Tik Tok အက

October 25, 2018

ကြည့်ရှုသူ ၇ သိန်းကျော်ရှိ ချစ်စမ်းမောင်တို့ သားအဖ၏ မြူးမြူးကြွကြွ Tik Tok အက (ရုပ်သံ)

နာမည်ကြီး Iron Cross တီးဝိုင်းမှ ၀ါရင့် ဂစ်တာသမား ချစ်စမ်းမောင်တို့ သားအဖ ၂ ဦး TiK Tok မှာ မြူးမြူးကြွကြွကခုန်ထားကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ လတ်တလော ရေပန်းစားနေခဲ့ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို သမီးဖြစ်သူ ငဲငယ်လေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇ သိန်းကျော်ရှိနေခဲ့တာပါ။ ချစ်စမ်းမောင်ဟာ ဂီတလောကမှာ နာမည်ကြီးပြီး နှစ်ကာလကြာရှည် ရပ်တည်နိုင်ခဲ့တဲ့ အနုပညာရှင်တဦးဖြစ်သလို သမီးဖြစ်တဲ့ ငဲငယ်လေးဟာလည်း လက်ရှိမှာတော့ ဂီတလမ်း ကြောင်းပေါ်ကို လျှောက်လှမ်းနေပြီး တကိုယ်တော် တေးအယ်လ်ဘမ်တချပ်ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ချစ်စရာကောင်းတဲ့ ဂီတသားအဖ ၂ ဦးရဲ့ အပျော်တမ်းရိုက် ယူထားခဲ့တဲ့ ကကွက်တွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။
2 years Ago
Up