We Love Bago

A d v e r t i s e m e n t With Us

January 16, 2021

ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် We Love Bago အဖွဲ့က ကျပ်သိန်း ၁၀၀၀ လှူဒါန်း

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူဖို့ ပဲခူးမြို့ We Love Bago အဖွဲ့ကနေ ကျပ်သိန်း ၁၀၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ We Love Bago ဦးဆောင်မတည်ကာ ပဲခူးမြို့က အလှူရှင်တွေကို ဖိတ်ခေါ်ပြီး ၃ ရက်အတွင်း အလှူခံငွေ သိန်း ၁၀၀၀ ကျော်ရရှိတဲ့အတွက် နိုင်ငံတော် ဘဏ်အကောင့်ထဲကို ဇန်နဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းက ထည့်ဝင်လှူဒါန်းခဲ့တဲ့ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။  We Love Bago အဖွဲ့ဟာ မြန်မာပြည်မှာ ကိုဗစ်-၁၉ စတင်ဖြစ်ကတည်းက ပဲခူးမြို့က ကွာရန်တင်းစင်တာတွေကို ထောက်ပံ့ပေးနေသလို မြို့အတွင်းက စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စုတွေကိုလည်း ကူညီပေးနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။    ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူဖို့ We Love Bago အဖွဲ့ကနေ ပထမအကြိမ် လှူဒါန်းတာဖြစ်ပြီး ထပ်မံလှူဒါန်းနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေတယ်လို့ We Love Bago အဖွဲ့ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။  ကာကွယ်ဆေးဝယ်ယူဖို့ လူတန်းစားမရွေး ပါဝင်လှူဒါန်းနိုင်အောင်လို့ အိမ်တိုင်ရာရောက် လိုက်လံ အလှူခံပေးဖို့ စီစဉ်နေတယ်လို့လည်း  We Love Bago အဖွဲ့က ပြောပါတယ်။   သတင်း - အောင်စိုးမိုး
2 months Ago
Up