YBS စီးနင်းသူ

A d v e r t i s e m e n t With Us

July 11, 2020

YBS စီးနင်းသူ ပိုများလာ၊ တရက်ကို လူဦးရေ ၉ သိန်းကျော် စီးနင်း

ရန်ကုန်မှာ ပြေးဆွဲနေတဲ့ YBS စီးနင်းသူ ဦးရေဟာ ဇူလိုင်လဆန်းကစလို့ အရင်ထက်ပိုများများလာပြီး အခုဆိုရင် တရက်ကို လူဦးရေ ၉ သိန်းကျော် စီးနင်းနေပြီ ဖြစ်ပါတယ်။ ဇူလိုင် ၉ ရက်‌နေ့က အများဆုံးစီးနင်းခဲ့ကြပြီး YBS ပြေးဆွဲလမ်းကြောင်း ၁၂၆ လိုင်းက မော်တော်ယာဉ်စီးရေ ၃,၇၉၀ စီးနဲ့ ခရီးသည် ၉၆၁,၉၂၆ ယောက်ကို သယ်ယူပို့ဆောင်ပေးခဲ့တယ်လို့  ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) က ထုတ်ပြန်ထားပါတယ်။ ဇူလိုင် ၁၀ ရက်နေ့ မနေ့ကလည်း မော်တော်ယာဉ်စီးရေ ၃,၈၀၈ စီး ပြေးဆွဲခဲ့ပြီး ခရီးသည် ၉၃၆,၇၇၂ ယောက်၊ ဇူလိုင် ၈ ရက်နေ့က ၉၂၉,၇၁၉ ယောက် စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။ ဇွန်လဆန်းပိုင်းမှာ ခရီးသည် ၆ သိန်းနီးပါးလောက်ပဲ စီနင်းခဲ့ပေမယ့် တဖြည်းဖြည်းတိုးလာခဲ့သလို ပြီးခဲ့တဲ့ဇွန်လထဲမှာတော့ ၉ ရက်နေ့က လူပေါင်း ၈၃၀,၀၀၀ ကျော်နဲ့ အများဆုံးစီးခဲ့ပါတယ်။ ဒီကာလထဲမှာ စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာ လူနည်းသွားတတ်ပြီး တခြားရက်တွေမှာတော့ နေ့တိုင်းလိုလို စီးနင်းသူ တိုးလာနေတာကို တွေ့ရပါတယ်။  ဒီစာရင်းတွေဟာ ယာဉ်လိုင်းတွေက ပေးပို့လာတဲ့ မှတ်တမ်းတွေအရ ဖြစ်တယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောဆိုထားပါတယ်။ ကားတွေမှာ လူပြည့်ကြပ်မနေအောင် တစီးနဲ့တစီး အချိန်ကပ်လွှတ်တဲ့စနစ်ကို စမ်းသပ်ခဲ့ပေမယ့် ခရီးသည်တွေက မစောင့်ချင်ကြလို့ အဆင်မပြေခဲ့ဘူးလို့လည်း သူက ပြောပါတယ်။ အခုပြေးဆွဲနေတဲ့ ယာဉ်လိုင်း အရေအတွက်နဲ့ ကားစီးရေဟာ နေ့စဉ် ခရီးသွားနေသူတွေ၊ ယာဉ်မောင်းတွေ ပါဝင်ဆောင်ရွက်နိုင်တဲ့ အခြေအနေအရ ပြေးဆွဲနေတာလို့ YRTA က ထုတ်ပြန်ထားပါတယ်။ ရန်ကုန်မှာ ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်က ကားစင်းရေ ၄၄၀၀ နဲ့ ပြေးဆွဲနေတာ ဖြစ်ပြီး ကိုဗစ်-၁၉ မဖြစ်ခင်ကာလမှာတော့ တရက်ကို လူပေါင်း ၁၈ သိန်းလောက် စီးနင်းခဲ့ပါတယ်
8 months Ago

