ဖင်လန်နိုင်ငံမှာ ပြုလုပ်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲ မတိုင်ခင် မိနစ်ပိုင်းအလိုမှာ အမေရိကန်အခြေစိုက် The Nation သတင်းဝက်ဘ်ဆိုက်ရဲ့ ဆောင်းပါးရေးသူတဦး ဆွဲထုတ်ခံခဲ့ရပါတယ်။
အခုလို လုံခြုံရေးတွေရဲ့ ဆွဲထုတ်တာကို ခံခဲ့ရသူဟာ ဆမ်ဟူစိန်နီဆိုသူ ဖြစ်တယ်လို့ အမေရိကန်အခြေစိုက် The Nation သတင်းဝက်ဘ်ဆိုက်ရဲ့ ဆက်သွယ်ဆက်ဆံရေး ဒု-ဥက္ကဋ္ဌက ပြောပါတယ်။
ဟူစိန်နီဟာ “နျူကလီးယားလက်နက် တားမြစ်ရေးစာချုပ်” ဆိုတဲ့ စာသားပါတဲ့ ပိုစတာကို ကိုင်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။
သတင်းစာရှင်းလင်းပွဲကနေ ဆွဲထုတ်ခံခဲ့ရတဲ့ ဟူစိန်နီဟာ ဝါရှင်တန်အခြေစိုက် မီဒီယာနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Public Accuracy အဖွဲ့ရဲ့ ဆက်ဆံရေး ဒါရိုက်တာတဦး ဖြစ်တယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago