USS မွန်တေရီစစ်သင်္ဘာ

May 10, 2021

USS မွန်တေရီစစ်သင်္ဘာက အာရေဗျပင်လယ်အတွင်း မှောင်ခိုလက်နက်များ သိမ်းဆည်းရမိ

အမေရိကန်ရေတပ်ရဲ့ ပဲ့ထိန်း ဒုံးကျည်သုံး တိုက်ခိုက်ရေးစစ်သင်္ဘော USS မွန်တေရီ (CG 61) ဟာ အာရေဗျပင်လယ် မြောက်ပိုင်းက နိုင်ငံတကာရေပိုင်နက်မှာ မေ ၆ နဲ့ ၇ ရက်နေ့တွေက နိုင်ငံအလံလွှင့်မထားတဲ့ ရွက်လှေတစ်စင်းပေါ်ကနေ တရားမဝင် လက်နက်တွေ သိမ်းဆည်းရမိ ခဲ့တယ်လို့ အမေရိကန်ရေတပ်ရဲ့ အမှတ် ၅ ရေတပ်အုပ်စုက မေ ၈ ရက်မှာ ပြောပါတယ်။

ရုရှားလုပ် အဆင့်မြင့် တင့်ဖျက်ပဲ့ထိန်းဒုံးကျည် ဒါဇင်ချီအပါအဝင် ကျည်ကဒ်တွေ၊ တရုတ်လုပ်တိုက်ခိုက်ရေးရိုင်ဖယ် ထောင်ချီနဲ့ PKM စက်သေနတ်တွေ၊ စနိုက်ပါရိုင်ဖယ်တွေနဲ့ ဒုံးပစ် လောင်ချာတွေ ဗုံးသီး လောင်ချာတွေ ရာချီဖမ်းမိပြီး တခြား မှန်ပြောင်းအပါအဝင် လက်နက် ပံ့ပိုးမှု ပစ္စည်းတွေလည်းပါတယ်လို့ ဘာရိန်းနိုင်ငံအခြေစိုက်အမေရိကန်ရေတပ်က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

တရားမဝင် ပစ္စည်းတွေကို ဖယ်ရှားကာ လှေပေါ်က လူတွေကို မေးမြန်း စစ်ဆေးအပြီး လှေကိုလည်း ပင်လယ်ပြင် ခရီးအတွက် ခိုင်ခံ့မှု ရှိ၊ မရှိ စစ်ဆေးခဲ့တဲ့အပြင် လှေသားတွေကို ပြန်မလွှတ်ခင် စားစရာနဲ့ ရေတွေ ပံ့ပိုးပေးခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။

  ဒီပစ္စည်းတွေ ဘယ်က လာပြီး ဘယ်ကိုပို့မလို့လည်း ဆိုတာ စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး ပစ္စည်းတွေကိုတော့ အမေရိကန်က ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

7 months Ago
Up