June 14, 2020

ရန်ကုန်တွင် YBS စီးနင်းသူ ပိုများလာ၊ ၁ ရက်ကို လူဦးရေ ၈ သိန်းကျော်ရှိ

ရန်ကုန်မှာ ပြေးဆွဲနေတဲ့ YBS စီးနင်းသူဦးရေဟာ ဇွန်လဆန်းပိုင်းနဲ့ယှဉ်ရင် အခု သိသိသာသာ ပိုများလာပြီး တရက်ကို လူဦးရေ ၈ သိန်းကျော် စီးနင်းနေပြီ ဖြစ်ပါတယ်။ ဒီလဆန်း ၁ ရက်နေ့က YBS ပြေးဆွဲလမ်းကြောင်း ၁၂၆ လိုင်းက ကားစီးရေ ၃,၃၇၇ စီးနဲ့ ခရီးသည် ၅၆၅,၄၂၇ ယောက်ကို ပို့ဆောင်ပေးခဲ့ပြီး ဇွန် ၁၃ ရက်မှာတော့ ပြေးဆွဲလမ်းကြောင်း ၁၂၆ လိုင်းက ကားစီးရေ ၃,၅၆၀ နဲ့ ခရီးသည် ၈၀၁,၆၆၁ ယောက်ကို ပို့ဆောင်ပေးခဲ့တယ်လို့ ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) က ထုတ်ပြန်ထားပါတယ်။ ဒီကာလထဲမှာ စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာ လူနည်းသွားပေမယ့် တခြားရက်တွေမှာတော့ နေ့တိုင်းလိုလို စီးနင်းသူ တိုးလာနေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့ကတော့ လူပေါင်း ၈၃၀,၀၀၀ ကျော်နဲ့ အများဆုံးစီးခဲ့ပါတယ်။ ဒီစာရင်းတွေဟာ ယာဉ်လိုင်းတွေက ပေးပို့လာတဲ့ မှတ်တမ်းတွေအရ ဖြစ်တယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။ ပြေးဆွဲတဲ့ ကားအစီးရေတူပြီး စီနင်းသူ သိသိသာသာ ကွာဟနေတာကိုလည်း တွေ့ရပြီး ရုံးတက် ရုံးဆင်းချိန်မှာတော့ အရင်လိုပဲ ကားတွေမှာ လူတွေ အပြည့်အကြပ်ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ ဦးလှအောင်က “ရောဂါကာကွယ်ရေးက ပိုအရေးကြီးတာကြောင့် ကားတွေမှာ လူပြည့်ကြပ်မနေအောင် ကျနော်တို့ စမ်းသပ်ပြေးဆွဲခဲ့တာ ရှိပါတယ်။ တစီးနဲ့တစီးကို အချိန်ကပ်လွှတ်ပြီး လူပြည့်နေရင် နောက်ကားကို စောင့်ခိုင်းတာပေါ့။ ဒါပေမဲ့ ခရီးသည်တွေက နောက်မှာလာမယ့် ၅ မိနစ်လောက်ကို မစောင့်ချင်ကြဘူးဗျ။ ဆိုတော့ နောက်ကလာတဲ့ ကားက လူမရတာတွေ များလာတော့ အဆင်မပြေတော့ဘူး” လို့ ပြောပါတယ်။ လက်ရှိမှာတော့ ယာဉ်လိုင်းတွေဟာ ကိုဗစ်-၁၉ မဖြစ်ခင်ကာလရဲ့ တဝက်လောက်ပဲ ဝင်ငွေရှိကြတယ်လို့လည်း သူက ပြောပါတယ်။ အခုပြေးဆွဲနေတဲ့ ယာဉ်လိုင်း အရေအတွက်နဲ့ ကားစီးရေဟာ နေ့စဉ် ခရီးသွားနေသူတွေ၊ ယာဉ်မောင်းတွေ ပါဝင်ဆောင်ရွက်နိုင်တဲ့ အခြေအနေအရ ပြေးဆွဲနေတာလို့ YRTA က ထုတ်ပြန်ထားပါတယ်။ ရန်ကုန်မှာ ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်က ကားစင်းရေ ၄၄၀၀ နဲ့ ပြေးဆွဲနေတာ ဖြစ်ပြီး ကိုဗစ်-၁၉ မဖြစ်ခင်ကာလမှာတော့ တရက်ကို လူပေါင်း ၁၈ သိန်းလောက် စီးနင်းခဲ့ပါတယ်။
9 months Ago
Up