ခဲ့ပြီး တဲစုထောင်ပေါင်းများစွာ မီးကျွမ်းခဲ့ပါတယ်။ 

မီးလောင်မှုအတွင်း လူ အယောက် ၅၅၀ ကျော် ဒဏ်ရာရပြီး လူပေါင်း ၄၅, ၀၀၀ လောက်  နေစရာ ပျောက်ခဲ့တယ်လို့  UNHCR တာဝန်ရှိသူက ဆိုပါတယ်။ 

လူပေါင်း ၁၂၄,၀၀၀ လောက် နေထိုင်တဲ့ စခန်းရဲ့ နေရာ လေးခုကို မီးဟာ ကူးစက်ပျံ့နှံ့ခဲ့တာပါ။ ဒါဟာ ကော့ဘဇားဒုက္ခသည်အရေအတွက်ရဲ့ ဆယ်ပုံတစ်ပုံ ရှိတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

3 months Ago

ဘင်္ဂလားဒေ့ရှ်အစိုးရက ဒုက္ခသည်များကို ဘာဆန်ချာကျွန်းသို့ ပြောင်းရွှေ့

ဘင်္ဂလားဒေ့ရှ် အစိုးရက နောက်ထပ် မွတ်စလင်ဒုက္ခသည်အုပ်စုတစုကို ဇန်နဝါရီ ၂၉ ရက်မှာ  ဘင်္ဂလားပင်လယ်အော်အတွင်းက ဝေးလံလှတဲ့ ဘာဆန်ချာကျွန်းဆီ ပြောင်းရွှေ့လိုက်ပါတယ်။ 

ဘင်္ဂလားဒေ့ရှ်ဟာ နယ်စပ်စခန်းတွေမှာ နေထိုင်တဲ့ ဒုက္ခသည် ၁ သန်းရဲ့ ဆယ်ပုံတစ်ပုံကို ဘာဆန်ချာကျွန်းဆီ ရွှေ့ပြောင်းပေးချင်နေပါတယ်။

ဇန်နဝါရီ ၂၉ ရက်မှာ သင်္ဘော ၅ စီးနဲ့ ဒုက္ခသည် ၁,၇၇၆ ဦးကို သူတို့ရဲ့ပစ္စည်းတွေနဲ့အတူ ပြောင်းရွှေ့ပေးခဲ့ပြီး ဇန်နဝါရီ ၃၀ ရက်မှာ ထပ်မံပြောင်းရွှေ့ဖို့ ရှိတယ်လို့ သိရပါတယ်။

နှစ်ရက်ပေါင်း ပြောင်းရွှေ့အရေအတွက်က အယောက် ၃,၀၀၀ ကျော်တယ်လို့ ကျွန်းတာဝန်ခံ ဗိုလ်မှူးချုပ် မာမွန်ချောင်ဒရီက ဆိုပါတယ်။

ကျွန်းပေါ်နေထိုင်တဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရ ခွင့်ပြုချက်မရဘဲ ကျွန်းပေါ်ကနေ ထွက်ခွာခွင့်မပြုပါဘူး။ ဒုက္ခသည်တွေကို ဆန္ဒအလျောက် ကျွန်းဆီ ပြောင်းရွှေ့ပေးတယ်လို့ ဘင်္ဂဘားဒေ့ရှ်အစိုးရက ဆိုပေမဲ့ ဒီဇင်ဘာလတုန်းက ပြောင်းရွှေ့ခဲ့တဲ့ ပထမအသုတ် ဒုက္ခသည်တချို့ကတော့ အတင်းအကျပ် ပြောင်းရွှေ့ခံရတယ်လို့ ပြောဆိုကြပါတယ်။ 

ဒုက္ခသည်တွေ ပြောင်းရွှေ့ရေးနဲ့ပတ်သက်လို့ ကုလဒုက္ခသည်များအေဂျင်စီ အပါအဝင် အကူအညီပေးရေးအဖွဲ့တွေနဲ့ တိုင်တိုင်ပင်ပင်လုပ်ဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရဟာ ပြစ်တင်ဝေဖန်ခံနေရတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

5 months Ago

ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းက ဒုက္ခသည်စခန်းတွင် မီးလောင်၊ နေအိမ် ၅၅၀ ကျော် ပျက်စီးဆုံးရှုံး

ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းက ဒုက္ခသည်စခန်းမှာ ဇန်နဝါရီ ၁၄ ရက် မနက်အစောပိုင်းက မီးအကြီးအကျယ်လောင်ခဲ့ပြီး ထောင်နဲ့ချီတဲ့ လူတွေ ပိုင်ဆိုင်တဲ့ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့  ကုလသမဂ္ဂက ပြောပါတယ်။ လူပေါင်း ၃,၅၀၀ လောက် နေထိုင်တဲ့ နေအိမ်ပေါင်း ၅၅၀ ကျော်ဟာ လုံး၀ ဒါမှမဟုတ် တစိတ်တပိုင်း မီးလောင်ခဲ့ပြီး NGO အဖွဲ့တွေရဲ့ ဈေးဆိုင် ၁၅၀ လောက်နဲ့ အဆောက်အဦ တခုလည်း  ပျက်စီးခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)က ဆိုပါတယ်။  မီးလောင်မှုကြောင့် သေဆုံးဒဏ်ရာရတဲ့ သတင်းကို မသိရပါဘူး။  ကော့ဘဇားဒုက္ခသည်စခန်းက နေရပ်စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည်တွေကို နေစရာ၊ ဆောင်းရာသီ အဝတ်အထည်၊ အစားအစာနဲ့ ဆေးဝါး ပံ့ပိုးနေတယ်လို့ UNHCR က ပြောဆိုပါတယ်။  ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းမှာ နေရပ်စွန့်ခွာ ဒုက္ခသည်ပေါင်း ၁ သန်းကျော် နေထိုင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
5 months Ago

ဘင်္ဂလားဒေ့ရှ်ပို့မည့် တရားမဝင်သစ်တင်လာသည့် စက်လှေ ၁ စီး နတ်မြစ်ဝအနီး ဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ နတ်မြစ်ဝအနီးရှိ နွားမြက်ထောက် ချောင်းအနီးမှာ ဒီဇင်ဘာ ၂၁ ရက် မနက် ၆ နာရီလောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ပို့ဆောင်မယ့် တရားမဝင်သစ်တွေ တင်ဆောင်ထားတဲ့ စက်လှေတစီး ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ တရားမဝင်သစ်တွေ တင်ဆောင်ထားတဲ့ စက်လှေကို မောင်တောမြို့ အမှတ်(၁) ဝင်ထွက်စခန်း POE က ရေကြောင်းလှည့်ကင်းလည့်စဥ် နွားမြက်ထောက် ချောင်းအနီး မသင်္ကာဖွယ်တွေ့ရှိလို့ စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။ မောင်တောမြို့နယ်သစ်တော ဦးစီးအရာရှိ ဦးမိုးမြင့်ဇော်က "ဖမ်းတာက နယ်ခြားစောင့်တပ်က ဖမ်းတာပါ၊ တရားခံ ၅ ဦးပါတယ်။ ပြင်ဖြူနယ်မြေစခန်းမှာ ၄၂ (က) နဲ့ အမှုဖွင့်ထားတယ်။ သစ်တန်ချိန်က နယ်ခြားစောင့်က ခန့်မှန်ရေးထားတာက ၁၅ တန်ကျော်လို့ ရေးထားတယ်။ ဒါပေမဲ့ သစ်တွေကို တန်ချိန်တိုင်းတာပြီးမှ အတိအကျတန်ချိန်ရမယ်။" လို့ ပြောပါတယ်။ တရားမဝင်သစ်တွေနဲ့အတူ ဖမ်းဆီးရမိသူတွေကတော့ ကျောက်ဖြူမြို့နယ်၊ ကွမ်းချောင်းကျေးရွာက ဦးဦးတင်မြင့် (ပဲ့နင်းမှူး)၊ လှေလုပ်သားတွေဖြစ်တဲ့ ဦးမောင်ရွှေသာ၊ ဦးစံရွှေလှနဲ့ ဦးရှောဘီ လှေလုပ်သားတို့ ဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီးရမိတဲ့ သစ်တွေကို မောင်တော POE စခန်းကတဆင့်  မောင်တောသစ်တောဌာနကို ပို့ဆောင်အပ်နှံသွားမှာဖြစ်ပြီး ပဲနင်းနဲ့ လှေလုပ်သားတွေကိုတော့ သစ်တောဥပဒေပုဒ်မ ၄၂(က) နဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ မောင်တောမြို့နယ်သစ်တောရုံးက သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကလည်း တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ဘက် တရားမဝင် သစ်တန်ချိန် ၂၃၄ တန် တင်လာတဲ့ ရေယာဥ် ၂ စီးနဲ့ လူ ၁၁ ဦးအား နတ်မြစ်ဝ မိုဝင်ချောင်းအနီး ဖမ်းဆီးရမိခဲ့ပါတယ်။
6 months Ago

