WhatsApp

October 5, 2021

လူမှုကွန်ရက်မီဒီယာ ၃ ခု ပြတ်တောက်မှုအတွက် ဖေ့စ်ဘွတ်ခ်စီအီးအို တောင်းပန်

ဖေ့စ်ဘွတ်ခ်ရဲ့ အမှုဆောင် အရာရှိချုပ် မာ့ခ်ဇူကာဘာ့ဂ်ဟာ Facebook, Instagram နဲ့ Whatsapp လူမှုမီဒီယာတွေ ၆ နာရီကြာ ပြတ်တောက်မှုအတွက် အောက်တိုဘာ ၅ ရက်မှာ တောင်းပန်လိုက်ပါတယ်။

ဇူကာဘာ့ဂ်ဟာ “ခင်ဗျားတို့ ဂရုစိုက်တဲ့လူတွေနဲ့ အဆက်အသွယ် ဆက်ရှိနေဖို့ ကျနော်တို့ရဲ့ ဝန်ဆောင်မှုအပေါ် ခင်ဗျားတို့ ဘယ်လောက် အားကိုးတယ်ဆိုတာ ကျနော် သိပါတယ်။ ဒီကနေ့ ပြတ်တောက်မှုအတွက် ဝမ်းနည်းပါတယ်” လို့  ဖေ့စ်ဘွတ်ခ်မှာ ရေးခဲ့ပါတယ်။

လူမှုကွန်ရက်မီဒီယာ ၃ ခုဟာ ဖြစ်ဖူးသမျှ အကြီးဆုံး ပြတ်တောက်သွားခဲ့တယ်လို့ အင်တာနက်တွေကို စောင့်ကြည့်နေတဲ့အုပ်စု Downdetector က ပြောပါတယ်။

သုံးစွဲသူတွေ ကြည့်ချင်တဲ့ အင်တာနက် စာမျက်နှာကို သွားခွင့်ပြုတဲ့ ဖေ့စ်ဘွတ်ခ်ရဲ့ Domain Name System (DNS) မှာ အမှားအယွင်း ဖြစ်ခဲ့တာလို့ ဖေ့စ်ဘွတ်ခ် အင်တာနက်စာမျက်နှာက သတင်းစကား ပြောထားပါတယ်။

အလားတူ ဖြစ်ရပ်မျိုးဟာ အာခါမိုင်နည်းပညာ နိုင်ငံတကာကော်ပိုရေးရှင်းရဲ့ အင်တာနက် စာမျက်နှာ အတော်များများမှာ ဇူလိုင်လက ဖြစ်ခဲ့ဖူးပါတယ်။

4 months Ago

November 24, 2018

WhatsApp မှ ပျံ့နှံ့နေသည့် မကောင်းဆိုးဝါးဝိညာဉ်ကြောင့် ကိုလံဘီယာတွင် ညမထွက်ရအမိန့် ထုတ်

နာမည်ကျော် WhatsApp ကနေတစ်ဆင့် မကောင်းတဲ့ စိတ်ဝိညာဉ်တွေ ပျံ့နှံ့နေတယ်လို့ သံသယရှိတာကြောင့် ကိုလံဘီယာနိုင်ငံရဲ့ မြို့တမြို့မှာ လူငယ်တွေကို ညမထွက်ရအမိန့် ထုတ်ပြန်ထားတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။ ဒီလို ထူးထူးဆန်းဆန်းဖြစ်ရပ်ဟာ နိုင်ငံရဲ့မြောက်ပိုင်း ပါရာဂျီတိုမြို့မှာဖြစ်ခဲ့တာဖြစ်ပြီး အသက် ၁၇ နှစ်အောက် လူငယ်တွေဟာ ညနေ ၇ နာရီကနေ မနက် ၅ နာရီအတွင်း အပြင်ကိုသွားခြင်း၊ စုဝေးခြင်းတို့ကို မလုပ်နိုင်တော့ပါဘူး။ ဒီဖြစ်ရပ်တွေဟာ အခုသီတင်းပတ်အစောပိုင်းက စတင်ခဲ့တာပါ။ ပါရာဂျီတိုမြို့ဟာ ကတ်သလစ်ဘာ သာဝင်တွေစုဝေးနေထိုင်တဲ့ မြို့တမြို့ဖြစ်ပြီးတော့ သီတင်းပတ်တခု အတွင်းမှာတင် အနည်းဆုံး လူငယ် ၁၇ ဦးလောက်က တံတားပေါ်က ခုန်ချမယ်လို့ ခြိမ်းခြောက်တာ၊ ကိုယ့်ကိုယ်ကိုယ်နာကျင်အောင်လုပ်တာ၊ တဆတ်ဆတ်တုန်နေတာ၊ သတိလစ်တာနဲ့ အသံတွေပြောင်းလဲသွားတာ စတဲ့ ထူးဆန်းတဲ့ အမူအကျင့်တွေ ဖြစ်ပေါ် လာခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ ဒါ့အပြင် ဒီလိုကိစ္စတွေအားလုံးဟာ WhatsApp ကနေတဆင့် ပျံ့နှံ့နေတယ်ဆိုတဲ့ ကောလာဟလတွေဟာလည်း ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါ့ကြောင့် မြို့တော်ဝန်ဖြစ်သူ ပီရတ်က လူငယ်တွေကို ဒီလိုဖြစ်ရပ်ဆန်းတွေကနေ ကာကွယ်ဖို့ အုပ်ထိန်းသူမပါဘဲ အပြင်ထွက်တာ မလုပ်ဖို့ အမိန့်ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုအမိန့်မျိုးကို တရားစီရင်ရေးဆိုင်ရာ တာဝန်ရှိသူတွေ၊ စိတ်ရောဂါဆိုင်ရာ ပညာရှင်တွေအားလုံးနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့ရတာလို့ မြို့တော်ဝန်ပီရတ်က ပြောပါတယ်။ “သတ်မှတ်ထားတဲ့ အချိန်အတွင်း အုပ်ထိန်းသူမပါဘဲ အပြင်ထွက်တာကို" တားမြစ်ထားတာကြောင့် ကလေးတွေနဲ့ ဆယ်ကျော်သက်တွေဟာ သူ့အပေါ် အမြင်မကြည်တာကို သိပေမယ့် မြို့မှာနေထိုင်တဲ့ မိဘတွေကတော့ ကျနော့်ကို ကျေးဇူးတင်နေမှာဖြစ်ပါတယ်” လို့လည်း သူက ပြောပါတယ်။ လက်ရှိထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ချိုးဖောက်မှုရှိခဲ့တယ်ဆိုရင် ချိုးဖောက်သူရဲ့ မိဘတွေက ဒဏ်ငွေပေးဆောင်ရမယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
3 years Ago
Up