Underwater

January 3, 2020

ခရစ္စတင်းစတီးဝပ် ပါဝင်သည့် လျှို့ဝှက်သည်းဖို သိပ္ပံဆန်းကြယ်ရုပ်ရှင်-Underwater(နမူနာ)

လျှို့ဝှက်သည်းဖိုသိပ္ပံဆန်းကြယ်အမျိုးအစား ဟောလိဝုဒ်ရုပ်ရှင်ကားတကားဖြစ်တဲ့ Underwater ကို လာမယ့် ဇန်နဝါရီလ ၁၀ ရက်နေ့ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။  ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမွဏီ 20th Century Fox က ဖြန့်ချိပေးသွားမှာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ William Eubank က ရိုက်ကူးပုံ ဖော်ပေးထားတာပါ။  ဒီရုပ်ရှင်ကားထဲမှာတော့ ငလျင်လှုပ်ခတ်မှုကြောင့် သမုဒ္ဒရာ ရေအောက်စခန်း ပျက်စီးသွားချိန်မှာ သုတေသီ ၆ ယောက်ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အကြောင်းကို ရှုစားကြရမှာ ဖြစ်ပါတယ်။  သူတို့ ဒီအခြေအနေက လွတ်မြောက်အောင် ဘယ်လိုတွေ ဆက်ပြီးလုပ်ကြမလဲ၊ ရေအောက်မှာ ဘယ်လိုသွေးပျက်ထိတ်လန့်စရာကောင်းတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ကြရဦးမလဲဆိုတာကိုတော့ ဒီကားထဲမှာ ပရိသတ်တွေ ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ Twilight ရုပ်ရှင်စီးရီးတွေနဲ့ နာမည်ကြီးတဲ့ ဟောလိဝုဒ်သရုပ် ဆောင်မင်းသမီး Kristen Stewart နဲ့အတူ တခြားသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Vincent Cassel ၊ Jessica Henwick၊ John Gallagher Jr.၊ Mamoudou Athie နဲ့ T.J. Miller တို့က ပါဝင်ထားကြပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Di‌alog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။  ဒီရုပ်ရှင်ကို ဘတ်ဂျတ်အမေရိကန်ဒေါ်လာသန်း ၈၀ အကုန်အကျခံရိုက်ကူးထားတာ ဖြစ်ပါတယ်။  လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ယူကျုဘ်ပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်းခွဲနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။   ကြာမြင့်ချိန် ၉၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ လာမယ့် ဇန်နဝါရီလ ၁၀ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
2 years Ago
Up