ဦးဝင်းတင်

May 27, 2011

ဦးဝင်းတင် အာရှတော်ဝင်ဆေးရုံတွင် ကုသမှုခံယူ

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ထိပ်ပိုင်း​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ဦး​ဝင်း​တင်ဟာ ​မေလ ၂၆ ရက်​နေ့​ ည​နေမှာ ရန်ကုန်မြို့​ အာရှ​တော်ဝင်​ဆေး​ရုံမှာ တက်​ရောက်ကုသမှု ခံယူ​နေပါတယ်။ အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့​ ဦး​ဝင်း​တင်ဟာ အခု ​မေလဆန်း​ ၉ ရက်​နေ့​ ရှမ်း​ပြည်နယ်က ဆရာ ဒဂုန်တာရာရဲ့​ ​မွေး​နေ့​ပွဲကအပြန် ဘယ်ဘက်​ပေါင်မှာ ​ရေယုန်လိုအနာမျိုး​ပေါက်ပြီး​ ကုသရာ အနာက တဖြည်း​ ဖြည်း​ကြီး​လာပြီး​ ​ဆေး​ရုံတက်ရတာလို့​ အဖွဲ့​ချုပ်ရဲ့​ ​ပြောခွင့်​ရသူ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။ “​ဆေး​လိမ်း​လို့​ အ​ရေပြား​လောင်တာလိုလို ​ရေယုံလိုလို ဘယ်ဘက်​ပေါင်မှာ ဖြစ်တာ။ အဲဒီဟာကို ​ဆေး​တွေ ကုရင်း​ကုရင်း​နဲ့​ အနာက ပိုရင်း​လာတယ်။ အနာက နာ​တော့​ ​ဆေး​တွေ​သောက်ရင်း​သောက်ရင်း​နဲ့​ အား​နည်း​လာပြီး​ အခု​တော့​ အသည်း​ရော၊​ နှလုံး​ရော ပြန်စစ်​ဆေး​ရမယ်ဆိုပြီး​တော့​ အာရှ​တော်ဝင်​ဆေး​ရုံမှာ တင်ထား​လိုက်တာပဲ။” ဆေး​ရုံတက်​နေရတဲ့​အတွက် ဦး​ဝင်း​တင်ဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်မှာ ဒီက​နေ့​ကျင်း​ပတဲ့​ ၁၉၉၀ ပြည့်​နှစ် ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲ ​အောင်ပွဲ​နေ့​အခမ်း​အနား​ကို တက်​ရောက်နိုင်ခြင်း​ မရှိပါဘူး​။ ဦး​ဝင်း​တင်ဟာ ​ဆေး​ရုံမှာ အနည်း​ဆုံး​ ၅ ရက်​လောက် ကုသမှုခံယူရဖွယ်ရှိတယ်လို့​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။ တပ်မ​တော်အစိုး​ရက အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဗဟိုအလုပ်အမှု​ဆောင်​ကော်မတီ ဦး​ဝင်း​တင်ကို ၁၉၈၉ ခုနှစ် ဇူလိုင်လမှာ ​ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့​ရပြီး​ ​ထောင်တွင်း​မှာ ၁၉ နှစ်​ကျော် ​နေခဲ့​ရပါတယ်။ ဦး​ဝင်း​တင်ဟာ ​ချောင်း​ဆိုး​၊​ ရင်ကျပ် ​ရောဂါအခံရှိပြီး​ ၂၀၀၉ ခုနှစ်ကလည်း​ နှလုံး​နဲ့​ပတ်သက်ပြီး​ အာရှ ​တော်ဝင်​ဆေး​ခန်း​မှာ တက်​ရောက် ခွဲစိတ်ကုသဖူး​ပါတယ်။
10 years Ago
Up