YBS ဘတ်စ်စကား

March 2, 2017

YBS ဘတ်စ်စကား ခရီးသည်များထံမှ ဖုန်းအလုံး ၃၀ ကျော် ခါးပိုက်နှိုက်သူကို ဖမ်းမိ

ရန်ကုန် အင်းစိန်လမ်းပေါ်ပြေးဆွဲနေတဲ့ YBS ဘတ်စ်စကားပေါ်က ခရီးသည်တွေဆီကနေ ဟန်းဖုန်း အလုံး ၃၀ ကျော် နှိုက်ယူခဲ့တဲ့ ခါးပိုက်နှိုက် ၁ ယောက်ကို ဖမ်းမိထားတယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်မှာ လှိုင်မြို့နယ်၊ သံလမ်းမှတ်တိုင်က ဘတ်စ်စကားတစီးပေါ်ကနေ ဆင်းလာတဲ့ ရှိုင်းထက်အောင်(ခ)နှစ်တောင် ဆိုသူကို ရဲက မသင်္ကာလို့ စစ်ဆေးခဲ့ရာကနေ ဟန်းဖုန်း ၃၄ လုံး နှိုက်ယူခဲ့တာ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ အင်းစိန်မှာနေတဲ့ ရှိုင်းထက်အောင်(ခ)နှစ်တောင်ဟာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာကနေ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း အင်းစိန်-ရန်ကုန် ပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားလိုင်းမှာ လိုက်ပါစီးနင်းကြတဲ့ ခရီသည်တွေဆီက ဟန်းဖုန်းတွေချည်း ရွေးပြီး နှိုက်ယူခဲ့တာ ဖြစ်ပါတယ်။ ခါးပိုက်နှိုက် ရှိုင်းထက်အောင်(ခ)နှစ်တောင်ကို လှိုင်ရဲစခန်းမှာ အမှုဖွင့်ထားပြီး ဟန်းဖုန်းပိုင်ရှင်တွေ ရဲစခန်းကို ဆက်သွယ်ကြဖို့ တိုင်းရဲတပ်ဖွဲ့က အသိပေး နှိုးဆော်ထားပါတယ်။
5 years Ago
Up