"TOI 1338 b"

January 12, 2020

အမေရိကန် ဆယ်ကျော်သက်ကျောင်းသား  ဂြိုဟ်သစ်တလုံး တွေ့ရှိ

အမေရိကန်အမျိုးသား အာကာသနဲ့နက္ခတ္တဗေဒစီမံရေးရုံးမှာ နွေရာသီအလုပ်သင်အဖြစ် ၃ ရက် လာရောက် အလုပ်ဆင်းတဲ့ ဆယ်ကျော်သက်ကျောင်းသား ဝုဖ်စူကီယာဟာ ဂြိုဟ်သစ် တလုံးကို ရှာတွေ့ခဲ့တယ်လို့ ဇန်နဝါရီ ၆ ရက်မှာ ပြောပါတယ်။  အသက် ၁၇ နှစ်အရွယ် ကျောင်းသားဟာ ဂြိုဟ်တွေကို စစ်တမ်းကောက်နေတဲ့ ဂြိုဟ်တု TESS ကနေ စုဆောင်းပေးပို့ထားတဲ့ သတင်းအချက်အလက်တွေကို သုံးသပ်စစ်ဆေးအပြီးမှာ နေ အဖွဲ့အစည်းအတွင်းက ကြယ်တွေရဲ့ လှုပ်ရှားမှုတွေ မူမမှန်တာကို ထောက်လှမ်းနိုင်ခဲ့တာပါ။  မူမမှန်တာတွေကို စစ်ဆေးအပြီး ဂြိုဟ်တလုံးကို သူက နောက်ပိုင်းမှာ ရှာတွေ့ခဲ့ပါတယ်။ ဂြိုဟ်အများစုကို ကြယ်တလုံးကသာ ပတ်နေလေ့ ရှိပေမယ့် "TOI 1338 b" လို့ နာမည်ပေးထားတဲ့ဂြိုဟ်မှာတော့  ကြယ်၂ လုံးက ပတ်နေပါတယ်။ မနှစ်က မေရီလန်းပြည်နယ် ဂေါ့ဒဒ်အာကာသပျံသန်းရေးဌာနမှာ နွေရာသီအလုပ်သင်အဖြစ် သင်တန်းဆင်းနေချိန် ဒီဂြိုဟ်ကို ရှာတွေ့ခဲ့လို့ စူကီယာဟာ သူ့ဆရာတွေနဲ့အတူ ဂြိုဟ်နဲ့ပတ်သက်တဲ့ စာတမ်းကို ပူးတွဲရေးသားသူ ဖြစ်လာခဲ့ပါတယ်။  "TOI 1338 b" ဂြိုဟ်သစ်ဟာ TESS ဂြိုဟ်တုသုံးပြီး ရှာတွေ့တဲ့ ပထမဆုံးကြယ် ၂ လုံး ပတ်ဂြိုဟ်ဖြစ်လာပါတယ်။  ဒါ့အပြင် နာဆာက ဖော်ထုတ်နိုင်တဲ့ ၁၃ လုံးမြောက် ကြယ် ၂ လုံးပတ်ဂြိုဟ်လည်း ဖြစ်ပါ တယ်။  
1 year Ago
Up