.We Support Heroes

February 4, 2021

အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် ပြည်သူ့ဝန်ထမ်းများကို We Support Heroes ကူညီ မည်

       လတ်တလော စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့ အနေနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)မှာ ပါဝင်နေကြတဲ့  ပြည် သူ့ဝန်ထမ်းတွေမှာ ကြုံတွေ့လာရနိုင်တဲ့ အခက်အခဲတွေကို We Support Heroes က ကူညီပေး သွားဖို့ ရှိနေပါတယ်။

       ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ နေရေး၊ စားရေး အခက်အခဲ ဖြစ်လာခဲ့ရင် ဖော်ပြပါ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာ- https://m.facebook.com/We-Support-Heroes-177800567082406/ လင့်ခ်ကတဆင့် ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။

       ဖေဖေါ်ဝါရီလ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင် ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်ပိုင်းတချို့ကို စစ် တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက်တနေ့မှာပဲ ဒီလှုပ်ရှား မှုကို ဆေးလောကသားတွေက စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ တခြားကဏ္ဍအသီး သီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင်လှုပ်ရှား နေကြတာ ဖြစ်ပါတယ်။

       တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ အဆိုတော် လင်းလင်းရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်ပေါ်မှာတော့ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ နေရေး၊ စားရေး အခက်အခဲတွေ အကူအညီပေးရေးနဲ့ ပတ်သက်ပြီး ခုလိုရေးသားမျှဝေထားခဲ့တာကို တွေ့ရပါတယ်။

       “နေစရာ, စားရာအတွက် ကျနော်တို့ အတက်နိုင်ဆုံး ပြင်ဆင်ဆောင်ရွက်နေပါ တယ်။ အလှူငွေများကိုတော့ လက်မခံသေးပါ။ Civil Disobedience Movement မှာ မ တရားမှုကိုဆန့်ကျင်သော ပြည်သူ့ဝန်ထမ်းများနှင့်အတူ အမြဲရပ်တည်ပါတယ်”

2 years Ago
Up