The Zero

November 18, 2021

The Zero အဖွဲ့က တော်လှန်ရေးရန်ပုံငွေ အွန်လိုင်းဂီတဖျော်ဖြေပွဲ ကျင်းပမည်

ထိမိတဲ့ သီချင်းတေးသွားစာသားတွေ၊ တမူထူးခြားတဲ့ သီဆိုဟန်တွေနဲ့ ပရိသတ်တွေ ကြား နာမည်ကြီးတဲ့ The Zero အဖွဲ့က တော်လှန်ရေးရန်ပုံငွေ အွန်လိုင်းဂီတဖျော်ဖြေပွဲတခုကို ကျင်းပသွားဖို့ ကြေညာထားပါတယ်။

ဒီပွဲကိုတော့ လာမယ့် နိုဝင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး လက်မှတ်ခကိုတော့ စင်ကာပူဒေါ်လာ ၁၅ ဒေါ်လာ၊ အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာနဲ့ မြန်မာငွေ ကျပ် ၁၅,၀၀၀ အသီးသီး သတ်မှတ်ထားတာ ဖြစ်ပြီး လက်မှတ်စရောင်းမယ့်နေ့နဲ့ အသေးစိတ်ကို မကြာခင်ကြေညာပေးသွားမယ်လို့ ဆိုပါတယ်။

“ဒီပွဲကနေရရှိသမျှ အကျိူးအမြတ် ၁၀၀ % ကို Care and Courage ကနေတဆင့် လိုအပ် သည့် နေရာများကို လှူဒါန်းသွားမှာပါ။ ကျတော်တို့ သီချင်းလေးတွေ Live နားထောင်ရင် လှုပေးကြပါဉီးခင်ဗျာ 🙏🏻 We Love you , Zero Addicts ❤️”

The Zero အဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ်အတန်ကြာကာလ ကတည်းက ထင်ရှားတဲ့ မြန်မာသီ ချင်းတွေရော၊ နိုင်ငံခြားသီချင်းတွေကိုပါ ကာဗာအနေနဲ့ သီဆိုခဲ့ရာကနေ နောက်ပိုင်းမှာ တော့ တဖြည်းဖြည်း ပရိသတ်တွေ သတိပြုမိလာခဲ့ကြတာဖြစ်ကာ ကိုယ်ပိုင်သီချင်းသစ်တွေနဲ့အတူ ဂီတအနုပညာ လှုပ်ရှားမှုတွေ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

သူတို့အဖွဲ့ရဲ့ One ၊ TO THE MOON AND BACK စတဲ့ တကိုယ်တော်တေးအယ်လ်ဘမ် တွေ ထွက်ရှိထားခဲ့ပြီဖြစ်ကာ Dear Crush ၊ ချိန်း၊ Lovely Wedding Day ၊ ပြာ ၊ Lumiere စတဲ့ သီချင်းတွေကတော့ သူ့ပရိသတ်တွေကြား ထင်ရှားတဲ့ သီချင်းတွေ ဖြစ်ပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေး ၉ လခွဲကျော်ကာလအတွင်း စစ်အာဏာရှင်ဆန့်ကျင်တော် လှန်ရေးမှာ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေနဲ့အတူ ရုပ်ရှင်၊ ဂီတအနုပညာရှင်တွေဟာလည်း ကျရာကဏ္ဍအသီးသီးကနေ တတပ်တအား ပါဝင်နေကြပါတယ်။

2 months Ago

November 19, 2020

ဒေါင်း၊ မေဂရေ့စ်တို့ သရုပ်ဆောင်ထားသည့် The Zero အဖွဲ့၏“ဆောင်းတွင်းနွေ”သီချင်း(ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)

