Y-8 လေယာဉ်ပေါ် ပါသွားသူများ၏ ကျန်ရစ်သူမိသားစုများ ထ

June 9, 2017

Y-8 လေယာဉ်ပေါ် ပါသွားသူများ၏ ကျန်ရစ်သူမိသားစုများ ထားဝယ်မြို့သို့ သွားရောက်

ပျက်ကျသွားတဲ့ တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ပေါ် ပါသွားသူတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို  နာရေးကိစ္စရပ်တွေ ဆောင်ရွက်ဖို့ ဒီကနေ့ တပ်မတော်လေယာဉ်တွေနဲ့  ပို့ဆောင်ပေးနေပါတယ်။ ဘုတ်ပြင်းမြို့က မိသားစုဝင်တွေကို လေယာဉ်နဲ့ ပို့ဆောင်ပေးရာမှာ ဒီကနေ့ မနက် ၉ နာရီမှာ  မြိတ်မြို့သို့ ရောက်ရှိလာကြပြီး  မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ မိသားစုဝင်တွေကလည်း  ရန်ကုန်မြို့မှ လေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။ အဆိုပါ ကျန်ရစ်သူမိသားစုဝင်တွေကို  ထားဝယ်မြို့မှာ နာရေးကိစ္စရပ်တွေ သွားရောက်လုပ်ဆောင်နိုင်ရန်ဖို့ မြိတ်မြို့မှတဆင့် ထားဝယ်မြို့သို့ လေယာဉ်နဲ့ ဆက်လက်ပို့ဆောင်သွားဖို့ ရှိနေပါတယ်။ ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
4 years Ago
Up