YGN စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု

April 23, 2021

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ရန်ကုန်မြို့ပေါ်တွင်ပြုလုပ်

ရန်ကုန်မြို့မှာ  ပုဇွန်တောင်၊ ဗိုလ်တထောင်နဲ့ တောင်ဥက္ကလာစတဲ့မြို့နယ်တွေက လူငယ်တွေက   ဧပြီ ၂၃ ရက်​နေ့မှာ YGN စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအနေနဲ့ ပြောက်ကျားသပိတ်တခု ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြပွဲ ဦးဆောင်သူ လူငယ်တစ်ဦးက “ကျနော်တို့လူငယ်တွေက ဘယ်တော့မှ အာဏာရူးစစ်ကောင်စီကို အရှုံးမပေးသေးပါဘူး။ ရန်ကုန်ဆိုတာ ရန်တွေ ကုန်အောင်တိုက်မှာပါ။ ဒီလိုလူထုလှုပ်ရှားမှုတွေ တဖြည်းဖြည်း ပြန်များလာပြီး ရန်ကုန်ဟာ သွေးမအေးသေးဘူးဆိုတာ တခြားမြို့က ညီကိုမောင်နှမ တိုက်ပွဲဝင် ရဲဘော်တို့ကို အသိပေးပြီး အားတင်းထား စေချင်တယ်။ ကျနော်တို့နိုင်တော့မှာ ဒီအာဏာရူး တသိုက်ကို အမြစ်ကလှန်တဲ့ပွဲမလို့ သည်းခံပြီးရှေ့ဆက်တိုးကြမယ်။ တော်လှန်သွားမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်မြို့မှာ  စစ်တပ်ရဲ့ ရဲတွေရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် လမ်းမကြီးတွေပေါ်မှာ ဆန္ဒပြသူတွေနည်းသွားပေမဲ့ ရပ်ကွက်တွေအထဲမှာ ပြောက်ကျားသပိတ်တွေ ပုံစံမျိုးစုံနဲ့ဆက်ရှိနေတာဖြစ်ပြီး ဒီကနေ့တော့  ပုဇွန်တောင်၊  ဗိုလ်တထောင်၊ တောင်ဥက္ကလာပ နဲ့ တခြားမြို့နယ်တွေက လူငယ်တွေက လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

8 months Ago
Up