Venom

May 1, 2018

နာမည်ကြီးဗြိတိန်မင်းသား တွမ်ဟာဒီ ခေါင်းဆောင်ပါဝင်သည့် စူပါဟီးရိုးရုပ်ရှင်-Venom (နမူနာ)

ဟောလိဝုဒ် စူပါဟီးရိုးရုပ်ရှင် ပရိသတ်တွေအကြိုက် Venom လို့ အမည်ရတဲ့ ရုပ်ရှင်ကားကို မကြာခင်မှာပဲ ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ စွန့်စားမှုအက်ရှင်အသားပေး ရုပ်ရှင်တွေကြိုက်တဲ့ ပရိသတ်တွေကတော့ သဘောကျမှာ အမှန်ပါပဲ။ ဒီကားထဲမှာ The Dark Knight Rises, The Revenant စတဲ့ ရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီး ဗြိတိန်မင်းသား တွမ်ဟာဒီက ဦးဆောင်ပါဝင်ထားပြီး ချစ်သူကောင်မလေးအဖြစ် အမေရိကန်မင်းသမီး မီရှဲလ်ဝီလျံစ်နဲ့ မင်းသား ရစ်ဇ်အာမက်ဒ် စတဲ့ သရုပ်ဆောင်တွေနဲ့အတူ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဒီကားဟာလည်း Marvel Comics ဇာတ်ကောင်တွေကို အသက်သွင်း ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားထဲမှာ ပါဝင်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ မင်းသား တွမ်ဟာဒီက အက်ဒီဘရော့ခ်လို့ အမည်ရတဲ့ စုံစမ်းထောက်လှမ်းမှုဆိုင်ရာ သတင်းထောက်ဖြစ်ပြီး ဂြိုဟ်သား (Alien) တကောင်ဖြစ်တဲ့ Symbiote ဝင်ပူးခံလိုက်ရတဲ့သူတဦး (Host) အဖြစ် သရုပ်ဆောင်ထားကာ Host နဲ့ Symbiote ပေါင်းပြီး Venom ဖြစ်လာချိန်မှာ ဘယ်လိုစွမ်းအားတွေ ဖြစ်လာမလဲ။ Venom ဟာ Host ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်သွားတဲ့အချိန်မှာ ဘယ်လို ကြမ်းတမ်းတဲ့ စွမ်းအားတွေ ပေးမလဲ ဆိုတာကို ရုပ်ရှင်ကားထဲမှာ ရှုစားကြရမှာပါ။ ဒီကားကိုတော့ ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေ ပါဝင်နေတာမို့ ရုပ်ရှင်အဆင့် သတ်မှတ်ချက် R-Rated အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာ ရူဘင်ဖလက်ရှာက ပုံဖော်ရိုက်ကူးခဲ့တဲ့ Venom ရုပ်ရှင်ကားကိုတော့  အမေရိကန်နိုင်ငံမှာ လာမယ့် အောက်တိုဘာလ ၅ ရက်နေ့ ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
3 years Ago
Up