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ၁၆၀၀ ကို ဘာဆန်ချာကျွန်းဆီ ပြောင်းရွှေ့

ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ ဒုက္ခသည်ထောင်ချီကို သူတို့ဆန္ဒမပါဘဲ အာဏာပိုင်တွေက ဝေးလွန်းလှတဲ့ ကျွန်းတစ်ကျွန်းမှာ ပြန်နေရာချထားပေးနေတယ်လို့  ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။    ရေလွှမ်းနိုင်ဖွယ်ရှိတဲ့ ဘာဆန်ချာကျွန်းဆီ ဒုက္ခသည် ၁,၆၀၀ ခန့်ကို ဒီဇင်ဘာ ၄ ရက်က ပြောင်းရွှေ့ ပေးခဲ့တာလို့ ဆိုပါတယ်။ ပြောင်းရွှေ့သူအားလုံးက လိုလိုလားလားပြောင်းရွှေ့ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပေမဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ဒုက္ခသည်တွေက အဲဒီကျွန်းဆီ မပြောင်းလိုဘူးလို့ ဘီဘီစီ ကို ပြောဆိုခဲ့ပါတယ်။   ပြောင်းရွှေ့သူ အတော်များများဟာ ဆန္ဒမပါဘဲ ပြောင်းရွှေ့ခံရတယ်ဆိုပြီး လူ့အခွင့်အရေး အဖွဲ့တွေက စိုးရိမ်နေပါတယ်။  ပြောင်းရွှေ့စာရင်းမှာပါပြီး မပြောင်းရွှေ့လိုတဲ့  အိမ်ထောင်စု ၁၂ စုကို  လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အင်တာဗျူးခဲ့တယ်လို့ ဆိုပါတယ်။  ကုလသမဂ္ဂကလည်း ဒီလို ပြောင်းရွှေ့တဲ့အကြောင်းကို သူတို့ မသိရဘဲ ကုလသမဂ္ဂလည်း မပါဝင်ဘူးလို့  ပြောဆိုပါတယ်။   ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန်ကတော့ အစိုးရအနေနဲ့ ဘယ်သူ့ကိုမှ အတင်း အကျပ် မပြောင်းရွှေ့ဘဲ ဒီရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားတယ်လို့ ဒီဇင်ဘာ ၃ ရက်က ပြောပါတယ်။ 
6 months Ago

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၉ ဦးကို မြန်မာဘက်က  ပြန်လွှတ်ပေး 

မြန်မာဘက်က ဖမ်းဆီးရမိထားတဲ့  ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၉ ယောက်နဲ့  ငါးဖမ်း စက်လှေတစ်စီးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ဖွဲ့တာဝန်ရှိသူတွေထံ   ပြန်လည် လွှဲပြောင်း ပေးအပ်လိုက်ပါတယ်။ ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ်(၁) ဝင်ထွက်စခန်း POE (Point of Entry or Exit Camp)မှာ နိုဝင်ဘာ ၂၅ ရက် မနက်က ပြုလုပ်တဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်မှူးအဆင့် အလံတင်ဆွေးနွေးပွဲမှာ  လွှဲပြောင်းပေးအပ်ခဲ့တာပါ။ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က "သူတို့က ခိုးဝင်လာတာတော့ မဟုတ်ဘူးဗျ။ ငါးဖမ်းလှေကစက်ပျက်လို့ မြန်မာဘက်ကိုဝင်လာတော့ ခိုးဝင်တယ်ထင်ပြီး ဖမ်းဆီးထားတာ ဖြစ်တယ်။ လှေမှာလည်းငါးဖမ်းပိုက်တွေပါတယ်။ ကိုဗစ်ကာလဆိုတော့ ကိုဗစ်စစ်ဆေးတယ်။ ချုပ်ထားပြီး ဟိုဘက်ကို အကြောင်းကြားတယ်။ ဟိုဘက်ကလည်း သူတို့ နေရပ်လိပ်စာမှတ်ပုံတင် တွေကို စစ်ဆေးတာ မှန်ကန်တဲ့အတွက် နှစ်နိုင်ငံသဘောတူညီချက်နဲ့ လွှဲပြောင်းပေးလိုက်တာ" လို့ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၉  ဦးနဲ့ သစ်သားကိုယ်ထည်အမျိုးအစား  ငါးဖမ်းလှေတစ်စီးကို နိုဝင်ဘာ ၁ဝ ရက်က မြန်မာရေပိုင်နက် တုံးချောင်းဝအနီး စက်ပျက်ပြီး မျောပါနေစဉ် မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက ငါးဖမ်းပိုက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။ နှစ်နိုင်ငံအလံတင်အခမ်းအနားကိုတော့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB)က  ၁ဝ ယောက်နဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ (BGP) က ၇ ယောက် တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံနယ်စပ်ရေးရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ သတင်း - လင်းလက်
7 months Ago

၁၇ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်လူငယ်တဦး နိုင်ငံတကာကလေးသူငယ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရရှိ

ဆိုက်ဘာအနိုင်ကျင့်မှုကို တိုက်ဖျက်တဲ့ အသက် ၁၇ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် လူငယ်တဦးဟာ ၂၀၂၀ နိုင်ငံတကာကလေးသူငယ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို နိုဝင်ဘာ ၁၃ ရက်က ရရှိသွားပါတယ်။ ဆာဒက်ရာမန် ဆိုသူ လူငယ်လေးဟာ ဆိုက်ဘာအနိုင်ကျင့်ခံရတဲ့ လူငယ်တွေရဲ့ အသံကို လူတွေ ကြားသိစေဖို့ မိုဘိုင်းအပလီကေးရှင်းတစ်ခု ဖန်တီးခဲ့သူပါ။  “Cyber Teens,” လို့ခေါ်တဲ့ သူ့အပလီကေးရှင်းကြောင့် အနိုင်ကျင့်ခံရတဲ့ လူငယ်တွေက စေတနာ့ဝန်ထမ်းအဖွဲ့နဲ့ အဆက်အသွယ်ရပြီး စေတနာ့ဝန်ထမ်းတွေက အဲဒီအနိုင်ကျင့်မှုတွေကို ရဲတပ်ဖွဲ့နဲ့ လူမှုကူညီရေးလုပ်သားတွေကို အကြောင်းကြားပေးပါတယ်။ ရာမန်ရဲ့ အပလီကေးရှင်းကို အကြိမ်ပေါင်း ၁,၈၀၀ ဒေါင်းလုတ်ဆွဲပြီး အပလီကေးရှင်းကြောင့် ကလေးသူငယ်တွေဆီ လိင်အသားပေးအကြောင်းအရာတွေ ပေးပို့သူ လူကြီးတွေ အပါအဝင် လူ ၈ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။  သည်ဟိတ်မြို့မှာ ကျင်းပတဲ့ ရာမန်ရဲ့ ဆုပေးပွဲ အခမ်းအနားအတွင်း နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မာလာလာက “ဆာဒက်ဟာ ဒီနေ့ခေတ် လူငယ်တွေရဲ့  အားကျစရာ ပုဂ္ဂိုလ် ဖြစ်တယ်” လို့ ပြောပါတယ်။  နိုင်ငံတကာ ကလေးသူငယ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရသူတွေထဲမှာ မာလာလာနဲ့ ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူ ဂတ်သာသန်းဘာ့ဂ်တို့လည်း ပါဝင်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
7 months Ago

