WHO ညွှန်ချုပ်

August 1, 2020

ကိုဗစ်-၁၉ ကပ်ရောဂါ သက်ရောက်မှု ဆယ်စုနှစ်ချီ ခံစားရမည်ဟု WHO ညွှန်ချုပ် ပြော

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါရဲ့ သက်ရောက်မှုတွေကို အနာဂတ်မှာ ပိုမိုကြာမြင့်စွာ ခံစားရလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့ ညွှန်ချုပ် တေဒရို အဒါနွန် ဂေဘရီယေးဆပ်က ဇူလိုင် ၃၁ ရက်မှာ ပြောလိုက်ပါတယ်။ ရာစုနှစ်တခုမှာ တကြိမ်သာဖြစ်တဲ့ ကျန်းမာရေး အကျပ်အတည်းဖြစ်ပြီး သက်ရောက်မှုကို ဆယ်စုနှစ်ချီ ခံစားရလိမ့်မယ်လို့ WHO ရဲ့ အရေးပေါ် ကော်မတီအစည်းအဝေးမှာ သူက ပြောလိုက်တာပါ။ တချို့နိုင်ငံတွေမှာ ကူးစက်ခံ လူနာ တိုးလာနေလို့ ကမ္ဘာ့လူအများစုဟာ ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဆိုးဆိုးရွားရွား ကူးစက်ခံပြီးသား နေရာတွေမှာတောင်မှ ခံနိုင်ရည် မရှိသေးဘူးလို့ တေဒရိုက သတိပေးပါတယ်။ ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါ ကာကွယ်ဆေးကို တီထွင်ရာမှာ သုတေသန ပညာရှင်တွေက တိုးတက်မှု ကောင်းကောင်းရအောင် လုပ်နိုင်ပေမယ့် လက်တဆုပ်စာ အဖွဲ့တွေကသာ နောက်ဆုံးအဆင့် စမ်းသပ်ချက်ကို လုပ်နိုင်ကြသေးတာပါ။ ဒါပေမယ့် ၂၀၂၁ ခုနှစ် အစောပိုင်းထိအောင် ကာကွယ်ဆေးကိုသုံးနိုင်ဖို့ မျှော်လင့်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ WHO ရဲ့ ထိပ်တန်း အရေးပေါ်ပညာရှင် မိုက်ရိုင်ယန်က အရင်အပတ်က ပြောပါတယ်။ ဒီဗိုင်းရပ်စ်နဲ့ အတူနေဖို့နဲ့ ရှိသမျှ အရာတွေနဲ့ ကူးစက်ကပ်ဘေးကို တိုက်ဖို့ သင်ယူရမယ်လို့ တေဒရိုက ပြောခဲ့ပါတယ်။
1 year Ago

April 21, 2020

COVID-19 ရောဂါနှင့်ပတ်သက်၍ ဖုံးကွယ်ထားခြင်းမရှိဟု WHO ညွှန်ချုပ်ပြော

COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံတွေကို ဖုံးကွယ်ထားတာ ဘာမှ မရှိဘူးလို့ WHO အကြီးအကဲ  တက်ဒရိုအက်ဒန်နမ်ဂတ်ဘရေအီဆပ်က ဧပြီ ၂၀ ရက်မှာ ပြောပါတယ်။ WHO အဖွဲ့အစည်းမှာ အမေရိကန် ကျန်းမာရေးဝန်ထမ်းတွေ ပါဝင်နေတာဟာ ရောဂါ စဖြစ်ကတည်းကဖြစ်ပြီး  အမေရိကန်ကို ဖုံးကွယ်ထားတာ ဘာမှ မရှိဘူးလို့ WHO ညွှန်ချုပ် တက်ဒရိုက ပြောပါတယ်။ ကူးစက်မြန်ကပ်ရောဂါ ကိုင်တွယ်တာနဲ့ပတ်သက်လို့ တက်ဒရိုဟာ သမ္မတထရမ့်ရဲ့ ဝေဖန်ပြစ်တင်တာကို ခံနေရပြီး ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန်က WHO အဖွဲ့အစည်းထံ ရန်ပုံငွေ ထောက်ပံ့တာကို ခေတ္တရပ်ဆိုင်းလိုက်ပါတယ်။ လူတွေနဲ့ နိုင်ငံရေးပါတီတွေအကြား ကွဲပြားမှုတွေက ကပ်ရောဂါကို မီးလောင်ရာ လေပင့်လုပ်နေတယ်လို့လည်း တက်ဒရိုက ပြောပါတယ်။ WHO ဟာ  နောက် ၄ လမှာ ရောဂါစစ်ချက် အရေအတွက် သန်း ၃၀ လုပ်ဖို့  အမှာစာတွေ လုပ်ထားပြီး ဧပြီလနဲ့ မေလမှာ နှာခေါင်းစည်း အရေအတွက် သန်း ၁၈၀ နီးပါး  တင်ပို့သွားမယ်လို့ WHO ညွှန်ချုပ်က ပြောပါတယ်။ ဒါ့အပြင် WHO ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကုသဆေး စမ်းသပ်မယ့် ဆေးရုံပေါင်း ၆၀၀ ကျော်ဟာလည်း  လူနာတွေကို လက်ခံဖို့ အဆင့်သင့်ဖြစ်နေပြီလို့လည်း တက်ဒရိုက ထပ်မံပြောပါတယ်။ ဧပြီ ၂၁ ရက် Worldometer ဝက်ဘ်ဆိုက်ဖော်ပြချက်အရ ကမ္ဘာ့နိုင်ငံနဲ့ ဒေသပေါင်း ၂၁၀ မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၂ သန်း ၄ သိန်းကျော် ရှိပြိး သေဆုံးသူ ၁ သိန်း ၇ သောင်းကျော် ရှိပါတယ်။  ဒါ့အပြင် ဗိုင်းရပ်စ် ကူးစက်ပြီး ပြန်ကောင်းလာသူ ၆ သိန်း၄ သောင်းကျော် ရှိတယ်လို့လည်း  သိရပါတယ်။
1 year Ago
Up