The Voice Myanmar

January 29, 2021

The Voice Myanmar တေးသံရှင် ဂျပန်ကြီးသီချင်းသစ်-“နယ်မြို့လေး”(ရုပ်သံ)

“တောင်တန်းကြီးတွေ ဖြတ်ကျော်သွား… ငါတို့မြို့လေး ဟိုးအဝေးမှာ… တဖြည်း ဖြည်း ပျောက်ကွယ်ဝေဝါး… တိတ်တဆိတ် ကျန်ခဲ့တာ… ငါမရင်းနှီးတဲ့ လောကဒဏ် ခ ရီး… မိသားစုနဲ့ဝေးရပ်ဆီ… အိပ်မက်တချို့ကို သယ်ရင်း… ကျောခိုင်းထွက်ခဲ့ပြီးမှ… ရင် ထဲမှာ ဆို့နင့်လို့ နေပြီ… အလွမ်းရဲ့ မီးလျှံကြီး… မြို့လေးဆီ”

ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာခဲ့တဲ့ The Voice Myanmar တေးသံရှင် ဂျပန်ကြီးရဲ့ သီချင်း သစ်တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

“နယ်မြို့လေး”လို့ အမည်ပေးထားခဲ့တဲ့ ဒီသီချင်းကိုတော့ တေးရေးသားဇော်က ရေးဖွဲ့ပေးထားခဲ့တာ ဖြစ်ပါတယ်။

ဂျပန်ကြီးဟာ ပြီးခဲ့တဲ့ The Voice Myanmar Season 3 သီချင်းဆိုပြိုင်ပွဲမှာ ဝင် ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေ အားပေးမှု ရရှိခဲ့သူပါ။

စစ်ကိုင်းတိုင်း၊ ကလေးမြို့က လာရောက်ယှဉ်ပြိုင်သူ အသက် ၂၃ နှစ်အရွယ် ပြိုင် ပွဲဝင် ဂျပန်ကြီးဟာ Blind Audition အဆင့်မှာ တေးရေးတေးဆို စစ်သူရဲ့ သီချင်းတ ပုဒ်ဖြစ်တဲ့ ငါ့ဘဝ သီချင်းနဲ့ အစွမ်းပြ ယှဉ်ပြိုင်သွားခဲ့တာပါ။ 

ပြိုင်ပွဲဝင် ဂျပန်ကြီးရဲ့ ထူးခြားတဲ့ အသံနဲ့ ငါ့ဘဝသီချင်းနဲ့ သီဆိုမှုဟာ Coach ၄ ယောက်စလုံးကို ဆွဲဆောင်ထားနိုင်ခဲ့ပြီး အားလုံးက လှည့်ကြည့်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနောက် Coach တွေနဲ့ အမေးအဖြေပြုလုပ်ချိန်မှာတော့ သူ့ကို သီချင်းနောက် တပုဒ်သီဆိုပြဖို့ တောင်းဆိုခံခဲ့ရပြီး တေးသံရှင် ရေမွန်သီဆိုထားတဲ့ နာမည်ကြီး “ဆု လာဘ်” သီချင်းနဲ့ သီဆိုပြခဲ့ချိန်မှာတော့ အားလုံးက လက်ခုပ်တီးအားပေးခဲ့ကြတာကို တွေ့ရပါတယ်။

ပြိုင်ပွဲရဲ့ စည်းကမ်းအရ လှည့်ကြည့်တဲ့ Coach တွေထဲက တယောက်ကို ပြိုင်ပွဲ ဝင်က ရွေးချယ်ရချိန်မှာတော့ ဂျပန်ကြီးက Coach တွေထဲက ကျားပေါက်ကို ရွေးချယ်ခဲ့ တာမို့ Team ကျားပေါက်ရဲ့ အဖွဲ့ထဲကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင်ပွဲ ဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။