ဘင်္ဂလားဒေ့ရှ်ရှိ မွတ်စလင်များက ပြင်သစ်ထုတ်ကုန်များကို သပိတ်မှောက်ရန် ဆော်ဩ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မွတ်စလင်တွေဟာ အောက်တိုဘာ ၂၆ ရက်မှာ စုရုံးခဲ့ပြီး ပြင်သစ်နိုင်ငံမှာ တမန်တော် မိုဟာမက်ရဲ့  ကာတွန်းရုပ်ပြောင် ထုတ်ဝေဖြန့်ချိမှုကို ဆန့်ကျင် ဆန္ဒပြပြီး ပြင်သစ်ထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ကိုလည်း ဆော်သြလိုက်ပါတယ်။ ပြင်သစ် ပါမောက္ခတယောက်ဟာ အစ္စလာမစ် အစွန်းရောက်တယောက်ရဲ့ ခေါင်းဖြတ် သတ်တာကို ဒီလအစောပိုင်းမှာ ခံခဲ့ရပြီးနောက် ပြင်သစ်နိုင်ငံထဲက အဆောက်အအုံတချို့မှာ တမန်တော်ရဲ့ပုံကို ကာရီကေးချားရုပ်ပြောင် ဆွဲထားခဲ့သလို ပြင်သစ်မီဒီယာတွေကလည်း ထုတ်ဝေ ဖြန့်ချိခဲ့ပါတယ်။ ခေါင်းဖြတ်သတ်ခံရတဲ့ ပြင်သစ်ဆရာကတော့ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နဲ့ပတ်သက်တဲ့ စာသင်ခန်းထဲမှာ တမန်တော်ရဲ့ ကာတွန်းပုံတွေကို ပြခဲ့လို့ အသတ်ခံရတာပါ။ မြို့တော်ဒါကာက ဆန္ဒပြသူတွေဟာ ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခွန်းရဲ့ ကာတွန်း ရုပ်ပြောင်ပုံကို ကိုင်စွဲရင်း ပြင်သစ်ခေါင်းဆောင်ဟာ စိတ်ကျန်းမာရေးကုသခံဖို့ လိုနေတယ်လို့ ပြောခဲ့ကြပါတယ်။ ခေါင်းဖြတ်မှုအပြီးမှာ မက်ခွန်းက အစ္စလာမစ်ခွဲထွက်ရေးဝါဒအပေါ် စစ်ကြေညာခဲ့ပြီး ပြင်သစ်နိုင်ငံထဲက မွတ်စလင်လူ့အဖွဲ့အစည်းတချို့မှာ ဒီဝါဒ အမြစ်တွယ်နေပြီလို့ သူက ယုံကြည်ထားပါတယ်။ မွတ်စလင်တွေဟာ တမန်တော်ရဲ့ ဘယ်လို ပုံတူကိုမဆို စော်ကားမှုအဖြစ် ရှုမြင်ကြပါတယ်။
8 months Ago

ဘင်္ဂလားဒေ့ရှ်ဘက် တရားမဝင်ကုန်ပစ္စည်းတင်ပို့သည့် စက်လှေသမား ၃ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တရားမဝင်ကုန်ပစ္စည်းတင်ပို့တာကြောင့် ဖမ်းမိတဲ့ စက်လှေသမား ၁၅ ဦးအနက် ၃ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ မောင်တော မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးအောင်ရဲက ပြောပါတယ်။ "ဟုတ်ပါတယ်။ ငါးခြောက်တွေနဲ့ဖမ်းတဲ မော်တော်တစ်စီးက ဖမ်းမိတဲ့ မော်တော်ဘုတ်က ၉ ဦးနဲ့ အခြားကုန်တွေနဲ့ဖမ်းနိတဲ့ မော်တော်တစ်စီးက မော်တော်ဘုတ်သမား ၆ ဦးကိုစစ်ဆေးတာ ၃ ဦးမှာ Positive တွေတယ်။ သူတို့ကိုတော့ ဆေးရုံတင်ထားတယ်။" ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကနေ ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်ကို တရားမဝင်ကုန်ပစ္စည်း တင်ပို့တဲ့ မော်တော်ဘုတ် ၂ စီးအား အောက်တို့ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ နတ်မြစ်အတွင်း အသီးသီး ဖမ်းဆီးရမိခဲ့တာပါ။ ဖမ်းမိတဲ့ စက်လှေသမား ၁၅ ဦးအား မောင်တောခရိုင်ကျန်မာရေးဦးစီးဌာနက Rapid test kit နဲ့ အောက်တိုဘာ ၂၁ ရက်နေ့က စစ်ဆေးရာမှ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦး တွေ့ရှိခဲ့တာလို့ မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက ပြောပါတယ်။ မောင်တောမြို့နယ်မှာ အောက်တိုဘာ ၂၁ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ ၂၂၀ ဦးရှိပြီး ဆေးရုံးမှဆင်းခွင့်ရရှိသူက ၁၇၂ ဦးရှိတယ်လို့ မောင်တောမြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။ သတင်း - လင်းလက်
8 months Ago

ဘင်္ဂလားဒေ့ရှ်ဘက် ကုန်ပစ္စည်း တရားမဝင်တင်ပို့သည့် စက်လှေသမား ၉ ဦးကို ချုပ်ရမန်ယူ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ကုန်ပစ္စည်းတွေ တရားမဝင်တင်ပို့တဲ့ စက်လှေမောင်းသူ အပါအဝင် ၉ ဦးကို အောက်တိုဘာ ၁၈ ရက်နေ့ မနက်ပိုင်းက မောင်တောမြို့နယ်တရားရုံးမှာ ချုပ်ရမန်ရယူထားတယ်လို့ သိရပါတယ်။ မောင်တောမြို့နယ်တရားရုံး တာဝန်ရှိသူတဦးက “ဒီနေ့ မကျည်းချောင်း နယ်ခြားစောင့်စခန်းက ၉ ဦးကို ရမန်ရယူတယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မနဲ့ ရမန်ရယူထားတယ်” လို့ ပြောပါတယ်။ အဲဒီစက်လှေဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ငါးခြောက်တွေ သွားရောက်ပို့ဆောင်တာဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်နေ့ မနက် ၈ နာရီလောက်က မောင်တောမြို့ ဂေါ်ဒူသာရ ချောင်းဝကင်းစခန်းရဲ့ ၁ မိုင်ခန့်အကွာမှာ သဲသောင်ခုံကို တိုက်မိကာ လှေဝမ်းဗိုက်ပေါက် နစ်မြုပ်သွားခဲ့တာကြောင့် လှေမောင်းအပါအဝင် လှေပေါ်ပါလာသူ ၉ ဦးကို ဂေါ်ဂူသာရနယ်မြေစခန်းက ကယ်ဆယ်ဖမ်းဆီးမိခဲ့တာလို့ သိရပါတယ်။ လှေပေါ်မှာ ငါးခြောက်အိတ် ၁၁၅၀ အိတ်တင်ဆောင်ထားတယ်လို့ မကျည်းချောင်း ရဲစခန်းမှူး ရဲအုပ်အောင်မျိုးလွင်က DVB ကို ပြောပါတယ်။ “မော်ဘုတ်သမား ၉ ဦးကို မကျည်းချောင်းနယ်မြေစခန်းက ကယ်ဆယ်ထားနိုင်ခဲ့တယ်။ သူတို့ကို မကျည်းချောင်းနယ်မြေစခန်းမှာပဲ (ပ)၃/၂၀၂၀ သဘာဝဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲရေးမှု ဥပဒေပုဒ်မ ၂၅/၃၀(က) နဲ့ အမှုဖွင့်လှစ်လိုက်တယ်။” အလားတူ အောက်တိုဘာ ၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကလည်း ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲ တရားမဝင်သွားရောက်တဲ့ ကုန်ပစ္စည်းမျိုးစုံ တင်ဆောင်ထားတဲ့ စက်လှေ ၁ စီးကို မောင်တောမြို့အမှတ် (၁) ရေအထူးတပ်ဖွဲ့က  နတ်မြစ်အတွင်း နွားမြက်ထောင် ချောင်းဝ ၁ မိုင်ခန့်အကွာမှာ ဖမ်းမိခဲ့ပြီး လှေပေါ်မှာ လူ ၆ ဦး လိုက်ပါလာတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - လင်းလက်
8 months Ago

