White Night ပွဲတော်

June 24, 2018

ရုရှား White Night ပွဲတော် ကမ္ဘာတလွှားမှ ဘောလုံးဝါသနာရှင်များ ဆင်နွှဲ

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ဇွန် ၂၄ ရက်နေ့က နှစ်စဉ် ကျင်းပနေကျ White Nights ပွဲတော် နောက်ဆုံးညမှာ ရင်သပ်ရှုမောဖွယ် မီးရှုးမီးပန်းတွေ ပစ်လွှတ်ခဲ့ပြီး ကမ္ဘာတလွှားက ဘောလုံးဝါသနာအိုးတွေ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ အဲဒီ မီးရှူးမီးပန်းအလှပြပွဲမှာ “ဆောင်းရာသီနန်းတော်ဆီ တရွေ့ရွေ့သွားနေတဲ့ သင်္ဘောပုံ” မီးပန်းအလှတင်ဆက်မှုကိုလည်း မှင်သက်ဖွယ် မြင်တွေ့ပါတယ်။ အဲဒီပွဲတော် မီးပန်းအလှပြပွဲကို သန်းနဲ့ချီတဲ့ လူတွေ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ စိန့်ပီတာစဘတ် ဒေသခံတဦးက ဒီမီးပန်းအလှပြပွဲဟာ နှစ်စဉ်နှစ်တိုင်း လှပပေမယ့် ဒီတခေါက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲနဲ့ တိုက်ဆိုင်ခဲ့တာကြောင့် အံ့ဖွယ်ဘနန်းဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အာဂျင်တီးနား ဘောလုံးဝါသနားအိုး တဦးကတော့  ကမ္ဘာ့ဖလားပွဲမှာ သူ့အသင်း ရုန်းကန်နေရပေမယ့် အခုမီးပန်းအလှပြပွဲဟာ သူ့အာရုံကို ဖမ်းစားနိုင်ခဲ့တယ်လို့ ပြောပါတယ်။
3 years Ago
Up