Battle Round အဆင့်မှာတော့ ဂျပန်ကြီးက အဖွဲ့ထဲက ပြိုင်ပွဲဝင် တွမ်ပီးနဲ့အတူ အိမ်ကိုပြန်ခဲ့တော့ သီချင်းနဲ့ အပြိုင်ကြဲသီဆိုအစွမ်းပြခဲ့တာပါ။ သီဆိုယှဉ်ပြိုင်မှုအဆုံးမှာ တော့ Coach ကျားပေါက်က တွမ်ပီးကို ရွေးချယ်ခဲ့ပြီး ဂျပန်ကြီးကိုတော့ Coach ရန်ရန် ချန်းက Steal လုပ်ခဲ့တာမို့ နောက်တဆင့်ကို ဆက်လက်တက်လှမ်းနိုင်ခဲ့တာပါ။

KnockOut Round မှာတော့ ရန်ရန်ချန်းရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ ဂျ ပန်ကြီးက တေးရေးစစ်သူရဲ့ ဒုတိယအကြိမ်လွင့်မျောနဲ့ ယှဉ်ပြိုင်ခဲ့ပြီး သူနဲ့အတူ နော်ဂျာ လေး၊ Jen Jeng နဲ့ မိုးသားတို့က သီချင်းတပုဒ်စီနဲ့ အပြိုင် အစွမ်းပြခဲ့ကြတာ ဖြစ်ပါ တယ်။

သူတို့ တယောက်ချင်းစီရဲ့ သီဆိုယှဉ်ပြိုင်မှုအဆုံးမှာတော့ Coach ရန်ရန်ချန်းက မိုး သားနဲ့ Jen Jeng တို့ကို ရွေးချယ်ခဲ့တာမို့ ဂျပန်ကြီးက ဒီအဆင့်ကနေ လက်ပြနှုတ်ဆက် ရတာ ဖြစ်ပါတယ်။

“နယ်မြို့လေးဘဲ ငါလွမ်းတယ်… တစ်ယောက်တည်း ငါ တမ်းတလို့ ကြေကွဲ… အ ရင်လို နွေးထွေးမှုနဲ့ အလင်းရောင်တွေကို… ဘယ်သူများပေးနိုင်မလည်း… မာယာများ တဲ့ မြို့ကြီးအလယ်… အဖော်မဲ့ လှုပ်ရှားရင်း ရုန်းကန်ဆဲ… မျှော်လင့်ချက်လေး ဖြစ် မြောက်တဲ့တနေ့… ဆက်ဆက်ပြန်ခဲ့မယ်… မြို့လေးထဲ”

ခုတခါ ဂျပန်ကြီးရဲ့ သီဆိုဟန်နဲ့ နယ်မြို့လေး သီချင်းထဲမှာတော့ ရည်ရွယ်ရာ ပန်း တိုင်ဆီ လျှောက်လှမ်းရင်း အဝေးက မြို့လေးဆီ တမ်းတလွမ်းဆွတ်မှုတွေကို ခံစားမှုအား ကောင်းကောင်းနဲ့ သီဆိုထားခဲ့တာကို နားဆင်ကြရမှာ ဖြစ်ပါတယ်။

5 months Ago

December 10, 2020

The Voice Myanmar သီချင်းဆိုပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် ပြိုင်ပွဲဝင် ၈ ဦးထွက်ပေါ်