ဘင်္ဂလားဒေ့ရှ်တွင် အဓမ္မပြုကျင့်မှုကို သေဒဏ်ချမှတ်မည်

ဘင်္ဂလားဒေ့ရှ်မှာ  အဓမ္မပြုကျင့်မှုတွေကို  သေဒဏ်ချမှတ်သွားတော့မယ်လို့ အောက်တိုဘာ ၁၂ ရက် ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။  အသက်  ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဂိုဏ်းဖွဲ့လိင်ပိုင်း စော်ကားတဲ့ ဗွီဒီယိုဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က လူအတော်များများ ဒေါသဖြစ်ခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားလူ့အခွင့်အရေးကော်မရှင် စုံစမ်းစစ်ဆေးချက်အရ အရှေ့တောင်ပိုင်း နိုဝါ့ခါလင်မ်ခရိုင်မှာ တိုက်ခိုက်ခံရတဲ့ အမျိုးသမီးဟာ ထပ်တလဲလဲ အဓမ္မပြုကျင့် အကြမ်းဖက်ခံရတာကို တွေ့ရှိခဲ့ပါတယ်။ ဗွီဒီယိုထွက်ပေါ်ခဲ့ပြီးနောက် အမျိုးသား ၈ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ သေဒဏ်ဥပဒေ ပြဋ္ဌာန်းမယ့်အမိန့်ကို သမ္မတ ထုတ်ပြန်လိမ့်မယ်လို့ ဥပဒေရေးရာဝန်ကြီးက ဘီဘီစီကို ပြောပါတယ်။ ဒီနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်မှာ အဓမ္မပြုကျင့်မှုပေါင်း ၁,၀၀၀ ထက်မနည်း ဖြစ်ခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။ ဒါပေမဲ့လည်း ကဲ့ရဲ့ပြစ်တင်မှာ ကြောက်ရွံ့တာမို့ အမျိုးသမီးတွေက အမှုတော်တော်များများကို  မတိုင်တန်းခဲ့ဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။
8 months Ago

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အဓမ္မကျင့်ခံရမှုများအတွက် တရားမျှတမှုရရေး တောင်းဆိုဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အဓမ္မပြုကျင့်မှုတွေနဲ့ ကာမ နှောင့်ယှက်မှုတွေ ဆက်တိုက် ဖြစ်လာနေတာကြောင့် ရာချီတဲ့ ပြည်သူတွေက တရားမျှတမှုရရေးအတွက်  မြို့တော် ဒါကာမှာ အောက်တိုဘာ ၁၀ ရက်က  ဆန္ဒပြသူ တောင်းဆိုခဲ့ကြပါတယ်။ ကျူးလွန်သူကို သေဒဏ်ပေးဖို့ ဆော်သြခဲ့ကြသလို “ဘေးကင်းချင်တယ် အဓမ္မကျင့် မခံချင်ဘူး၊ မုဒိမ်းသမားကို သနားကြောင်း မပြနဲ့” စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။  နိုင်ငံအရှေ့တောင်ပိုင်း နိုအာခါလီမြို့မှာ ယောက်ျားတအုပ်စုက အမျိုးသမီးတယောက်ကို နာရီဝက်လောက် တိုက်ခိုက်ခဲ့ပုံ ရုပ်သံတခု ထွက်ပေါ်လာပြီးနောက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။  အလားတူဖြစ်ရပ်တွေနဲ့ အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်မှုတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လတ်တလောနှစ်တွေမှာ ပေါ်ပေါက်ခဲ့ပါတယ်။  ဇန်နဝါရီကနေ စက်တင်ဘာကြား တိုက်ခိုက်မှု ၁၀၀၀ နီးပါးရှိခဲ့ပြီး တိုက်ခိုက်မှု ငါးပုံတပုံလောက်ကို တိုင်ကြားထားတယ်လို့ လူ့အခွင့်အရေးအုပ်စု အိန်းအို ဆာလစ်ရှ် ကန်ဒရာက ပြောပါတယ်။ ကဲ့ရဲ့အပြစ်ပြောခံရမှာ ကြောက်တဲ့ အမျိုးသမီးတွေက အဓမ္မပြုကျင့်မှု အတော်များများကို မတိုင်ကြားခဲ့ဘူးလို့ ဆိုပါတယ်။  အသိတရား ကင်းမဲ့တာ၊ အပြစ်ပေးမခံရဘဲ လွတ်နေတဲ့ ဓလေ့ နဲ့ နိုင်ငံရေးအကြောင်း ပြချက်တွေအရ လူတယောက်ချင်းရဲ့ သြဇာတွေက သံသယရှိသူတွေကို ကာကွယ် ပေးနေလို့ အဓမ္မပြုကျင့်မှု အရေအတွက် တိုးလာနေတာလို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ အဓမ္မပြုကျင့်မှု ကျူးလွန်သူကို သေဒဏ်ပေးရေး စဉ်းစားဖို့ ဒီအပတ်ဆန္ဒပြပွဲတွေက အစိုးရကို တွန်းအားပေးနေပါတယ်။  အရေးပေါ်ဥပဒေပြင်ဆင်ရေး အဆိုပြုချက်ကို အစိုးရအဖွဲ့က အောက်တိုဘာ ၁၂ ရက်မှာ လက်ခံဖို့ ရှိတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ 
8 months Ago

ဘင်္ဂလားဒေ့ရှ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃ သိန်းခွဲကျော်နှင့် သေဆုံးသူ ၅ သောင်းနီးပါးရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃ သိန်းခွဲကျော်နဲ့ သေဆုံးသူက  ၅ သောင်းနီးပါး ရှိနေပါတယ်။ အစိုးရက ရောဂါထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို ဆက်ချမှတ်ထားတာကြောင့် အလုပ်အကိုင်တွေလည်း ရှားပါးနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေးဟာ သိသိသာသာ နှေးကွေးလာပြီး တနေ့တခြား  အလုပ်အကိုင် ရှားပါးတာကြောင့် ဆာလောင်နေသူတွေဟာလည်း ဗလီနဲ့ တခြားအသင်းအဖွဲ့တွေက ကျွေးတာကို စားသောက်နေရပါတယ်။ ဘင်္ဂလားဒေ့ရှ် ပို့ကုန်ရဲ့ ၈၀ ရာခိုင်နှုန်းဝန်းကျင်ဟာ အထည်ချုပ်လုပ်ငန်းက ဖြစ်ပြီး အရင်က အဲဒီလုပ်ငန်းမှာ လုပ်ကိုင်သူ ၄ သန်းရှိပြီး အများစုကတော့ အမျိုးသမီးတွေပါ။  အခုတော့ ကမ္ဘာတဝန်းကဆိုင်တွေ ပိတ်လိုက်ရတာမို့ ဒေါ်လာ ဘီလီယံချီတန်တဲ့ အထည်အမှာစာတွေဟာလည်း ဖျက်သိမ်းခံရပါတယ်။ လော့ဒေါင်းချခဲ့တဲ့ မတ်လတုန်းက လုပ်သားအတော်များများကို နားလိုက်ရတာမို့  စက်ရုံတွေဟာ လုပ်ငန်းရပ်ဆိုင်းနေပါတယ်။ နောက်သီတင်းပတ်တွေမှာ စက်ရုံတွေကို ပြန်ဖွင့်ခွင့်ပြုခဲ့ပေမယ့် တော်တော်များများက စက်ရုံတွေကို ဆက်ပိတ်ထားခဲ့ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် လုပ်နေကျအလုပ်တွေ ရပ်တန့်သွားချိန်မှာ လူအတော်များများဟာ စားဝတ်နေရေးအတွက် တခြားအလုပ်တွေ ပြောင်းလုပ်ကိုင်နေရတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။
9 months Ago

ဘင်္ဂလားဒေ့ရှ်က အဝယ်လိုက်နေ၍ ဆိပ်ဖြူတွင် ကြက်သွန်နီ ၁ ပိဿာ ကျပ် ၃၀၀ ကျော် မြင့်တက်

ဘင်္ဂလားဒေ့ရှ်ဘက်က အဝယ်လိုက်နေတာကြောင့် တပတ်အတွင်း ကြက်သွန်နီ ၁ ပိဿာကို ကျပ် ၃၀၀ ကျော် မြင့်တက်လာတယ်လို့ ဆိပ်ဖြူမြို့နယ်က ကြက်သွန်ကုန်စည်ဒိုင် တာဝန်ရှိသူတဦးက ပြောပါတယ်။        ‌ “ဘင်္ဂလားဘက်က ဝယ်လက် ဆင်းတယ်လို့တော့ သိရတယ်၊ အဲဒါကြောင့်လည်း စျေးတက်တာ။ ကုန်စည်ဒိုင်က ပိတ်ထားလို့ ကုန်ချိန်တော့ တစ်ရက် ဘယ်လောက် ထွက်နေလဲ တိတိကျကျ မသိရဘူး။ ပွဲစားတွေက များတော့ ရွာတွေအထိ ဆင်းဝယ်နေကြတာ။” မကွေးတိုင်း၊ ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်က ကြက်သွန်ကုန်စည်ဒိုင်ကို ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေအရ စက်တင်ဘာ ၁၃ ရက်နေ့က စတင်ပိတ်ထားတာပါ။  စက်တင်ဘာ ၁၂ ရက်နေ့က အမြင့်ဆုံးစျေး ကြက်သွန်နီ တစ်ပိဿာ ၄၂၅ ကျပ်သာ ရှိခဲ့ပေမဲ့ စက်တင်ဘာ ၁၇ ရက်နေ့မှာ ၆၀၀ ကျပ်၊ စက်တင်ဘာ ၁၈ ရက်နေ့မှာ ၇၅၀ အထိ မြင့်တက်လာခဲ့တာပါ။ ကြက်သွန်ပွဲရုံ လုပ်ငန်းရှင် ဦးသိန်းဝင်းက “ဒီကနေ ရန်ကုန်ဘက်ကို တင်နေတာ၊ ဒီနေ့အနေနဲ့ဆိုရင်တော့ ဆိပ်ဖြူကနေ ကားဆယ်စီးလောက်တော့ ထွက်နိုင်မယ်ထင်တယ်” လို့ ပြောပါတယ်။ ဆိပ်ဖြူ ကြက်သွန်စျေးဟာ ကိုဗစ် ၁၉ ကာလအတွင်း ငြိမ်သက်နေပြီးတော့ အခုရက်ပိုင်းမှာ ပြန်လည်း လှုပ်ခတ်တာလို့ ဆိုပါတယ်။ ကိုလင်း(ချောက်)
9 months Ago

ဘင်္ဂလားဒေ့ရှ်တွင် ရေကြီးမှုကြောင့်  လူပေါင်း  ၁၆၀ ကျော် သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သုံးပုံတပုံလောက် ရေဘေးသင့်နေလို့ သန်းချီတဲ့ လူတွေ အိုးအိမ် စွန့်ခွာ ရွှေ့ပြောင်းကြရပြီး အချိန်တလကျော်ကြာတဲ့ ရေလွှမ်းမိုးမှုအတွင်း လူ ၁၆၁ ယောက် သေဆုံးခဲ့ တယ်လို့ ဒေသခံမီဒီယာတွေက ရေးပါတယ်။ ပဒ်မာမြစ်ရေလျှံပြီး မြစ်ကမ်းပါးတွေ ကျိုးပေါက်ခဲ့လို့ ရှိမူလီယာကူးတို့ဆိပ်နားက မြစ်ကမ်းပါးတလျှောက်မှာ သဲအိတ်တွေ ချထားရပြီး ဒေသခံတွေဟာ သူတို့ ကျွဲနွားတွေကို မြေပြင်ရှိရာဆီ ရွှေ့ထားရပြီး လှေနဲ့ သွားလာ နေရပါတယ်။ မြို့တော်ဒါကာနဲ့ ၃၄ မိုင်အကွာက ရွာမှာရှိတဲ့  ရေဘေးသင့် ဒေသခံတွေကတော့ အကူအညီတွေကို လက်ခံရရှိခဲ့ပါတယ်။  နှစ် ၂၀ကျော်အတွင်း အချိန်အကြာဆုံး ရေကြီးမှုကြောင့် စပါးခင်း ဟက်တာ ၈၀၀၀၀ လောက် ရေအောက် မြုပ်နေတယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောပါတယ်။ လက်ရှိ ကူးစက်နေဆဲ ကိုရိုနာဗိုင်းရပ်စ်  တိုက်ဖျက်ရေးအားထုတ်မှုတွေလည်း ရေဘေး ကြောင့် ရှုပ်ထွေး ကုန်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ သြဂုတ်လ ၁၃ ရက်အထိ  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၆၆၀၀၀ ကျော်ရှိပြီး ကူးစက်ခံ ၃၅၁၃ ယောက် သေဆုံးခဲ့ပါတယ်။
10 months Ago

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သုံးပုံတစ်ပုံခန့် ရေလွှမ်း၊ သေဆုံးသူ ၁၆၀ ကျော်ရှိ

လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက စခဲ့တဲ့ ရေကြီးမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ  သေဆုံးသူ  ၁၆၁ ယောက်ရှိနေပြီး  လူပေါင်း သန်းချီ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။  ဒါ့အပြင် နိုင်ငံရဲ့ သုံးပုံတစ်ပုံခန့်ဟာ ရေလွှမ်းနေတယ်လို့ ဒေသမီဒီယာက သြဂုတ်လ ၈ ရက်မှာ ဖော်ပြလိုက်ပါတယ်။  မြို့တော် ဒါကာကနေ ကီလိုမီတာ  ၅၀ ခန့်ဝေးတဲ့  မော်ရှီဂန်ခရိုင်က နေအိမ်တွေဟာ   အနီးနားက ပတ်ဒမာမြစ်ရေကြိးမှုကြောင့် ရေမြုပ်နေပါတယ်။   ဒါကြောင့် ဒေသခံတွေဟာ  တနေရာကနေ တနေရာကို  လှေနဲ့ သွားလာနေရပြီး ကျွဲနွားတွေကို ရေမနစ်အောင်  ကုန်းမြင့်ပိုင်း ပြောင်းရွှေ့ထားရပါတယ်။   ဒါ့အပြင် ဆယ်စုနှစ် နှစ်ခုကျော်မှာ အကြာရှည်ဆုံးရေကြီးမှုကြောင့် စပါးစိုက်ခင်း ဟက်တာ ၈၀,၀၀၀ နီးပါး  ရေမြုပ်ခဲ့ရတယ်လို့  လယ်ယာစိုက်ပျိုးရေး ဝန်ကြိးဌာနက ပြောကြားပါတယ်။  ရေကြိးတာကြောင့် ကိုရိုနာဗိုင်းရပ်စ်  တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေဟာလည်း အခက်တွေ့နေပါတယ်။  သြဂုတ် ၈  ရက်အထိ ဘင်္ဂလားဒေ့ရှ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ နှစ်သိန်းခွဲကျော်ရှိပြီး သေဆုံးသူ သုံးသောင်းသုံးထောင်ကျော် ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
10 months Ago

