WBC ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ လုပွဲ

February 24, 2020

တိုင်ဆန်ဖူရီက ဝဲလ်ဒါကို အနိုင်ယူပြီး WBC ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာ 

အမေရိကန်နိုင်ငံ လက်စ်ဗီးဂတ်မြို့မှာ မနေ့က ထိုးသတ်ခဲ့တဲ့ WBC ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ လုပွဲမှာ စိန်ခေါ်သူ တိုင်ဆန်ဖူရီက လက်ရှိချန်ပီယံ ဒီယွန်တေဝဲလ်ဒါကို အနိုင်ရပြီး ကမ္ဘာ့ချန်ပီယံဖြစ် သွားပါတယ်။ ဗြိတိန်နိုင်ငံသား တိုင်ဆန်ဖူရီဟာ WBC ဟဲဗီးဝိတ်ချန်ပီယံရွှေခါးပတ်ကို ၁၀ ကြိမ် တိုင်တိုင်ကာကွယ်နိုင်ခဲ့တဲ့ အမေရိကန်နိုင်ငံသား ဝဲလ်ဒါကို ၇ ချီမြောက်မှာ အလဲထိုးနဲ့ အနိုင်ရခဲ့ တာပါ။  ပထမအချီကနေ ၇ ချီမြောက်အထိ အသားစီးနဲ့ ထိုးသတ်နိုင်ခဲ့တဲ့ တိုင်ဆန်ဖူရီဟာ ဝဲလ်ဒါကို ကြမ်းပြင်ပေါ် အကြိမ်ကြိမ်လဲကျအောင်ထိုးသတ်နိုင်ခဲ့ပါတယ်။ ၇ ချီမြောက်မှာတော့  ဝဲလ်ဒါ ဘက်က လုံးဝယှဉ်မထိုးနိုင်တော့တာကြောင့် ဒိုင်ပွဲရပ်နဲ့ တိုင်ဆန်ဖူရီက ချန်ပီယံ ရွှေခါးပတ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ရှိ ဗြိတိန်သား တိုင်ဆန်ဖူရီနဲ့ ဝဲလ်ဒါတို့ဟာ ၂၀၁၈ ခုနှစ်ဒီဇင်ဘာလက စိန်ခေါ်ပွဲတစ်ကြိမ် ထိုးသတ်ခဲ့ဖူးပြီး သရေကျခဲ့တာကြောင့် ဝဲလ်ဒါကပဲ ချန်ပီယံဘွဲ့ကို ဆက်လက်ကာကွယ် နိုင်ခဲ့တာပါ။ ဒုတိယအကြိမ်မြောက် စိန်ခေါ်ထိုးသတ်ခဲ့တဲ့ အခုပွဲမှာတော့တိုင်ဆန်ဖူရီကအသာစီးနဲ့ ထိုးသတ်ပြီး အနိုင်ရခဲ့တာဖြစ်ပါတယ်။
1 year Ago
Up