U.S. marines learn how to survive in tropical rain forest

February 19, 2017

အမေရိကန် စစ်ရေးလေ့ကျင့်မှု၊ အဆိပ်ပြင်းမြွေဟောက်ကို ဘယ်လို ကိုင်တွယ်မလဲ (ရုပ်သံ)

အမေရိကန် ကမ်းတက် တပ်ဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံမှာ လုပ်နေတဲ့ ဆယ်ရက်ကြာ စစ်ရေး လေ့ကျင့်မှုအတွင်း အပူပိုင်း မုတ်သုံ တောနက်ထဲမှာ ရှင်သန်ခြင်း သင်တန်းကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က ပါဝင် လေ့ကျင့်ပါတယ်။ ချန်တာဘူရီ ခရိုင်မှာ လေ့ကျင့်မှုအတွင်း သစ်တောထဲမှာ အဆိပ်ပြင်းနဲ့ အဆိပ်မရှိတဲ့ မြွေတွေကို ဘယ်လို ခွဲခြားမလဲ ဆိုတာတွေလည်း ပါဝင်ပါတယ်။ တောကြီး မြေဟောက်ကို ဘယ်လိုရှောင်ရှား ကိုင်တွယ်မလဲ ဆိုတာကို ကမ်းတက် တပ်ဖွဲ့ဝင်တွေကို သင်ကြားရေး ညွှန်ကြားချက်လည်း ပါပါတယ်။ ဒီတောကြီးမြွေဟောက်ဟာ အကိုက်ခံရရင် ၃ မိနစ် အတွင်း သေဆုံးနိုင်ပါတယ်၊ နှစ်စဉ်ကျင်းပနေကျ ကော့ဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှုဟာ ဒီမြွေရဲ့ နာမည်ကို အစွဲပြု မှည့်ခေါ် ခဲ့တာပါ။ ရေငတ်ပြေဖို့ ရေကို အစားထိုးတဲ့ အနေနဲ့ မြွေသွေးကို သောက်နိုင်တယ်လို့ ထိုင်းစစ်သားတွေက ပြောပါတယ်။ ၂၀၀၉ ခုနှစ်က ကမ်းတက် တပ်ဖွဲ့ စစ်သင်တန်း စတင်ခဲ့တဲ့ ထိုင်းနည်းပြ ပိုင်ရော့ ပရာစာန်စိုင်က ဒီလေ့ကျင့်ခန်းဟာ အမေရိကန် စစ်သားတွေကြား လူကြိုက်အများဆုံးထဲက တခုပဲ လို့ ပြောပါတယ်။ အမေရိကန် မရိင်း တပ်သားတွေနဲ့ အတူ တခြားနိုင်ငံတွေက စစ်ဘက် အရာရှိ ၂၉ ယောက်လည်း ဒီလေ့ကျင့်မှုမှာ ပါဝင်ခဲ့ပါတယ်။ ကော့ဘရာဂိုးလ် စစ်ရေး လေ့ကျင့်မှုကို အာရှပစိဖိတ် ဒေသအတွင်း စစ်ဘက်ဆက်ဆံရေး အားဖြည့်ဖို့ ရည်ရွယ် လေ့ကျင့်နေတာပါ။
4 years Ago
Up