WHO သတိပေး

A d v e r t i s e m e n t With Us

January 9, 2021

ကိုဗစ်ဆေးဝယ်ယူရေး စာချုပ်ချုပ်ဆိုမှု ရပ်တန့်ရန် ချမ်းသာသည့်နိုင်ငံများကို WHO သတိပေး

ချမ်းသာတဲ့ နိုင်ငံတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်ကုမ္ပဏီတွေနဲ့ နှစ်ဘက် သဘောတူ စာချုပ်ချုပ်တာတွေ ရပ်ကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ ဒေါက်တာ တက်ဒရိုက ဇန်နဝါရီ ၈ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။  ဝင်ငွေနည်းနဲ့ ဝင်ငွေ အလယ်အလတ်နိုင်ငံတွေ  ကိုဗစ်ကာကွယ်ဆေး မရသေးတဲ့ ပြဿနာ ရှိနေတယ်လို့  ဒေါက်တာ တက်ဒရိုက ဆိုပါတယ်။  ဂျနီဗာမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တက်ဒရိုက ချမ်းသာတဲ့ နိုင်ငံတွေဟာ ကာကွယ်ဆေးဖြန့်ဝေမှု အများစု ရထားတယ်လို့ ကာကွယ်ဆေးမောင်ပိုင်စီးတဲ့အပေါ်  ပြင်းပြင်း ထန်ထန် မှတ်ချက်ပြုခဲ့ပါတယ်။  ကိုဗစ်ကာကွယ်ဆေး ပိုလျှံမှာယူထားတဲ့နိုင်ငံတွေကို ကမ္ဘာလုံးဆိုင်ရာ ကကွယ်ဆေး ဖြန့်ဖြူရေး  COVAX အစီအစဉ် ချက်ချင်းလွှဲပေးဖို့ကိုလည်း WHO အကြီးအကဲက တောင်းဆိုခဲ့ ပါတယ်။  နိုင်ငံနာမည်တွေကို   တက်ဒရိုက ထုတ်ဖော်မပြောပေမဲ့  ဖိုင်ဇာကုမ္ပဏီဆီကနေ ထပ်တိုး ကာကွယ်ဆေးအလုံးရေ သန်း ၃၀၀ ဝယ်ယူရေး သဘောတူထားတယ်လို့  အီးယူက ပြောဆို ထားပါတယ်။  ဒါဟာ ၂၀၂၁ အတွက်  ဖိုင်ဇာကုမ္ပဏီရဲ့  တစ်ကမ္ဘာလုံး ကာကွယ်ဆေးထုတ်လုပ်မှုရဲ့ ထက်ဝက်နီးပါးကို အီးယူကို ပေးမယ့် လုပ်ဆောင်ချက် ဖြစ်ပါတယ်။  တက်ဒရိုရဲ့ မှတ်ချက်စကားအတိုင်းပဲ  WHO အရေးပေါ် လုပ်ငန်းဆိုင်ရာ  အကြီးအကဲ မိုက်ရိုင်ယန်ကလည်း ဘယ်နိုင်ငံမှာပဲ နေနေ ထိခိုက်လွယ် အုပ်စုတွေနဲ့ ရှေ့တန်းက တိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးလုပ်သားတွေဆီ  အရင်ဆုံးကာကွယ်ဆေးရောက်ဖို့ လိုအပ်တယ်လို့ အလေးထား ပြောဆိုခဲ့ပါတယ်။
3 weeks Ago

October 24, 2020

ကိုဗစ်-၁၉ ကြောင့် နိုင်ငံအချို့ အန္တရာယ်များသည့်လမ်းဆုံလမ်းခွရောက်နေဟု WHO သတိပေး

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ပတ်သက်လို့ ဒီကနေ့ ကမ္ဘာကြီးဟာ  အရေးပါတဲ့ လမ်းဆုံလမ်းခွကို ရောက်နေပြီး တချို့နိုင်ငံတွေဟာ အန္တရာယ်များတဲ့ လမ်းပေါ်ရောက်နေတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ ဒေါက်တာတက်ဒရိုက အောက်တိုဘာ ၂၃ ရက်မှာ ပြောပါတယ်။   နိုင်ငံတချို့ဟာ ဝန်ပိနေပြီး ကျန်းမာရေးဝန်ဆောင်မှု ပြိုလဲမယ့်အလားအလာ ကြုံနေရ တယ်လို့ တက်ဒရိုက ဆိုပါတယ်။  အထူးသဖြင့် ကမ္ဘာ့မြောက်ခြမ်းမှာ ကပ်ရောဂါအခြေအနေက လမ်းဆုံလမ်းခွပေါ် ရောက်နေ ပြီး လာမယ့်လတွေဟာ ခက်ခဲကြမ်းတမ်းတော့မယ်လို့ WHO ညွှန်ချုပ် တက်ဒရိုက သတိပေး ခဲ့ပါတယ်။  ချက်ချင်းဆောင်ရွက်ဖို့ နောက်ထပ်မလိုလားအပ်ဘဲ သေဆုံးမှုတွေနဲ့ အရေးပေါ် ကျန်းမာရေးဝန်ဆောင်မှု မပြိုလဲအောင် ကြိုတင်ကာကွယ်ဖို့နဲ့ ကျောင်းတွေပြန်ပိတ်ဖို့ နိုင်ငံ့ ခေါင်းဆောင်တွေကို  တိုက်တွန်းပါတယ်လို့ ဒေါက်တာ တက်ဒရိုက ပြောခဲ့တာပါ။  ဒါ့အပြင် ကိုဗစ်-၁၉ အတွက် ရမ်ဒက်ဆီဗီယာဆေး အသုံးပြုနည်း လမ်းညွှန်ချက်ကို  ပြင်ဆင်နေပြီး နောက်သုံးလေးပတ်အတွင်း လမ်းညွန်ချက် ထုတ်ပြန်ပေးနိုင်လိမ့်မယ်လို့ WHO က  ပြောကြားပါတယ်။  
3 months Ago
More News
Up