Trolls World Tour

March 17, 2020

အမေရိကန်ကုမ္ပဏီ ယူနီဗာဆယ်ထုတ် ရုပ်ရှင်များ အိမ်တွင် ကြည့်ရှုနိုင်ရန် စီစဉ်ပေးမည်

အမေရိကန်ရုပ်ရှင်ကုမ္ပဏီ ယူနီဗာဆယ်က ထုတ်လုပ်တဲ့ ရုပ်ရှင်တွေကို ရုံတင်နေ့မှာပဲ  အိမ်မှာ ကြည့်ရှုနိုင်အောင် ပြုလုပ်သွားမယ်လို့ ရုပ်ရှင်ကုမ္ပဏီက မတ် ၁၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။  ဧပြီ ၁၀ ရက်မှာ ရုံတင်မယ့်"Trolls World Tour" ရုပ်ရှင်နဲ့ စပြီး ရုံနဲ့အပြိုင် အိမ်မှာ ကြည့်ရှုနိုင်အောင် စီစဉ်သွားမှာပါ။  ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ချိန်မှာ ရုပ်ရှင်ကြည့်ပရိသတ်ရဲ့  အပြုအမူပိုင်း ပြောင်းလဲလာတာကို တုံ့ပြန်ပြီး NBC ယူနီဗာဆယ်က ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။  ဒီဆုံးဖြတ်ချက်ဟာ ရုံတင်ရုပ်ရှင်တွေကို တခြားပလက်ဖောင်းတွေမှာ မပြသခင် ပုံမှန် ရက်ပေါင်း ၉၀ ရုပ်ရှင်ရုံမှာပဲ ပြသတဲ့ အစဉ်အလာကို ကမောက်ကမဖြစ်စေခဲ့ပါတယ်။  NBC ယူနီဗာဆယ်အနေနဲ့ ဆင့်ကဲပြောင်းလဲ လာတဲ့အခြေအနေကို  ဆက်လက်သုံးသပ်ပြီး အခြေအနေပြောင်းလဲတဲ့အခါ ဗျူဟာပိုင်းကိုလည်း ပြန်ပြောင်းလဲသွားမယ်လို့ ကုမ္ပဏီက သတင်းထုတ်ပြန်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှာကို စိုးရိမ်ပြီး နယူးယောက်နဲ့ လော့စ်အိန်ဂျလိစ်က ရုပ်ရှင်ရုံတွေကို ပိတ်ပစ်ဖို့ မတ်လ ၁၅ ရက်ညမှာ  မြို့တော်ဝန်တွေက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။  ရုပ်ရှင်ကြည့်သူတွေ အိမ်မှာပဲ နေကြပြီး  ရုံမှာရုပ်ရှင်ကြည့်သူတွေ နည်းပါးသွားတာမို့ မတ်လ ၁၃ ရက်နဲ့ ၁၅ ရက်အတွင်း မြောက်အမေရိက ရုံတင်ရုပ်ရှင်တွေရဲ့ ဝင်ငွေဟာ ဆယ်စုနှစ် နှစ်ခုကျော် အတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်သွားခဲ့တယ်လို့ Comscore မီဒီယာကုမ္ပဏီ ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။
2 years Ago
Up