WHO အဖွဲ့

January 14, 2021

ကိုဗစ်ဇာစ်မြစ်စုံစမ်းမည့် WHO အဖွဲ့ ဝူဟန်သို့ ရောက်

ကိုဗစ်-၁၉ ကပ်ရောဂါဇာစ်မြစ်ကို စုံစမ်းမယ့် WHO အဖွဲ့ဟာ  ဇန်နဝါရီ ၁၄ ရက်က တရုတ်နိုင်ငံ ဝူဟန်မြို့ကို ရောက်လာပါပြီ။  WHO နဲ့ တရုတ်အစိုးရတို့အကြား လချီ ညှိနှိုင်းမှုတွေ လုပ်ပြီးနောက်မှာ စုံစမ်းရေးအဖွဲ့ ရောက်လာတာပါ။  ပညာရှင် ၁၀ ယောက် ပါအဖွဲ့က  သုတေသနအဖွဲ့အစည်းတွေ၊ ဆေးရုံတွေနဲ့  ကနဦးရောဂါ ဖြစ်ပွားမှုနဲ့ ဆက်စပ်နေတဲ့ ပင်လယ်စာဈေးက လူတွေကို မေးမြန်းဖို့ စီစဉ်ထားပါတယ်။  WHO ပညာရှင်အဖွဲ့ ရောက်လာမှုဟာ တရုတ်နိုင်ငံမြောက်ပိုင်းမှာ  ကိုရိုနာဗိုင်းရပ်စ် တကျော့ပြန် ခေါင်းထောင်လာတာနဲ့ တိုက်ဆိုင်နေပါတယ်။  ဒါပေမဲ့ ဝူဟန်မြို့မှာတော့ ပုံမှန်အခြေအနေ ပြန်ရောက်နေပါပြီ။  WHO  အဖွဲ့ဟာ   သူတို့သုတေသနလုပ်ငန်းကို မလုပ်ခင် သီတင်းနှစ်ပတ် ကွာရန်တင်း ဝင်ရ မယ်လို့လည်း ဘီဘီစီသတင်းက ဖော်ပြပါတယ်။
9 months Ago
Up