US Open တင်းနစ်ပြိုင်ပွဲ

A d v e r t i s e m e n t With Us

June 16, 2020

US Open တင်းနစ်ပြိုင်ပွဲ သြဂုတ် ၃၁ ရက်နေ့ ကွင်းပိတ်ကျင်းပမည်

US Open တင်းနစ်ပြိုင်ပွဲကို လာမယ့် သြဂုတ် ၃၁ ရက်မှာ ကွင်းပိတ် ကျင်းပသွားဖို့ ပြင်ဆင်နေပါတယ်။  ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံတကာတင်းနစ်ပွဲစဉ်တွေကို ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။  US Open ပြိုင်ပွဲကို သြဂုတ်လအတွင်းမှာ နှစ်စဉ် ကျင်းပလေ့ရှိတာပါ။  ATP Tour နဲ့ အမျိုးသမီးတင်းနစ်အဖွဲ့အစည်းတွေအနေနဲ့ US Open ပြိုင်ပွဲကျင်းပခွင့်အတွက် သြဂုတ်လမှာ အတည်ပြုပေးလိမ့်မယ်လို့ သိရပါတယ်။  အမေရိကန် တင်းနစ်အဖွဲ့ချုပ်ဘက်ကလည်း ပြိုင်ပွဲကျင်းပခွင့်အတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။  အမေရိကန် တင်းနစ်အဖွဲ့ချုပ်ဘက်ကတော့ မကြာခင် ပြိုင်ပွဲကျင်းပမယ့်ရက်ကို တရားဝင် ကြေညာပေးသွားမယ်လို့ပြောပါတယ်။  ပရော်ဖက်ရှင်နယ် တင်းနစ်ပြိုင်ပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့မတ်လကတည်းက ရပ်နားထားတာပါ။  ဝင်ဘယ်လ်တန်အိုးပင်းပြိုင်ပွဲကို ဖျက်သိမ်းခဲ့ရသလို ပြင်သစ်အိုးပင်းပြိုင်ပွဲကိုတော့ လာမယ့် စက်တင်ဘာလမှာ ကျင်းပဖို့ ရက် ရွှေ့ဆိုင်းခဲ့ရပါတယ်။
9 months Ago
Up