V-Day

December 8, 2020

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမည့် V-Day အစီအစဉ် ဗြိတိန် စတင်

‘V-Day’ လို့ခေါ်တဲ့ ကိုဗစ်ကာကွယ်ဆေး အစုလိုက်ထိုးနှံတဲ့ အစီအစဉ်ကို ဒီကနေ့ ဒီဇင်ဘာ ၈ ရက်က ဗြိတိန်မှာ စတင်လိုက်ပါတယ်။ ဒီအစီအစဉ်ဟာ ထိခိုက်လွယ်ဆုံးသူတွေကို ကာကွယ်ဖို့နဲ့ ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ ရည်ရွယ်ပါတယ်။ ဗြိတိန်တဝန်းက ဆေးရုံ ၇၀ မှာ အသက် ၈၀ နဲ့အထက် လူကြီးတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဖိုင်ဇာအင်န်ဘိုင်အိုအင်န်တက်ခ် (Pfizer/BioNTech) ကာကွယ်ဆေးထိုးဖို့ ပြင်ဆင်နေပါတယ်။  ပြီးခဲ့တဲ့သီတင်းပတ်က ခွင့်ပြုချက်ရပြီးနောက်မှာ ဗြိတိန်ဟာ ကမ္ဘာမှာ ဖိုင်ဇာကိုဗစ် ကာကွယ်ဆေးကို ပထမဆုံး စအသုံးပြုမယ့်နိုင်ငံ ဖြစ်လာမှာပါ။ ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့က “အခုတော့ ဥမင်အဆုံးမှာ အလင်းရောင်ကို တွေ့ပြီ။ V-dayက ရောဂါဆိုးကြီး တိုက်ထုတ်ရာမှာ အရေးပါတဲ့ အချိန်အခိုက်အတန့်ဖြစ်တယ် ” လို့ ပြောပါတယ်။  ကာကွယ်ဆေး အထိုးခံမယ့်သူတွေဟာ စကော့တလန်မှာ အရင်ဆုံး ထိုးနှံခံရမှာဖြစ်ပြီး ဝေလနဲ့ မြောက်အိုင်ယာလန်မှာတော့ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေး ထိုးနှံသွားမယ်လို့ ဘီဘီစီသတင်းက ဖော်ပြပါတယ်။
4 months Ago
Up