YPS Card များ စတင်ရောင်းချ

July 16, 2020

YPS Card များ စတင်ရောင်းချ

ရန်ကုန်မှာပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားတွေအတွက်  ငွေပေးချေစနစ်ဖြစ်တဲ့ YPS (Yangon Payment Services) ကိုစတင်အကောင်အထည်ဖေါ်တဲ့အနေနဲ့ YPS Card တွေကို မြို့နယ်တိုင်းရှိ G & G ဆိုင်တွေမှာ ဇူလိုင် ၁၆ ရက်နေ့မှ စတင်ကာရောင်းချနေပါတယ်။ YPS Card တွေကို ရန်ကုန်မြို့အတွင်းရှိ YPS ဆိုင်းဘုတ်ပါရှိတဲ့ G&G ဆိုင်းပေါင်း ၁၀၂ မှာဝယ်ယူ ရရှိနိုင်ပြီး ဆူးလေ၊ သမိုင်းနဲ့ တာမွေမြို့နယ်တို့မှာလည်း YPS service စင်တာတွေ ပြင်ဆင်ထားပါတယ်။ Yangon Payment Services (YPS) ကတ်တွေကို  ဇူလိုင်လ ၂၁  ရက်နေ့မှာ ခရီးသွားပြည်သူတွေ စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။  Photo - Ye Myo Khant / MPA
10 months Ago
Up