Train to Busan 2

A d v e r t i s e m e n t With Us

April 2, 2020

နာမည်ကြီးကိုရီးယားရုပ်ရှင် Train to Busan 2 - Teaser ထွက်ရှိ(ရုပ်သံ)

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပြီး အောင်မြင်ခဲ့တဲ့ နာမည်ကြီး ကိုရီးယားရုပ်ရှင် Train to Busan ရဲ့ နောက်ဆက်တွဲရုပ်ရှင် Teaser ထွက်ရှိလာခဲ့ပါတယ်။ သွေးပျက်ထိတ်လန့်စရာ ဇာတ်ဝင်ခန်းတွေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ Train to Busan ရုပ်ရှင်ကားဟာ ကူးစက်ပြန့်ပွားလွယ်တဲ့ အင်းဆက်ပိုးကနေတဆင့် ဖြစ်ပွားလာတဲ့ ရောဂါကြောင့် လူသားတွေအဖြစ်ကနေ ဖုတ်ကောင်တွေ ဖြစ်လာခဲ့ကြတဲ့အကြောင်း ဇာတ်လမ်းဆင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ Yeon Sang-ho က ရိုက်ကူးထားတာဖြစ်ပြီး သရုပ် ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Gong Yoo၊ Jung Yu-mi နဲ့ Ma Dong-seok တို့က ခေါင်းဆောင်ပါဝင်ထားကြပါတယ်။ ကန့်သတ်ထားတဲ့ အချိန်ကာလ အပိုင်းအခြားတခုမှာ ဒါပြီးရင် ဘာတွေဆက်ဖြစ် လာမဆဲဆိုပြီး ရင်တထိတ်ထိတ်နဲ့ ရှုစားခဲ့ကြရတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ဖမ်းစားနိုင်ခဲ့တဲ့ ဒီကားရဲ့ နောက်ဆက်တွဲရုပ်ရှင်ကိုတော့ Pennisula လို အမည်ပေးထားခဲ့ပြီး ပရိသတ်တွေကြား စိတ်ဝင်စားမှုတွေလည်း မြင့်တက်နေခဲ့တာပါ။ အခုရုပ်ရှင်ကားသစ်ကိုတော့ အရင်ကားကို ရိုက်တဲ့ ရုပ်ရှင်ဒါရိုက်တာ Yeon Sang-ho ကပဲ ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် Gang Dong-won ၊ Lee Jung-hyun နဲ့ Lee Re တို့က ပါဝင်လာခဲ့တာပါ။ ၂၀၁၆ ထွက်ရုပ်ရှင် Train to Busan ကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၈ ဒ ဿမ ၅ သန်း အကုန်အကျခံရိုက်ကူးခဲ့ပြီး Box office မှာတော့ အမေရိကန်ဒေါ်လာ ၉၈ ဒဿမ ၅ သန်း ပြန်လည်ရရှိခဲ့တာမို့ စံချိန်တင်အောင်မြင်တဲ့ ရုပ်ရှင်ကားတကားဖြစ်လာခဲ့တာပါ။ ခုလာမယ့် ဩဂုတ်လမှာ ရုံတင်ပြသသွားဖွယ်ရှိနေတဲ့ Train to Busan 2 ကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ ၁၆ သန်း အကုန်အကျခံရိုက်ကူးထားတာမို့ ဒီရုပ်ရှင်ကရော အချိန် ၄ နှစ်အကြာ အရင်ရုပ်ရှင်ကားထက် ရုံတင်ဝင်ငွေစံချိန်ချိုးနိုင်ပါ့မလားဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
11 months Ago
Up