YBS 20

October 27, 2021

ရပ်ထားသည့် YBS 20 ဘတ်စ်ကားပေါ် ဗုံးကွဲ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရိုးကြီးမှတ်တိုင်းအနီး အနော်ရထာလမ်းမပေါ်ရှိ Gas ဆိုင်ရှေ့မှာ  ရပ်ထားတဲ့ YBS 20  ဘတ်စ်ကားတစီးပေါ်မှာ အောက်တိုဘာ ၂၇ ရက် မနက် ၁၁ နာရီလောက်က  ဗုံးပေါက်ကွဲခဲ့​တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဗုံးက ကားပေါ်မှာပဲပေါက်သွားတာ။ ကားကနေ အငွေ့တွေထွက်လာတာ။ ဗုံးလို့တောင်မထင်ဘူး။ စစ်သားတွေရောက်လာမှ ဗုံးမှန်းသိတာ" လို့ ဒေသခံ မြင်တွေ့ခဲ့သူတစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် လူနဲ့ကား ထိခိုက်မှုမရှိခဲ့ပေမယ့် အနီးနားရှီ ပြည်သူ ၄ ယောက်လောက်ကို  စစ်ကောင်စီက ဖမ်းစစ်ဆေးနေတာတွေ့ခဲ့​တယ်လို့လည်း ဆိုပါတယ်။

YBS 20 ယာဥ်လိုင်းကို ဘယ်အဖွဲ့က ဖောက်ခွဲလိုက်တယ် မသိသေးဘူးလို့ ဆိုပါတယ်။

1 month Ago

August 23, 2017

YBS 20 ယာဉ်ပေါ်တက်၍ တုတ်ကိုင် ခြိမ်းခြောက်ငွေတောင်းမှု ဖြစ်ပွား (ရုပ်သံ)

ရန်ကုန် လှိုင်သာယာ မီးခွက်ဈေးအနီးမှာ သြဂုတ် ၂၁ ရက် ညနေ ၆ နာရီဝန်းကျင်က တုတ်ကိုင်ဆောင်ထားသူနှစ်ဦးက YBS 20 ခရီးသည်တင်ဘတ်စ်ကားပေါ် တက်လာပြီး ခြိမ်းခြောက် ငွေတောင်းမှု ဖြစ်ပွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ကားပေါ်မှာ တပ်ဆင်ထားတဲ့ စီစီတီဗွီကင်မရာမှ ဖမ်းယူရရှိထားပြီး အဲဒီရုပ်သံဖိုင်နဲ့အတူ သက်ဆိုင်ရာ ရဲစခန်းမှာ အကြောင်းကြားထားပေမယ့် ခြိမ်းခြောက်ငွေတောင်းခံသူနှစ်ဦးကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ OMNI FOCUS ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖြော်ပထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ YRTA ကိုလည်း အကြောင်းကြားထားပြီး ခရီးသည်တွေရဲ့ လုံခြုံရေး ထိခိုက်နိုင်တဲ့အတွက် ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်လို့လည်း တိုက်တွန်းရေးသားထားပါတယ်။ ရုပ်သံ - OMNI FOCUS ဖေ့စ်ဘွတ်ခ်
4 years Ago
Up