UEFA Nations League

November 18, 2020

UEFA Nations League ပြိုင်ပွဲ၌ စပိန်က ဂျာမနီကို  ၆ ဂိုးပြတ်နိုင် (ရုပ်သံ)

ဒီနေ့ မနက် ကစားတဲ့  UEFA Nations League ပြိုင်ပွဲမှာ စပိန်အသင်းဟာ  ဂျာမနီအသင်းကို ၆ ဂိုးပြတ် အနိုင်ရလိုက်ပါတယ်။  စပိန်အတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၇ မိနစ်မှာ ဖာဘီယန်ရုဇ်ရဲ့ ထောင့်ကန်ဘောကနေ မိုရာတာက ခေါင်းတိုက်သွင်းခဲ့တာပါ။  ဒုတိယဂိုးကတော့ ပွဲချိန် ၃၃ မိနစ်မှာ ဂျာမနီဂိုးသမား ပုတ်ထုတ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ဖယ်ရန်တောရက်စ်က ကန်သွင်းယူခဲ့ပါတယ်။ ၃၈ မိနစ်မှာ ရိုဒရီ ခေါင်းတိုက်ပြီး တတိယဂိုး သွင်းယူခဲ့ပါတယ်။  ဒုတိယပိုင်း ၅၅ မိနစ်မှာ ဖယ်ရန်တောရက်စ်က ဂိုးသမားနဲ့ အနီးကပ်အနေအထားကနေ ကန်သွင်းပြီး စတုတ္ထဂိုး သွင်းယူခဲ့ပါတယ်။  ၇၁ မိနစ်မှာ ဖယ်ရန်တောရက်စ်နဲ့ ၈၉ မိနစ်မှာ အော်ယာဇာဘယ်လ်က အသီးသီး သွင်းယူခဲ့ကြတာပါ။  League A ရဲ့ Group 4 မှာ  စပိန်အသင်းဟာ ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၁ နေရာကို ရယူနိုင်ခဲ့ပြီး ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်သွားပါတယ်။
1 year Ago
Up