ဘင်္ဂလားဒေ့ရှ်တွင် ရေကြီးမှုကြောင့် လူပေါင်းသန်းချီ အိုးအိမ်စွန့်ခွာရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အစိတ်အပိုင်းတွေမှာ သြဂုတ် ၄ ရက်က ဆိုးဆိုးရွားရွား ရေကြီးနေလို့ သန်းချီတဲ့လူတွေ အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းနေရပါတယ်။ မြစ်တွေ ရေတက်ပြီး ကမ်းပါးတွေ ကျိုးပေါက်ခဲ့လို့ မြို့တော် ဒါကာနဲ့ ၂၅ မိုင်အကွာက စီရတ်ဒီခန်းခရိုင်အတွင်း ဒါလက်ရှ်ဝါရီမြစ်နားက အိမ်ခြေအများအပြား ရေနဲ့ မျောပါပြီး ရေဘေးသင့် ပြည်သူတွေအတွက် အကူအညီတောင်းထားတယ်။ ဒီမိသားစုတွေ ခိုလှုံစရာ ချက်ချင်းလိုအပ်တယ်လို့ ရွာသူကြီး တယောက်က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇွန်လကုန်ပိုင်းကစပြီး ရေဘေးသင့်နေလို့ လူ ၁၃၅ ယောက်ထက် မနည်း သေဆုံးခဲ့ပြီးပါပြီ။ ဒီနှစ်ဟာ နှစ် ၂၀ ကျော်အတွင်း အချိန်အကြာဆုံး ရေဘေးသင့်မှုလို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။
10 months Ago

ဘင်္ဂလားဒေ့ရှ်တွင် အစ်ပွဲတော်အတွက် နွားများ စတင်ဝယ်ယူ

အစ္စလာမ်ဘာသာဝင်တွေရဲ့အစ်ပွဲတော် မတိုင်မီ ဇူလိုင် ၂၉  ရက်က  ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မွတ်စလင်တွေ ပွဲတော်အတွက် နွားတွေကို ဝယ်ယူနေကြပါတယ်။    ဘာရီဂန်ဂါမြစ် ရေကြောင်းကနေ   ရောက်လာတဲ့ နွားတွေကို    ဒါကာဒေသခံတွေက    သင်္ဘောပေါ်ကနေ ချနေကြပါတယ်။ မြို့တော်ဒါကာမှာ အစိုးရက လော့ဒေါင်းအစီအမံတွေကို  ယာယီဖြေလျှော့ပြီး နွားဈေးကွက် တချို့ကို လုပ်ကိုင်ခွင့် ပြုခဲ့ပါတယ်။  အစ်ပွဲတော်ဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ အဓိက ပွဲတော်ကြီး နှစ်ခုထဲက တစ်ခုဖြစ်ပါတယ်။
11 months Ago

ဂျော်ဒန်နှင့် ဘင်္ဂလားဒေ့ရှ်တွင် အခက်အခဲကြုံနေသည့် မြန်မာ ၁၇၀ ကျော်ကို ပြန်ခေါ်

ဂျော်ဒန်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲကြုံ‌တွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းပြေးဆွဲမှုတွေ ယာယီရပ်ဆိုင်းထားတာကြောင့် နေရပ်ပြန်ဖို့ အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံသား ၁၇၀ ကျော်ကို မနေ့က ပြန်လည်ခေါ်ဆောင်ခဲ့တာပါ။ ဂျော်ဒန်နိုင်ငံ Century Miracle ကုမ္ပဏီမှာ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁ ဦးနဲ့ Camel and Vega ကုမ္ပဏီမှာ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၆၉ ဦးနဲ့ ရင်ခွင်ပိုက်ကလေးငယ် ၁ ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား ၁၇၁ ဦးပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီထဲက နိုင်ငံကူးလက်မှတ်သက်တမ်း ကျော်လွန်နေကြတဲ့ အယောက် ၂၀ နဲ့ ရင်ခွင်ပိုက်ကလေးငယ်အတွက် သက်သေခံ လက်မှတ်ထုတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့မှာ ပိတ်မိနေတဲ့ မြန်မာ သင်္ဘောသား ၁ ဦးနဲ့ ဒါကာမြို့က မြန်မာနိုင်ငံသား ၂ ဦး၊ ရန်ကုန်မြို့၊ အိန္ဒိယသံရုံးမှာ သံရုံးဒုတိယအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်မဲ့ အိန္ဒိယသံတမန် မိသားစုဝင် (၃) ဦး တို့ကိုလည်း မနေ့ညက မြန်မာနိုင်ငံ ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေကို ၂၁ ရက် အသွားအလာကန့်သတ် စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။ နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် ပြည်ပ နိုင်ငံအသီးသီးမှာ ပိတ်မိ အခက်အခဲကြုံတွေ့နေကြတဲ့ မြန်မာနိုင်ငံသားတွေကို  ပြန်လည်ခေါ်ဆောင်ခဲ့တာ စုစုပေါင်း ၈၇၀၀ ကျော် ရှိပြီလို့  သိရပါတယ်။
11 months Ago

လူနာသစ် ၃၄၈ ဘင်္ဂလားဒေ့ရှ်ဘက် ကုန်ပို့ပြီးပြန်လာသည့် စက်လှေသမားဖြစ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့က ကိုဗစ်-၁၉ လူနာသစ် ၃၄၈ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ကုန်ပို့ပြန်လာတဲ့ စက်လှေသမားဖြစ်ပြီး အသွားအလာကန့်သတ်ထားသူ ဖြစ်တယ်လို့ မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက ​DVB ကို ပြောပါတယ်။ “အခုပိုးတွေ့တဲ့လူနာသစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုန်ပို့ပြန်လာသူ မော်တောဘုတ်သမား ဖြစ်တယ်။ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းက  Quarantine ထားရှိခဲ့စဉ် လူနာအမှတ် ၃၂၅ နဲ့ ၃၂၆ တို့နဲ့ အတူနေထိုင်ခဲ့တာ ဖြစ်တယ်။ ကုန်ပို့ပြန်လာသူ မော်တော်ဘုတ်သမား ၁၇ ဦးကို ပထမအကြိမ် စစ်ဆေးတဲ့အခါ ၂ ဦး ပိုးတွေ့တယ်။ ကျန် ၁၅ ဦးကို အခု ဒုတိယအကြိမ် စစ်ဆေးတဲ့အခါ ၁ ဦး ထပ်တွေ့တာ ဖြစ်တယ်။” ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်ပို့ပြန်လာတဲ့ မော်တော်ဘုတ်သမား ၁၇ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို ဇူလိုင်လ ၁၀ ရက်နေ့ စစ်ဆေးချက်အရ လူနာအမှတ် ၃၂၅ နဲ့ ၃၂၆ တို့ ၂ ဦး ရောဂါပိုးတွေ့ရှိခဲ့တာလို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီနောက် ကျန်ရှိ ၁၅ ဦးကို ဒုတိယအကြိမ် ဓာတ်ခွဲစစ်ဆေးရာမှာ မောင်တောမြို့က လူနာသစ်  အမှတ် ၃၄၈ မှာ ရောဂါတွေ့ရှိတယ်လို့ ဇူလိုင် ၂၅ ရက်နေ ည ၈ နာရီမှာ ထုတ်ပြန်ထားပါတယ်။ ကိုဗစ်-၁၉ လူနာအမှတ် ၃၂၅ နဲ့ ၃၂၆ ထိတွေ့ခဲ့သူ  အယောက် ၂၀ ကို ဓာတ်ခွဲစစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိဘူးလို့ မောင်တောခရိုင်ကျန်းမာရေးဌာနက ပြောကြားထားပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ သံတွဲမှာ ၁ ဦး၊ တောင်ကုတ်နဲ့ စစ်တွေမှာ ၁ ဦးစီ၊ ဘူးသီးတောင် ၄ ဦး၊ မောင်တော ၇ ဦး၊ ကျောက်တော် ၁ ဦး စုစုပေါင်း ၁၆ ဦးရှိတဲ့ထဲက ၁၂ ဦး ရောဂါပျောက်ကင်းပြီး ဆေးရုံမှဆင်းခွင့်ရရှိသွားပြီ ဖြစ်ပါတယ်။ မောင်တောခရိုင်ပြည်သူ့ဆေးရုံမှာ ၃  ဦးနဲ့ ကျောက်တော်မြို့က ပြည်တွင်းကူးစက်ခံရသူ လူနာကိုတော့ စစ်တွေဆေးရုံမှာ ဆေးကုသပေးနေပါတယ်။ လင်းလက်
11 months Ago

