WTA

December 9, 2020

အမေရိကန် တင်းနစ်မယ် ဆိုဖီယာ WTA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုရရှိ

WTA တစ်နှစ်တာအကောင်းဆုံးအမျိုးသမီးတင်းနစ် ကစားသမားဆုကို အမေရိကန်တင်းနစ် မယ် ဆိုဖီယာကမ်နင်က ရရှိသွားပါတယ်။ ကမ်နင်ဟာ သြစတြေးလျအိုးပင်းမှာ ချန်ပီယံဖြစ်ခဲ့ပြီးနောက် ကမ္ဘာ့အဆင့် ၄ အထိ မြင့်တက်လာခဲ့တာပါ။ သြစတြေးလျအိုးပင်းမှာ ကမ္ဘာ့အဆင့်တစ် ဘာတီကို ဆီမီးဖိုင်နယ်မှာ အနိုင်ယူခဲ့သလို ဗိုလ်လုပွဲမှာလည်း ဂရင်းစလင်းချန်ပီယံ ၂ ကြိမ်ဖြစ်ခဲ့ဖူးတဲ့ မူဂါယူဇာကို အနိုင်ယူခဲ့ပါတယ်။  ပြင်သစ်အိုးပင်းမှာလည်း ဗိုလ်လုပွဲအထိတက်ခဲ့တာကြောင့် WTA  အကောင်းဆုံး အမျိုးသမီးကစားသမားဆုရရှိခဲ့တာပါ။ အသက်၂၂နှစ်ရှိ ဆိုဖီယာ ကမ်နင်ဟာ WTA အကောင်းဆုံးဆုရရှိဖူးတဲ့ ၈ ယောက်မြောက် အမေရိကန် တင်းနစ်မယ်အဖြစ်လည်း မှတ်တမ်းဝင် ခဲ့ပါတယ်။  WTA အတိုးတက်ဆုံး တင်းနစ်ကစားသမားဆုကိုတော့ ပြင်သစ်အိုးပင်းမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ပိုလန်တင်းနစ်မယ် အီဂါဆွီရာတက်ခ်က ရရှိခဲ့ပါတယ်။ ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ်ဟောင်း  အဇာရန်ကာက တစ်ကျော့ပြန် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပြီး နှစ်ယောက်တွဲ အကောင်းဆုံးဆုကိုတော့ ပြင်သစ်ကအမ်လာဒင်နိုဗစ်နဲ့ ဟန်ဂေရီက ဘာဘော့စ်တို့ ရရှိခဲ့ပါတယ်။
4 months Ago
Up