WTA Finals

A d v e r t i s e m e n t With Us

November 3, 2015

WTA Finals ဗိုလ်လုပွဲတွင် ရတ်ဝန်စတကာ ချန်ပီယံဆု ရယူ

စင်ကာပူမှာ ယှဉ်ပြိုင်ခဲ့တဲ့ WTA Finals ဗိုလ်လုပွဲမှာ ရတ်ဝန်စကာက ကီတိုဘာကို ၆-၂ ၄-၆ ၆-၃  အနိုင်ပြီး ချန်ပီယံ ဖြစ်သွားပါတယ်။ ပိုလန် နိုင်ငံသူ ရတ်ဝန်စကာဟာ ရာသီအပိတ် ပြိုင်ပွဲမှာ ၇ နှစ်ကစားခဲ့တဲ့အထဲမှာ ပထမဆုံး ဗိုလ်လုပွဲ တက်နိုင်တာဖြစ်ပြီး ချန်ပီယံ သရဖူကိုပါ ရယူနိုင်ခဲ့တာပါ။ ရတ်ဝန်စကာက သူ့အနေနဲ့ ရာသီအစမှာ လက်စွမ်း သိပ်မပြနိုင်ခဲပေ့မယ့် ရာသီအဆုံးသတ်ကသာ ပိုပြီး အရေးပါတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အခုလို ချန်ပီယံ ဖြစ်ဖို့အထိလည်း မျှော်လင့်မထားခဲ့တာ အမှန်ပဲလို့လည်း ပြောပါတယ်။
5 years Ago
Up