ထိမိတဲ့ သီချင်းတေးသွားစာသားတွေ၊ တမူထူးခြားတဲ့ သီဆိုဟန်တွေနဲ့ ပရိသတ်တွေကြား နာ မည်ကြီးလာခဲ့တဲ့ The Zero အဖွဲ့ရဲ့ ကိုယ်ပိုင်သံစဉ် သီချင်းမြူးဇစ်ဗီဒီယိုတပုဒ် ထွက်ရှိလာခဲ့ပါ တယ်။ “ဆောင်းတွင်းနွေ”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး Shane Aung နဲ့ Amh တို့က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး အော်ဒီယိုသီချင်းတပုဒ်အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ထွက်ရှိထားခဲ့တာပါ။ ခုတခါမှာတော့ ဒီသီချင်းမြူးဇစ်ဗီဒီယိုကို ဇာတ်လမ်းစတိုရီပုံစံနဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မော်ဒယ်တွေဖြစ်ကြတဲ့ ဒေါင်း၊ မေဂရေ့စ်တို့နဲ့ အမိုက်စားပုံဖော်ရိုက်ကူးထားခဲ့တာ ဖြစ်ပါ တယ်။ “ကျောက်ရုပ်လို လှုပ်လို့မရတော့ဘူး… အေးစက်နေ Circus က Clown လို အပြောင် အပျက်သဘော… ပေါ့ပျက်ပျက်ကတိတွေ အမှိုက်လိုမီးပြာချ… အခိုးအငွေ့တွေ… အေးစက်စက် အနမ်းတွေ ငါ့အတွက်ပူလောင်သွား… နင်အတောင်ပံညောင်းမှ… ခိုနားမယ့် သစ်တကိုင်း… ငါကျေနပ်စွာ လက်ခံထား” ထူးခြားတဲ့ သီဆိုဟန်နဲ့ The Zero အဖွဲ့ရဲ့ “ဆောင်းတွင်းနွေ”သီချင်းထဲမှာတော့ လမ်းခွဲသွား တဲ့ သူ၊ ပြန်မလာတော့တဲ့ သူတယောက်ကြောင့် ဆောင်းတွင်းကာလမှာတောင် ပူလောင်ရတဲ့ အ ကြောင်းတွေနဲ့အတူ ခံစားရေးဖွဲ့ထားခဲ့တာဖြစ်ပြီး ဒေါင်းနဲ့ မေဂရေ့စ်တို့ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှု တွေနဲ့ အသက်ဝင်လှပနေခဲ့တာကို ရှုစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ “နှုတ်ခမ်းနီရဲလေးတွေ စွန်းကျန်နေတဲ့… t-shirt တထည်… ပြာခြွေခွက်ထဲက အိမ်မက်တွေ … နင်ပြန်မလာတော့ဘူး ငါ့ဆီ… နှင်းတွေဝေနေတဲ့ မနက်ခင်း… ပူလောင်လွန်းလှပြီ ဆောင်းတွင်း နွေ… နှုတ်ခမ်းနီရဲလေးတွေ စွန်းကျန်နေတဲ့… t-shirt တထည်… ပြာခြွေခွက်ထဲက အိမ်မက်တွေ… နင်ပြန်မလာတော့ဘူး ငါ့ဆီ… နှင်းတွေဝေနေတဲ့ မနက်ခင်း… ပူလောင်လွန်းလှပြီ ဆောင်းတွင်း နွေ” The Zero အဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ်အတန်ကြာကာလ ကတည်းက ထင်ရှားတဲ့ မြန်မာသီချင်း တွေရော၊ နိုင်ငံခြားသီချင်းတွေကိုပါ ကာဗာအနေနဲ့ သီဆိုခဲ့ရာကနေ နောက်ပိုင်းမှာတော့ တဖြည်း ဖြည်း ပရိသတ်တွေ သတိပြုမိလာခဲ့ကြတာဖြစ်ကာ ကိုယ်ပိုင်သီချင်းသစ်တွေနဲ့အတူ ဂီတအနုပညာ လှုပ်ရှားမှုတွေ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူတို့အဖွဲ့ရဲ့ One ၊ TO THE MOON AND BACK စတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်တွေ ထွက်ရှိထားခဲ့ပြီဖြစ်ကာ Dear Crush ၊ ချိန်း၊ Lovely Wedding Day ၊ ပြာ ၊ Lumiere စတဲ့ သီချင်းတွေကတော့ သူ့ပရိသတ်တွေကြား ထင်ရှားတဲ့ သီချင်းတွေ ဖြစ် ပါတယ်။
1 year Ago
Up