Ve Ve အချိုရည်​ စက်​ရုံတွင် ဓာတ်လှေကားပြုတ်ကျ၊ ၈ ဦး ဒဏ်ရာရ

July 1, 2018

Ve Ve အချိုရည်​ စက်​ရုံတွင် ဓာတ်လှေကားပြုတ်ကျ၊ ၈ ဦး ဒဏ်ရာရ

မန္တ​လေတိုင်းဒေသကြီး၊ ပြည်​ကြီးတံခွန်​မြို့နယ်​ Ve Ve အချိုရည်​ စက်​ရုံမှာ ဇွန်​လ ၃၀ ရက်​​နေ့က ဓာတ်​​လှေကားပြုတ်​ကျခဲ့တဲ့အတွက် စက်​ရုံ အလုပ်​သမား ၈ ဦး မန္တ​လေးပြည်​သူ့​ဆေးရုံကြီးမှာ အ​ရေး​ပေါ်လူနာအဖြစ် ​​ဆေးကုသခံယူ​နေရပါတယ်​။ ဇွန်​လ ၃၀ ရက်​​နေ့ မနက်​ ၅ နာရီ​ကျော်​မှာ မစန္ဒာဝင်း၊ မအိရတနာမျိုး၊ မသန်းသန်းမိုး၊ မမြဉ္ဇူဝင်း၊ မစံပယ်၊​ မမာမာစိုး၊ မအိအိဖြိုး၊ မသန္တာဦး လုပ်​ငန်းခွင်​ဆင်း ​နေစဉ်​ ဓာတ်​​လှေခါးပြုတ်​ကျကျခဲ့ပြီး ခါးရိုးကျိုးဒဏ်​ရာရရှိသူ ၃ ဦးနဲ့အတူ ​ခြေ​ထောက်​ထိခိုက်​ဒဏ်​ရာရရှိသူ ၂ ဦးကို မန္တ​လေးပြည်​သူ့​ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ​​ဆေးကုသခံယူနေကြရပြီး ပွန်းပဲ့ ဒဏ်​ရရှိတဲ့ မစံပယ်၊ မသန္တာဦး၊ မအိအိဖြိုး တို့ ၃ ဦးဟာ အပြင်​​ဆေးခန်းမှာ ​ဆေးကုသမှု ခံယူ​နေကြရပါတယ်​။ မြန်​မာနိုင်​ငံ စက်​မှုလက်​မှု လုပ်​ငန်း​ပေါင်းစုံ အလုပ်​သမားသမဂ္ဂအဖွဲ့ချုပ်​ကတာဝန်​ရှိသူ ကိုမင်းငယ်​​ထွေးက “အခုလိုပြုတ်​ကျခဲ့လို့ ဒဏ်​ရာပြင်းပြင်းထန်​ထန်​ရရှိခဲ့တဲ့ ကျ​နော်​တို့ အလုပ်​သမားကို စက်​ရုံဘက်​က လျစ်​လျူရှုထားတယ်​။ တာဝန်​ခံမှု တာဝန်​ယူမှု လုံးဝမရှိဘူး။ ​သက်​ဆိုင်​ရာ အလုပ်​သမားဝန်​ကြီးဌာနနဲ့ အလုပ်​သက်​သမားထုနဲ့ဆိုင်​တဲ့ အဖွဲ့အစည်း​တွေ အ​နေနဲ့ ပစ်​မထားဘဲ ကူညီ​ပေးကြ​စေချင်​တယ်​။ အလုပ်​သမား​တွေဖြစ်​တဲ့ အမျိုးသမီး​တွေ အရမ်းနစ်​နာလို့ ဒုက္ခ​ရောက်​​နေကြတယ်​။ ဘဝ​တွေ ပျက်​ကြရ​တော့မယ်​၊ ​ခြေဖြတ်​ရမယ့်သူနဲ့ ခါးရိုးကျိုး​တဲ့ သူ​တွေရဲ့ဘဝဟာ မ​တွေးရဲစရာပါပဲ” လို့​ ပြောပါတယ်​။ ခါးရိုးကျိုးပြီး အာရုံ​ကျောထိခိုက်​တဲ့ မသန်းသန်​မိုးရဲ့ အစ်မဖြစ်​သူက​ “ကျမတို့ အလုပ်​သမား​တွေကို ​ဆေးရုံကလည်း ပါရာစီတ​မောတလုံးတိုက်​ထားပြီး အခုအချိန်​ထိ ဘာမှ စစ်​​ဆေးကုသ​ပေးတာ မရှိ​သေးဘူး။ ပြီး​တော့ ခါးရိုးကျိုးပြီး အာရုံ​ကျောထိသွားတဲ့သူ​တွေ ​​ခြေ​ထောက်​​တွေကျိုးလို့​ ကျောက်​ပတ်​တီးစီးထားရပြီး ​ခြေ​ထောက်​​တွေ ​ရောင်​ရမ်း​နေကြတဲ့ ကျမတို့ အလုပ်​သမား​တွေကို ​ဆေးရုံမှာ ၁ လလုံးလုံး ထားရမှာ​ဆိုတာ မဖြစ်​သင့်ဘူး။ အလုပ်​ရှင်​ဘက်​ကလည်း ကိုယ်​တိုင်​လာ​ရောက်​ကြည်​ဘရူပြီး နှစ်​သိမ့်အား​ပေး စကား​ပြောတာ မျိုး ခုချိန်​ထိ မရှိ​သေးဘူး။ ကျမတို့က​တော့ တက်စစ်​​ဆေးကုသ​ပေးမယ့် ဆေးရုံကိုဘဲ အမြန်​ဆုံး ​ပြောင်း​ရွှေ့ကုသ​ချင်​တယ်။ ဒီအတိုင်း ဆက်​ထားမယ်​၊ ပစ်​ထားမယ်​ဆိုရင်​ ကျမတို့က သက်​ဆိုင်​ရာကို တင်​ပြပြီး တရားစွဲဆိုသွားမယ်”​လို့ ပြောပါတယ်​။ Ve Ve အချိုရည်​ စက်​ရုံတာဝန်​ခံမန်​​နေဂျာ ကိုချမ်းငြိမ်းက “ကျ​နော်​တိုစက်​ရုံဘက်​က​တော့ အလုပ်​သမား​တွေကို ဖြစ်​ဖြစ်​ချင်း မန္တ​လေးပြည်​သူ့​ ဆေးရုံကို ပို့​ပေးခဲ့သလို ဆရာဝန်​ကြီးနဲ့ ​ဆေးရုံအုပ်​ကြီးရဲ့ လမ်းညွှန်​ချက်​အတိုင်း ကျ​နော်​တို့ အလုပ်​သမား​တွေကို ကုသ​ပေး​နေပါတယ်​။ ပြီး​တော့သူတို့ရဲ့ စားစရိတ်၊​ ကုသစရိတ်​ကိုလည်း လို​လေ​သေးမရှိ​အောင်​ ကူညီ​ပေးထားတယ်​” လို့ ​ ပြောပါတယ်​။
3 years Ago
Up