TNLA နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား

December 15, 2017

TNLA နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ် မန်တုံမြို့နယ်ထဲမှာ ဒီဇင်ဘာ ၁၄ ရက် ညက  TNLA လက်နက်ကိုင်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ မန်တုံမြို့နယ် မန်ဆာကျေးရွာနဲ့ ခိုက်အော်ကျေးရွာကြားမှာ မနေ့ ညနေ  ၁၇း၂၅ နာရီအချိန်မှ ၁၈း၀၀ နာရီအချိန်ထိ TNLA တပ်ရင်း ၁၀၁နဲ့  မြန်မာ့တပ်မတော်တပ်မ ၈၈ လက်အောက်ခံ  ခလရ ၃၄၄ တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားတာလို့ဆိုပါတယ်။ တိုက်ပွဲမှာ မြန်မာ့တပ်မတော်ဘက်က ၃ ဦး ကျဆုံးပြီး TNLA ဘက်က  ၁ ဦး ဒဏ်ရာရ တယ်လို့ TNLA ပြန်ကြားရေးက ထုတ်ပြန်ပေးမယ့်  သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
3 years Ago
Up