Y-8 လေယာဉ်ပျက်

June 14, 2017

Y-8 လေယာဉ်ပျက်ကို ဝေဟင်မှ စစ်ရဟတ်ယာဉ်ဖြင့် ဆက်လက်ရှာဖွေ (ရုပ်သံ)

 တပ်မတော် ထောက်ပို့လေယာဉ် Y-8 ပင်လယ်ထဲပျက်ကျသွားခဲ့တာ သီတင်းတပတ်ကျော် ကြာလာပြီဖြစ်ပေမယ့် လေယာဉ်ကိုယ်ထည်ပိုင်းကို ရှာဖွေမတွေ့သေးလို့ တပ်မတော်က စစ်ရေယာဉ်၊ လေယာဉ်နဲ့ ရဟတ်ယာဉ်တွေအသုံးပြုပြီး ပင်လယ်ပြင် ကမ်းခြေတစ်လျှောက် ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်နေပါတယ်။ မောင်းမကန်-မရင်းကြီးကမ်းခြေတစ်လျှောက် ရှာဖွေရေးလုပ်ဆောင်နေတဲ့ မြေပြင်တပ်တွေ က ဒီကနေ့မနက်  အမျိုးသားရုပ်အလောင်း ၁ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့လို့ ယခုအချိန်အထိ စုစုပေါင်း ရုပ်အလောင်း ၈၇ လောင်း ရှာဖွေတွေ့ရှိပြီလို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ရုပ်သံ-ကာချုပ်ရုံး
4 years Ago
Up