Twilight မင်းသမီး

A d v e r t i s e m e n t With Us

December 18, 2019

ဟောလိဝုဒ်စတား Twilight မင်းသမီး ခရစ္စတင်းစတီးဝပ် ပါဝင်သည့် ရုပ်ရှင် - Seberg (နမူနာ)

ထူးခြားတဲ့ နိုင်ငံရေးနောက်ခံ အတ္ထုပ္ပတ္တိဒရာမာအမျိုးအစား ရုပ်ရှင်ကားတကား ဖြစ်တဲ့ Seberg ကို နိုင်ငံတကာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ကတည်းက ရုံ တင်ပြသနေပါတယ်။ ဒီကားကိုတော့ Amazon Studios နဲ့ Universal Pictures တို့ကနေ ဖြန့်ချိပေးသွားမှာဖြစ်ပြီး ဩစတေးလျ ရုပ်ရှင်ဒါရိုက်တာ Benedict Andrews က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကတော့ ၁၉၆၀ နှောင်းပိုင်းကာလတွေက အခင်းအကျင်းတွေနဲ့အတူ အဲဒီခေတ်ကာလမှာ ထင်ရှားခဲ့တဲ့ French New Wave စတား ဟောလိဝုဒ်မင်းသမီး Jean Seberg ရဲ့ အကြောင်းကို ရိုက်ကူးပုံဖော်ထားခဲ့တာပါ။ ထူးခြားတာကတော့ မင်းသမီးဟာ သရုပ်ဆောင်လောကကနေ နိုင်ငံရေးလောကထဲ ဘယ်လို ရောက်ရှိလာခဲ့သလဲ။ နိုင်ငံသားအခွင့်အရေး တက်ကြွလှုပ်ရှားသူတဦး ဖြစ်တဲ့ Hakim Jamal နဲ့ နှစ်ယောက်ကြား အချစ်ရေးနဲ့အတူ FBI ရဲ့ ပစ်မှတ်တခု ဖြစ်လာခဲ့ပုံတွေကို ရုပ်ရှင်အနေနဲ့ ဘယ်လို ရိုက်ကူးပုံဖော်ထားမလဲ ဆိုတာကို ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ အဓိကဇာတ်ကောင်မင်းသမီး နေရာမှာ Twilight ရုပ်ရှင်စီးရီးတွေနဲ့ နာမည်ကြီးခဲ့တဲ့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး Kristen Stewart က ပါဝင်ထားပြီး သူနဲ့အတူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Anthony Mackie ၊ Jack O' Connell ၊ Margaret Qualley ၊ Zazie Beetz စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ယူကျုဘ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇ သိန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကို နာမည်ကျော် ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Venice Film Festival မှာ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက ကနဦးပြသခဲ့ပြီး ချီးကျုးမှုတွေလည်း ရရှိထားပါတယ်။
1 year Ago
Up