The Platform

March 31, 2020

အကျဉ်းထောင်တွင်းက လူ့ဘဝနိမ့်မြင့်ဇာတ်လမ်းကို အကြမ်းစားရိုက်ပြထားသည့် The Platform ရုပ်ရှင်(နမူနာ)

လူသားတွေရဲ့ မတူညီတဲ့ ဘဝတွေ၊ အကျင့်စရိုက်တွေကို အကျဉ်းထောင်တခုထဲမှာ လို့ မြင်ယောင်ကြည့်လိုက်ရင် ဘယ်လိုများ ပြောင်းလဲသွားမှာပါလိမ့်။ The Platform လို့ အမည်ပေးထားတဲ့ စပိန်ဘာသာစကားပြော ရုပ်ရှင်ထဲမှာတော့ ဒီအခြေအနေကို ပုံမှန်မြင်တွေ့နေကျ သမားရိုးကျဇာတ်လမ်းဇာတ်ကွက်တွေနဲ့မဟုတ်ပဲ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။  ဒါရိုက်တာ Galder Gaztelu-Urrutia က ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားကို တော့ အွန်လိုင်းမီဒီယာကော်ပိုရေးရှင်းတခုဖြစ်တဲ့ Netflix ပေါ်မှတဆင့် ဖြန့်ချိပေးထားခဲ့ ပြီ ဖြစ်ပါတယ်။ သရုပ်ဆောင် Iván Massagué နဲ့ Antonia San Juan တို့ ခေါင်းဆောင်ပါဝင်ထား ကြတဲ့ ဒီကားထဲမှာတော့ သာမန်ပုံစံမျိုးမဟုတ်တဲ့ တာဝါပုံစံ အကျဉ်းထောင်တခုထဲ ဇာတ်အိမ်တည်ထားခဲ့တာပါ။ အဲဒီအကျဉ်းထောင်ထဲမှာ မတူညီတဲ့ အကျဉ်းသားတွေ အ လွှာအလိုက်ရှိနေခဲ့ကြပြီး တလွှာမှာ အကျဉ်းသား ၂ ယောက်ထားရှိကာ သူတို့ကို အစာ ကျွေးတဲ့ စနစ်က တမျိုးတဖုံ ထူးခြားနေခဲ့တာပါ။ အချိန် ၂ မိနစ်တာ ကာလအတွင်း Platform တခုပေါ်မှာ အစားအစာတွေနဲ့ အပေါ်ဆုံးက‌ အကျဉ်းသားတွေရှိရာအထပ်ဆီက တဆင့်ချင်း အောက်ကို ရောက်လာတဲ့ စနစ်မှာ လူသားတွေရဲ့ လောဘ၊ ဒေါသ၊ စရိုက် လက္ခဏာတွေကို တစုတည်းထဲ ပြသထားတာကို ရှုစားကြရမှာပါ။ Horror, Sci-Fi, Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကို နာမည် ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ ကနဦးပြသခဲ့ ပြီး People's Choice Award for Midnight Madness ဆုကို ရရှိထားခဲ့တာပါ။ ဒီကားထဲက သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြ ကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၈ နှစ်အောက် ကလေးငယ်တွေ မကြည့်ရှုသင့်တာမို့ 18+ ရုပ်ရှင်ကားတကားအနေနဲ့ သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၉၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 7 အထိ ရရှိ ထားခဲ့တာ ဖြစ်ပါတယ်။
1 year Ago
Up