လတ်တလော ထုတ်လွှင့်ပြသနေတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ ပဉ္စမအဆင့် ဆီမီးဖိုင်နယ်ပြိုင်ပွဲကို ခုတပတ်က စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ Team R. ဇာနည်ရဲ့ အဖွဲ့ထဲက N Oo L နဲ့ ဆလိုင်းတီလျန်၊ Team ကျားပေါက်ရဲ့ အဖွဲ့ထဲက ဘဝနဲ့ တွမ်ပီး၊ Team နီနီခင်ဇော်ရဲ့ အဖွဲ့ထဲက ခင်ရတ နာစိုးနဲ့ ပန်၊ Team ရန်ရန်ချန်းရဲ့ အဖွဲ့ထဲက IV ထူးနဲ့ Error အဖွဲ့တို့က ပရိသတ်ကပေး တဲ့ Vote တွေနဲ့အတူ ဆက်လက်ယှဉ်ပြိုင်ကြရမှာပါ။ မြန်မာနိုင်ငံမှာ တတိယအကြိမ်အဖြစ် ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လို သူတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက Online Audition လျှောက်လွှာတွေ ခေါ်ယူခဲ့တာပါ။ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာတော့ Blind Audition၊ Battle Round၊ KnockOut Round၊ Liveshow နဲ့ Semi Final အဆင့်စတဲ့ ပြိုင်ပွဲအဆင့်တွေကို ပြိုင် ပွဲဝင်တွေက အကြိတ်အနယ် ဖြတ်ကျော်ပြီးမှ နောက်ဆုံး ဖိုင်နယ်အဆင့်ကို ရောက်ရှိတာ ဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World၊ အိပ်မက် ဆုံရာ၊ The X Factor Myanmar စတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေ ရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစုပါဝင်နေပြီး အကြိတ်အနယ် ရှိနေကြတာကို တွေ့ရပါတယ်။ အခုနှစ်ရဲ့ Season 3 မှာလည်း မနှစ်က Coach တွေဖြစ်ကြတဲ့ R. ဇာနည်၊ ရန်ရန်ချန်း၊ ကျားပေါက်နဲ့ နီနီခင်ဇော်တို့ကပဲ ပြန်လည်ပြီးတော့ ပါဝင်ခဲ့ကြကာ Blind Audition အဆင့်ပြိုင်ပွဲကနေ Team တခုစီအတွက် ပြိုင်ပွဲဝင် ၁၂ ယောက်စီ ရွေးချယ်ခဲ့ ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် သက်ဆိုင်ရာ Coach တယောက်ချင်းစီရဲ့ Team တွေထဲက ၂ ယောက် တတွဲစီနဲ့ ဒုတိယအဆင့် Battle Round ပြိုင်ပွဲ၊ Team တခုစီက ၄ ယောက်တတွဲစီ ယှဉ်ပြိုင်ရတဲ့ တတိယအဆင့် KnockOut Round ၊ စတုတ္ထအဆင့် Live Show ပြိုင်ပွဲတွေ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Team တခုမှာ ပြိုင်ပွဲဝင် ၂ ယောက်စီနဲ့ ဒီအဆင့်ကို ဖြတ်ကျော် နိုင်ခဲ့သူ ၈ ယောက်သာ ကျန်ရှိနေခဲ့ကာ ခုလာမယ့် ပဉ္စမအဆင့် ဆီမီးဖိုင်နယ်မှာ အကြိတ် အနယ် ယှဉ်ပြိုင်ကြရတော့မှာ ဖြစ်ပါတယ်။ မနှစ်က Season 2 မှာတော့ Coach ၄ ယောက်ရဲ့ အဖွဲ့ ၄ ဖွဲ့ထဲက ပြိုင်ပွဲဝင် နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်နဲ့ မယ်လိုဒီခေါင်တို့က နောက်ဆုံးအဆင့်ထိ ရောက်ရှိလာခဲ့ကြပြီး ပြိုင်ပွဲတလျှောက် ရော့ခ်မက်တယ်လ်သီချင်းတွေနဲ့ အစွမ်းပြ ယှဉ်ပြိုင်ခဲ့သူ နိုဗန်ထူးက ဆုရရှိသွားခဲ့တာပါ။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar Season 1 သီချင်းဆိုပြိုင်ပွဲမှာလည်း Winner ဆုရှင်ဟာ Coach လင်းလင်းရဲ့ အဖွဲ့ထဲက အမျိုးသား ပြိုင်ပွဲဝင် ငွေစိုးက ရရှိခဲ့တာမို့ နိုဗန်ထူးဟာ ဒုတိယမြောက် ဆုရရှိတဲ့ အမျိုးသား ပြိုင်ပွဲဝင် Winner တယောက်ဖြစ်လာခဲ့တာပါ။ လာမယ့် ဒီဇင်ဘာ ၁၃ ရက်မှာ စတင်ထုတ်လွှင့်ပြသတော့မယ့် ဆီမီးဖိုင်နယ်အဆင့် မှာရော သက်ဆိုင်ရာ Coach တွေရဲ့ အဖွဲ့တွေထဲက ပြိုင်ပွဲဝင်တွေက ဘယ်လို အကြိတ် အနယ် ယှဉ်ပြိုင်ကြဦးမလဲ၊ ဘယ်သူတွေက နောက်တဆင့် တက်သွားမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
6 months Ago
More News
Up