TTAJ

May 24, 2021

တိုကျိုမြို့တွင် မြန်မာ့နွေဦးတော်လှန်‌ရေးအကြောင်း လက်ကမ်းစာစောင်ဖြန့်ဝေ

ဂျပန်ရောက်မြန်မာ့အရေးလှုပ်ရှားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့  (TTAJ)  အဖွဲ့ဟာ မေ ၂၃ ရက်နေ့က မြန်မာနိုင်ငံရဲ့အခြေအနေကို ဂျပန်ပြည်သူတွေ ပိုသိလာစေဖို့  လက်ကမ်းစာစောင် ဖြန့်ဝေတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

တင်းကျပ်ထားတဲ့ ကိုဗစ်စည်းကမ်းတွေနဲ့ အညီ  တိုကျိုမြို့က Akabane ဘူတာမှာ လက်ကမ်းစာစောင်နဲ့  တစ်ရှူးစက္ကူတွေ ဝေငှခဲ့ကြတာပါ။

လက်ကမ်းစာစောင်ပေါင်း ၁၆၀၀ ကျော်နဲ့ တစ်ရှူး အခုရေ  ၁၆၀၀ ဝန်းကျင်ကို ဂျပန်ပြည်သူပြည်သားတွေဆီ ဝေငှပေးနိုင်ခဲ့ပြီး နွေဦးတော်လှန်ရေး၊ သွေးသစ္စာ၊ အလိုမရှိ ဆိုတဲ့သီချင်း ၃ ပုဒ်ကိုလည်း ဂစ်တာတီး သရုပ်ဖော်ခဲ့တယ်လို့ ပါ၀င်သူတယောက်က ပြောပါတယ်။ ဂျပန်ပြည်သူတွေကလည်း လက် ၃ ချောင်းထောင်ပြီး အားပေးစကားတွေ ပြောခဲ့ကြပါတယ်။

6 months Ago
Up