Zoom

A d v e r t i s e m e n t With Us

June 8, 2020

ထိုင်းတွင် ပထမဆုံး အွန်လိုင်း ဂီတပွဲတော်ကျင်းပ

ထိုင်းနိုင်ငံမှာ ပထမဆုံး အွန်လိုင်းကနေ ကျင်းပတဲ့ ၆ နာရီကြာ ဂီတပွဲတော်ကို ဇွန် ၇ ရက်က ကျင်းပပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် ပရိသတ်တွေဟာ သူတို့နှစ်သက်တဲ့ အနုပညာရှင်တွေကို ဇွန်းမ်အပလီကေးရှင်းကနေ ကြည့်ရှုအားပေးခဲ့တာပါ။ ဝါသနာအိုးတွေက သူတို့အိမ်မှာတင် ဖုန်းစခရင်ကို ကြည့်ရင်း အုပ်စုလေးတွေအလိုက် ကြည့်ရှုနားဆင်ကြပါတယ်။ ဒါပေမဲ့ အွန်လိုင်းအတွေ့အကြုံဟာ ပုံမှန်သမားရိုးကျ စတိတ်ရှိုးကြည့်ရတဲ့ အရသာနဲ့ မယှဉ်နိုင်ဘူးလို့ သူတို့က ပြောပါတယ်။ အွန်လိုင်းဂီတပွဲတော်ကတော့ ဝါသနာအိုးတွေကို ပျော်ရွှင်မှု ပေးနိုင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးထိန်းချုပ်ရေးအတွက် ထိုင်းနိုင်ငံထဲမှာ လူစုလူဝေးနဲ့ ကျင်းပတဲ့ ပွဲစဉ်တွေကို မတ်လလယ်က စပြီး ဖျက်သိမ်းခဲ့တာပါ။ ထိုင်းနဲ့ နိုင်ငံတကာ ဂီတဝိုင်း ၁၁ ဖွဲ့က ဝင်ကြေး ၄၉၉ ဘတ်နဲ့ ပရိသတ် ၃,၀၀၀ လောက်ကို အွန်လိုင်းကနေ ဖျော်ဖြေခဲ့တာပါ။ ထိုင်းနိုင်ငံထဲမှာ ဇွန် ၁ ရက်ကစပြီး ရုပ်ရှင်ရုံတွေ၊ ပြဇာတ်ရုံတွေ ပြန်ဖွင့်နိုင်ပြီ ဖြစ်ပေမယ့် တကြိမ်မှာ လူအယောက် ၂၀၀ ထက် မပိုရဘဲ လူချင်းခွာနေရမယ့် လုပ်ဆောင်ချက်ကို တင်းကျပ်ထားပါတယ်။ 
9 months Ago
Up