အမေရိကန်နှင့် ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂ ဦးထပ်တိုး

ဒီနေ့အတွက် ဓာတ်ခွဲနမူနာ ၁၁၀၀ ကျော်ကို စစ်ဆေးရာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ယောက် တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ လူနာတွေကတော့ အမေရိကန်က ပြန်လာသူ ရန်ကုန်၊ ရန်ကင်းမြို့နယ်နေ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးနဲ့ ဘင်္ဂလားဒေ့ရှ်က ပြန်လာသူ မောင်တောမြို့နေ အသက် ၃၆ နှစ်အရွယ် အမျိုးသားတို့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီည ၈ နာရီအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၄၈ ယောက် ရှိလာပြီး သေဆုံးသူကတော့ ထပ်မတိုးဘဲ ၆ ယောက်ပဲ ရှိပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှာ ဓာတ်ခွဲနမူနာ ၆၄၈ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှာ ဓာတ်ခွဲနမူနာ အခု ၁၈၀၊  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှာ ဓာတ်ခွဲနမူနာ ၉၇ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှာ ဓာတ်ခွဲနမူနာ ၂၅၆ ခု၊ စုစုပေါင်း ၁,၁၈၁ ခုကို စစ်ဆေးပြီးစီးခဲ့တာပါ။ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေကို စစ်ဆေးရာမှာတော့ ၂ ကြိမ်ဆက် ပိုးမတွေ့သူ ၂ ယောက် (Case- 212 နဲ့ 318) ရှိတာကြောင့် ဒီနေ့အထိ ပိုးကင်းစင်လာသူ ၂၈၈ ယောက် ရှိပါတယ်။ ဒီထဲက ၂၆၉ ယောက်ကိုတော့ ဆေးရုံက ဆင်းခွင့်ပြုထားပြီး သတ်မှတ်နေရာတွေမှာ အသွားအလာကန့်သတ် စောင့်ကြည့်နေပါတယ်။ မနေ့က နေ့လယ်ကနေ ဒီနေ့ နေ့လယ်အထိ စောင့်ကြည့်လူနာသစ်ကတော့ အယောက် ၂၀ ရှိပါတယ်။
11 months Ago

ဘင်္ဂလားဒေ့ရှ်တွင် ရေကြီးမှုကြောင့် သွားလာရေး အခက်ကြုံ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒေသအတော်များများမှာ ရေကြီးတာကြောင့် အပျက်အစီးတွေ  ဖြစ်ပေါ်ပြီး လူပေါင်းရာချီ သွားလာရေး အခက်ကြုံနေရပါတယ်။ မြို့တော် ဒါကာက  ၆၅ ကီလိုမီတာအကွာမှာရှိတဲ့ လောင်ဟာဂျန်ရွာက ရွာသားတွေဟာ  လှေနဲ့ ဖောင်တွေကိုသုံးပြီး သွားလာနေကြပါတယ်။ တစ်ခါတရံမှာ ရေကူးသွားလာနေတာကိုလည်း မြင်ရပါတယ်။ ရွာကို ကာထားတဲ့ သဲအိတ်တာဘောင်ကို ကျော်ပြီး ရေတွေ ဝင်လာတာကြောင့် နေအိမ်အတော်များများ ဒူးလောက်နက်တဲ့ ရေထဲမြုပ်နေကာ ရွာသားတွေဟာ ကယ်ရာမဲ့ ဖြစ်နေတာပါ။   မုတ်သုံမိုးကြောင့် ပြည်သူ သိန်းနဲ့ချီ ရေဘေးကြုံနေသလို လယ်ယာမြေ ဟက်တာပေါင်း ထောင်ချီ ရေမြုပ်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာတွေ မြင့်မားနေတဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရေကြီးမှုက နောက်ထပ် ခေါင်းခဲစရာ ဖြစ်နေပါတယ်။ လက်ရှိ ဘင်္ဂလားဒေ့ရှ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ  ၂၁၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၈,၀၀ ကျော် ရှိတယ်လို့ ရိုက်တာက ဆိုပါတယ်။ 
11 months Ago

စီးပွားရေးပိတ်ဆို့ရန် ဘင်္ဂလားဒေ့ရှ် တောင်းဆိုချက် မလိုမုန်းထားလုပ်ရပ်ဟု မြန်မာ ကန့်ကွက်

မြန်မာနိုင်ငံအပေါ် စီးပွားရေးကန့်သတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ တောင်းဆိုခဒြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မလိုမုန်းထား လုပ်ရပ်တွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်လိုက်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်ဟာ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhury အား ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်တွေ၊ နှစ်နိုင်ငံ နယ်စပ်ရေးရာကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြရာမှာ အခုလို ကန့်ကွက်ခဲ့တာပါ။ တွေ့ဆုံပွဲမှာ အမြဲတမ်းအတွင်းဝန်က နေရပ်စွန့်ခွာသူများအရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား ရရှိခဲ့တဲ့ သဘောတူညီချက်တွေနဲ့အညီ ဖြေရှင်းသွားမယ့်အကြောင်းနဲ့ နှစ်ဖက်စလုံး အဲဒီသဘောတူညီချက်တွေကို တိကျစွာ အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အမြဲတမ်းအတွင်းဝန်က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ စီးပွားရေး ကန့်သတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပန်ကြားခဲ့ကြောင်း ထည့်သွင်းဖော်ပြချက်အပေါ် စိတ်ပျက်မိကြောင်း၊ နှစ်နိုင်ငံ အရေးကိစ္စတွေကို ဖြေရှင်းရေးမှာ အထောက်အကူမပြုနိုင်တဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ မလိုမုန်းထား လုပ်ရပ်တွေကို ကန့်ကွက်ကြောင်း၊ နှစ်နိုင်ငံအနေနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းမှသာ နေရပ်စွန့်ခွာသူများအရေး ပြဿနာကို ဖြေရှင်းရာမှာ ရေရှည်အဖြေကို ရရှိနိုင်မယ်လို့ ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
11 months Ago

ဘင်္ဂလားဒေ့ရှ်တွင် လူ ၂ သိန်းကျော် ရေဘေးသင့်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မုတ်သုံမိုးကြောင့် ရေဘေးသင့်နေတဲ့ နေရာအစိတ်အပိုင်းတွေမှာ လူ ၂ သိန်းကျော်ဟာ ရေဘေးကနေ ထွက်မပြေးနိုင်ဘဲ သောင်တင်နေတယ်လို့ ဇူလိုင် ၁၉ ရက် ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ ဒီသီတင်းပတ်အစောပိုင်းမှာ ထောင်သောင်းချီတဲ့ လူတွေ ရေဘေးသင့်ခဲ့သလို စိုက်ပျိုးမြေ ဟက်တာထောင်ချီလည်း ရေနစ်မြုပ်နေတယ်လို့ အရာရှိတွေက ပြောပါတယ်။ လာမယ့်ရက်တွေမှာ အကျပ်အတည်းက ပိုဆိုးလာမယ် မျှော်လင့်ထားတယ်လို့ ကပ်ဘေး စီမံခန့်ခွဲရေးအရာရှိတယောက်က ပြောပါတယ်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာလည်း မိုးကြီးလို့ လူ ၄ ဒသမ ၁ သန်း ရေဘေးသင့်နေနိုင်တယ်လို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ကြီးတွေက ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံ တိဘက်ဒေသက မြစ်ဖျားခံပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေထဲ ဖြတ်စီးတဲ့ ဗြဟ္မပုတ္တရမြစ်ဟာ အာသံပြည်နယ်ထဲမှာ သီတင်းပတ်ကုန်ရက်က ကမ်းပါးကျိုးပေါက်ခဲ့လို့ ရွာ ၂၀,၀၀ ကျော် ရေဘေးသင့်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် အသွားအလာ ကန့်သတ်ထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ ရေဘေးကြောင့် ထပ်မံ အခက်အခဲ ကြုံနေရတာပါ။ ဘင်္ဂလားဒေ့ရှ်မှာ ဇူလိုင် ၂၀ ရက်အထိ အတည်ပြုချက်အရ ကူးစက်ခံ ၂ သိန်းကျော်နေပြီး ကူးစက်ခံ သေဆုံးသူ ၂၆၀၀ ကျော်ခဲ့ပါပြီ။
11 months Ago

