Y-8 လေယာဉ်

May 7, 2018

Y-8 လေယာဉ်ပျက်ကျ သေဆုံးခဲ့သည့် အရာရှိ၊ စစ်သည်များအား ရည်စူး၍ ဘုရားတည် (ဓာတ်ပုံ)

တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8 ပျက်ကျစဉ်ပါသွားတဲ့ အရာရှိ၊ စစ်သည်၊ မိသားစုဝင်တွေကို ရည်စူးပြီး တပ်မတော်မိသားစုတွေနဲ့ အလှူရှင်တွေ စုပေါင်းလှူဒါန်းတည်ထားတဲ့ အဏ္ဏဝါရှင်မော် စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နဲ့ ရွှေထီးတော်တင်လှူပူဇော်ပွဲကို တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ  ပြုလုပ်သွားပါတယ်။ ဓာတ်ပုံ-CINCDS
3 years Ago

July 19, 2017

ဆိုးရွားသည့်ရာသီဥတုကြောင့် Y-8 လေယာဉ်ပျက်ကျရဟု တပ်မတော်ကြေညာ

  တပ်မတော် ပို့ဆောင်ရေး လေယာဉ် Y-8 ပျက်ကျရတာဟာ  ဆိုးရွားတဲ့ရာသီဥတုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် လေယာဉ်ဦးစိုက်လည်ကျကာ လေယာဉ်မှူးက ထိန်းချုပ်မောင်းနှင်နိုင်ခြင်း မရှိတော့ဘဲ လေယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရတာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။ ဆိုးရွားတဲ့  ရာသီဥတုမှာ  အပေါ်စီးက  လေဖိတိုက်သလို အောက်က ပင့်ပြီး တိုက်တာနဲ့ ရေခဲမှုဖြစ်ပေါ်ခြင်းစတဲ့  အတိအကျမခန့်မှန်းနိုင်တဲ့  ရာသီဥတုအခြေအနေတွေလည်း  ပါဝင်နိုင်ကြောင်း သုံးသပ်ဖော်ထုတ်ရရှိပါတယ်လို့ သတင်းထုတ်ချက်မှာ ဖော်ပြပါတယ်။ ရှာဖွေဆယ်ယူရရှိတဲ့ လေယာဉ်ရဲ့ အမြီးပိုင်းမှာပါတဲ့  Black Box  နဲ့ CVR-Cockpit Voice Recorder တို့ကို တပ်မတော်လေက ကျွမ်းကျင်သူတွေပါဝင်တဲ့အဖွဲ့နဲ့  သြစတြေးလျနိုင်ငံက DDAAFS အဖွဲ့တို့  ပူးပေါင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး အခုတွေ့ရှိချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဇွန် ၇ ရက်က မြိတ်မြို့ကနေ ရန်ကုန်မြို့ကို ပျံသန်းလာတဲ့ Y8 တပ်မတော်ပို့ဆောင်ရေး လေယဉ်ဟာ  ထားဝယ်မြို့ အနောက်တောင်ဘက် ၄၃ မိုင် အကွာလောက်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၁၂၂ ဦး လိုက်ပါလာတာဖြစ်ပြီး အခုချိန်ထိတော့ အလောင်း ၉၀ ကျေ်ကို ဆယ်ယူရရှိထားပြီး ဖြစ်ပါတယ်။ ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
4 years Ago
More News
Up