WHO မှတ်ချက်ပြု

December 4, 2020

ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိရောက်နိုင်ဟု WHO မှတ်ချက်ပြု

ကိုဗစ်-၁၉ ကာကွယ်ဆေးတွေရဲ့ အလားအလာက ကောင်းမွန်ပြီး သိပ်ကို ထိရောက်နိုင် တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့  ဥရောပဒေသဆိုင်ရာညွှန်မှူးက ဒီဇင်ဘာ ၃ ရက်မှာ ပြောပါတယ်။   “ကနဦးအဆင့် ကာကွယ်ဆေးဖြန့်ချိရေးအပိုင်းမှာ အကန့်အသတ်သိပ်ကို များမယ် မျှော်လင့်ရပြီး  နိုင်ငံတွေအနေနဲ့ ဘယ်သူတွေကို ဦးစားပေးထိုးနှံပေးမလဲဆိုတာ ဆုံးဖြတ်ရမယ်” လို့ ဥရောပဒေသဆိုင်ရာညွှန်မှူး  ဟန်းစ်ကလူက ပြောပါတယ်။  သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရောဂါအခံရှိသူတွေကို ဦးစားပေး သင့်တာကို  နိုင်ငံတွေက  သဘောတူကြတယ်လို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောထားပါတယ်။  ဒီဇင်ဘာ ၂ ရက်မှာပဲ ဗြိတိန်အစိုးရက ဖိုင်ဇာကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခွင့်ပြုခဲ့ပြီး တခြားကမ္ဘာ့နိုင်ငံတွေထက် တာထွက်စောစောနဲ့  သမိုင်းမှာ အရေးကြီးဆုံး အစုလိုက် ကာကွယ်ဆေးထိုးနှံတာကို  စတင်ခဲ့တယ်လို့ ရိုက်တာ သတင်းမှာ ရေးပါတယ်။ 
5 months Ago
Up