ကိုဗစ်-၁၉ ရလဒ်အတုလုပ်သူ ဘင်္ဂလားဒေ့ရှ်ဆရာဝန်ကို ဒါကာတွင် ရုံးထုတ်

ကိုဗစ်-၁၉ စစ်ဆေးရလဒ် ထောင်ချီပြီး အတုလုပ်တဲ့အကြံအစည်မှာ ပတ်သက်မှုနဲ့   ဘင်္ဂလားဒေ့ရှ်ဆရာဝန်တစ်ယောက်ကို ဇူလိုင် ၁၇  ရက်က ဒါကာတရားရုံးမှာ  ရုံးထုတ်ခဲ့ပါတယ်။    တရားရုံးဝန်ထမ်းတွေ ပြောဆိုချက်အရ JKG ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ဥက္ကဋ္ဌ ဆက်ဘရီနာ အရစ်ဇ်ချောင်ဒရီကို ရုံးမထုတ်မီ   နှစ်ရက်   အချုပ်ချခဲ့တယ်လို့ သိရပါတယ်။  ကိုဗစ်-၁၉ စစ်ဆေးရလဒ်တွေကို အတုပြုလုပ်တာနဲ့ပတ်သက်လို့ ချောင်ဒရီနဲ့ တခြား သံသယရှိသူ အများအပြားကို ထိန်းသိမ်းထားပါတယ်။  စစ်ဆေးရလဒ်အတုတွေကို ထုတ်ပေးတဲ့ ဆေးရုံနှစ်ရုံရဲ့ပိုင်ရှင်ဖြစ်သူ   မိုဟာမက်ဆာဟတ်ကိုတော့ ဇူလိုင် ၁၅ ရက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။   အိန္ဒိယဘက် ထွက်ပြေးဖို့ ကြိုးစားတဲ့သူ့ကို ၉ ရက်ကြာ လိုက်လံရှာဖွေပြီးနောက်  နယ်စပ်မြစ်မှာ ဖမ်းဆီးရမိတယ်လို့ ဒေသမီဒီယာက ရေးပါတယ်။    ကျန်းမာရေးဝန်ထမ်းတွေ ပြောကြားချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ  ၁ သိန်း ၉ သောင်း ၉ ထောင် ကျော်ရှိပြီး သေဆုံးသူ ၂၅၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ 
11 months Ago

ကျောက်တော်မြို့က ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူမှာ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ပြန်လာသူအား သွားရောက်ခေါ်ဆောင်ခဲ့သူဖြစ်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့ခဲ့တဲ့ လူနာအမှတ် ၃၃၉ ဟာ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ပြန်လာသူကို သွားရောက်ခေါ်ဆောင်ခဲ့သူဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ဒီဗွီဘီကို ပြောပါတယ်။ "ရောဂါပိုးတွေ့သူက ကျောက်တော်မြို့နယ်၊ အင်ဘာရီကျေးရွာကဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ တရားမဝင်ပြန်လာတဲ့သူကို ပေါက်တောမြိုနယ် ဆင်တက်မော် ဘင်္ဂါလီIDP စခန်းကနေ သွားရောက်ခေါ်ဆောင်ခဲ့သူ ဖြစ်တယ်။ သူတို့ နှစ်ယောက်က မော်တော်ဘုတ်နဲ့ သွားခေါ်ကြတာ။ သူတို့ သုံးဦးလုံးကို အင်ဘာရီကျေးရွာအနီး အဆောက်အအုံတခုမှာ Facility Quarantine ထားရှိ ပြီး သူတို့ သုံးဦးရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေကို ပထမအကြိမ် စစ်ဆေးရာမှ ပိုး မတွေ့ဘူး။ Quarantine ရက်မစေ့မှီ ဒုတိယအကြိမ် စစ်ဆေးဖို့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ် တွေကို သွားယူရာမှာ ဘင်္ဂလားပြန်ကိုသွားခေါ်သူ နှစ်ဦးထဲက တစ်ဦးကထွက်ပြေးသွားတယ်။ ဒါကြောင့် နှစ်ဦးကို စစ်ဆေးရာမှာ ဘင်္ဂလားပြန်မှာပိုးမတွေ့ဘဲ့ သွားခေါ်သူမှာ ပိုးတွေ့နေတယ်။ အခု ထွက်ပြေးသွားသူ ကိုလည်း လိုက်ရှာနေတယ်။" လို့ပြောပါတယ်။ ရောဂါပိုးတွေ့ရှိသူ လူနာအမှတ် ၃၃၉ မှာ အသက် ၂၇ နှစ်အရွယ် အမျိုသား တစ်ဦး ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်က တရားမဝင်ပြန်လာသူ အဘူမာရာစ်ကို ဆင်တက်မော် IDP စခန်းမှ ကျောက်တော်မြို့နယ် အင်ဘာရီကျေးရွာသို့ အဘူဆေယော် (၂၂ နှစ်) နဲ့အတူ သွားရောက် ခေါ်ဆောင်ခဲ့သူဖြစ်ပါတယ်။ သူတို့ ၃ ဦးကို ဇွန်လ ၂၆ ရက်နေ့မှာ အင်ဘာရီကျေးရွာအဝင် အဆောက်အအုံမှာ အသွားအလာ ကန့်သတ်မှု Facility Quarantine ထားရှိပြီး ဇွန်လ ၂၈ ရက်နေ့မှာ သူတို့ရဲ့ နှာခေါင်း နှင့်အာခေါင်တို့ဖတ်တွေကို ပထမအကြိမ် အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာနသို့ ပို့ဆောင် စစ်ဆေးခဲ့ရာ ရောပိုးမတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ဒုတိယအကြိမ်ထပ်မံပြီး ဓါတ်ခွဲနမူနာယူရာမှာ ထွက်ပြေးသွားခဲ့သူ အဘူဆေယော်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံတင်ပြထားပြီး မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ရှာဖွေနေပါတယ်။ ရောဂါပိုးတွေ့ရှိသူ လူနာအမှတ် ၃၃၉ ကို စစ်တွေဆေးရုံကြီးသို့ လွှဲပြောင်းခြင်းမပြုမီ ဓာတ်ခွဲနမူနာထပ်မံယူဆောင်ဖို့ စီစဉ်ထားရှိတယ်လို့ ပြည်နယ်ကျန်းမာရေးဌာနက သိရပါတယ်။ လင်းလက်
11 months Ago

ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်ပြန် ကိုဗစ်-၁၉ လူနာသစ် ၅ ဦးထပ်တွေ့ 

ထိုင်းနိုင်ငံက ပြန်လာသူ ၄ ဦးနဲ့  ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူ ၁ ဦး စုစုပေါင်း  ၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါစစ်ဆေးတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည ထုတ်ပြန်ပါတယ်။ လူနာသစ်တွေကတော့ ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်က အမျိုးသမီး ၁ ဦး၊ ရန်ကင်းမြို့နယ်က အမျိုးသမီး ၁ ဦး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်က အမျိုးသား ၁ ဦး၊ သင်္ကန်းကျွန်းမြို့နယ်က အမျိုးသား ၁ ဦးနဲ့ ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့နယ်က အမျိုးသား ၁ ဦးတို့ဖြစ်ကြပြီး အားလုံးဟာ ကမာရွတ်မြို့နယ်မှာ အသွားအလာ ကန့်သတ်ခံထားရသူတွေ ဖြစ်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၁၈၈)ခု၊  ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၂၄) ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၇၅) ခု၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၃၀၃) ခု၊စုစုပေါင်း (၇၉၀)ခု ကို ဒီကနေ့  ညနေ စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၅ ဦးတွေ့ရှိရတာပါ။ ဇူလိုင် ၁၃ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၃၆ ဦး၊ သေဆုံးသူ ၆ ဦး၊  နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ ၂၆၁ ဦးနဲ့ ဒီအထဲက၂၄၉ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။
11 months Ago
More News
Up