UBP ပါတီ

June 18, 2020

သူရဦးရွှေမန်းပါတီ မဲဆန္ဒနယ်အားလုံး၏ထက်ဝက် အနိုင်ရရန်နှင့် အစိုးရဖွဲ့ရန် မျှော်မှန်း 

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ပါတီအနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အားလုံးရဲ့ ၄၀ ၊ ၅၀ ရာခိုင်နှုန်းအတွင်း  အနိုင်ရရှိဖို့နဲ့ အစိုးရဖွဲ့ဖို့ မျှော်မှန်းထားတယ်လို့ ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိပေမယ့် ဘယ်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတာတော့ မဆုံးဖြတ်ရသေးဘူးလို့ သူရဦးရွှေမန်းက ဇွန်လ ၁၈ ရက်က အွန်လိုင်းကနေ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  ပြောဆိုတာပါ။ UBP  ပါတီက   လာမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အားလုံးရဲ့ ၄၀ ၊ ၅၀ ရာခိုင်နှုန်းအတွင်း  အနိုင်ရရှိဖို့ မျှော်မှန်းထားပြီး  ပါတီကနေ အစိုးရ တစ်ရပ် ဖွဲ့စည်းနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ သူရ ဦးရွှေမန်းက ဆိုပါတယ်။ ပါတီဟာ ရွေးကောက်ပွဲအတွက်  ဗဟိုဦးစီးစနစ်နဲ့မသွားဘဲ မြို့နယ်အခြေခံတဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကိုသာ စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။ မြို့နယ်ပေါင်း ၃၃၀ ကျော်ရှိတဲ့အထဲ   မြို့နယ် ၂၅၀ ကျော်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့  ပြင်ဆင်ထားပါတယ်။  ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီကိုယ်စားလှယ်လောင်း အယောက် ၉၀၀ လောက် လျာထားပြင်ဆင်ထားပြီး သက်ဆိုင်ရာဗဟိုကနေ အပြီးသတ် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ UBP  ပါတီက တိုင်းဒေသကြီးတွေ အားလုံးနီးပါးမှာ ပါတီလုပ်ငန်းတွေ ဆောင်ရွက်နေကာ ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ  မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ UBP ပါတီ ရုံးခွဲတွေ ဖွင့်လှစ်ထားပြီး ရပ်ကွက်ကျေးရွာအုပ်စုပေါင်း  ၈၀၀၀ ကျော်မှာ ပါတီရုံးခွဲတွေ ဖွင့်လှစ်ထားပါတယ်။  နန့်ခိုင် ဓာတ်ပုံ- UBP
2 years Ago

June 10, 2020

သူရ ဦးရွှေမန်း၏ UBP ပါတီ မြို့နယ်  ၂၅၀ ကျော်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည်

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မြို့နယ်ပေါင်း ၂၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြည်ထောင်စု ကောင်းကျိုးဆောင် (UBP) ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။ “မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ဝင်ရောက်ယှဉ်ပြိုင်ပါမယ်။ ကိုယ်စားလှယ်ကတော့ ၉၀၀ နဲ့ ၁၀၀၀ ကြားလောက်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်”လို့ သူရဦးရွှေမန်းက ပြောပါတယ်။ ပါတီအနေနဲ့ မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ရုံးခွဲတွေဖွင့်လှစ်ထားပြီး ရပ်ကွက် ကျေးရွာ အုပ်စုပေါင်း ၈၀၀၀ ကျော်မှာလည်း ရုံးခွဲတွေ ဖွင့်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်း ကျင်းပသွားမယ်လို့  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောဆိုထားပါတယ်။
2 years Ago
Up